================
အမေ ရင်ဖွင့် ကြိုမနေတဲ့လမ်းက..
သားအတွက် နွမ်းလျလိုက်တာ..
“သားကြီး”လို့  အမေ့အသံ မကြားရတဲ့ တံခါးမှာ
နားတွေ ဆွံ့ အ သွားရော့သလား....
ဘ၀ဆိုတဲ့ လမ်းကြမ်းကြမ်းတွေရဲ့
အမောဖြေစရာ နေရာ
အမေ ဆိုတာ သား ကမ္ဘာကြီးလေ..
ဘယ်မှာလဲ....
ပလီပလာ သား စကားတွေကို
ကြည်ကြည်သာသာ “ငါသိပါတယ်”
ဆိုတဲ့ အမေ့အပြုံးတွေ..
ဘယ်မှာလဲ.....
“လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကိုယ် တည်ဆောက်နေကြတဲ့ ဗိသုကာကြီးတွေဆိုရင် မမှားဘူး”
အမေ မှာခဲ့တဲ့စကား...
သား မှားရင်မှားခဲ့လိမ့်မယ်...
ဒါပေမယ့် အမေရယ်...
ဒီတခါ ကံကြမ္မာ ရိုင်းပုံကတော့
သား ပါးပြင်သမိုင်းပေါ်မှာ
မျက်ရည်တွေနဲ့ ...မှိုင်း.. မှုန်... လို့ .....
အမေ ဆိုတာ သား ကမ္ဘာကြီးလေ..
ဘယ်မှာလဲ....
ပလီပလာ သား စကားတွေကို
ကြည်ကြည်သာသာ “ငါသိပါတယ်”
ဆိုတဲ့ အမေ့အပြုံးတွေ..
ဘယ်မှာလဲ.....
“လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကိုယ် တည်ဆောက်နေကြတဲ့ ဗိသုကာကြီးတွေဆိုရင် မမှားဘူး”
အမေ မှာခဲ့တဲ့စကား...
သား မှားရင်မှားခဲ့လိမ့်မယ်...
ဒါပေမယ့် အမေရယ်...
ဒီတခါ ကံကြမ္မာ ရိုင်းပုံကတော့
သား ပါးပြင်သမိုင်းပေါ်မှာ
မျက်ရည်တွေနဲ့ ...မှိုင်း.. မှုန်... လို့ .....
7 comments:
တကယ်ကောင်းတဲ့ကဗျာလေး မျှဝေပေးလို့
ကျေးဇူးပါ အိမ်ပြမ်လမ်းတဲ့လေ
sis jasmine
ဘ၀ဆိုတဲ့ လမ်းကြမ်းကြမ်းတွေရဲ့
အမောဖြေစရာ နေရာ
အမေ ဆိုတာ သား ကမ္ဘာကြီးလေ..
ကဗျာလေးခံစားသွားပါတယ်
လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကိုယ် တည်ဆောက်နေကြတဲ့ ဗိသုကာကြီးတွေဆိုရင် မမှားဘူး”
၃၁ အိမ်ပြန်လမ်းလေးအားပေးခဲ့တယ်မမ။
ကဗျာလေး လှလိုက်တာ.....ချက်ချင်းကို အမေ့ရင်ခွင်
ခေါင်းတိုးဝင်ချင်စိတ်ပေါက်သွားတယ်....
ခံစားခဲ့ပါတယ်။
ကဗျာကောင်းလေးကို ခံစားခဲ့ပါတယ်..
ရင်ထဲတစ်မျိုးလေးဖြစ်သွားတယ်...
အမေဆိုတဲ့အသံလေးကြားရတာနဲ့တင်
သားတွေမှာ ကြက်သီးအလုံးလိုက်ထရပါတယ်
ကဗျာလေးကအရမ်းလှပါတယ်
Post a Comment