Saturday 16 September 2017

Ushiku Daibutsu +++

September 16, 2017 0 Comments
အားလုံး မင်္ဂလာပါနော် ..။
ဒီနေ့တော့ ဘုရားဖူးတဲ့အတွေ့အကြုံလေးတစ်ခုကို share ချင်ပါတယ် ..။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲမှာ တိုကျိုကို သွားလည်ဖြစ်တယ် ..။ အလုပ်နဲ့ဆိုတော့ လည်တာက နည်းနည်းရယ်ပါ ..။ Korea town ရယ် Ushiku ဘုရားရယ်ပဲ ရောက်ဖြစ်ပါတယ်..။ မြန်မာတွေကြားထဲ နာမည်ကြီးတဲ့ Kamakura Buddha ကတော့ အရင်တစ်ခေါက်ကရောက်ပြီးသားမို့ ဒီတစ်ခါ သွားမဖူးတော့တာပါ ..။



Korea town ရောက်တာနဲ့ ကိုရီးယားဆိုင်မှာ အရင်ဆုံး စားဖြစ်တယ် ..။ ကျိုတိုမှာဆိုရင် Korea products  တွေ အထူးသဖြင့် skincare products တွေရောင်းတဲ့ဆိုင်ဆိုတာမရှိတော့ ရောက်တုန်းရောက်ခိုက် နာမည်ကြီးတဲ့ Facial masks တွေ ဝယ်ဖြစ်တယ်.။ အခြားပစ္စည်းတွေတော့ သိပ်မဝယ်ဖြစ်ပါဘူး။ ဂျပန်ကထုတ်တာတွေပဲ သုံးဖြစ်နေတာကြောင့်ပါ ..။


 တိုကျိုမှာတော့ အားလုံးသိကြတဲ့အတိုင်း ရထားနဲ့ပဲ သွားကြပါတယ် ..။ ရထားအားလုံးလိုလိုရဲ့ ခရီးစဉ်တွေအားလုံးကို Google map ထဲမှာ ရှာလို့ရတာကြောင့် အင်တာနက်သာရှိမယ်ဆိုရင် ကိုယ့်ဘာသာသွားလို့လာလို့ အဆင်ပြေပါတယ် ..။ မျက်စိလည်စရာရယ်လို့ မရှိပါဘူး...။ အင်တာနက်သာမပါရင်တော့ ရွာလည်နေမှာ သေချာတယ် ..။

နောက်ရက်မှာတော့ တိုကျိုကနေ တစ်နာရီခွဲလောက်သွားရတဲ့ Ushiku ဘုရားကို သွားဖူးပါတယ်..။ အဲဒီကိုသွားဖို့ဆိုရင် Ushiku station အထိကို ရထားစီးသွားရပြီး အဲဒီဘူတာကနေမှ ဘုရားကို ဘတ်စ်ကားရှိပါတယ် ..။ ဘုရားအရှေ့ထိရောက်တော့ အဆင်ပြေပါတယ် ...။



 Ushiku ဘုရားက ရပ်တော်မူဘုရားဖြစ်ပြီး ညဏ်တော်အမြင့်က ၁၂၀ မီတာရှိပြီး ကမ္ဘာ့ညဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရား ၃ ဆူထဲမှာ ပါပါတယ်..။ ဘုရားအတွင်းထဲမှာ elevator နဲ့ တက်လို့ရပြီး လေ့လာလို့ရပါတယ် ..။ ဘုရားရုပ်ထုတော်က ၁၉၉၃ ခုနှစ်မှာ ထုလုပ်တည်ထားတာမို့ သက်တမ်းတော့ သိပ်မကြာသေးပါဘူး..။ တိုကျိုကနေ သွားရတာ နည်းနည်းဝေးတာကြောင့်လည်း မြန်မာဘုရားဖူးတွေ သိပ်မသွားကြတာဖြစ်မယ်ထင်ပါတယ်..။ ဘုရားဆီမရောက်ခင်မှာ Outlet mall တစ်ခုရှိတာကြောင့် တော်တော်များများတော့ ဈေးဝယ်ရင်း ဘုရားဖူးရင်း သွားကြပါတယ်..။

 ဘုရားပရဝုဏ်ထဲမှာ ပန်းတွေမျိုးစုံစိုက်ပျိုးထားတာကြောင့် မြင်ကွင်း စိမ်းစိုနေတာမို့ သဘာဝအလှကိုကြိုက်တဲ့ ကျမအတွက်တော့ ကျေနပ်စရာပါ ..။ အလှအပတွေမှာဆိုရင် ကျမက လူတွေပြုပြင်ဖန်တီးထားတာထက်ကို သဘာဝအလှမျိုးတွေကို ပိုချစ်တတ်သူမို့ပါ ..။ ပန်းတွေက ရာသီအလိုက်ပြောင်းစိုက်ကြပါတယ် ..။ ကျမသွားတဲ့အချိန်မှာတော့ လာဗင်ဒါပန်းတချို့လည်း နည်းနည်းစိုက်ထားတာတွေ့ရတယ် ..။





ဘုရားပရဝုဏ်ထဲမှာ ပန်းခင်းလေးတွေအပြင် စိမ်းစိုလန်းဆန်းနေတဲ့ တောအုပ်ကလေးတွေ လမ်းကလေးတွေနဲ့ ကြည်နူးစရာကောင်းသလို ဓါတ်ပုံရိုက်ဖို့လည်း အင်မတန်ကောင်းလှပါတယ် ..။ မြင်နေကျ မြင်ကွင်းတွေနဲ့ မတူတဲ့ သဘာဝဆန်တဲ့ ခံစားချက်မျိုးကို ရရှိမှာမို့ ကျမကတော့ တိုကျိုကိုလည်မယ့်သူတွေကို သွားဖူးကြဖို့ တိုက်တွန်းချင်ပါတယ် ..။







အားလုံးပဲ လာလည်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် .။ ဒီတလောမှာ လည်ပတ်တာတွေ များတာကြောင့် ရေးစရာတွေတော့ အများကြီးပါပဲ ..။ အလျဉ်းသင့်သလို ရေးသွားမယ်နော် ..

💕💕💕💕💕

Wednesday 13 September 2017

Universal Studio Japan (3) ~~~

September 13, 2017 0 Comments
Hello everyone!!
Now it's time to continue posts about #USJ 💥💥💥

USJ မှာ နောက်ဆုံးသွားခဲ့တဲ့နေရာက တကယ့်ကို အထင်ကရနေရာတစ်ခုဖြစ်တဲ့ Hollywood ဆီကိုပါ ...။ အကယ်၍ ဓါတ်ပုံရိုက်တာ ခရေဇီဖြစ်သူဆိုရင်တော့ ဒီနေရာက မဖြစ်မနေသွားရမယ့်နေရာတစ်ခုပါ..။ Hollywood ဇာတ်ကားတွေထဲမှာ မြင်နေကျ အဆောက်အဦတွေ လမ်းတွေနဲ့ မြင်ကွင်းက ကိုယ်ရောက်နေကျနေရာတွေနဲ့ ခြားနားသွားပါတယ် ...။ ဒီအထဲမှာ စီးစရာ ရိုလာကိုစတာ ၂ ခုရှိပြီး ဒီစတူဒီယိုထဲမှာ အရှည်ဆုံး ရိုလာကိုစတာတွေပါ..။ တစ်ခုက ပုံမှန်အတိုင်းစီးရတဲ့ဟာမျိုးဖြစ်ပေမယ့် နောက်တစ်ခုက Backdrop လို့ခေါ်တဲ့ နောက်ပြန်စီးရတဲ့တစ်မျိုးပါ ..။ ဘယ်အချိန်မှာ အောက်ကိုကျသွားမယ် မြင့်တက်သွားမယ်စတဲ့အရာတွေကို မမြင်ရတာကြောင့် စီးနေရင်း ဘာဖြစ်မယ်ဆိုတာကို ရင်ခုန်စွာနဲ့ စီးရတာ တကယ်ကြောက်စရာကောင်းလှတယ် ..။ ကျမတော့ movingsickness ရှိတာကြောင့် အဲဒီရိုလာကိုစတာတွေ မစီးခဲ့ဘဲ အတွင်းထဲမှာ ဓါတ်ပုံတွေပဲ ရိုက်ဖြစ်ခဲ့ပါတယ်..။











အဲဒီကနေ ပြန်ထွက်လာတော့ လမ်းမှာ Summer show ဝင်ကြည့်ရင်း ၁ နာရီခွဲလောက် ခုန်ခဲ့တာ ပြန်တော့ ခြေထောက်တွေတောင် နာနေတာပါပဲ ...။

ပြန်ချိန်ရောက်တော့ တကယ့်ကို စတူဒီယိုပိတ်ခါနီးအချိန် ၈း၁၅ လောက်မှ ပြန်ဖြစ်ခဲ့တယ် ...။

နိဂုံးချုပ်ရရင် ဂျပန်ကိုအလည်လာမယ့်သူတွေ အထူးသဖြင့် ကျိုတို၊ အိုဆာကာဘက်ကို လည်မယ့်သူတွေအတွက် USJ က must to visit list ထဲမှာ ထည့်ထားသင့်ပါတယ် ..။ တစ်ရက်ပဲလည်ရုံနဲ့ popular attractions တွေကိုရောက်နိုင်တဲ့အတွက် တစ်ရက်ပဲ အချိန်ပေးသင့်ပါတယ် ....။ တကယ်လို့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်သွားမယ်ဆိုရင်တော့ Express pass ကိုမဝယ်ဘဲ တန်းစီလည်း အဆင်ပြေမှာပါ..။ သူငယ်ချင်းတွေအများကြီးဆိုတော့ စကားပြောရင်း ရယ်ရင်းမောရင်းနဲ့ တစ်နာရီလောက်တန်းစီရတာ မသိသာပါဘူး..။ စီးစရာတစ်ခုပြီးသွားရင် နောက်တစ်ခုထပ်စီးဖို့အတွက် အနည်းဆုံးတစ်နာရီလောက်နားသင့်တာဆိုတော့ အချိန်ကကွက်တိပဲဖြစ်မှာပါ ...။ မနားဘဲ ဆက်တိုက်စီးရင်တော့ ကြာရင် မူးဝေအော့အန်လာနိုင်ပါတယ် ...။ နားလိုက်ပြီး စီးတာတော့ ဘာမှမဖြစ်ပါဘူး. ပျော်စရာတကယ်ကောင်းပါတယ် ..။ အဖွဲ့လိုက်ဆိုတော့ တူတူစီးလို့လည်းရ ပြိုင်တူအော်လို့လည်းကောင်းဆိုတော့ ပိုပျော်စရာကောင်းပါတယ် ..။

စုံတွဲ ၂ ယောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ အဖွဲ့နဲ့သွားတာလောက် ပျော်စရာကောင်းမယ် မထင်မိဘူး..။ ချစ်သူနဲ့ဖြစ်ဖြစ် ဇနီး၊ခင်ပွန်းနဲ့ပဲဖြစ်ဖြစ် သွားမယ်ဆိုရင်တော့ Express pass ဝယ်တာ ပိုကောင်းမယ်ထင်ပါတယ် ..။ အဲဒါမှ တစ်ခုစီးပြီးတာနဲ့ တစ်နေရာမှာ အေးအေးဆေးအေးခဏနားလိုက်၊ ဓါတ်ပုံရိုက်လိုက်လုပ်ပြီး နောက်တစ်နေရာကို ထပ်သွားတာက အဆင်ပြေမှာပါ ..။

USJ အတွေ့အကြုံတော့ ရေးပြီးသွားပြီဆိုတော့ နောက်ရက်တွေမှာ နောက်ထပ်အတွေ့အကြုံတွေနဲ့ ပြန်လာခဲ့ပါ့မယ်နော် ....။

💙💙💚💛💜💜💝💝

Thursday 7 September 2017

Universal Studio Japan (2) ~~~

September 07, 2017 1 Comments
Hello everyone 👏👏

Here again I am 💖💕

ဟိုနေ့က USJ post ကို ဆက်ရေးမလို့ပါ ..။ အရင်ပို့စ်မှာတုန်းက ဓါတ်ပုံတွေက အနီးကပ်ပုံတွေများသွားတယ် ..။ Lens က wide screen ရိုက်တဲ့တစ်ခုမဟုတ်ဘဲ အခြားတစ်ခုဖြစ်သွားလို့ပါ ..။

ဟိုနေ့က Jaws စီးတဲ့အထိ ပြီးသွားပြီဆိုတော့ နောက်ထပ်ဆက်မယ်နော်...။ အဲဒါပြီးတော့ နေ့လည်စာစားချိန်ရောက်လာတာနဲ့ စားကြတယ် ...။ ဒီအထဲမှာက အပြင်ထက် ဈေးနှစ်ဆလောက်ပိုကြီးပါတယ် ..။ ချွေတာချင်ရင်တော့ အစားအသောက်တွေဝယ်လာပြီး တစ်နေရာရာမှာ ထိုင်စားလို့လည်းရပါတယ် ...။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် အတွင်းထဲက အစားအသောက်တွေမြည်းစမ်းကြည့်တာလည်း အတွေ့အကြုံတစ်မျိုးပဲမဟုတ်လား..။

 အစားအသောက်ဆိုလို့ စားခဲ့တာ ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူးရယ် ဘာဂါ 😄😄

စားသောက်ပြီးတော့ Harry potter ဆီကို ဆက်သွားကြတယ် ..။ အဲဒီထဲမှာတော့ ရိုက်ချင်ရင် ဓါတ်ပုံရိုက်စရာနေရာတွေမှ အများကြီးပဲ ..။ ဒါပေမယ် ကျမတို့ရဲ့ ရည်ရွယ်ချက်က ရတဲ့အချိန်အတွင်း စီးလို့ရသမျှ စီးဖို့ဆိုတော့ အဲဒါပဲ အားသန်နေတာနဲ့ သိပ်တော့ မရိုက်ဖြစ်ခဲ့ပါဘူး.။ ဟယ်ရီပေါ်တာဇာတ်ကားထဲက ရဲတိုက်တွ ဇာတ်ဝင်ခန်းထဲက နေရာတွေအားလုံးကို ပုံစံတူဆောက်ထားပါတယ် ..။ ဟယ်ရီပေါ်တာပြကွက်ကို ကြည့်ဖို့က Hogwarts castle ထဲမှာရှိပြီး အတွင်းထဲကိုဝင်သွားရတာက ဇာတ်ကားထဲက ဟယ်ရီပေါ်တာနဲ့အဖွဲ့ ဝင်သွားရတဲ့ မြင်ကွင်းတွေနဲ့ ထပ်တူပါပဲ ..။




ဟယ်ရီပေါ်တာကလည်း 4D ပဲဆိုတော့ စူပါမန်းဇာတ်ကားတုန်းကလို အဲဒီဇာတ်ကားထဲ ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ် ..။ ပိုပြီးထူးခြားတာက ဟယ်ရီပေါ်တာ တံမြက်စည်းလားဘာလား အဲဒါကိုစီးပြီး ကောင်းကင်မှာ ပျံဝဲနေတဲ့နောက်ကို လိုက်ရတာဆိုတော့ တောတွေတောင်တွေကိုဖြတ်ပြီး ကိုယ်ပါ လိုက်ပျံနေသလို ခံစားရတယ် ..။ သရဲတွေ မှင်စာတွေနဲ့တွေ့တော့လည်း ကိုယ့်အနားပဲ ရောက်နေသလိုမျိုး ခံစားရပါတယ် ..။ ဒါကိုလည်း တော်တော်ကြိုက်ပါတယ် ..။

အဲဒါပြီးတော့ အဲဒီအထဲကပဲ ရိုလာကိုစတာ သေးသေးလေးတစ်ခုကို ထပ်စီးကြတယ် ..။ စားထားတာမကြာသေးတာရယ် ဟယ်ရီပေါ်တာထဲမှာ ဆွဲမွှေ့ခံထားရတာရယ်ကြောင့် ဒီခဏလေးစီးတာကို နည်းနည်းမူးသလို ခံစားရတယ် ..။


ပြီးတော့ Wonderland ကိုခဏဝင်ကြည့်တယ် ..။ အဲဒီနေရာကတော့ လူကြီးတွေနဲ့ အဆင်မပြေဘဲ ကလေးလေးတွေနဲ့ပဲ အဆင်ပြေမယ့် ကစားကွင်းပါ ..။ အဲဒါနဲ့ ဘာမှမစီးဘဲ ပြန်ထွက်ခဲ့ကြတယ် ..။


ပြီးတော့ Space Fantasy ကိုသွားကြတယ် ..။ အဲဒါကကျတော့ အာကာသထဲမှာ သွားသလိုမျိုး စီးရတာ..။ နောက်ဆုံးမှာ အာကာသထဲမှာ ပေါက်ကွဲသလို အလှဆင်ထားတာ အရမ်းလှတယ် ..။ ဒါကိုလည်း အကြိုက်ဆုံးထဲမှာ ပါပါတယ် ..။

ပြီးတော့ အမြဲတမ်းရှိတာမျိုးမဟုတ်ဘဲ တခါတလေမှပြတဲ့ တစ်ခု Dragon Quest သူက ဘာမှလည်း မဟုတ်ပါဘူး..။ monster တွေကို ပြန်ခုခံရတာမျိုး ဂိမ်းကစားသလိုပါပဲ ..။ အဲဒီမှာ ၁ နာရီခွဲလောက် တန်းစီမိလိုက်တာ အချိန်တွေတော်တော်ကုန်သွားတယ် ..။


ပြီးတော့ minion တွေဆီကိုသွားပေမယ့် တန်းစီရမှာကြာမှာရယ် ကလေးတွေအတွက် ပိုသင့်တော်တာရယ်ကြောင့် ဓါတ်ပုံပဲ ရိုက်ဖြစ်ကြတယ် ..။

ဓါတ်ပုံတွေများသွားတော့ ဖတ်ရတာကြာလာရင် ပျင်းသွားမှာစိုးလို့ နောက်နေ့မှ ဆက်ရေးတော့မယ်နော် ..။ အားလုံးကို ကျေးဇူးတင်ပါတယ် 💕💕💕




Tuesday 5 September 2017

Universal Studio Japan (1)~~~

September 05, 2017 1 Comments
Hello everyone!!
Long time no see 😊😊

မအားတာနဲ့ပဲ August တစ်လလုံး ဘာပို့စ်မှ မတင်လိုက်ရဘူး..။ ဒီအတောအတွင်း နေရာတော်တော်များများ လျှောက်လည်ဖြစ်တယ် ...။ ပေပါတွေအတွက်လည်း လုံးပမ်းနေရတာဆိုတော့ စာရယ် လည်ဖို့ပတ်ဖို့အတွက်ရယ် အချိန်တွေကို မနည်းလုနေရရင်း သွားသမျှနေရာက ဓါတ်ပုံတွေကို သိမ်းထားရုံပဲ တတ်နိုင်ပါတော့တယ် ...။

ပြီးခဲ့တဲ့ August ၃၁ ရက်နေ့က အိုဆာကာမှာရှိတဲ့ Universal Studio Japan ကိုသွားလည်ဖြစ်တယ် ..။ သူငယ်ချင်းမောင်နှမတွေ ၇ ယောက်သွားကြတယ် ...။ ဟိုအရင်နှစ်တွေကတည်းက သွားဖို့စိတ်ကူးရှိခဲ့ပေမယ့် အချိန်မရှိတာနဲ့ မသွားဖြစ်ကြတာ..။ ဒီတစ်ခေါက်တော့ ကိုယ်လည်း မြန်မာပြည်ပြန်တော့မှာဆိုတဲ့အခါ မရောက်ဖြစ်လိုက်ဘူးဖြစ်သွားမှာစိုးတာနဲ့ မရောက်ရောက်အောင် သွားဖြစ်ခဲ့တယ် ..။ အမှန်အတိုင်းပြောရရင် ကျမက ဘယ်နေရာက Universal studio တွေမှ မရောက်ဖူးပါဘူး..။ အဲဒီတော့ အခု USJ ကိုသွားရင် တစ်ရက်တည်းနဲ့ ကိုယ်သွားချင်တာတွေ ကိုယ်စီးချင်တာတွေ လုပ်ဖြစ်ပါ့မလားလို့ စိတ်ပူမိခဲ့တယ် ..။ ဒါနဲ့ပဲ မသွားခင် အင်တာနက်မှာ သူများတွေ review ရေးတာတွေ လိုက်ရှာဖတ်တော့ သိပ်မတွေ့ရဘူး..။ Youtube မှာတော့ တချို့တလေရှိပေမယ့် သူတို့ကလည်း သွားခဲ့ပျော်ခဲ့တာတွေပဲတင်ကြပြီး tips တွေ သိပ်မတင်ဘူး..။

လက်မှတ်က သူတို့ပြောထားတဲ့ website တွေမှာ ကြိုဝယ်လည်းရသလို ဟိုရောက်မှ ဂိတ်မှာဝယ်လို့လည်း ရပါတယ် ..။ တစ်ယောက်ကို တစ်ရက်စာ ယန်း ၇၆၀၀ ကျပါတယ် ..။ အဲဒါက Entry ticket ပေါ့..one-day studio pass။ တကယ်လို့ အတွင်းထဲရောက်တဲ့အခါ နာမည်ကြီးနေရာတွေမှာ တန်းမစီချင်ရင်တော့ Universal Express pass ဝယ်ရင် အဲဒါကတော့ package အမျိုးမျိုးရှိရာမှာ နာမည်ကြီး ၇ နေရာလုံးသွားမယ်ဆိုရင် ယန်း ၇၄၀၀ လောက်ကျတယ် ..။ ကျမတို့တော့ entry ticket ပဲ ဝယ်ကြပြီး တန်းစီကြမယ်လို့ပဲ စဉ်းစားခဲ့ကြတယ် ...။ အဲနေ့က လကုန်ရက်မို့ထင်တယ် ..မနက် ၉ နာရီဖွင့်ပြီး ညနေ ၈ နာရီခွဲပိတ်တယ် ..။ ပုံမှန်ဆိုရင် မနက် ၈ နာရီခွဲဖွင့်ပြီး ညနေ ၉ နာရီပိတ်တာ..။ ပိတ်ရက်တွေဆို လူများတတ်တယ်ဆိုလို့ တမင် ကြာသပတေးနေ့ကို ရွေးသွားကြတာ။ ဒါတောင် လူတွေမှ အများကြီးပဲ ..။



နာမည်ကြီးနေရာတော်တော်များများက အချိန်အကြာကြီးတန်းစီရတာဆိုတော့ လူတွေက စတူဒီယိုမဖွင့်ခင် ၁ နာရီမတိုင်ခင်လောက်ကတည်းက အရှေ့မှာ တန်းစီစောင့်လေ့ရှိကြသတဲ့..။ ကျမတို့ရောက်တော့ ၈ နာရီခွဲလောက်ဖြစ်သွားတော့ လက်မှတ်ဝယ်ပြီးတာနဲ့ ကိုယ့်အရှေ့မှာ ရောက်နှင့်နေသူတွေမှ အများကြီးပါပဲ ..။
အထဲကိုရောက်တာနဲ့ ကျမတို့ ပထမဆုံးသွားဖြစ်တာက The flying dinasours ဆိုတဲ့ နေရာကိုပါ..။ အဲဒါက ရိုလာကိုစတာလိုပဲဆိုပေမယ့် ကောင်းကင်မှာ ပျံသန်းသွားသလိုခံစားချက်မျိုးဖြစ်အောင်လို့ မှောက်ခုံစီးရတာပါ ...။ သူများတွေက ဒိုင်နိုဆောကို နောက်ဆုံးမှစီးဖို့ အကြံပြုကြပေမယ့် တကယ်တမ်းတော့ မှောက်ရက်အနေအထားမှာ အရှိန်မြန်မြန်နဲ့ လှည့်လိုက်သွားလိုက်စီးရတာဆိုတော့ အားအင်ပြည့်နေတုန်း ရောက်ခါစ စီးတာ အကောင်းဆုံးပါပဲ ..။ အဲဒါမှ မူးဝေတာ အော့အန်တာ မဖြစ်မှာပေါ့..။ သူက The ride တွေအားလုံးမှာ နာမည်အကြီးဆုံးလို့ပြောတယ် ..။ ခဏလေးပေမယ့် မှောက်ခုံအနေအထားကို အတင်ဟိုလှည့်ဒီလှည့်စီးလိုက်ရတာ ရင်ခုန်စရာကောင်းသလို ပျော်စရာလည်းကောင်း ကြောက်စရာလည်းကောင်းလှတယ်..။ တချို့အဆင်းတွေက ၉၀ ဒီဂရီလောက် ဇောက်ထိုးဆင်းတာတွေလည်း ပါသေးတယ်ရယ် ..။

အဲဒါပြီးတော့ Spiderman ကိုသွားကြတယ်..။ အဲဒါကတော့ ကားတစ်စီးထဲမှာလိုမျိုး ထိုင်ရပြီး 4D နဲ့ဆိုတော့ ကိုယ်က အန္တရာယ်ရောက်နေတုန်း စပိုက်ဒါမန်င်းက လာကယ်သလိုမျိုး အသည်းတထိတ်ထိတ်ရင်တဖိုဖိုနဲ့ပါပဲ ..။ တကယ့် ဇာတ်ကားထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတာ တကယ်ပျော်စရာကောင်းပါတယ် ...။ မူးတတ်တဲ့သူဆိုရင်တော့ လှည့်လိုက်ပတ်လိုက် အထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ တော်တော်တော့ မူးဝေနေမှာ..။

ပြီးတော့ Jurassic park ထဲက စွန့်စားခန်းတွေကို သွားစီးကြတယ် ...။ ဒါကတော့ ရိုလာကိုစတာလည်းမဟုတ် 4D လည်းမဟုတ်ဘဲ ရေလွှာလျှောစီးသလိုပဲဆိုတော့ သိပ်တော့ ပျော်စရာမကောင်းလှဘူး..။
နောက်တစ်ခုက Jaws ဆိုတဲ့ နေရာကိုသွားစီးကြတယ် ..။ ရေထဲမှာပဲ လှေနဲ့သွားနေရင်း တကယ့်ငါးမန်းလိုမျိုးတွေ ရေထဲကနေ ဘွားကနဲပေါ်လာပြီး ရန်ပြုမလိုမျိုးတွေ မီးတွေတောက်လောင်ပြိုလဲနေတာတွေ စတဲ့ ကြောက်စရာစွန့်စားခန်းတွေပေါ့ ..။ အတော်များများက Jaws ကို recommend ပေးကြပေမယ့် ပထမစီးခဲ့တဲ့ ၂ ခုလောက်တော့ ရင်မခုန်ပြန်ဘူး..။ ကျမတို့တတွေက ဆွဲကိုင်လှုပ်ယမ်းနေတဲ့ မူးစရာတွေပဲ စီးချင်ကြသလား ထင်မိတယ် ..။


နေရာတော်တော်များများမှာ အပေါ်ကပုံလို show သေးသေးလေးတွေ ခဏခဏတွေ့ရတယ်...။ Minion theme နဲ့ စားသောက်စရာတွေတော့ နာမည်ကြီးတယ် ..။ အားလုံးလိုလို minion ဗူးလေးနဲ့ ထည့်ထားတဲ့ popcorn လေးတွေပဲ လမ်းတစ်လျှောက်စားနေကြတာ တွေ့ရတယ် ..။

ဘယ်လောက်ထိ ရေးဖြစ်မယ်မသေချာပေမယ့် ဒီနေ့တော့ part (1) နဲ့ပဲ အဆုံးသတ်ပါရစေနော် ..။ အိပ်ချိန်ရောက်လာလို့ပါ ..။ နောက်ရက်တွေ ကြိုးစားရေးပါ့မယ် 😍😍😍

Follow Us @soratemplates