Showing posts with label Youtube. Show all posts
Showing posts with label Youtube. Show all posts

Saturday, 17 August 2019

ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ ***

August 17, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ။

အခု share ထားတဲ့ Vlog ထဲမှာတော့ တစ်ခါရေးထားပြီးတဲ့ "Law of Attraction" အကြောင်းကို ပြောဖြစ်ထားတာပါ။


Saturday, 16 March 2019

#DareToChange

March 16, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ Vlog မှာတော့ Who moved my cheese ဆိုတဲ့ စာအုပ်ကလေးအကြောင်းပြောထားပါတယ်။
ဝတ်ထားတဲ့အရောင်က ၂၀၁၉ ရဲ့ Color ဖြစ်တဲ့ Coral ဖြစ်ပါသတဲ့။ အကျီင်္အရောင်တောက်တောက်ရယ်၊ နှုတ်ခမ်းနီအရောင်ရင့်ရယ်နဲ့ သိပ်မဝတ်ဖြစ်၊ မပြင်ဖြစ်တဲ့ပုံစံမို့ ကိုယ့်ဘာသာတော့ သိပ်ကြည့်မကောင်းပါဘူး။


နောက်ထပ် Vlog တွေမှာ ပြန်ဆုံကြမယ်နော် <3

With Love,

Phyu Phyu Lwin

Wednesday, 13 March 2019

အလွမ်းဆိုင်

March 13, 2019 0 Comments

ရသမြောက်တဲ့ ဝတုတွေဖန်တီးတဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ “အလွမ်းဆိုင်” ဆိုတဲ့ စာအုပ်ကလေးအကြောင်း ပြောဖြစ်တယ်။ နောက်လည်း စာအုပ်တွေအကြောင်း ပြောတဲ့ Vlog တွေ ထပ်ဖန်တီးဖြစ်အောင်ကြိုးစားမယ်။ ကိုယ်တိုင်လည်း စာဖတ်ဖြစ်သလို ဖတ်ပြီးသမျှတွေလည်း မေ့မသွားတော့ အဆင်ပြေတယ်။



With Love,

Phyu Phyu Lwin
31/3/2019

Thursday, 28 February 2019

Travel vlog // Myeik Archipelagos

February 28, 2019 0 Comments
အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ကြတဲ့အခါ ပင်လယ်ကမ်းခြေကို ရွေးကြတဲ့သူတွေ အများသားမဟုတ်လား။ တကယ်လို့ ချောင်းသာ၊ ငွေဆောင်၊ ငပလီစတဲ့ နာမည်ကြီးကမ်းခြေတွေလည်း ခဏတိုင်းသွားလို့ ရိုးနေပြီမို့ နိုင်ငံခြားက ကမ်းခြေတွေဘက် ခြေဦးမလှည့်ခင် ကိုယ့်ပြည်တွင်းက ရင်သပ်ရှုမောဖွယ် အလှတရားတွေကို အရင်ဆုံး ခံစားသင့်ပါတယ်။


ကျွန်းစုတွေအများကြီးရှိရာ မြိတ်ဒေသဟာ ပြည်တွင်းခရီးသည်တွေရော ပြည်ပခရီးသွားတွေပါ အလာများတဲ့နေရာဖြစ်နေပါပြီ။ တမျှော်တခေါ်ပင်လယ်ကြီးထဲမှာ စက်လှေတစ်စီးနဲ့ သဘာဝအလှအပတွေကို ခံစားပြီးတဲ့အခါ ကမ်းခြေကျဉ်းကျဉ်းလေးမှာ လူတွေအများကြီးတိုးဝှေ့ပျော်ရွှင်ရတဲ့အခိုက်အတန့်ကို ငြီးငွေ့သွားမှာအမှန်ပါပဲ ။
ဘက်ဂျက်နည်းနည်းလေးပိုသုံးလိုက်ရုံနဲ့ သဘာဝအလှအပတွေကြားထဲ ရင်ခုန်စိတ်လှုပ်ရှားစရာ activity တွေနဲ့ ပင်လယ်ခရီးဟာ အလွန်ပျော်စရာကောင်းလှပါတယ် ။ ဒီခရီးမှာ snorkeling လုပ်တာလဲပါတာမို့ ပထမဆုံးလုပ်မယ့်သူတွေကို မကြောက်ဘဲ သတ္တိရှိရှိသာ စမ်းကြည့်စေချင်တယ်။ ကျွန်မလဲ ရေမကူးတတ်ပေမယ့် ကြောက်ကြောက်နဲ့ပဲ လုပ်ခဲ့တာမို့ ပင်လယ်ကြမ်းပြင်က အလှတရားတွေမြင်တဲ့အခါ ကိုယ့်လုပ်ခဲ့တာမှန်ပါလား တွေးမိတယ်။ ရေကိုသာ ကြောက်နေမယ်ဆိုရင် ထူးခြားတဲ့အလှတရားတွေကို တွေ့ခွင့်ရမှာမဟုတ်တော့ဘူးလေ။


ပင်လယ်ရေဟာ စိမ်းနေတာ၊ ပြာနေတာနဲ့ ကိုယ်မြင်ဖူးတဲ့ ကမ်းခြေတွေက ပင်လယ်တွေထက် ပိုလှနေတာကို ခံစားရနိုင်ပါတယ်။ ကျွန်းတွေထဲမှာ လျှောက်သွားရတာဟာ ကိုယ့်ကိုယ်ကို ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲ ရောက်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။
ကျွန်မတို့သွားခဲ့တာတော့ Jade Flower Travel & Tours နဲ့ သွားခဲ့တာပါ။ တစ်ရက်ခရီးရှိသလို တစ်ညအိပ် ၂ ရက်၊ ၂ ညအိပ် ၃ ရက် စသဖြင့် package အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့တော့ တစ်ရက်ခရီးပဲသွားခဲ့တာမို့ နေရာ ၄ နေရာ (စမတ်ကျွန်း၊ သဲနီအော်ကျွန်း၊ ဒုံးရေတံခွန်နဲ့ ဆလုံလူမျိုးတွေနေတဲ့ရွာ) ကို ရောက်ခဲ့ပါတယ်။ တစ်ရက်ခရီးဆိုတော့ ပင်ပန်းပေမယ့် မြင်တွေ့ခံစားခဲ့ရတဲ့ သဘာဝအလှအပတွေကြောင့် ပင်ပန်းသမျှ အမောပြေရပါတယ်။ ညအိပ်ခရီးဟာ ကျွန်းလေးပေါ်မှာ tent လေးတွေနဲ့ အိပ်ပြီး ကျွန်းပေါ်မှာ လျှောက်သွားလိုက်၊ ရေဆင်းကူးလိုက် လုပ်လို့ရတာမို့ adventure ဆန်သလို အပန်းဖြေတယ်ဆိုတဲ့ ခံစားချက်ကို ပိုရစေပါလိမ့်မယ်။ ကျွန်မကတော့ Honeymoon အတွက် စုံတွဲတွေကို recommend ပေးချင်တာပါပဲ။ တကယ့်ကို သဘာဝမှာ သာသာယာယာရှိနေမှာ အသေအချာပါပဲ ။


The detailed information of this video clip is as follows;
Edited by me
Camera: Canon EOS 80D and iphone6
Editing software: imovie

Track: Lost Sky - Dreams pt. II (feat. Sara Skinner) [NCS Release] Music provided by NoCopyrightSounds.
Watch: https://youtu.be/L7kF4MXXCoA
Free Download / Stream: http://ncs.io/Dreams2YO
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
my blog is here: https://www.snowmay1987.blogspot.com
my facebook page: https://www.facebook.com/lifestylebyphyulwin
my instagram: https://www.instagram.com/madi_phyu/
my youtube channel: https://www.youtube.com/channel/UCBBp6J0ZaRad35ImzTUnGyQ
Thanks for watching, and please subscribe for more interesting contents.

Sunday, 24 February 2019

စောင့်နေမယ်လို့ မပြောလိုက်ဘူး ...

February 24, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ ။ ဒီနေ့ Vlog ထဲမှာတော့ ကျွန်မ blog မှာ ရေးထားဖူးတဲ့ စာအုပ်လေးတစ်အုပ်အကြောင်းကို ပြောထားတာပါ။ ဆရာမဂျူးရဲ့ "စောင့်နေမယ်လို့ မပြောလိုက်ဘူး" ဆိုတဲ့စာအုပ်လေးအကြောင်း ပြောထားတာပါ။ စာအုပ်အကြောင်းမပြောခင်မှာ သုတစာပေနဲ့ ရသစာပေတို့ ကွာခြားပုံအကြောင်း ကျွန်မရဲ့အမြင်ကိုလည်း ပြောထားတာမို့ ကြည့်ရှုအားပေးပါလို့ တောင်းဆိုပါတယ်။ ကျွန်မရဲ့ Youtube Channel ကိုလည်း subscribe လုပ်ပေးဖို့လည်း request လုပ်ပါတယ်။ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဝေမျှပေးဖို့ ကြိုးစားပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Friday, 22 February 2019

Blogs to vlogs @@@

February 22, 2019 0 Comments
အားလုံး မင်္ဂလာပါ။

အခု ကျွန်မရဲ့ ပထမဆုံး စကားပြောတဲ့ vlog ကို လာပြောပြတာပါ။ နောက်ပိုင်းဆိုရင် ကိုယ်ရေးချင်တဲ့ share လုပ်ချင်တဲ့အကြောင်းအရာတွေကို Youtube မှာပဲ video နဲ့ share ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချခဲ့တာတော့ မဟုတ်ပါဘူး။ ၄ နှစ်လောက်စဉ်းစားခဲ့ရတဲ့အရွေ့တစ်ခုဖြစ်တာကြောင့် အားလုံးလည်း ကျွန်မရဲ့ Passion ကို အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် အကြောင်းအရာတွေနဲ့အတူ vlogs မှာ ပြန်ဆုံကြမယ်နော်။


 

Thursday, 7 February 2019

Chatuchak Market in Bangkok

February 07, 2019 0 Comments
၂၀၁၈ အတွင်းမှာ သွားခဲ့သမျှခရီးတွေကို မှတ်မှတ်ရရဖြစ်အောင် Vlog တွေလုပ်ပြီး YouTube မှာ တင်နေခဲ့တာ။ ၂၀၁၈ က သွားတာတွေအကုန်ကို video တွေမလုပ်ရသေးခင် ၂၀၁၉ မှာလည်း သွားဖြစ်ပြန်တော့ ခရီးတွေက ထပ်နေပြီ။


အခု ဘန်ကောက်ကို ၂၀၁၈ ဇွန်လထဲမှာ သွားခဲ့တယ်။ အဲဒီမှာ လည်ဖို့တစ်ရက်အချိန်ရတော့ tourist place တစ်ခုအဖြစ် နာမည်ကြီးတဲ့ Chatuchak Market ကို ရောက်ခဲ့တယ်..။ အဲဒီဈေးဘေးမှာ Chatuchak Park လည်း ရှိပြီး ဓါတ်ပုံရိုက်ချင်သူတွေအတွက်ဆို တကယ်လှတဲ့နေရာတစ်ခုပါ ...။ ဈေးထဲမှာတော့ အမှတ်တရ souvenir ဆိုင်တွေ၊ စားသောက်ဆိုင်လေးတွေ အများကြီးပါပဲ ။ လာလည်တဲ့သူတွေလည်း အတော်ကိုများတယ် ...။ သွားစားခဲ့တဲ့ဆိုင်လေးက ဘယ်နိုင်ငံကလဲမေးပြီး သူတို့ပြင်တဲ့ဟင်းပွဲလေးတွေမှာ နိုင်ငံအလံလေးတွေ တင်ပေးထားတာ ချစ်ဖို့ကောင်းတယ် ...။ ပုံတွေတော့ video မှာ ကြည့်ပေးပါနော် ...။

see you next time <3

Sunday, 3 February 2019

Travels in January 2019

February 03, 2019 0 Comments
၂၀၁၉ ကို ရောက်လာခဲ့တာ တစ်လတောင် ကုန်ခဲ့ပြီပဲ ။ ဒါပေမယ့် Blog မှာ ဘာမှ မရေးဖြစ်သေးဘူး.။ တစ်လလုံးဟာ ခရီးတွေနဲ့ ပြည့်နေခဲ့တယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာတော့ ဘယ်မှမသွားသေးဘဲ အရင်သွားထားတဲ့ခရီးတွေအတွက် Paper works တွေ အပြီးသတ်မယ်စိတ်ကူးထားတယ်။

January ဟာ ကိုယ့်အတွက် ထူးခြားပါတယ်။  မွေးနေ့ ရှိတယ်လေ။ January 31 ဟာ ကျမရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့တော့ ပုံမှန်အတိုင်းပဲ ဖြတ်သန်းဖြစ်ပါတယ်။ မွေးနေ့ကိတ်တော့ မပါဘူးပေါ့လေ။

Youtube Channel လေး လုပ်ထားတာလည်း ခရီးသွားနေရတော့ မအားတာနဲ့ update မလုပ်ဖြစ်ဘူး။ Follower လည်း မရှိပါဘူး :D


ဇန်နဝါရီလ ပထမပတ်ထဲမှာ အလုပ်နဲ့ပဲ တရုတ်နိုင်ငံကို သွားဖြစ်တယ်။ အဲဒီမှာ ပန်းချီပြခန်းတစ်ခုကို သွားရင်း ရိုက်ထားဖြစ်တာတွေကို ပြန်ပြီး စုထားခဲ့တာ။ နောက်ထက် Video တွေ အများကြီးရိုက်ခဲ့ပေမယ့် edit မလုပ်ဖြစ်သေးတော့ မတင်ရသေးဘူး။







တရုတ်ကနေ ပြန်လာပြီး ၅ ရက်လောက်နားပြီးတာနဲ့ မြိတ်ကို ခရီးဆက်ထွက်ဖြစ်တယ်။  လကုန်ခါနီးမှ ပြန်လာဖြစ်တာပဲ။ အရမ်းလှတဲ့ မြိတ်ကျွန်းစုဘက်ကို အလည်ရောက်ခဲ့တယ်။ ရိုက်ခဲ့တဲ့ Video တွေ ဓါတ်ပုံတွေ ရှိပေမယ့် ထုံးစံအတိုင်း ဘာမှ မလုပ်ဖြစ်သေးဘူး..။








Youtube မှာ vlog တွေ တင်ပြီးတဲ့အခါမှ တစ်ခေါက်ထပ်လာ share ဦးမှာမို့ ဒီနေ့တော့ ဒီလောက်ပါပဲရှင့် <3

Sunday, 30 December 2018

Plan for 2019

December 30, 2018 0 Comments
Youtube မှာ ဒုတိယဗွီဒီယိုအနေနဲ့ ၂၀၁၈ အတွင်းသုံးခဲ့တဲ့ Planner & Journal တွေရယ်၊ ၂၀၁၉ မှာ သုံးမယ့် Diary, Journal, Planner, Ball pen စတာတွေကို မိတ်ဆက်ပေးထားပါတယ်။ ၂၀၁၉ ဒိုင်ယာရီစာအုပ်ကလေးက မြန်မာမှာ ထုတ်ထားတာမို့ မြန်မာရက်တွေပါတော့ အဆင်ပြေတယ်။ ၂၀၁၈ မှာတုန်းက ဒိုင်ယာရီရယ်လို့ သတ်သတ်မှတ်မှတ်မထားဘဲJournal ထဲမှာပဲ ရေးဖြစ်ခဲ့တာ။ ၂၀၁၉ မှာတော့ ဒိုင်ယာရီသီးသန့်ရေးချင်တာနဲ့ အဲဒီဒိုင်ယာရီစာအုပ်ကလေးကို Ocean . သွားရင်းတွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တာ။ အားလုံး ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ အောင်မြင်မှုများကို ပိုင်ဆိုင်ကြပါစေ။


Thursday, 27 December 2018

My first Vlog :)

December 27, 2018 0 Comments
Hello

အားလုံးပဲ မင်္ဂလာပါ။
အခု အားလုံးကို ဝေမျှစရာလေးတစ်ခုရှိလို့ပါ။
အရင်ကတည်းက Youtube channel တစ်ခုရှိပြီး ကိုယ်နားထောင်ချင်တဲ့သီချင်းတွေ Playlist လုပ်ထားတာမျိုး၊ တခါတလေ ရိုက်ထားတဲ့ landscape short video လေးတွေ တင်တာမျိုးပဲ လုပ်ဖြစ်ပါတယ်.။

၂၀၁၉ အတွက် ကျွန်မရဲ့ resolution ထဲမှာ YouTube Channel ကို ကောင်းကောင်းဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ၂၀၁၈ အတွင်းမှာ လတိုင်းလိုလို ခရီးတွေ သွားဖြစ်တယ်။ အချို့လတွေဆိုရင် ၂ နေရာ ၃ နေရာလောက် သွားဖြစ်တာတွေလည်းရှိတယ်။ ဒါပေမယ့် အလုပ်နဲ့မို့ ကောင်းကောင်းမလည်ဖြစ်သလို မှတ်တမ်းတင်တာတွေလည်း နည်းတယ်..။ ပြီးတော့ ကျွန်မက Facebook မှာလည်း ပုံတွေသိပ်တင်လေ့မရှိတော့ ရိုက်ထားတဲ့ပုံလေးတွေ ဒီအတိုင်းထားရမှာ နှမြောတာနဲ့ vlog လေးတွေလုပ်ပြီး Youtube မှာ အရင်ဆုံး share လုပ်မယ်စိတ်ကူးတာနဲ့ ဘာ vlog မှ မလုပ်ဖြစ်သေးခင် ရှိတာလေးတွေနဲ့ အရင် create လုပ်ထားတဲ့ သဘောပါပဲ ..။

အရင်ပို့စ်မှာ ရေးဖူးသလိုပဲ ကျွန်မက YouTube ကို တော်တော်စွဲပါတယ်။ Facebook ထက် Youtube မှာ အချိန်ကုန်တာများတယ်..။ ကျွန်မကြိုက်တဲ့ YouTuber တွေ Channel တွေလည်း တော်တော်များတယ်။ သိသလောက်တော့ Myanmar Youtuber တွေတော့ သိပ်မတွေ့မိသလိုပဲ။။ သတင်း channel တွေ၊ movies channel တွေ သီချင်းတင်တဲ့ channel တွေတော့ အများကြီးရှိပါတယ်။ ကိုယ်ကလည်း ဒါတွေပဲ မြင်မိတော့ သေချာမသိတာလည်းဖြစ်ပါလိမ့်မယ်။ ရှိတာတော့ ရှိကြမှာပါ။

အခု ပထမဆုံး vlog လေးက ၂၀၁၈ ဖေဖော်ဝါရီလအတွင်းမှာ ဘားအံကိုသွားခဲ့တဲ့ ခရီးကို ကလိထားတဲ့ vlog လေးပါ။ အအေးမိအသံဝင်နေတော့ အသံကလည်း မကြည်မလင် မပြတ်မသားဖြစ်နေပါတယ်..။ ဒါပေမယ့် something is better than nothing မို့ ဘာဖြစ်ဖြစ် လျှောက်လုပ်ထားတာပေမယ့် YouTube မှာ ကိုယ်ပိုင် vlog တွေစတင်ချင်တဲ့စိတ်က တားမရဖြစ်နေတာကြောင့် စလုပ်ဖြစ်ပါတယ်။ နောက်ဆိုရင်တော့ တကယ့် youtuber တွေလိုမျိုး Video တွေ ဖန်တီးနိုင်အောင် ကြိုးစားပါဦးမယ်။ လုပ်ချင်တာဆို မဖြစ်မနေလုပ်ဖြစ်အောင် လုပ်တာမို့ စဖြစ်တဲ့အရာတစ်ခုကို ဆက်ဖန်တီးဖြစ်သွားမှာပါ။ (အကောင်းဆုံးမဖြစ်တာတော့ ထုံးစံမို့ ဝါသနာကို အကောင်အထည်ဖော်ရုံလောက်ပါပဲ)


Follow Us @soratemplates