Thursday 28 February 2019

Travel vlog // Myeik Archipelagos

February 28, 2019 0 Comments
အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ကြတဲ့အခါ ပင်လယ်ကမ်းခြေကို ရွေးကြတဲ့သူတွေ အများသားမဟုတ်လား။ တကယ်လို့ ချောင်းသာ၊ ငွေဆောင်၊ ငပလီစတဲ့ နာမည်ကြီးကမ်းခြေတွေလည်း ခဏတိုင်းသွားလို့ ရိုးနေပြီမို့ နိုင်ငံခြားက ကမ်းခြေတွေဘက် ခြေဦးမလှည့်ခင် ကိုယ့်ပြည်တွင်းက ရင်သပ်ရှုမောဖွယ် အလှတရားတွေကို အရင်ဆုံး ခံစားသင့်ပါတယ်။


ကျွန်းစုတွေအများကြီးရှိရာ မြိတ်ဒေသဟာ ပြည်တွင်းခရီးသည်တွေရော ပြည်ပခရီးသွားတွေပါ အလာများတဲ့နေရာဖြစ်နေပါပြီ။ တမျှော်တခေါ်ပင်လယ်ကြီးထဲမှာ စက်လှေတစ်စီးနဲ့ သဘာဝအလှအပတွေကို ခံစားပြီးတဲ့အခါ ကမ်းခြေကျဉ်းကျဉ်းလေးမှာ လူတွေအများကြီးတိုးဝှေ့ပျော်ရွှင်ရတဲ့အခိုက်အတန့်ကို ငြီးငွေ့သွားမှာအမှန်ပါပဲ ။
ဘက်ဂျက်နည်းနည်းလေးပိုသုံးလိုက်ရုံနဲ့ သဘာဝအလှအပတွေကြားထဲ ရင်ခုန်စိတ်လှုပ်ရှားစရာ activity တွေနဲ့ ပင်လယ်ခရီးဟာ အလွန်ပျော်စရာကောင်းလှပါတယ် ။ ဒီခရီးမှာ snorkeling လုပ်တာလဲပါတာမို့ ပထမဆုံးလုပ်မယ့်သူတွေကို မကြောက်ဘဲ သတ္တိရှိရှိသာ စမ်းကြည့်စေချင်တယ်။ ကျွန်မလဲ ရေမကူးတတ်ပေမယ့် ကြောက်ကြောက်နဲ့ပဲ လုပ်ခဲ့တာမို့ ပင်လယ်ကြမ်းပြင်က အလှတရားတွေမြင်တဲ့အခါ ကိုယ့်လုပ်ခဲ့တာမှန်ပါလား တွေးမိတယ်။ ရေကိုသာ ကြောက်နေမယ်ဆိုရင် ထူးခြားတဲ့အလှတရားတွေကို တွေ့ခွင့်ရမှာမဟုတ်တော့ဘူးလေ။


ပင်လယ်ရေဟာ စိမ်းနေတာ၊ ပြာနေတာနဲ့ ကိုယ်မြင်ဖူးတဲ့ ကမ်းခြေတွေက ပင်လယ်တွေထက် ပိုလှနေတာကို ခံစားရနိုင်ပါတယ်။ ကျွန်းတွေထဲမှာ လျှောက်သွားရတာဟာ ကိုယ့်ကိုယ်ကို ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲ ရောက်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။
ကျွန်မတို့သွားခဲ့တာတော့ Jade Flower Travel & Tours နဲ့ သွားခဲ့တာပါ။ တစ်ရက်ခရီးရှိသလို တစ်ညအိပ် ၂ ရက်၊ ၂ ညအိပ် ၃ ရက် စသဖြင့် package အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့တော့ တစ်ရက်ခရီးပဲသွားခဲ့တာမို့ နေရာ ၄ နေရာ (စမတ်ကျွန်း၊ သဲနီအော်ကျွန်း၊ ဒုံးရေတံခွန်နဲ့ ဆလုံလူမျိုးတွေနေတဲ့ရွာ) ကို ရောက်ခဲ့ပါတယ်။ တစ်ရက်ခရီးဆိုတော့ ပင်ပန်းပေမယ့် မြင်တွေ့ခံစားခဲ့ရတဲ့ သဘာဝအလှအပတွေကြောင့် ပင်ပန်းသမျှ အမောပြေရပါတယ်။ ညအိပ်ခရီးဟာ ကျွန်းလေးပေါ်မှာ tent လေးတွေနဲ့ အိပ်ပြီး ကျွန်းပေါ်မှာ လျှောက်သွားလိုက်၊ ရေဆင်းကူးလိုက် လုပ်လို့ရတာမို့ adventure ဆန်သလို အပန်းဖြေတယ်ဆိုတဲ့ ခံစားချက်ကို ပိုရစေပါလိမ့်မယ်။ ကျွန်မကတော့ Honeymoon အတွက် စုံတွဲတွေကို recommend ပေးချင်တာပါပဲ။ တကယ့်ကို သဘာဝမှာ သာသာယာယာရှိနေမှာ အသေအချာပါပဲ ။


The detailed information of this video clip is as follows;
Edited by me
Camera: Canon EOS 80D and iphone6
Editing software: imovie

Track: Lost Sky - Dreams pt. II (feat. Sara Skinner) [NCS Release] Music provided by NoCopyrightSounds.
Watch: https://youtu.be/L7kF4MXXCoA
Free Download / Stream: http://ncs.io/Dreams2YO
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
my blog is here: https://www.snowmay1987.blogspot.com
my facebook page: https://www.facebook.com/lifestylebyphyulwin
my instagram: https://www.instagram.com/madi_phyu/
my youtube channel: https://www.youtube.com/channel/UCBBp6J0ZaRad35ImzTUnGyQ
Thanks for watching, and please subscribe for more interesting contents.

Sunday 24 February 2019

စောင့်နေမယ်လို့ မပြောလိုက်ဘူး ...

February 24, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ ။ ဒီနေ့ Vlog ထဲမှာတော့ ကျွန်မ blog မှာ ရေးထားဖူးတဲ့ စာအုပ်လေးတစ်အုပ်အကြောင်းကို ပြောထားတာပါ။ ဆရာမဂျူးရဲ့ "စောင့်နေမယ်လို့ မပြောလိုက်ဘူး" ဆိုတဲ့စာအုပ်လေးအကြောင်း ပြောထားတာပါ။ စာအုပ်အကြောင်းမပြောခင်မှာ သုတစာပေနဲ့ ရသစာပေတို့ ကွာခြားပုံအကြောင်း ကျွန်မရဲ့အမြင်ကိုလည်း ပြောထားတာမို့ ကြည့်ရှုအားပေးပါလို့ တောင်းဆိုပါတယ်။ ကျွန်မရဲ့ Youtube Channel ကိုလည်း subscribe လုပ်ပေးဖို့လည်း request လုပ်ပါတယ်။ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဝေမျှပေးဖို့ ကြိုးစားပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Friday 22 February 2019

Blogs to vlogs @@@

February 22, 2019 0 Comments
အားလုံး မင်္ဂလာပါ။

အခု ကျွန်မရဲ့ ပထမဆုံး စကားပြောတဲ့ vlog ကို လာပြောပြတာပါ။ နောက်ပိုင်းဆိုရင် ကိုယ်ရေးချင်တဲ့ share လုပ်ချင်တဲ့အကြောင်းအရာတွေကို Youtube မှာပဲ video နဲ့ share ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချခဲ့တာတော့ မဟုတ်ပါဘူး။ ၄ နှစ်လောက်စဉ်းစားခဲ့ရတဲ့အရွေ့တစ်ခုဖြစ်တာကြောင့် အားလုံးလည်း ကျွန်မရဲ့ Passion ကို အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် အကြောင်းအရာတွေနဲ့အတူ vlogs မှာ ပြန်ဆုံကြမယ်နော်။


 

Thursday 7 February 2019

Chatuchak Market in Bangkok

February 07, 2019 0 Comments
၂၀၁၈ အတွင်းမှာ သွားခဲ့သမျှခရီးတွေကို မှတ်မှတ်ရရဖြစ်အောင် Vlog တွေလုပ်ပြီး YouTube မှာ တင်နေခဲ့တာ။ ၂၀၁၈ က သွားတာတွေအကုန်ကို video တွေမလုပ်ရသေးခင် ၂၀၁၉ မှာလည်း သွားဖြစ်ပြန်တော့ ခရီးတွေက ထပ်နေပြီ။


အခု ဘန်ကောက်ကို ၂၀၁၈ ဇွန်လထဲမှာ သွားခဲ့တယ်။ အဲဒီမှာ လည်ဖို့တစ်ရက်အချိန်ရတော့ tourist place တစ်ခုအဖြစ် နာမည်ကြီးတဲ့ Chatuchak Market ကို ရောက်ခဲ့တယ်..။ အဲဒီဈေးဘေးမှာ Chatuchak Park လည်း ရှိပြီး ဓါတ်ပုံရိုက်ချင်သူတွေအတွက်ဆို တကယ်လှတဲ့နေရာတစ်ခုပါ ...။ ဈေးထဲမှာတော့ အမှတ်တရ souvenir ဆိုင်တွေ၊ စားသောက်ဆိုင်လေးတွေ အများကြီးပါပဲ ။ လာလည်တဲ့သူတွေလည်း အတော်ကိုများတယ် ...။ သွားစားခဲ့တဲ့ဆိုင်လေးက ဘယ်နိုင်ငံကလဲမေးပြီး သူတို့ပြင်တဲ့ဟင်းပွဲလေးတွေမှာ နိုင်ငံအလံလေးတွေ တင်ပေးထားတာ ချစ်ဖို့ကောင်းတယ် ...။ ပုံတွေတော့ video မှာ ကြည့်ပေးပါနော် ...။

see you next time <3

Sunday 3 February 2019

Travels in January 2019

February 03, 2019 0 Comments
၂၀၁၉ ကို ရောက်လာခဲ့တာ တစ်လတောင် ကုန်ခဲ့ပြီပဲ ။ ဒါပေမယ့် Blog မှာ ဘာမှ မရေးဖြစ်သေးဘူး.။ တစ်လလုံးဟာ ခရီးတွေနဲ့ ပြည့်နေခဲ့တယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာတော့ ဘယ်မှမသွားသေးဘဲ အရင်သွားထားတဲ့ခရီးတွေအတွက် Paper works တွေ အပြီးသတ်မယ်စိတ်ကူးထားတယ်။

January ဟာ ကိုယ့်အတွက် ထူးခြားပါတယ်။  မွေးနေ့ ရှိတယ်လေ။ January 31 ဟာ ကျမရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့တော့ ပုံမှန်အတိုင်းပဲ ဖြတ်သန်းဖြစ်ပါတယ်။ မွေးနေ့ကိတ်တော့ မပါဘူးပေါ့လေ။

Youtube Channel လေး လုပ်ထားတာလည်း ခရီးသွားနေရတော့ မအားတာနဲ့ update မလုပ်ဖြစ်ဘူး။ Follower လည်း မရှိပါဘူး :D


ဇန်နဝါရီလ ပထမပတ်ထဲမှာ အလုပ်နဲ့ပဲ တရုတ်နိုင်ငံကို သွားဖြစ်တယ်။ အဲဒီမှာ ပန်းချီပြခန်းတစ်ခုကို သွားရင်း ရိုက်ထားဖြစ်တာတွေကို ပြန်ပြီး စုထားခဲ့တာ။ နောက်ထက် Video တွေ အများကြီးရိုက်ခဲ့ပေမယ့် edit မလုပ်ဖြစ်သေးတော့ မတင်ရသေးဘူး။







တရုတ်ကနေ ပြန်လာပြီး ၅ ရက်လောက်နားပြီးတာနဲ့ မြိတ်ကို ခရီးဆက်ထွက်ဖြစ်တယ်။  လကုန်ခါနီးမှ ပြန်လာဖြစ်တာပဲ။ အရမ်းလှတဲ့ မြိတ်ကျွန်းစုဘက်ကို အလည်ရောက်ခဲ့တယ်။ ရိုက်ခဲ့တဲ့ Video တွေ ဓါတ်ပုံတွေ ရှိပေမယ့် ထုံးစံအတိုင်း ဘာမှ မလုပ်ဖြစ်သေးဘူး..။








Youtube မှာ vlog တွေ တင်ပြီးတဲ့အခါမှ တစ်ခေါက်ထပ်လာ share ဦးမှာမို့ ဒီနေ့တော့ ဒီလောက်ပါပဲရှင့် <3

Follow Us @soratemplates