Tuesday 26 June 2012

ခေါင်းစဉ်မရှိတဲ့ကဗျာ ...

June 26, 2012 14 Comments



















 ခရီးမိုင်တွေ ဘယ်လောက်ကွာဝေးနေပါစေ.......
ပင်လယ် သမုဒ္ဒရာတွေ ဘယ်လောက်ခြားနေပါစေ..........
လူချင်းဝေးနေပေမယ့်....... ချစ်ခြင်းထပ်တူကျရင်.........
နှလုံးသားချင်းက နီးနီးလေးပါတဲ့ ...................

ဒါပေမယ့် ...............................
နင်နဲ့ငါ့အတွက်တော့ .....................
အကွာအဝေးဆိုတာ...... မခြားနားခင်ကတည်းက
နှလုံးသားချင်းဝေးနေခဲ့ကြတယ်ဆိုတာ...........
ငါတို့မေ့နေတာကိုး.....................။

ပျင်းတဲ့အချိန်... ပင်ပန်းတဲ့အချိန်
စိတ်မွန်းကျပ်တဲ့အချိန်....... အားတဲ့အချိန်......
အဲဒီလို.. အဲဒီလို... အချိန်တစ်ချို့မှာ ...
စိတ်ထွက်ပေါက်အဖြစ် ... ကဗျာတွေ ချရေးတတ်တဲ့ငါ ..... 
ရေးစရာအကြောင်းအရာလေးတစ်ခုအဖြစ် ..... ရပ်တည်ပေးတာနဲ့ကို
ကြံဖန်ကျေးဇူးတင်နေမိပြန်တယ် .......။

ပြောခဲ့ဖူးတယ် .......
စိတ်နာတာတွေ စိတ်ဆိုးတာတွေ ....
မခံချင်တာတွေ....... အသည်းကွဲတာတွေ 
ငါသေချာမခွဲခြားတတ်သလို .....
ဘာခံစားချက်မှ မရှိတော့ပေမယ့် ..........
တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိတိုင်းတော့
အမှတ်မထင်သတိရမိတတ်တယ်ဆိုတာ ........

မိုင်တွေကွာဝေးးနေပေမယ့် ......
ကောင်းကင်တစ်ခုထဲအောက်မှာ ......
 ဒီလေထုထဲက........ ဒီအောက်ဆီဂျင်ကိုပဲရှု .........
ရင်ခုန်အသက်ရှင်နေရတဲ့ ...... လူချင်းအတူတူဆိုတော့
အသက်တစ်ခါရှုလိုက်တိုင်း ..... တိုက်ဆိုင်မှုတွေ ဖြစ်နေပြန်တယ် .......။

Saturday 23 June 2012

အချစ်ကြောင့် ရူုးကြသူများ ♫ ♪

June 23, 2012 18 Comments
ဘာမှတော့ မဟုတ်ပါဘူး..... အခုတလော ကြိုက်မိတဲ့သီချင်းတစ်ပုဒ်.....
ဘာမှလည်းမရေးဖြစ်ဘူး..... သီချင်းနားထောင်ရင်း စာကြည့်. ပျင်းတော့အိပ်....
 ကျောင်းဖွင့်ရက်ကျတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိအတန်းတက်ရသေးတယ်.... စာသင်နေတုန်းပျင်းရင် ဖေ့ဘွတ်ဖွင့်ပြီး ဟိုကလိ ဒီကလိ.. အခုတလောတော့ ဖေ့ဘွတ်လည်း မသုံးချင်တော့ဘူး... အပျင်းပြေဖို့မဟုတ်ပဲ....  user တွေရဲ့ အသုံးချပုံက ပုံစံတစ်မျိုးပြောင်းလာကြသလိုပဲ.... ။

ဒီသီချင်းလေးက အရမ်းကောင်းတယ်ထင်တာပဲ.. သရုပ်ဆောင်တာနဲ့ သီချင်းအဓိပ္ပာယ်နဲ့လည်း လိုက်ဖက်တော့ ကြိုက်တယ်....။ ဒီလိုပါပဲ.... ချစ်ခဲ့ကြတယ်.... အကြောင်းကြောင်းကြောင့် လမ်းကွဲသွားကြတယ်.... ပိုချစ်တဲ့သူက အရူးတစ်ယောက်လို.ဖြစ်ကျန်ခဲ့တယ်.. အတိတ်ကအကြောင်းတွေကို ပြန်ပြောင်းတွေးရင်း... အရင်အချိန်တွေကို ပြန်တမ်းတ .... ပြန်တွေးရင်း.... အိပ်မရပဲ... အိပ်ရာထက်မှာ.. ဟိုလှည့်ဒီလှည့်ရင်း..... သူ့အကြောင်းစဉ်းစားနေမိတဲ့ ညတွေကို ဖြတ်သန်းရင်း.... နောက်ဆုံးတော့.. သီချင်းထဲက ဇာတ်လိုက်လည်း အချစ်ကြောင့် ရူးသွပ်သူတစ်ယောက်အဖြစ်...... (သီချင်းကို တစ်ပိုင်းတစ်စခံစားရေးမိခြင်းပါ ...)


Movie link : http://www.dailymotion.com/video/x2dazh_nsync-i-drive-myself-crazy_music?start=6
"I Drive Myself Crazy"

ooooh....
Lying in your arms
So close together
Didn't know just what I had
Now I toss and turn
Cause I'm without you
How I'm missing you so bad
Where was my head?
Where was my heart?
Now I cry alone in the dark

I lie awake
I drive myself crazy
Drive myself crazy
Thinking of you
Made a mistake
When I let you go baby
I drive myself crazy
Wanting you the way that I do (wanting you the way that I do)

I was such a fool
I couldn't see it
Just how good you were to me (Just how good you were to me)

You confessed your love ( You confessed your love)
Undying devotion
I confessed my need to be free
And now I'm left
With all this pain
I've only got myself to blame

I lie awake
I drive myself crazy
Drive myself crazy
Thinking of you
Made a mistake
When I let you go baby
I drive myself crazy
Wanting you the way that I do (wanting you the way that I do)

Why didn't I know it
(How much I loved you baby)
Why couldn't show it
(If I had only told you)
When I had the chance
Oh I had the chance

oohhhhhh....la la la la la la
I drive myself crazy'
ahhh..oh so crazy
lalalalala...oh oh oh oh
I lie awake
I drive myself crazy
Drive myself crazy
Thinking of you
Made a mistake (made a mistake)
Let you go baby
I drive myself crazy
Wanting you the way that I do

I lie awake
I drive myself crazy (I drive myself crazy, crazy, crazy...yeah)
Drive myself crazy
Made a mistake
Let you go baby
I drive myself crazy
Wanting you the way that I do
I drive myself crazy
wanting you the way that I do 

========================================

Tuesday 19 June 2012

ကဗျာပြိုင်ပွဲက ကဗျာ ##

June 19, 2012 11 Comments
 စိတ်ကူးထဲမှာတော့.......

စိတ်ကူးထဲမှာပေါ့......
လရိပ်ပြာအောက် အတူထိုင်ရင်းး
လင်းတစ်ချို့ မှိတ်တစ်ချို့ ကြယ်လေးတွေကိုရေတွက်..
ဆည်းလည်းသံလို သူ့ရယ်သံတွေကြား...
ညလေပြေရဲ့..ကြည်စယ်မှုကို
အတူတူ ကြည်နူးစွာ ခံစားနေချင်မိတယ်.......။

စိတ်ကူးထဲမှာပေါ့.....
တောက်ပတဲ့ နီယွန်မီးဝါ၀ါအောက်
ထာဝရပေးအပ်ထားမယ်ဆိုတဲ့.. သူ့ပခုံးထက်
အပူအပင်မရှိ.. မှီနွဲ့ရင်း
ညင်သာစွာ. ထိခတ်နေတဲ့.. သူ့ဂစ်တာသံကြား..
အချိန်တစ်ချို့ကို ကုန်ဆုံးချင်နေမိတယ်......။
စိတ်ကူးထဲမှာပေါ့.....
နူးညံ့တဲ့ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း
သြရှရှဆိုတတ်တဲ့.. သူ့သီချင်းသံတွေကြား
ခရေရနံ့ သင်းပျံ့နေတဲ့.. လမ်းလေးတစ်လျှောက်
နှစ်ယောက်အတူတူ.. ဖြတ်သန်းချင်နေမိပါတယ်.....။

စိတ်ကူးထဲမှာလေ...
သူကြိုက်တတ်တဲ့ စားစရာလေးတွေဖန်တီး
သူချစ်စေမယ့်.. စကားလုံးလေးတွေ.. သီဖွဲ့ဟစ်ကျူးလို့
သူခွံ့ကျွေးမယ့်... ချိုမြမြ ချောကလက်ညိုညိုတွေကို
တပ်မက်စွာ မျှော်လင့်နေမိပြန်တယ်......။

စိတ်ကူးထဲမှာပေါ့...
ခပ်လျော့လျော့မောင်းနှင်တတ်တဲ့.. သူ့ဆိုင်ကယ်ထက်
မြတ်မြတ်နိုးနိုး သူ့ခါးကို ဖက်တွယ်
သူသွားရာနောက် အရိပ်တစ်ခုလိုလိုက်လို့..
ကြင်နာစွာ ပြောတတ်တဲ့ သူ့စကားသံလေးတွေကို...
လေတိုးသံတွေကြား... နားထောင်နေချင်မိပြန်ပါတယ်.......။

လက်တွေ့မှာတော့.....
သူနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံတစ်ခုမှာ
နေ့နဲ့ ညတို့ ကွဲပြားလို့.. ကမ္ဘာကြီးရဲ့ အရှေ့နဲ့ အနောက်ကွာခြား...
ရင်ဆိုင်ရမယ့် စာမေးပွဲတွေအတွက်....
စာအုပ်ထူထူ... စာရွက်ဖိုင်ပေါင်းများစွာကြားမှာ...
ကွန်ပျူတာတစ်လုံးရှေ့မှာ ထိုင်လို့.....
ကောင်မလေးတစ်ယောက်မှာတော့...
သီအိုရီတွေ... ကိန်းဂဏန်းတွေ..... မှတ်စုတွေကြား....
အလွမ်းစိတ်တွေ.. ရင်မှာပိုက်......
အိပ်ငိုက်နေရှာလေရဲ့...........။........။

****************************************************

ဒီကဗျာက အွန်လိုင်းက ကဗျာပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်ကြည့်ရင်း အရွေးခံရတဲ့ ကဗျာတစ်ပုဒ်ပါ..။ ဘာမှ မရေးဖြစ်တုန်း.. ကဗျာလေးကို မဖတ်ဖူးသေးသူများ ပြန်လည်ခံစားနိုင်ဖို့ ပြန်ပြီး ဖော်ပြခြင်းဖြစ်ပါတယ်..။
ကျမဘလော့ကို စစချင်းပဲ ဒီကဗျာကို ပထမဆုံးလိုလိုတင်လိုက်တာဆိုတော့.. တော်တော်များများတော့ ဖတ်ဖူးလိုက်မှာ မဟုတ်ဘူးလည်း ထင်မိလို့ပါ....။
ပြီးခဲ့တဲ့..ဖေဖော်ဝါရီလအတွင်းက စာမေးပွဲဖြေနေတဲ့ကာလမှာ.. တစ်ကယ်ခံစားခဲ့ရတဲ့.. ခံစားချက်အစစ်အမှန်တွေကို ရေးဖွဲ့ထားတာပါ...။ အခုတော့လည်း... ဘာမှမဆိုင်တော့တဲ့ သူစိမ်းတစ်ယောက်အတွက် ဒီခံစားချက်တွေလည်း စာရွက်ပေါ်မှာ.... ကွန်ပျုတာပေါ်မှာကလွဲလို့.. ရင်ထဲမှာ ထုတ်ပစ်လိုက်တာာ... သိပ်မကြာခင်ကာလတစ်ခုဆီကပဲ ဆိုပါစို့.... =!= 
Facebook မှာ ပန်းရတု (အချစ်အကြောင်းပြောကြည့်ရအောင်) ဆိုတဲ့ Page တစ်ခုကနေ ကဗျာဆရာမ မပန်းရတုက ကဗျာပြိုင်ပွဲတစ်ခုလုပ်တော့ ကျမလည်းကိုယ့်အရေးအသားကိုယ့်အခြေအနေကိုယ် သိရအောင် ၃ ပုဒ်ပို့ကြည့်လိုက်တာ..။ သိတဲ့အတိုင်းပဲ.. ကျမက ကဗျာဆိုရင် ဘာမှဖွဲ့နွဲ့ရေးတတ်တာလည်း မဟုတ်ပဲ.. ပြောချင်တာက တိုက်ရိုက်.. ဘုရားစူးကဗျာတွေလေ.-.- -.- -.-.။ ဒါပေမယ့် ဒီလိုရေးထားတာကို ပြိုင်ပွဲဝင်သူပေါင်းက ၁၅၀ ကျော်.. ကဗျာပေါင်းက ၅၅၀ ကျော်မှာ. ၂၅ ပုဒ်ရွေးတာ. ကျမကဗျာက နံပါတ် (၁၀) ချိတ်သတဲ့ ^^ 

သုံးသပ်ချက်---စိတ်ကူးနဲ့လက်တွေ့ကွာခြားပုံလေးကို စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးဖွဲ့ထား
နိုင်ပါတယ်။ စိတ်ကူးလေးတွေကလဲ ချစ်စရာကောင်းပြီး စာဖတ်သူရဲ့ ရင်ကိုကြည်နူးချမ်းမြေ့စေပါ
တယ်။ အထူးသဖြင့် ကဗျာပေါ်မှာအာရုံစူးစိုက်မှုအပြည့်နဲ့ ကဗျာဆရာ၏ အကောင်းဆုံးကြိုးစား
အားထုတ်ထားမှုကို ကဗျာလေးကို ဖတ်လိုက်ရုံနဲ့သိရှိနိုင်ပါတယ်။ ဒါကြောင့်လဲ ကြိုက်နှစ်သက်
မိပါတယ်။

ဒါက ပြိုင်ပွဲကျင်းပတဲ့ ကဗျာဆရာမရဲ့ ကျမကဗျာအပေါ်မှာ သုံးသပ်ချက်ဖြစ်ပါတယ်.. ^_*
ကဗျာချစ်သူများ.. အဲဒီပြိုင်ပွဲမှာ ဆုရတဲ့ ကဗျာတွေကို ဖတ်ချင်ရင် ဖော်ပြပါလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်....။ တခြားကဗျာချစ်သူတွေ ရေးထားတဲ့ကဗျာလေးတွေလည်း အရမ်းကောင်းတယ်..။

အားလုံးပျော်ရွှင်ပါစေ...... ^^^

Sunday 17 June 2012

ဖြစ်တတ်တဲ့သဘောတွေ !!!!

June 17, 2012 9 Comments

တစ်ချို့ကပြောကြတယ်
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတာ
ခံစားနာကျင်ရတယ်တဲ့ ~~~~~~
တစ်ချို့ကတော့ ပြောကြပြန်တယ်
တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတာက
နာကျင်စေတယ်တဲ့....။

ဒါပေမယ့် ...................
အဆိုးဆုံးခံစားရတာကတော့
ကိုယ်က သူ့ကို စောင့်နေတာလား မေ့ပစ်ဖို့ကြိုးစားနေတာလားဆိုတာ
ကိုယ့်ကိုယ်ကိုတောင် ဝေခွဲရခက်တဲ့ အခြေအနေမျိုးပဲ.......။

မေ့ပစ်ဖို့ကြိုးစားနေတယ်ဆိုပြီး......
မသိစိတ်က မျှော်လင့်နေတတ်ကြပြန်သေးတယ်
ကိုယ့်ကိုယ်ကိုတောင်.... အဲဒီလိုဖြစ်နေလားဆိုတာ မသိတဲ့အထိ....
မသိချင်ယောင်ဆောင်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်.......။
&&...........................................................&&

ဖေ့ဘွတ်ထဲမှာ တွေ့တဲ့ပုံတစ်ခုထဲက စာသားတွေကို ဘာသာပြန်ထားတာပါ..။ Page နာမည်ကလည်း မြင်ရုံနဲ့ ငိုချင်တယ်.. ခံစားချက်နဲ့ကတော့ ဘာတိုက်ဆိုင်သလည်းမေးနေစရာကိုမလိုဘူး.. ကိုယ့်ကို စောင်းပြောနေသလိုပဲ.. အဟင့်...!!
'Let  dis semester go i wil study seriously from next တဲ့။။ 
လင့်ကဒီမှာပါ..http://www.facebook.com/LetDisSemesterGo 
 တင်လိုက်တဲ့ပုံတွေတိုင်းက ရယ်လဲရယ်ရတယ်.. အဓိပ္ပာယ်လဲပါတယ်..။ ဒါပေမယ့် page name ဖတ်မိရင်.. ကိုယ့်ကိုယ်ကို စိတ်လေလာတယ်..။ ကိုယ်လဲ တစ်ချိန်လုံး အဲလိုပဲတွေးနေမိတာကို..။ ဒီတစ်တန်းတော့ ရှိပါစေတော့.. နောက်တစ်တန်းရောက်မှ အသေအလဲကြိုးစားတော့မယ်နဲ့ အားခဲ..။ ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပဲ....။

Friday 15 June 2012

အစိမ်းရောင်ချစ်သူများအတွက်~~~ (Heading to Green World)

June 15, 2012 10 Comments

အားလုံးပျော်ရွှင်ပါစေ .........
ပြီးခဲ့တဲ့ပို့စ်မှာတုန်းက ရိုက်ထားတဲ့ပုံလေးနဲ့ လိုက်ဖက်အောင်ဆိုပြီး တစ်ကယ်တမ်းရေးဖို့ ရည်ရွယ်တာက ကဗျာတစ်ပုဒ်.... ရေးဖြစ်လိုက်တာက ပေါက်ကွဲသံစဉ်တွေလို ဖြစ်သွားလို့ ဖတ်သူတိုင်းကို တောင်းပန်ပါတယ်...... :D
စိုးရိမ်ပူပန်မှုတွေ .. စိတ်မကောင်းမှုတွေ ဒီလောက်များနေတဲ့ ကာလတစ်ခုမှာ.... ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကို ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးမိတဲ့ကိုယ်လိုလူမျိုးက ရှိသေးတယ်နော်.. :P

အခု မြင်ရသမျှမျက်လုံးထဲမှာ အေးသွားအောင်... အစိမ်းရောင်ကမ္ဘာထဲကို ခေါ်သွားချင်ပါတယ်....။ ဒီမြင်ကွင်းတွေက ပြီးခဲ့တဲ့သောကြာနေ့ (၈-၆-၂၀၁၂) က ကျောင်းကလိုက်ပို့တဲ့ လေ့လာရေးခရီးတစ်ခုကို သွားတုန်းက ကားပေါ်ကနေ လှမ်းရိုက်ထားမိတဲ့ ဓါတ်ပုံတွေပါ..။ နေရာက Lower Saxony ဆိုတဲ့ခရိုင်ထဲက Hannoversch Münden ဆိုတဲ့မြို့ပါ...။ အရင်က အဲလိုမျိုးတစ်ခါမှ မရိုက်ဖူးဘူး..။ ကားမောင်းနေတုန်းဆိုရင် အရှိန်နဲ့ဆိုတော့ ပုံတွေက ၀ါးသွားမယ်ထင်ပြီး ရပ်တဲ့အချိန်တွေပဲ ရိုက်ဖြစ်ခဲ့တာ..။ ကားကအရမ်းအမြန်မောင်းပေမယ့်... အဲဒီအရှိန်ကပဲ.. အရောင်တွေကို ပိုလှသွားစေသလိုဖြစ်သွားတယ်ထင်တယ်..။ အစိမ်းရောင်တွေက တော်တော်လှသွားတယ်..။ 



ဒီပုံက Lab ထဲမှာ သွားလုပ်ခဲ့တဲ့ tissue culture နည်းနဲ့ မျိုးပွားထားတဲ့ အပင် ကွိစိကွစလေးတွေ... 







မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိဆိုတော့ အပြန်မှာ အားလုံးက ပင်ပန်းပြီး ကားပေါ်မှာ အိပ်ပျော်ပြီး လိုက်လာတဲ့အချိန် ကျမပဲ ကင်မရာတစ်လုံးနဲ့ မအိပ်ပဲ အလုပ်တွေရှုပ်လိုက် ၊ အရှုပ်တွေလုပ်လိုက်နဲ့ ...။
အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ..။
ကမ္ဘာကြီးအမြဲစိမ်းလန်းပါစေ.....။
အနီရောင်တွေ လွှမ်းနေတဲ့နေရာတွေလည်း..... အစိမ်းရောင်တွေ အမြန်ဆုံးပြန်လည် လွှမ်းမိုးနိုင်ပါစေ...။
:wish ~~~~~ :pray ~~~~~ :Thank you all

Wednesday 13 June 2012

လတ်တလော ----------

June 13, 2012 12 Comments


အခုရက်ပိုင်းမှာ.... ညလယ်သန်းခေါင်ကျော်ထိ ကော်ဖီတစ်ခွက်.... စာတစ်အုပ်
ကွန်ပျူတာတစ်လုံးနဲ့.... ကျမ အလုပ်တွေ ရှုပ်နေခဲ့တယ်....။
အခုတလော စာမေးပွဲတွေက တစ်ခုပြီးတစ်ခု ဖြေနေရတဲ့အချိန်မှာ... တစ်ခါတစ်လေ ည ၂ နာရီလောက်အထိ ကျမစာကြည့်နေတတ်တယ်...။ ပြီးရင် ပျင်းလာတဲ့အချိန်.... relax အနေနဲ့ စာမရေးဖြစ်ပေမယ့်... ကျမဘလော့ဂ်ကို ဖွင့်ကြည့်လေ့ရှိပါတယ်..။ 
ဒီဘလော့ဂ်နဲ့ ပတ်သက်ပြီးလည်း ဘာမှကြီးကြီးမားမားတော့ မဟုတ်ပေမယ့်... စိတ်အနှောင့်အယှက်ဖြစ်စရာနည်းနည်းပါးပါး တွေ့လာရတော့.. ဘယ်လိုတောင် ပြောရမယ် မသိတော့ဘူး..။
ကိုယ်ပိုင်အီးမေးလ်နဲ့ ကိုယ်ပိုင်တည်ဆောက်ထားတဲ့ Blog မှာ ကိုယ့်စိတ်ကြိုက်ရေးချင်တာ ရေးခွင့်ရှိပါတယ်..။ ဒါပေမယ့် လူချင်းလဲ မသိ.. ဘလော့ဂ်မှာတောင် မရင်းနှီးတဲ့သူတစ်ချို့ကြောင့် စိတ်ထဲမှာ ကသိကအောင့် ဖြစ်ခဲ့ရပါတယ်ဆိုရင် မှန်ပါလိမ့်မယ်..။
မိန်းကလေးဘလော့ဂါတွေ နည်းသေးတဲ့ မြန်မာဘလော့အသိုင်းအ၀ိုင်းမှာ.. အခုတလောတော့ မိန်းကလေးတွေကိုပဲ လိုက်တိုက်ခိုက်နေကြသလို ခံစားနေမိတယ်...။

ကျမရဲ့ C-box မှာ လာရေးတဲ့သူကတော့ သူ့ရဲ့မျိုးချစ်စိတ်ကြောင့် မခံချိမခံသာ ပြောဆိုသွားတာလို့ပဲ စိတ်ထဲမှာ ထင်မှတ်လိုက်ပါတယ်..။ ဘာမှ ရိုင်းရိုင်းစိုင်းစိုင်းရေးသွားတာ မဟုတ်ဘူးလေ..။ ဘလော့ဂါတွေရဲ့ထုံးစံအတိုင်း ကိုယ့်ဆီမှာလာလည်ပြီး လင့်ချန်သွားရင် ဘယ်သူပဲဖြစ်ဖြစ် အကုန်လင့်ချိတ်ပေးထားတတ်ပါတယ်.. ။ ကိုယ်သွားလည်ပြီး ဖတ်နိုင်တာ မဖတ်နိုင်တာက အသာထား.. blog reader တွေ စိတ်ဝင်စားရင် သွားဖတ်တော့ လင့်ချိတ်ထားတဲ့ ဘလော့လည်း ပရိသတ်တိုးတာပဲဆိုပြီး... ဘယ်သူပဲဖြစ်ဖြစ် အဲလို ချိတ်ပေးထားတတ်တာ ဘလော့အသိုင်းအ၀ိုင်းရဲ့ ထုံးစံတစ်ခုလိုဖြစ်နေပြီလေ..။ ကျမချိတ်ပေးထားတဲ့ ဘလော့တွေကို သူ့ဘာသာလင့်သေသွားတာတော့ မပြောတတ်ဘူး..။ update မတက်တာ ကိုယ်မှ မသိပဲ..။ blog lists က များလို့ update ဖြစ်တဲ့ ဘလော့ ၁၀ ခုပဲပြထားပြီး ကျန်တာတွေကို hide လုပ်ထားတာကို hide ထဲရောက်ပြီး ဘလော့မတွေ့မိတာနဲ့.. ဘာမဆိုင် ညာမဆိုင် ပေါက်ကွဲသွားတာနဲ့တောင် တွေ့နေရသေး..။ ဒါပေမယ့် လူလူချင်း စည်းဆိုတာတော့ ရှိသင့်တယ်ထင်တယ်...။ လူချင်းလဲမသိ. အကြောင်းလဲမသိ... တခြားဘလော့ဂ်ဂါတွေလို ဘလော့ဂ်ပေါ်မှာလည်း မရင်းနှီးပဲ.. ဟိုလိုရေးပါလား.. ဒီလိုရေးပါလား. ငါလည်း မရေးတတ်ဘူးဆိုသလိုမျိုးနဲ့ လာပြောနေတာတော့ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး..။

လူအများဝင်ရေးတဲ့ ဆိုဒ်တွေမှာ ရေးနေတာလည်းမဟုတ်.. ကိုယ်ပိုင်ဘလော့ဂ်မှာ လူအများကို အဆိပ်အတောက်မဖြစ်စေတဲ့... ရိုးရိုးသားသားစာလေးကဗျာလေးတွေကို အားတဲ့ အချိန်မှာ ၀ါသနာအရ အပျင်းပြေရေးနေတာကို.. ဆက်မရေးချင်တော့လောက်အောင် ခံစားနေမိတဲ့ အဖြစ်အပျက်တစ်ချို့လည်း ရှိနေပါသေးတယ်..။ ကျမရဲ့ ဘလော့ဂ်မှာမဟုတ်ပေမယ့်... ဘလော့ဂ်ပေါ်မှာပဲသိပြီး ကျမသဘောကျတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက် ရိုးရိုးသားသား ရေးနေတဲ့ ဘလော့ဂ်တစ်ခုရဲ့ ပို့စ်မှာ Anonymous နဲ့ ကွန်မန့်ဝင်ရေးသွားတာကို ဖတ်လိုက်ရတာ တော်တော်ကို စာရေးသူကို မညှာမတာရေးသွားတာ၊ ကိုယ်ရေးလိုက်တဲ့ ကွန်မန့်တစ်ခုက တစ်ဖက်သားကို ဘယ်လောက်ထိ စိတ်ဒဏ်ရာရစေနိုင်မလဲဆိုတာကို မသိဘူးမဟုတ်ပဲ သိသိနဲ့ ရေးသွားတာကို တွေ့လိုက်ရတော့ တော်တော်လန့်သွားမိတယ်..။ ကျမဘလော့ဂ်မှာလည်း အဲလိုကွန်မန့်မျိုးတွေများ တွေ့လာရရင် ခံနိုင်ရည်ရှိပါ့မလား..။ ဒီဘလော့ဂ်မှာ စိတ်ပြေလက်ပျောက် စာရေးခြင်းက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလို... ကိုယ့်ဒုက္ခကိုယ်ရှာသလိုများ ဖြစ်နေလေမလားလို့ တွေးမိလာတယ်..။ မအားတဲ့အချိန်တော့ ဘာမှမရေးနိုင်သေးမယ့်အတူတူ ကျမဘလော့ဂ်ကို ပိတ်ထားလိုက်မယ်လို့ တွေးမိတယ်...။  ကျောင်းပိတ်ရက်ရောက်ပြီဆိုရင်တော့.. ပြန်ရေးရင် ရေးဖြစ်မှာပါ...။ ကျမ စိတ်ပျော့ညံ့လို့ တော်ရုံစိတ်အနှောင့်အယှက်ကို ခံနိုင်ရည်မရှိလို့ မဟုတ်ပါဘူး..။ ပညာရေးက ကျမဘ၀အတွက် အရေးကြီးဆုံးဖြစ်လို့ စာမေးပွဲဖြေနေတဲ့အတောအတွင်း... အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာနည်းနည်းပါးပါးကို မကြုံချင်လို့ပါ..။ ကျမစာတွေ အများကြီးရေးချင်ပါတယ်..။

Thursday 7 June 2012

ဟာသဖြစ်သွားတဲ့ ပုံပြင် ~~~~~

June 07, 2012 11 Comments
တမာရနံ့တွေ သင်းပျံ့နေတဲ့ လမ်းထက်မှာ
ရယ်သံတွေ ပျံ့လွင့်ခဲ့ဖူးတယ် .....
ရေတမာတန်းတစ်လျှောက်မှာ
စကားသံတွေ ညံစည်နေခဲ့ဖူးတယ်.....
အချင်းမရှိ.. အဆင်းပဲရှိတယ်လို့ စာဆိုခဲ့ကြတဲ့
ပေါက်ပန်းနီနီ.. စိန်ပန်းရဲရဲတွေကို
နွေလေရူးကြားမှာ အတူကြည့်ခဲ့ဖူးတယ်....
တွဲခဲ့ဖူးတဲ့ လက်အစုံအတွက်
ခရေပွင့်လေးတွေနဲ့ ရေပြင်ကျယ်ကြီးက
သက်သေဖြစ်ခဲ့ဖူးတယ်.......။

အတူတူတက်ခဲ့ဖူးတဲ့ စာသင်ချိန်တွေ
အတူတူကျက်ခဲ့ဖူးတဲ့ သင်ခန်းစာတွေ
အတူ ဆိုညည်းဖူးတဲ့ သီချင်းတွေ................
ပြီးတော့...........................
အတူ ကန်တော့ခဲ့ဖူးတဲ့ ဆရာဆရာမတွေ
အတူခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ....
အမှတ်တရတွေအားလုံးက
အိပ်မက်ဆိုးတွေအဖြစ် ပျောက်ရှ
ဒါတွေကို ကြာရှည်ရပ်တည်နိုင်စေမယ့်
သူငယ်ချင်းအချစ်ကိုမှ ဖျက်ဆီးပစ်ခဲ့မိတာကိုး........။
ဖြူစင်တဲ့ သံယောဇဉ်ကို အချစ်လို့အထင်မှား
အရောင်ဆိုးချင်ခဲ့တဲ့
ငါတို့ အလွဲတွေလို့သာ သတ်မှတ်ကြပါစို့.......။

လမ်းကွဲခဲ့တဲ့ ပုံပြင်တစ်ပုဒ်ရဲ့အဆုံးသတ်မှာ.......
အမြတ်ရလိုက်တဲ့ တစ်စုံတစ်ရာက
ငါ................. ကုန်ကြမ်းတွေ တစ်ထပ်ကြီးပိုင်ဆိုင်နိုင်ခဲ့တယ်....။

သူငယ်ချင်းတစ်ယောက် အားပေးသလို
ပေါ်လီယာနာစကားနဲ့ဆိုရင်တော့
ဒါလည်း ၀မ်းသာစရာပဲလေ....
နေတတ်ရင် ဘ၀က ကျေနပ်စရာချည်းပါ......။
 အခုအချိန်မှာတော့
တစ်ချိန်က ရေးဖူးခဲ့တဲ့ အသည်းကွဲကဗျာတစ်ပုဒ်ကို
ဟာသတစ်ခုလို ပြန်ဖတ်နေတတ်ခဲ့ပြီ
ဒါလည်း ပျော်စရာတစ်ခုပဲ.......................။
****************************************

Ref: ချစ်သူရဲ့ပုံပြင်... ရေး/ဆို - Aနွန်

  ♪  ကျောင်းဝန်းထဲမှာ ငါတို့နှစ်ဦး... ပျော်ဖူးခဲ့တဲ့နေ့တွေရယ်
အတန်းသွားတက်ရင် အတူတူပဲ... နင်လိုက်ပို့တဲ့အခါ.. ငါပျော်တယ်.....
ကျောင်းဆင်းတဲ့အချိန် ငါတို့နှစ်ဦး....အတူစားခဲ့တဲ့ ထမင်းဆိုင်တွေ....
အခုတော့လည်းလေ.... အိပ်မက်လား....................

ဒီသီချင်းကြိုက်၏.... အကြီးကြီးကြိုက်သည်
ရေးထားတာကလည်း ကဗျာမဟုတ်စာမဟုတ်... ဘာအဖွဲ့အနွဲ့မှလဲမပါ.. ။ အရင်ရေးထားခဲ့ဖူးတဲ့စာတွေ ကဗျာတွေနဲ့များ သွားထပ်နေမလားမသိဘူး......။ ပြန်လည်း မကြည့်မိဘူး....။ ဒါပေမယ့်... ဒီအရေးအသားကိုပဲ အားပေးသွားသူများအားလုံးအား ကျေးဇူးတင်ပါသည် :D
လမ်းပုံလေးက ဂျာမနီက Kassel ဆိုတဲ့မြို့ကိုအလည်သွားတုန်းက ကိုယ်တိုင်ရိုက်ခဲ့တာပါ...။
ခရေပန်းပုံလေးကတော့ Google Image မှာ ရှာရင်းတွေ့တာ.. ။ ခရေးပန်းပုံရဲ့ မူရင်းလင့်ကတော့ lyricswithoutmelody.blogspot.com ဖြစ်ပါတယ်....။ 

Tuesday 5 June 2012

ရေးခဲ့ ရိုက်ခဲ့ ကူးခဲ့သမျှ .. :D

June 05, 2012 7 Comments


တက္ကသိုလ်မြေကိုခြေချ စခဲ့ကြတဲ့အချိန်ကတည်းက
အရောင်မစွန်းထင်းသော သန့်စင်တဲ့ တွယ်တာမှုတွေ
ငါတို့ ရခဲ့ကြတယ်နော် ~~~~
အမိတက္ကသိုလ်ရဲ့ အေးမြတဲ့ရင်ခွင်ထဲ 
ဆုံဆည်းခြင်းမှတ်တိုင်အောက်မှာ
သံယောဇဉ်အထပ်ထပ်ရစ်ပတ်နှောင်ဖွဲ့ရင်း
အတူတကွ.. ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်....။

ဒါပေမယ့်လေ
မရပ်ဆိုင်းတတ်တဲ့ အချိန်တွေရဲ့ ပြစ်မှုကြောင့် 
ခွဲခွာခြင်းဗိုင်းရပ်စ်ကူးစက်လို့
လေနီကြမ်းတစ်ခုကို ဖိတ်စာကမ်းခဲ့မိတယ် ~~~~~~

ခွဲခွာရမယ်ဆိုတဲ့အသိ ရင်မှာမချိလည်း
ကမ္ဘာမြေတစ်ဝှမ်း.. ထာဝစဉ်စိမ်းလန်းစေဖို့
အနာဂတ်ရဲ့သားကောင်းတွေကို မွေးထုတ်ပေးသော
ကျောင်းတော်ကြီးအတွက် ဂုဏ်ယူရင်း
ကြေကွဲစွာ ငိုကြွေးမနေပဲ
အစဉ်အမြဲသာ ပျော်ရွှင်မှုတွေနဲ့
ဒီလမ်းခွဲခဏမှာတော့........ အပြုံးတုတွေရင်မှာပိုက်
ဘ၀ခရီးကြမ်းထဲ ဆက်လျှောက်ဖို့
အားသစ်တစ်ဖန် ပြန်မွေးမြူကြပါစို့....။ 
@@@@.......................... @@@@

 ဒီကဗျာလေးက ကျမကျောင်းပြီးခါနီး နောက်ဆုံးနှစ်နှုတ်ဆက်ညစာစားပွဲမှာ.. ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ..။
 လောလောဆယ် ဘာမှမရေးဖြစ်တော့... ဘလော့ဂ်လေးပျင်းနေမှာစိုးလို့.. ရှေးရှေးတုန်းက ကဗျာလေးကို ပြန်လည်ဖော်ထုတ်ခြင်းမျှသာပါ..။
ပြီးတော့ ဒီနေ့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုတော့..  သတိရမိသွားလို့...။
ဖေ့ဘွတ်မှာလည်း ဒီနေ့အကြောင်းရေးလိုက်ကြတာ အများကြီးပဲ...။ ပုံတွေလည်း အများကြီးတွေ့တယ်..။ အဲဒါနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်.. အမှတ်တရပို့စ်တစ်ပုဒ်ရေး ချင်လို့ ရေးမိခြင်းမျှသာပါ..။ အခုတလော ဘလော့ဂ်တွေလည်ပြီး စာမဖတ်နိုင်တာ အားလုံးကို ဒီကနေပဲ တောင်းပန်ပါတယ်..။ ကျမစာမေးပွဲပြီးရင်.. မဖတ်ဖြစ်တာတွေရော .. နောက်ထပ်အသစ်တွေရော.. အတိုးချပြီး.. အိမ်လည်ဖတ်ပါဦးမယ် :)

World Environment Day 


ဒီနှစ်အတွက် WED ရဲ့ ဆောင်ပုဒ်က Green Economy: Does it include you? တဲ့..။ သေချာပါတယ်..။ Pls count me in, pls pls :D I am really keen on Environmental conservation!!

World Environment Day (WED) is celebrated every year on 5th June to raise global awareness of the need to take positive environmental action.
Theme 2012
Green Economy: Does it include you? The UN Environment Programme defines the Green Economy as one that results in improved human well-being and social equity, while significantly reducing environmental risks and ecological scarcities. In its simplest expression, a green economy can be thought of as one which is low carbon, resource efficient and socially inclusive.
Practically speaking, a Green Economy is one whose growth in income and employment is driven by public and private investments that reduce carbon emissions and pollution, enhance energy and resource efficiency, and prevent the loss of biodiversity and ecosystem services. These investments need to be catalyzed and supported by targeted public expenditure, policy reforms and regulation changes.
But what does all this mean for you? If the Green Economy is about social equity and inclusiveness then technically it is all about you! The question therefore asks you to find out more about the Green Economy and assess whether, in your country, you are being included in it.

ဒါက UN website ကနေ ကူးထားတာ... ဒီနှစ် WED အကြောင်း အကျဉ်းချုပ်ရေးထားခြင်းပါ..။ ဘာသာမပြန်တော့ပါဘူး... ပြန်လိုက်ရင် သူတို့ပြောချင်တဲ့ Theme လွဲသွားမှာစိုးလို့... :) 

နောက်အပိုင်းတစ်ခုအနေနဲ့... ဒီနေ့အတွက် အမှတ်တရအဖြစ်.. ရိုက်ထားသမျှ စိမ်းစိမ်းစိုစိုတွေကို ဝေမျှခွင့်ပြုပါ.. :D

 နေသာတဲ့နေ့တစ်နေ့က တောထဲမှာ ပျော်ပွဲစားထွက်တုန်းက ပုံတွေ.. ။ ကျမက ဓါတ်ပုံရိုက်နေလို့.. လူပုံတွေထဲမှာတော့ .. မပါတော့ဘူး...။





***************************
on World Environment Day (05-06-2012)
I Green ! I Nature !!

Friday 1 June 2012

ချစ်သူသိလေ ♥ ♥ (sharing)

June 01, 2012 8 Comments

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း) 
♥ ♥ ♥ ........................................................... ♥ ♥ ♥

ဒီကဗျာကိုလည်း အရမ်းကြိုက်သလို ခံစားချက်နဲ့လည်း တိုက်ဆိုင်လို့ ပြန်လည်ဝေမျှတာပါရှင် ။ နောက်တစ်ချက်က အခုလောလောဆယ် စာမေးပွဲတွေရှိနေလို့ ကျမစာရေးဖို့ မအားသေးတာကြောင့်လဲ ပါပါတယ်..။ ၁၄ ရက်နေ့ကျော်ရင်တော့ ခဏပြန်အားသွားပြီမို့.. ကိုယ်ပိုင်ရေးဖွဲ့မယ့် စာတွေပြန်ရေးဖြစ်ဦးမှာပါ...။ ဒီကဗျာလေးကတော့ အားလုံးလိုလိုသိကြမှာပါ..။ အဆိုတော် ဦးခင်မောင်တိုးသီဆိုထားတဲ့ "ချစ်သူသိစေ" ဆိုတဲ့သီချင်းက ဒီကဗျာကို ဆိုထားတာပါ..။ သီချင်းရှာရခက်မှာစိုးတာကြောင့် သီချင်းပါတစ်ခါတည်း တွဲထည့်ပေးထားပါတယ်..။  ဒီကဗျာထဲက ရေးထားသလိုပဲ.. ဘယ်လောက်ဝေးဝေး... ဘယ်မှာရှိရှိ.. ရင်ထဲမှာရှိနေဖို့ပဲ အရေးကြီးတာပါ.။ နီးခြင်း ဝေးခြင်းက အဓိက မကျပါဘူး...။ ဘ၀အတွက် ခဏတာဝေးနေရတဲ့အခိုက်မှာ. ချစ်သူတွေအားလုံး.. တစ်ဦးအပေါ်တစ်ဦး.. သစ္စာရှိရှိ... ချစ်နိုင်ကြပြီး... တစ်ယောက်အပေါ်တစ်ယောက် အရမ်းချစ်ကြတဲ့ သူအချင်းချင်းပဲ ပေါင်းဖက်နိုင်ကြစေဖို့ ဆုတောင်းပေးပါတယ်...။ ဘယ်ချစ်သူများကြားထဲမှာမှ တတိယတစ်ယောက်ဆိုတာ ပေါ်မလာပါစေနဲ့လို့.. တောင်းဆုပြုပါတယ်..။ ကိုယ်တိုင်ရေးတာမဟုတ်ပဲ... ပြန်လည်ဝေမျှတာသာဖြစ်လို့.. အားလုံးကို တောင်းပန်ပါတယ်...။ အားလုံးပျော်ရွှင်ကြပါစေရှင်...။ 


Follow Us @soratemplates