Saturday 31 March 2012

တစ်ချိန်က ပန်းတစ်ပွင့်.......

March 31, 2012 13 Comments
ထိုနေ့က ဒီဇင်ဘာရဲ့ အစောပိုင်းရက်တစ်ရက်ဖြစ် ခဲ့သော်လည်း… အအေးဓါတ်ကို.. သူမ မခံစား ရဘဲ.. တစ်ခြားနေရာတွေထက်.. ရာသီဥတု ပူပြင်းတတ်သော ဒီမြို့လေး မှာ နေရောင်ခြည်နွေးနွေး တို့ကို.. သူမထိတွေ့ခဲ့ပါ သည် ။  ထိုင်နေကျခုံတန်းလေးမှာ.. သူ့အလာ ကိုစောင့်နေရင်း.. ထိုနေ့အတွက်.. သူရှင်းပြမည့်.. သင်ခန်းစာများအကြောင်း.. စဉ်းစားနေမိသလား.. သူ့အကြောင်း စဉ်းစားနေမိသလားဆိုတာတော့.. သူမ.. သေချာမသိခဲ့ပါ..။ 

 
သူယူလာခဲ့သော.. မှတ်စုစာရွက်များကြားမှာ… ကာလာစက္ကူဖြင့် ပရင့်ထုတ်ထားသော.. ပန်းခိုင်လေးတစ်ခိုင် ။ အနီရောင်အတိအကျ မဟုတ်သော်လည်း.. အနီဘက်ပါသည့်.. အုတ်ခဲရောင်ရင့်ရင့် ပန်းခိုင်လေးမှာ.. သစ်ခွပန်းတစ်မျိုးမျိုးဟု သူမထင်မိသော်လည်း.. ဘာပန်းလဲ သူမသေချာမသိသလို.. အဲဒီအရင်.. သူမဘ၀မှာ.. တစ်ခါမှ မမြင်ခဲ့ဖူးပါ..။ တစ်ကယ်တော့.. ပန်းဆိုလျှင်.. လူသိများလှသော နှင်းဆီ. ခရေ.စပယ်.ဇွန်ပန်း စသည်တို့လောက်သာ သိသော သူမသည် လူသိမများလှသော အရာများကို လေ့လာနိုင်လောက်အောင်.. ဗဟုသုတရှာမှီးရမှာ.. အလွန်ပျင်းတတ်သောသူ တစ်ယောက်လည်း ဖြစ်ပါသည်.။



ဒီပန်းကို.. မြန်မာလို သော်ကကြီးလို့ခေါ်တယ်.။ သူ့ကို နေရာတိုင်းမှာ သဘာဝအလျောက် ပေါက်ရောက်နိုင်တာ မတွေ့ရဘူး.။ သူ့ကိုကမ္ဘာပေါ်မှာရှိတဲ့နေရာတွေထဲက မြန်မာနိုင်ငံမှာပဲ ကောင်းကောင်းရှင်သန်ပေါက်ရောက်နိုင်တယ် ဆိုတာတွေ့ရတယ်..။ Endemic Species လို့လည်း ခေါ်တာပေါ့..” 
သူက နိဒါန်းအနေဖြင့် ပန်းကလေးရဲ့အကြောင်းကို.. စတင်ရှင်းပြခဲ့ပါသည်.။
ဗဟုသုတနည်းပြန်သော သူမသည် Endemic Species ဆိုတာကိုလည်း မရင်းနှီးပြန်ပါ..။ သူမ သိသည်က ရှားပါးသက်ရှိမျိုးစိတ်များဖြစ်သည့် Endangered Species လောက်သာသိသည်မို့.. ဒီပန်းလည်း ရှားပါးမျိုးစိတ်တွေထဲက တစ်ခုဖြစ်မည်လို့သာ ထင်နေခဲ့မိသည်..။ 
Endemic Species ဆိုတာမျိုးက နေရာတိုင်းမှာ သူတို့က သဘာဝအတိုင်း မရှင်သန်နိုင်ဘူး..။ သူတို့ပေါက်ရောက်ရှင်သန်နိုင်တဲ့နယ်ပယ် (habitat range) က ကျဉ်းတယ်..။ သူတို့အတွက် ကောင်းကောင်းရှင်သန်ပေါက်ရောက်ကြီးထွားနိုင်ဖို့.. သီးသန့်အခြေအနေတွေလိုအပ်တယ်..။ တောရိုင်းသတ္တ၀ါတစ်ချို့တွေဆိုရင်.. သူတို့ကောင်းကောင်းရှင်သန်ဖို့ အဓိကလိုအပ်တဲ့ ရာသီဥတု. မှီဝဲစားသောက်ရတဲ့ အစားအစာ. အပင်. စတာတွေက တစ်ခြားနေရာတွေမှာ မတွေ့နိုင်ပဲ အဲဒီနေရာတစ်နေရာလောက်မှာသာ အများဆုံးတွေ့နိုင်ရနိုင်တဲ့အခါမှာ သူတို့တွေဟာ တစ်ခြားနေရာတွေမှာ အများအပြားမရှင်သန်နိုင်ကြပဲနဲ့. အဲဒီနေရာမှာပဲ ကွက်ပြီး တွေ့နိုင်တာမျိုးကို ပြောတာပေါ့..။ အဲဒီအခါ သူတို့မှီခိုနေရတဲ့ အဲဒီဒေသက အကြောင်းအမျိုးမျိုးကြောင့်.. လူတွေကြောင့်ပဲဖြစ်ဖြစ်.. ပျက်စီးသွားမယ်.. တစ်ခြားမြေအသုံးချမှုတစ်ခုခုကို ပြောင်းသွားမယ်ဆိုရင် အဲဒီ Endemic Species တွေ မျိုးသုန်းပျောက်ကွယ်သွားမယ့်အလားအလာက တော်တော်များသွားပြီး သူတို့ဟာ Endangered Species တွေဖြစ်လာကြတယ်..”

သူက စိတ်ရှည်ရှည်ရှင်းပြခဲ့ပါသည်..။ ဆရာ ဆရာမတွေဆီ စာသွားမေးရမှာ. အတန်းထဲမှာ မရှင်းတာရှိရင် ထမေးရမှာ ဆွေးနွေးရမှာကို ရှက်တတ်ကြောက်တတ်သော သူမအတွက်.. တစ်ခါတစ်ရံမှာ.. ပိုက်ဆံမပေးရသော Study Guide တစ်ယောက်အဖြစ် တာဝန်မပေးခဲ့ရပါဘဲ.. သူက အမြဲလိုလို ဆောင်ရွက်ပေးခဲ့ဖူးပါသည်.။ 

ဒီပန်းရဲ့ Scientific Name ကို Amherstia nobilis လို့ခေါ်တယ်…။ တမင်မျိုးပွားစိုက်ပျိုးတာမျိုးမဟုတ်ဘဲနဲ့တော့ သူ့ကို ဒီကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ အများအပြားပေါက်ရောက်တာ မတွေ့ရဘူး…။ သူသဘာဝအလျောက် ရှင်သန်ပေါက်ရောက်ဖို့လိုအပ်တဲ့.. ရာသီဥတုအခြေအနေ၊ မြေဆီလွှာ၊ အာဟာရဓါတ်၊ ရေဂုဏ်သတ္တိတွေက မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ အများဆုံးပေါက်ရောက်အောင် ဖန်တီးပေးထားတယ်..။ အဲဒါကြောင့် သူက ငါတို့နိုင်ငံရဲ့ အရေးပါတဲ့ အဖိုးတန်အရင်းအမြစ်တစ်ခုမို့လို့ ကမ္ဘာပေါ်မှာ သူ့ရဲ့အမည်က Pride of Burma ဆိုပြီး လူသိများခဲ့တာပေါ့..။ သူ့ရဲ့ သစ်ခွပန်းဆန်ဆန် လှပတဲ့ဖွဲ့စည်းပုံကြောင့်လည်း ဒီအပင်ကို Queen of the flowering trees လို့လဲ ခေါ်တယ်..။ ဒီကမ္ဘာပေါ်မှာ.. နေရာဒေသတွေအများကြီးရှိတဲ့အထဲက.. ငါတို့ရဲ့နိုင်ငံမှာပဲ.. ရှားရှားပါးပါး သဘာဝအတိုင်း အများအပြားပေါက်ရောက်နိုင်တယ်ဆိုတော့ ဒီပန်းလေးအတွက် ငါတစ်ကယ်ဂုဏ်ယူတယ်.”

♥ ♥♥ ♥♥ ♥ ♥
အဲလိုပဲ.. ကမ္ဘာပေါ်မှာ.. မိန်းမလှလေးတွေ အများကြီးရှိပေမယ့်… နင့်လိုသိပ်မလှတဲ့ အူတူတူကောင်မလေးတစ်ယောက်ကို အရမ်းချစ်မိနေတာလည်း ငါ့ကိုငါ ဂုဏ်ယူသင့်တယ်ထင်တယ်နော်.. ငါ့အချစ်တွေ ရှင်သန်နိုင်ဖို့.. လိုအပ်တဲ့အာဟာရတွေက နင့်နှလုံးသားထဲမှာပဲ အသေအချာရှိတာမို့.. တစ်ခြားတစ်ယောက်ယောက်ကို ချစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.. ။ တစ်ခြားတစ်ယောက်ယောက်ရဲ့ နှလုံးသားမှာဆိုရင်.. ငါ့အချစ်တွေက သေဆုံးသွားမှာ.. သေချာတယ်.” အော် တစ်ကယ်တော့ ထိုနေ့က မလိမ့်တစ်ပတ်ဖြင့် သူမကို ရည်းစားစကားပြောသွားခဲ့ခြင်းဖြစ်ပါသည်..။

♥ ♥♥ ♥♥ ♥ ♥
နေရာဒေသတစ်ခုတည်းမှာပဲ စွဲစွဲမြဲမြဲရှင်သန်ပေါက်ရောက်နိုင်သဖြင့်.. Endemic Species လို့ခေါ် ဆိုနိုင်ပြီး. မြန်မာနိုင်ငံရဲ့ ထိုသက်ရှိအပင်အမျိုးအစားများထဲတွင် အပါအ၀င်ဖြစ်သည့် သော်ကကြီးဆိုသည့် ပန်းပင်လေးအကြောင်းကို သူမပြန်လေ့လာမိသည့်အခါ.. ထိုပန်းခိုင်လေးကို အကြောင်းပြု ချစ်တဲ့အကြောင်းပြောခဲ့ဖူးသော သူ့ကို ပြန်လည်သတိရမိသွားခဲ့သည်..။ ထိုပန်းပင်လေးကို ယခုအခါ အခြားနိုင်ငံများရှိ ရုက္ခဗေဒဥယျာဉ်များထဲမှာ ရှင်သန်စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သူမတွေ့ရှိခဲ့ရသည့်အခါ.. သဘာဝတရားကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်နိုင်သည့်.. နည်းပညာများ တိုးတက်လာသလိုပဲ.. အချစ်စစ်တွေပါဟု သူပြောခဲ့ဖူးသော သူ့နှလုံးသားထဲမှ အချစ်များကိုလည်း တစ်ခြားနေရာမှာ ရှင်သန်နိုင်အောင် ပြောင်းလဲနိုင်စွမ်းသည့်… အရာများလည်း ရှိလာခဲ့လို့သာ……………............
  
♥♥ ..............................................................................................♥♥ ♥


 Thank you all for visiting my little blog and reading my creative writing.. 
Wishing you all have a wonderful 1st Day of April ♥ ♥♥ ♥♥ ♥ ♥


Thursday 29 March 2012

ပိတောက်တွေပွင့်ပြီ.. နင့်ကိုလွမ်းလှပြီ.. ♥ ♥ ♥

March 29, 2012 12 Comments
 
အချိန်မှာ မိုးပြေးလေးရဲ့အနံ့နဲ့ အ၀ါရောင်လတန်ခူးရယ်
ပန်းပိတောက်တို့က မင်းအတွက် အလှဆင်ပေးကြတယ်
ပြီးခဲ့တဲ့နှစ် ပိတောက်ပွင့်တဲ့ ဒီအချိန်နွေဦးအလယ်
ကိုယ့်ရဲ့အနားမှာ… ချစ်သူနင်ရှိခဲ့တယ်…. ♥♥ ♥

အခုနှစ်ကျတော့
ပန်းပိတောက်တို့ ဝေချိန်ရောက်လည်း
ကိုယ့်ရဲ့နံဘေးနား မင်းရောက်မလာခဲ့တော့ကွယ်…………..
သက်ပြင်းလေးများနဲ့… နှုတ်ဆိတ်လို့ မျှော်နေရင်ထဲ
ပိတောက်တွေပွင့်ရင် မင်းကိုသိပ်လွမ်းတယ်…
မြေနီလမ်းလေးထက် ပိတောက်ပန်းပွင့်ပြီကွယ်…♥♥
ပိတောက်တို့မပွင့်ခင် မင်းလာမယ်ပြောခဲ့တယ်.. ♥♥ ♥
မြေနီလမ်းလေးထက်.. အလွမ်းနဲ့မျှော်နေဆဲ
ပိတောက်တွေပွင့်ပြီ… အရောက်နင်လာခဲ့…………………

♥♥ ♥ လမ်းထဲမှာ..
ပိတောက်တွေပွင့်နေကြပြီ.. နင်မရှိလည်း…………..
ပိတောက်တွေပွင့်ပြီ….. နင့်ကိုလွမ်းလှပြီ…. ♥♥ ♥
မိုးပြေးရယ်… ခဏနင်စောင့်တော့ပေးပါ……………..
တောင်းပန်တယ် ……………….မိုးရယ်
သူလေးကိုယ့်အတွက် အရောက်လာလိမ့်မယ်….. ♥♥ ♥

ပန်းပိတောက်ရယ်… ခဏနင်စောင့်လို့ပေးပါ……… မဝေပါနဲ့…………..
ပိတောက်တွေပွင့်ရင် လွမ်းလို့လေ
မိုးပြေးရယ်………. ခဏနင်စောင့်တော့ပေးပါ
တောင်းပန်တယ်…………. မိုးရယ်
အချစ်ဆုံးကိုယ့်အတွက်…. အရောက်လာမယ်…. ♥♥ ♥



 
ဒီသီချင်းကို.. လုံးဝမကြားဖူးတဲ့သူဆို.. စဖတ်ဖတ်ချင်း ကဗျာလိုလို ဘာလိုလိုပေါ့.. အထင်ကြီးခံရနည်းလားဆိုပြီး.. ဘာမှမပြောဘဲ သီချင်းစာသား ကူးချထားတာ… :D
ဒီသီချင်းက ဒီနှစ်သင်္ကြန်အတွက်.. အကြိုက်ဆုံးသီချင်းဖြစ်ပါတယ်..။
ဆုန်သင်းပါရ်ကိုတော့.. အရမ်းကြိုက်တယ်.. သူဆိုတဲ့သီချင်းတိုင်းကြိုက်တယ်..။
သူ့စတိုင်ကိုလည်. ကြိုက်တယ်… သူစကားပြောတာက ချွဲနွဲ့မနေဘဲ… ပွင့်ပွင့်လင်းလင်း.. ပြောတတ်တာကို ကြိုက်တာ..။ စကားပြောရင်.. အီစီအီစီဆို.. သိပ်နားမထောင်တတ်ဘူး…။ သူစကားပြောတာက… အဲလိုပဲမများဘဲ… တိုင်းရင်းသူပီပီ.. ဟန်ဆောင်ပန်ဆောင်တွေ သိပ်မရှိဘူး..။
အဲဒါကြောင့်.. ဒီနှစ်သင်္ကြန်အတွက်.. အကြိုက်ဆုံးသီချင်းအဖြစ် … ဆုန်သင်းပါရ်ရဲ့ "ခဏစောင့်ပေး" ဆိုတဲ့ သီချင်းကို ၂၀၁၂ သင်္ကြန်အမှတ်တရ... ဘလော့ပေါ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်...။

Photo Credit goes to nmmflowerslovers.blogspot.com

အားလုံးပဲ.. မြန်မာနှစ်သစ်ကို.. ပျော်ရွှင်မှုတွေအပြည့်နဲ့ စောင့်ကြိုဖြတ်သန်းနိုင်ကြပါစေ.. ♥♥ ♥

Wednesday 28 March 2012

လျှောက်ခဲ့သောလမ်းများ-၂..☺☺☺

March 28, 2012 9 Comments

Q:      မလေးရှားကိုရောက်ဖူးလား ???
A:       ဟုတ်ကဲ့..ရောက်ဖူးပါတယ်..။
Q:      အော်.. ပိုက်ပိုက်ပေါလွန်းလို့ Shopping သွားတာပေါ့နော်.???
A:       ဟုတ်ဘူး.. အလုပ်ကိစ္စနဲ့.. KL မှာ Training Workshop တစ်ခုသွားတက်တာ..။
Q:      အကြာကြီးနေခဲ့တာပေါ့.
A:       အင်း.. အကြာကြီးပဲ. တစ်ပတ်ကြီးများတောင် :D
Q:      နေရာတော်တော်များများ လျှောက်လည်ခဲ့တယ်ပေါ့..???
A:       လည်ခဲ့ပါတယ်.. KLCC တစ်ခုလုံးအနှံ့ပဲ.. :P
Q:      အော် ဒါဆို နေရာတော်တော်များများ ရောက်ခဲ့တာပဲ :P . KLCC မှာ လည်တယ်ဆိုတော့ ပိုက်ပိုက်တွေ တော်တော်သုံးခဲ့ဖြုန်းခဲ့မှာပေါ့နော်.. ??? ဘာတွေများ ၀ယ်ခဲ့လဲ မမ ??
A:       KLCC မှာ Window shopping တစ်ဝကြီးလုပ်ခဲ့တယ်လေ. ပြီးတော့ ၃ ခုကို တစ်ဒေါ်လာလောက်ပဲ ပေးရတဲ့.. Key chain တွေအများကြီး ၀ယ်ခဲ့တယ်.။ ပြန်ရောက်တော့ သူငယ်ချင်းတွေ တစ်ယောက်တစ်ခု လက်ဆောင်ပေးဖို့.. :P
Q:      အော်.. တော်တော်လည်ခဲ့ပတ်ခဲ့ သုံးခဲ့ဖြုန်းခဲ့တာပဲနော်. :P
A:       ဟုတ်ပါတယ်.. ကျမက အဲဒီလို သုံးနိုင်ဖြုန်းနိုင်တယ်လေ.. :P
ကိုယ့်ဘာသာမေး ကိုယ့်ဘာသာဖြေတဲ့ အင်တာဗျူးတစ်ခုအပြီးမှာ.. ဇာတ်လမ်းတွဲ အပိုင်း-၂ ဆက်ပါမယ်..။
ဒီလိုပို့စ်မျိုးရေးရတာက ခေါင်းမစားဘူးလေ.. :P 

၂၀၀၉ ခုနှစ်က KL ကို Biodiversity Conservation ခေါင်းစဉ်နဲ့ Training Workshop တစ်ခု သွားတက်ခဲ့တယ်.။ နိုင်ငံခြားသွားတာ ဒုတိယအကြိမ်ပေါ့လေ.. တစ်ခါမှ မသွားဖူးတဲ့ စီနီယာအစ်မ တစ်ယောက်နဲ့သွားခဲ့တာပါ..။ ကျမက တစ်ခေါက်အတွေ့အကြုံရှိဖူးပြီးသွားပြီဆိုတော့. လူလည်ကြီးပုံစံ နဲ့ပေါ့..။
သွားတာကလည်း အကြာကြီးပဲ.. တစ်ပတ်တည်း :P..။
ဒါပေမယ့် ဇာတ်လမ်းတွဲရေးနေတာဆိုတော့လည်း.. တစ်ပတ်ရောက်ဖူး လည်း ရောက်ဖူးတယ်ပဲပေါ့ဆိုပြီး.. ပို့စ်တစ်ပုဒ်အသစ်ထွက်အောင်.. ဦးနှောက်သိပ်မသုံးရတဲ့. ခရီးသွားမှတ်တမ်းတစ်ခုတော့ ရေးလိုက်ပါဦးမယ်..။
မလေးရှားမှသူငယ်ချင်း. ကိုကို မမ ညီမလေးများ.. မရယ်ကြပါနဲ့နော်..;)
 ရောက်ဖူးလား ရောက်ဖူးတယ်ဆိုတဲ့ခရီးစဉ်တစ်ခုပေါ့ကွယ်..:P နောက်ကြုံရင်လည်းလာလည်ပါဦးမယ်..  ရှောင်နိုင်ရင်ရှောင်ကြပါ.. :D
 ဟိုတယ်ပေါ်မှ ရိုက်ထားသော KL ရဲ့မြင်ကွင်းတစ်ချို့

 KLCC ရှေ့က ရေကန်မှာ ရိုက်ခဲ့တဲ့ပုံပေါ့.။
အဲဒီတုန်းက ရေစိုမှာကြောက်ပြီး ရေထဲမှာတော့ ဓါတ်ပုံဆင်းမရိုက်ခဲ့ရပါဘူး..။
KLCC မှာလည်း ပစ္စည်းတွေက တော်တော်ဈေးကြီးတယ် ထင်တာပဲ..။
ဆိုင်ခန်းခတွေက တော်တော်ပေးရလို့ပဲနေမှာပေါ့လေ..။
တည်းခဲ့တဲ့ Grand Seasons Hotel ရဲ့ရှေ့က လမ်းတစ်လျှောက် ညနေဆိုရင် နှစ်ယောက်သား လမ်းလျှောက်သွားကြပြီး.. တွေ့တဲ့ Supermarket တွေကိုတော့ အမြဲတမ်းလိုလိုသွားကြည့်လေ့ရှိပြီး.. တစ်ချို့ပစ္စည်းတွေတော့ ၀ယ်ခဲ့ကြတယ်.. ။ ဈေးကတော့.. သိပ်မဆိုးပါဘူး..။ အဲဒီလျှောက်ခဲ့တဲ့လမ်းတောင် ဘာလမ်းလဲတော့ မှတ်မိတော့ပြန်ဘူး..။

မလေးမှာ ရထားစီးရတာကိုသဘောကျတယ်..။ လှေကားထစ်မပါပဲ.. ပလက်ဖောင်းနဲ့ .. တညီတည်း လျှောက်သွားရတာက
အထုပ်အပိုးတွေနဲ့ဆို တော်တော်သက်သောင့်သက်သာရှိပါတယ်..။ ဂျာမနီက ရထားတွေကတော့ မြန်မာပြည်က ရထားတွေလိုပဲ .. လှေကားထစ်တွေပါတော့.. ခရီးသွားလို့ အထုပ်အပိုးတွေပါပြီဆိုရင် ရထားပေါ်တက်ဖို့ တော်တော်ဒုက္ခရောက်ပါတယ်..။ 

Perak ဆိုတဲ့ ဒေသက Matang Mangrove Forest ကိုလေ့လာရေး သွားခဲ့တာပါ..။ မြန်မာနိုင်ငံက ဒီရေတောတော့ အဲဒီအရင် တစ်ခေါက်မှ မရောက်ဖူးခဲ့ဘဲ.. မလေးရှားရောက်မှ.. ဒီရေတောအပင်တွေကို လေ့လာခွင့်ရခဲ့ပါတယ်..။ ဆားငန်ရေတွေတစ်ချိန်လုံးလိုလို နစ်နေတတ်တဲ့ ဒီရေတောမှာတော့. အပင်တွေက လေရဖို့အတွက်.. အမြစ်ဖွဲ့စည်းပုံက ကုန်းတွင်းပိုင်းအပင်တွေနဲ့.. မတူပဲ ထူးခြားစွာကွဲပြားပါတယ်..။ လမ်းလျှောက်မြစ်၊ လေရှုမြစ် (Pneumatophores)၊ ကိုင်းထောက်မြစ် (Prop Roots) စသဖြင့်.. အမြစ်တွေက အပင်တွေအတွက် ထူးခြားတဲ့ ဂေဟစနစ်မှာ ရှင်သန်နိုင်ဖို့.. ပုံစံအမျိုးမျိုးနဲ့ စွမ်းဆောင်နေကြပါတယ်..။ Matang ဒီရေတောအုပ်ချုပ်ပုံစနစ်က မလေးရှားမှာ စနစ်အကျဆုံးအုပ်ချုပ်စနစ်နဲ့.. ကမ္ဘာ့ဒီရေတောအုပ်ချုပ်မှုစနစ်များထဲက အကောင်းဆုံးတစ်ခုလို့လဲ ဆိုပါတယ်..။ ရေမကူးတတ်တော့ ရေထဲသွားရတာ ခပ်ကြောက်ကြောက်ပါပဲ. :)


အုတ်နဲ့ဆောက်ထားတဲ့. မီးသွေးဖို (Brick Kiln) ပါ။ မြန်မာနိုင်ငံမှာ. မီးသွေးဖုတ်တာ မမြင်ဖူးတော့ မလေးရှားထိ သွားလေ့လာရတယ်.. :P ဒီရေတောပင်တွေကို သုံးပြီးထုတ်တဲ့မီးသွေးက  တော်တော်အရည်အသွေးကောင်းတယ်လို့ပြောပါတယ်..။ 

Arboretum လို့ခေါ်တဲ့ သစ်ပင်ကြီးများဥယျာဉ်ပေါ့.. အုပ်ချုပ်ရေးမှူးကို အစက အလုပ်သမားထင်လို့..။ နောက်တော့မှ.. ဥယျာဉ်တစ်ခုလုံးကို သူကသေသေချာချာပိုင်ပိုင်နိုင်နိုင် လိုက်ရှင်းပြတော့မှ.. လူကြီးမှန်းသိတယ်.. ။ ဥပဓိရုပ်ကြည့်ပြီး ခန့်မှန်းလို့ကတော့ ၁၀ ယောက်မှာ ၅ ယောက်လောက်ကတော့ အမြဲတမ်းလွဲလောက်အောင် လူကဲခတ်ကျွမ်းကျင်ပါတယ်. :D





မလေးရှားက အလယ်တန်းကျောင်းတစ်ကျောင်းမှာ Arboretum အကြောင်းပညာပေးအနေနဲ့သွားသင်တုန်း ကျောင်းသားလေးတွေကို Arboretum ဆိုတာဘာလဲ..ဘာကြောင့် တည်ထောင်ကြတာလဲလို့ မေးတဲ့အခါ အဲဒါက စုံတွဲတွေ အများအားဖြင့် Pre-wedding Photos ရိုက်တဲ့နေရာနဲ့ အပန်းဖြေတဲ့နေရာပါလို့ ပြန်ဖြေလို့ သူတော်တော်စိတ်မကောင်းဖြစ် ရကြောင်းနဲ့.. လူငယ်တွေ Conservation ရဲ့ အနှစ်သာရ.. သဘောတရား အရေးပါပုံကို နားမလည်ကြသေးတဲ့ အကြောင်း ပြောပါသေးတယ်..။ 

Arboretum ဆိုတာ Botanical Garden တစ်မျိုးလို့ဆိုနိုင်ပေမယ့်.. ရည်ရွယ်ချက်ကတော့ နည်းနည်းကွဲပါတယ်..။ စိုက်ပျိုးထားတဲ့အပင်တွေက အများအားဖြင့် နှစ်ရှည်သစ်ပင်တွေဖြစ်ပြီး.. တစ်နိုင်ငံလုံးမှာ ရှိတဲ့.. အရေးပါတဲ့ သစ်ပင်တွေရဲ့ မျိုးဆက်မပြတ်သွားဖို့အရေးအတွက်.. တစ်နေရာတည်းမှာ.. စုစည်းစိုက်ပျိုးထိန်းသိမ်းထားတာဖြစ်ပါတယ်..။ မျိုးရိုးဗီဇတွေကို ဓါတ်ခွဲခန်းထဲမှာ သိုလှောင်ထားတာအပြင် ဒါကတော့ ပြင်ပမြေပေါ်မှာ. စိုက်ပျိုးပြီး.. ရှားပါးသစ်ပင်တွေကို ထိန်းသိမ်းထားခြင်းတစ်မျိုးပါ.။ 
ဘာပင်လဲတော့ မသိဘူး..။ အဲဒီတုန်းကတော့ ပြောသမျှအကုန်မှတ်တာပဲ..။ ဆေးဖက်ဝင်ပင်တွေ.. အဲဒီဥယျာဉ်ထဲမှာ တော်တော်များများ တွေ့ရတယ်.။ 

ကွာလာလမ်ပူလေဆိပ်ပေါ့.. အခုတော့ ပုံစံတွေ ပြောင်းကုန်ပြီလားမသိတော့ပါဘူး.. ။ မရောက်မှ မရောက်ဖြစ်တော့တာပဲ..။ 

တိမ်တွေနေတဲ့အရပ်ဆီကို.. နင်နဲ့ငါ… လေတွေတိုက်တုန်းသွားမယ်ကွာ..ဖက်ထားပါ.. တုန်ရီနေတဲ့ ငါ့လက်ကလေးနင်ကိုင်ထားပါ… ♥ ♫ (ချစ်သုဝေသီချင်း. :P)
ချစ်သုဝေကတော့ ဘယ်လိုများ တိမ်တွေနေတဲ့အရပ်မှာ နေမှာပါလိမ့်.. :P ပြုတ်ကျမှာ မကြောက်ဘူးထင်တယ်../


မနက်ဖြန် ဒီရေတောနဲ့ပတ်သက်ပြီး Seminar တစ်ခုရှိတာကြောင့် စာတွေပြန်ရှာဖတ်ရင်းကနေ သွားခဲ့တဲ့ ဓါတ်ပုံတွေ ပြန်ကြည့်ပြီး ရေးချင်လာတာနဲ့ ရေးမိတဲ့ ပို့စ်တစ်ပုဒ်ပါ..။
ကျမရဲ့ဘလော့က ပေါက်ကရ စိတ်ထဲမှာ ရှိတာကို ချရေးတဲ့ဘလော့ဆိုတော့ တခါတလေ.. လာပြီး အားပေးကြတဲ့ သူငယ်ချင်းများကိုလည်း ..အားနာမိပါတယ်..။ အချိန်ပေးပြီး လာဖတ်ကြပေမယ့်.. တစ်ခုခုတော့ မရလိုက်ဘူးဆိုရင်.. အချိန်တွေကို လုယူလိုက်သလိုဖြစ်မှာလည်း စိုးရိမ်မိတယ်..။ ဒီနေ့တစ်နေကုန်စာဖတ်နေတာနဲ့ ဘယ်မှလည်း မလည်ဖြစ်လိုက်ပါဘူး.။ ရေးတဲ့ပို့စ်ကလည်း ဖတ်တဲ့စာတွေ တစ်ပိုင်းတစ်စ ပါလားပါရဲ့နဲ့.. ဘာတွေရေးနေမှန်းတောင် မသိတော့ဘူး.. :D
ပြီးတော့ ကွန်ပျူတာထဲမှာ ရှိသမျှအမှိုက်တွေ ရှင်းပါတယ်..။ တွေ့သမျှဗိုင်းရပ်စ်အကုန်သတ်ပါတယ်။
အဲဒါတွေနဲ့ကို အချိန်တော်တော်ပေးလိုက်ရတယ်.။ ဒါပြီးရင်တော့ ဘလော့တွေ လျှောက်လည်ပြီး သူငယ်ချင်းတွေ ရေးသမျှ လိုက်အားပေးပါဦးမယ်.။ သူများရေးထားတာတွေ ဖတ်ပြီးရင် အရမ်းအားကျပါတယ်..။ ကျမက စာရေးကောင်းသူတစ်ယောက်မဟုတ်တော့.. ပျင်းလို့သာ ဘလော့တစ်ခုဖွင့်ပြီး ရေးဖြစ်ခဲ့တာ.. ဘာအကြောင်းအရာရယ်လို့ မယ်မယ်ရရရေးတာလည်း မဟုတ်တော့ ဘာဘလော့လို့ပြောရမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်.. နိုင်ငံအသီးသီးမှာ ရောက်ပြီး.. ကိုယ်ပိုင်ဘ၀မျိုးစုံမှာ ကျင်လည်နေကြတဲ့.. သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက်တော့ အရမ်းဝမ်းသာပါတယ်..။ ကျမကိုလည်း သူငယ်ချင်းအရင်းအချာတစ်ယောက်လို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ခင်မင်နိုင်ပါတယ်.. ။ ကျမကလည်း အခုမှ ဘလော့မှာစရေးစဖြစ်ပေမယ့်.. အားလုံးကို သူငယ်ချင်းအရင်းတွေလို ခင်မင်မိပါတယ်..။ 

အားလုံးကို ကျေးဇူးပါ.. နောက်ဆိုရင်. ဖတ်လို့ကောင်းမယ့်.. ဗဟုသုတရမယ့်.. ပျော်ရွှင်စေမယ့် ပို့စ်လေးတွေ ရေးဖြစ်အောင် ကြိုးစားပါဦးမယ်.. ♥♥ ♥

Sunday 25 March 2012

I want U to need me ♫ ♥ ♪ ♫

March 25, 2012 16 Comments
♥ ♥♥ ♥ ♥♥ ♥
ဒီနေ့ည ကောင်းကင်မှာ.. တိမ်ကင်းစင်နေတယ်..။ လပြည့်ညပီသစွာ… အခြွေအရံကြယ်ပေါင်းများစွာ .. ခြံရံပြီး .. လင်းလက်တောက်ပနေတဲ့. လမင်းကြီးက… ကမ္ဘာမြေကြီးအတွက်.. အလင်းတွေဖြန့်ကျက်လို့..။ လျှပ်စစ်မီးတွေ.. နေ့လောက်နီးနီး.. လင်းလက်တောက်ပနေပေမယ့်… ကံကောင်းထောက်မစွာ.. ဒီတစ်ညတော့… သူမ လပြည့်ညရဲ့.. လှပမှုကို.. မျက်ဝါးထင်ထင်.. တွေ့ရှိခံစားခွင့်ရခဲ့ပါတယ်..။ ဒီလိုညမျိုးဆို.. သူ့အကြောင်းတွေးမိနေတတ်တဲ့သူမ… ဒီနေ့ညလည်း… အတွေးတွေက.. တစ်ချိန်က သူ့ဆီကို.. ရောက်ရှိသွားပြန်ပြီ…။ 

ဟိုးးးးးးးးးးအဝေးကြီးမှာ .........................................
သူမနဲ့… ဘာမှမဆိုင်တော့တဲ့.. သူကရော.. ဒီလိုအချိန်မှာဆို.. သူနေတဲ့နေရာမှာတော့… မနက်ခင်း တစ်မိုးသောက်နေလောက်ရောပေါ့..။ သူ့အတွက်.. နေမင်းကြီးက..အလင်းတွေ ပေးဝေပြီး .. နေရောင်ခြည်တွေ.. ရစ်သိုင်းနေတတ်တဲ့အချိန်မှာ.. သူမကတော့.. လမင်းကြီး နဲ့… ကြယ်လေးတွေ ကို. ငေးကြည့်နေဆဲပဲဆိုတော့… သူနဲ့သူမ.. အမြဲဒီလို ဆန့်ကျင်ဖက်တွေပဲ … ကြုံတွေ့နေ ရပြီး… ကျောခိုင်းခဲ့ရတယ်ဆိုတာ… ဆန်းကြယ်တဲ့အရာတော့ မဟုတ်တော့ပြန်ပါဘူး..။
ဒီညမှာတော့ အိပ်စက်ဖြစ်ခဲ့ရင်တောင်.. သူမရဲ့ အိပ်မက်ထဲထိ .. သူရောက်လာဦးမှာ.. သေချာပါတယ်..။ တစ်ချိန်တုန်းကတော့… သူမျက်လုံးအစုံ… မှိတ်လိုက်ပြီဆိုရင်… အတွေးထဲမှာ… ပေါ်လာမယ့်သူဟာ.. သူမပဲဖြစ်နေရမယ်လို့.. တောင်းဆိုခဲ့ဖူးတယ်..။ သူ့ရဲ့အိပ်မက်တိုင်းမှာ… သူမရဲ့ ပုံရိပ်တွေပဲ…. စိုးမိုးနေစေရမယ်လို့… သူ့ကို… ဂျီကျခဲ့ဖူးတယ်….။ သူမသာ.. သူ့ရဲ့အိပ်မက်.. သူ့ရဲ့မျှော်လင့်ချက်.. သူတကယ်အလိုအပ်ဆုံးသူတစ်ယောက်.. ဖြစ်ချင်ခဲ့ဖူးတယ်..။ သူ့ဘ၀မှာရှိတဲ့… အရာအားလုံးထဲမှာ.. သူမသာ… အရေးပါဆုံးအရာတစ်ခုအဖြစ်… ရပ်တည်ချင်ခဲ့ဖူးတယ်..။ 
 ♥ ♥♥ ♥ ♥♥ ♥
သူမဘ၀မှာ.. သူနဲ့ပတ်သက်လာရင်.. အတ္တအရမ်းကြီးခဲ့မိသလားဆိုတာ.. သူမကိုယ်တိုင်တောင် .. ဝေခွဲမရဖြစ်ခဲ့ပါတယ်..။ သူ မနက်ခင်းနိုးထချိန်တိုင်းမှာ…. ပထမဆုံးခေါ်တဲ့ဖုန်းဟာ… သူမဆီကိုပဲ .. ဖြစ်စေရမယ်လို့.. သူ့ကို.. တောင်းဆိုခဲ့ဖူးတယ်..။ တကယ်လည်း.. သူမ တောင်းဆိုတဲ့အတိုင်း… သူမရဲ့မနက်ခင်းဟာ… သူ့ရဲ့ဖုန်းသံနဲ့.. ကြင်ကြင်နာနာပြောတတ်တဲ့.. “Good Morning, Honey” ဆိုတဲ့ စကားလုံးနဲ့.. စတင်သက်ဝင်စေခဲ့ဖူးပါတယ်….။ သူမရဲ့ အိပ်ခါနီးအချိန်တိုင်းမှာလည်း… “Good Night!! Hav’ a sweet dream,Babe” ဆိုတဲ့… Message လေးတစ်စောင်ကို.. သူအမြဲတမ်းပို့ပေးလေ့ရှိခဲ့ပါတယ်..။ သူ့ဘ၀မှာ… သူမရဲ့ မေတ္တာတွေ… ဂရုစိုက်မှုတွေ ဝေဖန်အားပေးမှုတွေသာ.. မရှိခဲ့ဘူးဆိုရင်… သူရပ်တည်နိုင်ပါ့မလား.. အောင်မြင်ပါ့မလားလို့.. တစ်ဖက်သတ်တွေးထင်ကာ.. သူ့အတွက်… ကမ္ဘာကြီးတစ်ခုလောက်နီးပါး အရေးပါတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ဖူးပါတယ်..။ သူဘယ်နေရာရောက်ရောက်.. သူဘယ်မှာပဲရှိရှိ.. သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကို… ပထမဆုံးအသိပေးတဲ့သူဟာ.. သူမပဲဖြစ်ပါစေလို့.. အတ္တကြီးခဲ့ဖူးမိတယ်..။ 
♥ ♥♥ ♥ ♥♥ ♥
တစ်ကယ်တော့.. သူ့ကို သူမဘ၀မှာလိုအပ်တယ်ဆိုတာထက်…. သူ့ဘ၀မှာ… သူမဟာ.. မရှိမဖြစ်လိုအပ်တဲ့သူ တစ်ယောက်. ဖြစ်ခွင့်ရချင်ခဲ့တာပါ..။ အဲဒီလိုအတ္တတွေကြောင့်ပဲ.. သူနဲ့သူမ ပိုဝေးကွာ သွားခဲ့လေသလား…။ ချုပ်ချယ်တယ်လို့.. သူစွပ်စွဲခဲ့သလိုမဟုတ်ခဲ့ရပါပဲ… သူ့ကိုချစ်တဲ့အတ္တတစ်ခုတည်းနဲ့ … ချည်နှောင်ခဲ့မိတာတွေဟာ… သူမရဲ့အမှားတွေလားဆိုတာ.. သူမ မခွဲခြားတတ်ခဲ့ပါဘူး..။

♥ ♥♥ ♥ ♥♥ ♥
ဖြစ်နိုင်ရင်ပေါ့………..
တစ်နေ့နေ့မှာ……………
သူတစ်ခါက ကတိပေးခဲ့ဖူးတဲ့အတိုင်း……………..
ကြည်လင်နေတဲ့ကောင်းကင်ကြီးကို………. နှစ်ယောက်အတူတူမော့ကြည့်ရင်း……………
“နင့်အတွက်….. ငါလက်ဆောင်အဖြစ် ရွေးပေးတဲ့ကြယ်လေးလေ” လို့ ………  ကောင်းကင်ကြီးထက်မှာ ……. နေရာတွေခဏခဏရွေ့နေတတ်တဲ့…… ကြယ်လေးများစွာထဲက ……. မရွေ့မလျား တစ်နေရာထဲမှာ…. သစ္စာရှိရှိ… ရပ်တည်နေတတ်တဲ့… ကြယ်လေးတစ်ပွင့်ကို…… သူမအတွက် သူရွေးချယ်သတ်မှတ်ပေးမယ့်……… . နေ့ရက်တစ်ရက်ကို… ရောက်ချင်ပါသေးတယ်..။  
..................................................................................

Celine Dion သီဆိုထားတဲ့ I want you to need me ဆိုတဲ့ သီချင်းကို ခံစားရေးဖွဲ့ထားတာပါ..။ သီချင်းလေးရဲ့ Lyrics ကို အရမ်းကြိုက်မိပါတယ်..။ I need you လို့မပြောပဲ.. I want you to need me လို့ ရေးဖွဲ့ထားတာဟာ.. ဒီသီချင်းကို… ပရိသတ်အတော်များများ ကြိုက်နှစ်သက်သွားစေတဲ့ အချက်တွေထဲက.. အဓိကကျတဲ့.. အချက်တစ်ခုလို့ ထင်မြင်မိပါတယ်…။
ကျမကိုယ်တိုင်လည်. “I need you” လို့မဟုတ်ဘဲ အဲဒီ “ငါ့ကို နင်အမြဲတမ်း လိုအပ်နေစေချင်တယ် - I want you to need me” ဆိုတဲ့ စာသားလေးကြောင့်ပဲ.. ဒီသီချင်းကို ပိုပြီးကြိုက်လာကာ နှစ်နှစ်သက်သက် နားထောင်ဖြစ်ခဲ့တယ်ထင်ပါတယ်… ။

I want U to need me  
♥ ♥♥ ♥ ♥♥ ♥
I want to be the face you see when you close your eyes
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between


♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you
♥ ♥♥



I want to be the eyes that look deep into your soul
I want to be the world to you
I just want it all
I want to be your deepest kiss
The answer to your every wish
Im all you ever need


♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you
♥ ♥♥



More than you could know
And I need you
To never never let me go
And I need to be deep inside your heart
I just want to be everywhere you are....


I want to be the face you see when you close your eyes
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between
..................................................................................

Thanks A lot for reading my creative writing 

Saturday 24 March 2012

Lemons and Sugar ♥♥ ♥ ♥♥

March 24, 2012 8 Comments
  • ဒီကမ္ဘာကြီးပေါ်မှာ.. သင့်အတွက် အသက်ပေးနိုင်တယ်ဆိုတဲ့.. လူသားနှစ်ယောက်၊ သင်အသက်ပေးနိုင်လောက်အောင် ချစ်တဲ့ လူနှစ်ယောက်တော့ အနည်းဆုံးရှိပါတယ်..။    
  •  
  • ဒီကမ္ဘာပေါ်မှာ.. အနည်းဆုံး လူ ၁၅ ယောက်လောက်ကတော့… သင့်ကို ဘယ်လိုပဲဖြစ်ဖြစ်.. ဘယ်အခြေအနေမျိုးပဲရောက်ရောက် ချစ်နေကြဆဲပါ..။  
  • သင့်ကိုမုန်းတယ်ဆိုတဲ့လူတွေရဲ့ တစ်ခုတည်းသော အကြောင်းပြချက်က.. သူတို့က သင့်လိုဖြစ်ချင်ပြီး.. မနာလိုစိတ်ကြောင့်ပါ..။ 
  •  
  • သင့်ရဲ့ အပြုံးတစ်ပွင့်က… ဘယ်သူ့ကိုမဆို.. သင့်ကို မနှစ်သက်ဘူးဆိုတဲ့သူတွေအတွက်တောင်မှ.. သူတို့အတွက် ပျော်ရွှင်မှုတွေ.. ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်… (များများပြုံးဖို့တော့.. လိုလိမ့်မယ်နော်..:D :D :D)  
  •  
  • ညတိုင်းလိုလို…. သူမအိပ်စက်ခင်အချိန်လေးမှာ…. သင့်အကြောင်းတွေးနေတဲ့သူ တစ်ယောက်ယောက် ကတော့.. သေချာပေါက်ရှိနေတယ်…♥ (သူ့ဘက်ကတော့ မသိဘူး.. ကိုယ့်ဘက်ကတော့ သေချာတယ်.. ;D )
  •  
  • သင်က တစ်စုံတစ်ယောက်အတွက်… ကမ္ဘာကြီးတစ်ခုလောက်.. သေချာပြောရရင်.. စကြာဝဠာကြီးတစ်ခုလောက် ပမာဏအထိ ကြီးကျယ်အရေးပါတယ်ဆိုတာ မမေ့ပါနဲ့..
  •  
  • သင်ကသင်ပါပဲ..။ ဘယ်သူမှ သင့်ကို လိုက်တုပလို့မရအောင်.. သီးသန့်ဖြစ်တည်မှုတွေ.. ပိုင်ဆိုင်မှုတွေရှိတယ်.။ .. ဒီကမ္ဘာပေါ်မှာရှိတဲ့.. ဘယ်သူမှ သင့်နဲ့.. ထပ်တူညီတယ်… လုံးဝချွတ်စွပ်တူတယ်ဆိုတာ မရှိပဲ.. သင့်ကိုယ်ပိုင်အရည်အချင်း.. သင့်လုပ်ရည်ကိုင်ရည်.. စိတ်နေစိတ်ထား၊ မျိုးရိုးဗီဇ၊ အတွေးအခေါ်တွေဟာ.. တစ်ခြားသူတွေနဲ့.. လုံးဝထပ်တူမကျပဲ.. တစ်မူထူးခြားတယ်ဆိုတာ.. အသေအချာပါပဲ..။ သင့်မှာ. သူများတွေ မတတ်နိုင်မလုပ်နိုင်.. မတွေးခေါ်နိုင်တဲ့.. ကိုယ်ပိုင်အတွေးအခေါ်အရည်အချင်း အစွမ်းအစတွေ ရှိတယ်…..။  
  •  
  • သူရှိနေတယ်ဆိုတာကိုတောင် သင်မသိတဲ့.. တစ်စုံတစ်ယောက်ကလည်း.. သင့်ကို ချစ်နေတာမျိုးရှိတတ်ပါတယ်..။  (ဟုတ်မှာပါလေ.. NewMoon မင်းသား Taylor Lautner ဆို သူ့ကို နာအရမ်းသဘောကျတယ်ဆိုတာ ဘယ်လိုမှတောင် သိမှာမဟုတ်ဖူး.. :( )
  •  
  • အကြီးကျယ်ဆုံးအမှားကြီးတစ်ခုခုကို သင်ကျူးလွန်ခဲ့မယ်ဆိုတဲ့အချိန်မှာတောင်… စိတ်ဓါတ်ကျစရာ မလိုပါဘူး..။ အမှားကနေ.. ကောင်းမွန်တဲ့အရာတစ်ခုခု.. သင်တွေ့ရှိနိုင်လို့ပါ..။ ဥပမာ.. သင်ခန်းစာ တစ်ခုခုပဲဖြစ်ဖြစ်ပေါ့..။ အမှားတိုင်းကလည်း အဆိုးတွေချည်း မလာနိုင်ပါဘူး… အမှားသိမှ.. အမှန်ဆိုတာ… သိလာရတာပါ..။
  •  
  • လောကကြီးက သင့်ကိုကျောခိုင်းထားတယ်လို့ထင်တဲ့အချိန်မှာ.. တစ်ခြားနေရာတွေကို ကြည့်လိုက်ပါ..။ သင့်ကို ဥပေက္ခာမပြုဘဲ.. ကျောခိုင်းခြင်းမရှိတဲ့.. နေရာတွေလည်းရှိပါသေးတယ်..။
  •  
  • သင်လက်ခံရရှိတဲ့.. နှစ်သိမ့်မှုတွေ.. အပြုသဘောအကြံပေးမှုတွေ.. စေတနာတွေကိုပဲ.. အမြဲသတိ တရရှိပါစေ..။ ဆိုးရွားရက်စက်တဲ့.. ရိုင်းစိုင်းတဲ့. ဝေဖန်မှုတွေ မှတ်ချက်တွေ ကို မေ့ပစ်လိုက်နိုင်ပါစေ..။ 
  •  
  • ဘ၀က.. သံပုရာသီးလေးတွေလို.. ချဉ်ဖြုံးဖြုံးဒုက္ခတွေ သင့်ကိုပေးခဲ့မယ်ဆိုရင်.. သူတို့တွေ ပိုမိုချိုမြသွားစေဖို့.. ဝေမျှခံစားပေးမယ့်.. သကြားနဲ့တူတဲ့.. သူငယ်ချင်းတွေရှိပါတယ်..။
  •  
  • သူငယ်ချင်းကောင်းဆိုတာ ကောင်းကင်က လင်းလက်လှပနေတဲ့ကြယ်လေးတွေနဲ့တူတယ်..။ သင်သူတို့ကို.. အမြဲမမြင်တွေ့နိုင်ပေမယ့်.. သူတို့ကောင်းကင်ကြီးထဲမှာ.. ရှိနေတယ်ဆိုတာ.. သင်သိထားသလိုပဲ.. သင်အချိန်တိုင်းတော့ မသိနိုင်ပေမယ့်.. သူငယ်ချင်းကောင်းဆိုတာလဲ.. သင့်အတွက်.. အမြဲတမ်းရှိနေတတ်ပါတယ်..။
  •  
  • ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်ထားတဲ့အချိန်တိုင်း… တစ်ခါတစ်လေမှာ.. ဒုက္ခတွေ အပြည့်နဲ့လို့.. တွေးမိစေနိုင်တယ်ဆိုရင်တောင် သင်ကျော်ဖြတ်နိုင်မယ့်.. နောက်ထပ်တံခါးတံချပ်ကို ဖွင့်ထားတတ်တယ်ဆိုတာ မမေ့ပါနဲ့..။ 
  •  
  • လူတစ်ယောက် လောကကြီးထဲက ထွက်ခွာသွားတဲ့အချိန်မှာ..ရရှိလေ့ရှိတဲ့.. ကျန်ရစ်သူတွေရဲ့ ငိုကြွေးမှုတွေ.. ကြီးမားတဲ့ ချစ်ခြင်းမေတ္တာတွေ.. လွမ်းဆွေးတမ်းတမှုတွေထက်.. အသက်ရှင်သန်နေတုန်းမှာ… ချစ်တဲ့သူတွေ.. သူငယ်ချင်းတွေဆီကရမယ့် ကြင်နာတဲ့စကားလေးတစ်ခွန်း .. နှင်းဆီပွင့်လေးတစ်ပွင့်က သူ့ကို ပိုပျော်ရွှင်စေပါလိမ့်မယ်..။ 
အဲဒါကြောင့်… ဒီအချိန်မှာပဲ.. သင်ချစ်တဲ့သူကို.. ချစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါ..။ စောသေးတယ်ဆိုတာ မရှိပါဘူး..။ လက်ရှိအချိန်က အကောင်းဆုံးအချိန်ပါပဲ..။ သူ့ကိုကြင်နာတဲ့စကားတွေ၊ တန်ဖိုးမရှိပေမယ့်.. သူအံ့သြဝမ်းသာသွားစေနိုင်တဲ့.. ချစ်စရာ လက်ဆောင်လေးတွေ.. ဖန်တီးပေးလိုက်ပါ..။ သူပျော်တာက သင်ပျော်တာနဲ့.. ထပ်တူထပ်မျှဖြစ်ပြီး.. သင်လည်း ပျော်ရွှင်လာကာ.. လောကကြီးက.. ပိုမိုလှပလာပါလိမ့်မယ်..
သင်ချစ်တဲ့သူတွေအတွက်… သူတို့ရဲ့.. သံပုရာသီးနဲ့တူတဲ့… အခက်အခဲတွေကို .. ဖြေလျော့မျှဝေခံစားနိုင် တဲ့.. သကြားပွင့်လေးတစ်ပွင့်အဖြစ် ရပ်တည်ပေးနိုင်ရင်.. သင့်အတွက်လည်း… ချိုမြတဲ့ သကြားပွင့်လေးတွေ အဖြစ်.. သူတို့ကလည်း.. တစ်ဖန်ပြန်ဖြစ်သွားနိုင်ပါလိမ့်မယ်..



LEMONS and SUGAR

This should probably be taped to your bathroom mirror

where one could read it every day.
You may not realize it, but it's 100% true.


1. There are at least two people in this world

    that you would die for.


2. At least 15 people in this world

    love you in some way.


3. The only reason anyone would ever hate you

    is because they want to be just like you.


4. A smile from you can bring happiness to anyone,

    even if they don't like you.


5. Every night, SOMEONE thinks about you

    before they go to sleep.


6. You mean the world to someone.


7. You are special and unique.


8. Someone that you don't even know exists loves you.


9. When you make the biggest mistake ever,

    something good comes from it.


10. When you think the world has turned its back on you

      take another look.


11. Always remember the compliments you received.

     Forget about the rude remarks.
And always remember....

when life hands you Lemons,
ask for Sugar and call me over!
Good friends are like stars.

You don't always see them,
But you know they are always there.

'Whenever God Closes One Door He Always Opens Another, Even Though

Sometimes It's Hell in the Hallway'
I would rather have one rose and a kind word

from a friend while I'm here
than a whole truckload when I'm gone.

အင်တာနက်မှာတွေ့တဲ့ စာတစ်ပုဒ်ကို ဘာသာပြန်ပြီး.. မျှဝေခြင်းပါ..။ ဒါကို အင်္ဂလိပ်လို.. Forward Mail ထဲကနေလည်း ရဖူးပါတယ်..။ မြန်မာလို.. ဘာသာပြန်ပြီး.. ဖေ့ဘုတ်မှာ.. သူများတွေ ရှယ်ကြတာလည်း တွေ့ဖူးတယ်...။ တော်တော်များများတော့.. သိဖူးပြီးသားပါ..။ ဒါပေမယ့်.. ကြိုက်လို့.. သူ့ရဲ့မူရင်းလင့်ကို.. ရှာပြီး.. ဘာသာပြန်ဖြစ်လိုက်တာပါ..။ နောက်ဆုံးပိုဒ်ကတော့. Own Tune ပါ..။ မူနေတဲ့ ကိုကိုမမများအတွက်.. အားပေးအားမြှောက်အနေနဲ့ရော.. ထည့်ရေးလိုက်တာဖြစ်ပါတယ်.. xD
:D.. တစ်ခြားသူတွေအားလုံးသိပြီး.. ရိုးအီနေမှ.. ခပ်တည်တည်နဲ့.. ကျမက.. အခုမှ.. အဆန်းတကြယ် .. ဘာသာတွေပြန်ပြီး.. ဘလော့ပေါ်မှာတင်နေတယ်.. ဒါပေမယ့်.. ဒီစာစုလေးက.. အမှန်တရားတွေကို.. ရေးသားထားတာက ကျမအတွက်. ဘယ်တော့မှ ရိုးသွားမှာမဟုတ်လို့.. မပျောက်ပျက်သွားအောင်.. ကြိုက်တဲ့စာစုလေးကို.. အမှတ်တရအနေနဲ့.. ကျမချစ်တဲ့ဘလော့လေးပေါ်မှာ. မှတ်တမ်းတင်ထားချင်တဲ့. စိတ်ကူးနဲ့ပါ..။ အောက်မှာ. မူရင်းလင့်လေးပေးထားပါတယ်..။ 
Ref:  http://www.topix.com/forum/city/burkesville-ky/TFMOVEARO1220BLJ1
Photo Credit goes to spicestationsilverlake.com

Thanks to everyone... Wishing you all enjoy your time.. happilyyyyyyyyyyyy 

Friday 23 March 2012

လျှောက်ခဲ့သောလမ်းများ-၁ ......☺☺☺

March 23, 2012 11 Comments

ကျောင်းပိတ်ရက်တွေမှာ နေ့တိုင်းလိုလိုရေးဖြစ်အောင်ရေးမယ်လို့.. စိတ်ကူးထားပေမယ့်... တကယ်တမ်းရေးမယ်ဆိုတော့... မရေးဖြစ်ခဲ့ပါဘူး...။ တစ်ရက်ခြားတစ်ခါလောက်ပဲ.. ပို့စ်တွေကို .. ကျမ တင်ဖြစ်ခဲ့တယ်...။  အရင်ကတော့.. တခြားသူငယ်ချင်းတွေရဲ့ ဘလော့တွေပဲ လည်ပြီးလိုက်ဖတ်နေရင်းကနေ... ကိုယ်တိုင်ပါ.. အမှတ်တရတွေ. တခါတရံတွေးမိတဲ့စိတ်ကူးတွေကို... မှတ်တမ်းတင်ရင်း.. လျှောက်ခဲ့တဲ့လမ်းတွေကို...ေ၀၀ါးစွာမပျောက်ပျက်သွားစေချင်တဲ့.. စိတ်ကူးနဲ့.. ဒီဘလော့လေးမှာ.. ဒီလမှစပြီး.. ရေးဖြစ်ခဲ့တာပါ...။ ကိုယ်တိုင်ရေးမှ... ဘလော့ရေးသူတွေရဲ့ ပေးရတဲ့အချိန်တွေ.. စိတ်ကူးတွေ.. စေတနာတွေကို.. နားလည်လာရပါတယ်..။ နေ့တိုင်းလိုလို. စာဖတ်သူတွေအတွက်.. စေတနာအပြည့်နဲ့.. ပို့စ်တွေ.. ရေးလေ့ရှိတဲ့.. စီနီယာဘလော့ဂါများကိုလည်း.. အားကျမိပါတယ်..။

ဒီတစ်ပတ်အတွင်းတော့. တော်တော်အချိန်လုရသလိုဖြစ်နေတယ်...:) ကျောင်းပိတ်ထားတုန်း...  အေးအေးဆေးဆေးမနားရပဲ.. 
 နောက်တစ်တန်းအတွက်.... practical တွေကို.. ကြိုလုပ်နေရပါတယ်...။ ကျောင်းပိတ်ထားပါလားဆိုတဲ့အသိနဲ့... ဘယ်သူမှ.. တက်တက်ကြွကြွမရှိတဲ့ အတန်းထဲမှာ.. Professor က ခိုင်းလို့သာ မဖြစ်မနေသင်ပေးနေရပြီး .. ကျောင်းသားတွေကို.. အားနာနေပုံရတဲ့... လက်ထောက်ဆရာကိုကြည့်ပြီး.. ဘာမဆိုင်ညာမဆိုင်.. ကျမက သူ့ကို .. ပြန်အားနာနေမိသလိုလို.. ။

Statistical Software တစ်ခုကို.. လေ့ကျင့်သင်ကြားပေးနေတဲ့ဆရာက... ကျမအနားရောက်လာရင်... သူရောက်နေမှန်းမသိပဲ.. ဖွင့်ထားမိတဲ့.. ကျမဘလော့လေးရဲ့.. မြန်မာစာလုံးဝိုင်းဝိုင်းလုံးလုံးလေးတွေကို.. မြင်တဲ့အခါ.. ဘာမှတော့မပြောဘဲ.. ဘာမှနားမလည်ဟန်.. နှုတ်ဆိတ်ပြီး.. ပြန်လျှောက်သွားလေရဲ့...။ တစ်နေ့တစ်နေ့.. စာလာဖတ်သူ.. ဘယ်နှစ်ယောက်မှတောင်.. မရှိသေးတဲ့.. ဒီဘလော့လေးကို.. ခဏခဏဖွင့်ကြည့်နေမိတာ.. ကျမလည်း.. တစ်ခြားသူငယ်ချင်းဘလော့ဂါတွေ.. ပြောလေ့ရှိသလို.. သူ့ကို သံယောဇဉ်တွယ်နေမိပြီထင်ပါတယ်..။ 

ဘာမှမရေးနိုင်သေးမယ့်အတူတူတော့.. သွားခဲ့ဖူးတဲ့.. ခရီးတစ်ခုရဲ့ဓါတ်ပုံတွေကို.. သူငယ်ချင်းတွေ.. ဝေမျှခံစားနိုင်ဖို့ ဘလော့လေးပေါ်မှာ... ပို့စ်တစ်ပုဒ်အဖြစ် တင်ပေးပါရစေ..။
တော်တော်များများလည်း... ဒီနေရာတွေကို.. ရောက်ဖူးပြီင်္းသားဖြစ်မှာပါ..။ မရောက်ဖူးသေးရင်တောင်.. ဒီနေရာတွေကိုတော့.. ဓါတ်ပုံတွေမှာဖြစ်စေ.. ရုပ်ရှင်တွေထဲမှာဖြစ်စေ.. ကြည့်ဖူးကြမယ်ထင်ပါတယ်...။
ဒီဓါတ်ပုံတွေကို ရိုက်ခဲ့တဲ့... အမှတ်တရအချိန်ကတော့.. တော်တော်ကြာခဲ့ပြီလို့.. ပြောလို့ရပါတယ်..။ ကျမဘ၀မှာ.. ပထမဆုံး.. မြန်မာနိုင်ငံရဲ့အပြင်ဘက်... နိုင်ငံခြားခရီးတစ်ခုကို.. ပထမဆုံး သွားရောက်ခဲ့ဖူးခြင်းဖြစ်ပါတယ်..။
၂၀၀၈ ခုနှစ်က... Statistics နဲ့ပတ်သက်တဲ့.. Workshop တစ်ခုကို.. ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ.. သွားတက်ရင်း.... Workshop Coordinating Organization က Participants တွေကို... sightseeing လိုက်ပို့ပေးလို့.. ထိုင်းနိုင်ငံ ကမ်ချနာဘူရီမြို့က သေမင်းတမန်ရထားလမ်းလို့ ကျမတို့ခေါ်တဲ့.. ကွေးမြစ်ချောင်းပေါ်မှာရှိတဲ့.. တံတားပေါ်ကို.. ဖြတ်လျှောက်ခဲ့ဖူးတယ်..။တစ်နေ့တာ အချိန်တွေ ပြီးသွားရင်.. ဘန်ကောက်မြို့ရဲ့.. Phaholyothin Park Place Hotel မှာတည်းခိုခဲ့ရပြီး  Phaholyothin Road တစ်လျှောက်.. လမ်းလျှောက်ရင်း.. ခေါက်ဆွဲဆိုင်တွေမှာ.. Fish Ball တွေအများကြီးထည့်ထားတဲ့... ခေါက်ဆွဲပြုတ်တွေကို.. သောက်ခဲ့ဖူးတယ်...။ နိုင်ငံတော်တော်များများမှာ..  တွေ့ရလေ့ရှိတဲ့.. 7-11 Store မှာ.. ကွိစိကွစလေးတွေ.. ၀ယ်ခဲ့ဖူးပါတယ်..။ Siam Square မှာ... ခြေညောင်းအောင်လျှောက်ပြီး... နောက်ဆုံး.. Sony DSC W-35 ကင်မရာလေးတစ်လုံးပဲ ၀ယ်ပြီး.. ပြန်လာခဲ့ဖူးပါတယ်..။ :D
သံဖြူဇရပ်ဘက်ခြမ်း ရထားလမ်းကတော့.. မရောက်ဖူးလို့ မသိပါဘူး.. ။ ဒီဘက်အခြမ်းကတော့. ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာရောက်မှုများတဲ့.. ထင်ရှားတဲ့နေရာတစ်ခုပါ..။


 သေမင်းတမန်ရထားလမ်းပေါ်ကို ဖြတ်လျှောက်ရင်း.. တစ်ဆက်တည်းလျှောက်သွားရင်.. သံဖြူဇရပ်ထိ တစ်ကယ်ရောက်မယ်ထင်တယ်နော် ဆိုပြီး.. အတူတူသွားတဲ့.. သူငယ်ချင်းနဲ့ ပြောခဲ့မိကြသေးတယ်..
 မြစ်ထဲမှာ.. ဆောက်ထားတဲ့.. စားသောက်ဆိုင်ပါ.. အစားအသောက်တွေကတော့.. ပင်လယ်စာတွေလိုလို ဘာလိုလိုပါပဲ.. အဲဒီပေါ်မှာ စားသောက်ရင်း.. သဘာဝအလှအပတွေ ခံစားရင်း... သဘာဝလေကို.. တစ်ဝကြီး ရှုရှိုက်ခဲ့ဖူးတယ်...
၁၉၄၂ ခုနှစ်ကစပြီး.. ဂျပန်တပ်မတော်က.. ဖောက်လုပ်ခဲ့တဲ့.. သေမင်းတမန်ရထားလမ်း ဖန်တီးရာမှာ.. အသက်စတေးခဲ့ရတဲ့.. မဟာမိတ်တပ်သားတွေရဲ့.. စစ်သချိင်္ုင်းကိုလည်း ရောက်ခဲ့ပါတယ်..
ဒါကတော့.. ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားတွေ.. အလာများတဲ့နေရာတစ်ခုဖြစ်တဲ့.. Grand Palace ရဲ့တစ်နေရာက.. ရုပ်ထုနှစ်ခုပါ..။ သစ်ပင်လုံးလုံးလေးတွေနဲ့.. လမ်းတစ်လျှောက်အလှဆင်ထားတဲ့.. Grand Palace ထဲမှာ.. ရိုက်ခဲ့တဲ့ဓါတ်ပုံတွေအားလုံးလိုလို.. ရှေ့က ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်. ပါပါနေလို့.. ဒီပုံလေးတစ်ပုံပဲ.. ရှားရှားပါးပါးတင်ဖြစ်လိုက်ပါတယ်... :) မြဘုရားကိုလည်း.. ဖူးခွင့်ရခဲ့တာဟာ.. ကျမအတွက်တော့.... အဖိုးမဖြတ်နိုင်တဲ့.. ခရီးစဉ်တစ်ခုဖြစ်ပါတယ်...



ဒီပုံလေးတွေကတော့.. Kanchanaburi မြို့နားလေးက.. ရှေးဟောင်းဘုရားတွေဆီကို သွားဖူးကြတာပါ..။ ဘုရားအမည်တော့.. ကြာပြီဆိုတော့.. မမှတ်မိတော့ပါဘူး..။

အဲဒါကြောင့်ပဲ.. ကျမဖေဖေက.. ခရီးတစ်ခုက ပြန်ရောက်ရင်.. ခရီးသွားမှတ်တမ်းတစ်ခုအမြဲတမ်းရေးဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်..။ ဒါပေမယ့်.. အဲဒီတုန်းက.. မှတ်စုစာအုပ်ထဲအားလုံးမှတ်ထားတာပဲဆိုပြီး.. ဘယ်တော့မှ မရေးဖြစ်ခဲ့ပါဘူး..။ ကျမဖေဖေက ကျမရဲ့ ပထမဆုံးစာဖတ်ပရိသတ်တစ်ယောက်ပါ..။ ဘယ်တော့မှ ပြီးဆုံးအောင် ရေးလေ့မရှိတဲ့.. ကျမရဲ့မှတ်တမ်းတွေ.. ကဗျာတွေ.. ၀တ္ထုတိုတွေကို.. အမြဲတမ်း အမြတ်တနိုးဖတ်လေ့သိမ်းဆည်းပေးလေ့ရှိခဲ့ပြီး.. ကျမကို. စာတွေရေးစေချင်သူပါ..။ ကျမကလည်း.. ဘယ်တုန်းကမှ.. လေးလေးနက်နက်ရေးလေ့မရှိပါဘူး.. အချိန်မရတာတွေကြောင့်လဲပါသလို.. မရေးတတ်တာကြောင့်လည်း ပါပါတယ်...။ အခုတော့.. ဖေဖေ့ရဲ့ဆန္ဒအတိုင်း... ဒီဘလော့လေးမှာ.. ဘ၀ရဲ့.. မှတ်တမ်းတွေကို.. ရေးနေတတ်ပြီဆိုတာ.. သိရင်.. သူဝမ်းသာပျော်ရွှင်နေမှာပါ...။ ကျမကို ချစ်တဲ့.. အားပေးတတ်တဲ့.. ဘ၀တူသူငယ်ချင်းတွေနဲ့.. ဒီဘလော့လေးက အသက်ဝင်လှုပ်ရှားနေပြီဆိုတာ.. မြန်မာပြည်ကို ပြန်တဲ့တစ်နေ့.. ချစ်တဲ့မိသားစုကို.. ဖွင့်ပြပြီး... သက်သေပြဖြစ်မယ်ဆိုရင်... ကျမဖေဖေအတွက်.. အမှတ်တရလက်ဆောင်ကောင်းတစ်ခုကို.. ကျမဖန်တီးပေးဖြစ်ခဲ့တယ်ဆိုပြီး... အံ့သြ၀မ်းသာနေမယ်ဆိုတာ.. သေချာပါတယ်...။
 
Kanchanaburi မြို့ကနေ.. ဘန်ကောက်ကိုအပြန်လမ်းမှာ.. ၀င်စားခဲ့တဲ့.. ထမင်းဆိုင်လေးပါ.. အခုတလော.. ရန်ကုန်တို့.. မန္တလေးတို့မှာ.. ခေတ်စားနေတဲ့.. ရှမ်းထမင်းဆိုင်တွေနဲ့.. ဆင်ပါတယ်..။ အရသာတွေကတော့.. အနံ့ရော.. အစပ်ရော တော်တော်များများထည့်ထားတတ်ပါတယ်..။ Workshop မှာကျွေးတာကတော့... ဟိုတယ်တစ်ခုကနေမှာတာပါ.. ချက်တာကတော့.. ဟင်းတိုင်းလိုလို.. အုန်းနို့တွေထည့်တတ်ပါတယ်.. ။ 


ဒါကတော့.. ဘန်ကောက်မြို့ပေါ်က ဘုရားစေတီတစ်ဆူမှာ.. ဖြစ်ပါတယ်.. ။ အဲဒီတုန်းက မှတ်စုစာအုပ်က. မြန်မာပြည်က အိမ်မှာကျန်ခဲ့တော့.. ဘုရားအမည်မမှတ်မိတော့ပြန်ပါဘူး.. :)

ရိုက်ခဲ့တဲ့ ဓါတ်ပုံတော်တော်များများမှာ... ကျမပုံက ရှေ့က အမြဲကန့်လန့်ကန့်လန့်ခံနေတတ်တော့.. ဒီပုံလေးတွေလောက်ပဲ.. Share လုပ်ဖြစ်ပါတယ်..  :D ရိုက်ခဲ့တဲ့နေရာတွေရဲ့ သမိုင်းကြောင်းတွေကို.. ရှာဖွေဖတ်ရှုပြီး.. ရှင်းမပြပေးနိုင်တာကိုတော့.. နားလည်ခွင့်လွှတ်ပေးကြမယ်ထင်ပါတယ်.. သမိုင်းကြောင်းတစ်ခုကို လေ့လာတယ်ဆိုတာ.အချိန်အများကြီးပေးပြီးမှ လေ့လာရေးသားသင့်တယ်ဆိုတော့. အချိန်တိုတိုလေးအတွင်း မှာ. ရေးတင်လိုက်မယ်ဆိုရင်.. သေချာပေါက်အမှားတွေ.. ပါသွားမှာ စိုးရိမ်လို့ပါရှင်..။
လျှောက်ခဲ့သောလမ်းများ-၁ ဆိုတော့.. နောက်ဆက်တွဲ.. ၂ ၃ ၄ ၅ တွေလာမယ့်သဘောရှိတယ်ထင်တယ်..:D :D

အားလုံးကို ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်အောင်မြင်ကြပါစေ...  ☺☺☺





Wednesday 21 March 2012

စွန်လွှတ်သူ ............

March 21, 2012 8 Comments

photo credit to http://www.123rf.com
 ♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူငယ်ငယ်က ကစားနည်းတွေအများကြီးထဲမှာ.. စွန်လွှတ်တမ်းကစားတာကို.. အနှစ်သက်ဆုံးဖြစ်ခဲ့တယ်..။ သူနေခဲ့တဲ့ မြို့သေးသေးလေးရဲ့...... .မြစ်ကမ်းဘေးနားမြေကွက်လပ်မှာ … သူငယ်ချင်းတွေနဲ့ .. ညနေတိုင်း.. စွန်လွှတ် ကစားလေ့ရှိခဲ့ပြီး…. .ပြန်လာတိုင်း.. သူချစ်တဲ့စွန်ကလေးကို... .ကောင်းကင်ကြီးရဲ့ တစ်နေရာမှာ စွန့်လွှတ်ပြီး..... .ပြန်ခဲ့ရတာချည်းပါပဲ....။ သူ့စွန်ကလေးဆုံးရှုံးသွားမှာ.. စိုးရိမ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ .... မြစ်ကမ်းဘေးတစ်လျှောက် စွန်ကို နိမ့်နိမ့်လေးဆွဲသွားကာ ပျံသန်းစေလေ့ရှိခဲ့တာမို့  နှစ်ယောက်အတူ ပြန်တဲ့အချိန်တိုင်း.. ကလေးလေးနှစ်ယောက်.. တစ်ယောက်က စွန်ကလေး ဆုံးရှုံးသွားလို့.. ငိုမဲ့မဲ့ဖြစ်နေတတ်ပေမယ့်.. တစ်ယောက်ကတော့.. ဘယ်တုန်းကမှ အမြင့်ကို.. ပျံသန်းခွင့်မပေးခဲ့လို့.. လက်ထဲမှာ. မပျောက်မပျက်ရှိနေဆဲဖြစ်တဲ့.. စွန်ကလေးကို ကိုင်ဆွဲလို့.. ။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
မင်းက အမြင့်ကြီးကို.. ပျံခိုင်းတာကိုး.. ။ သူက အဝေးရောက်တော့.. မင်းဆီကို ဘယ်ပြန်လာနိုင်တော့မှာလဲ..။ နောက်တစ်ခါဆို.. ငါ့လိုမျိုး.. နိမ့်နိမ့်လေးပဲပျံခိုင်း.. ။ အဲဒါမှ စွန်လေးကို မင်းမဆုံးရှုံးမှာ..” လို့သူငယ်ချင်းက အမြဲတမ်းပြောတတ်လေ့  ရှိခဲ့ပေမယ့်.. ...စွန်ကလေးအမြင့်ကို ရောက်သွားတိုင်း.. သစ်ပင်တွေ.. ဓါတ်တိုင်တွေ.. တခြားကလေးတွေရဲ့.. စွန်လေးတွေကို .. ကျော်ဖြတ်ပြီး .. မိုးကောင်းကင်မှာ.. လွတ်လပ်စွာ.. ပျံဝဲနေတာကို .. တွေ့တိုင်း..ပျော်တတ်ခဲ့တဲ့သူက… စွန်ကလေးပိုပျော်နိုင်ဖို့.. ပိုလွတ်လပ်ဖို့.. စွန်ကြိုးတွေကို.. အမြဲတမ်း ကိုယ်တိုင်သတိမထားမိဘဲ ..ရစ်ငင်ပေးလေ့ရှိခဲ့တယ်..။ 

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူ့လိုပဲ.. စွန်လွှတ်တာကို.. သဘောကျတတ်တဲ့..သူမကတော့.. စွန်ကလေး မိုးကောင်းကင်ကြီးထဲမှာ.. အနှောင့်အယှက် ကင်းကင်းနဲ့.. ပျံဝဲနေအောင်.. စွန်ကြိုးတွေကို.. သူရစ်ငင်ပေးနေတဲ့အချိန်တိုင်း.. ဘေးနားကနေ ကလေးတစ်ယောက်လို .. ပျော်ရွှင်မြူးထူးစွာ. ခုန်ပေါက်အားပေးလေ့ရှိခဲ့တယ်..။ ဒါပေမယ့်.. စွန်ကလေးကို ကောင်းကင်ကြီးထဲမှာ… တစ်ယောက်တည်း စွန့်လွှတ်ခဲ့ရပြီး.. ပျံသန်းစေခဲ့တဲ့ အချိန်မှာတော့.. သူ့လို ခံစားနှမျောမနေတတ်ပဲ… ကောင်းကင်ကြီးထဲမှာ.. အနှောင်အဖွဲ့တွေ မရှိတော့ဘဲ… လွတ်လွတ်လပ်လပ်.. ပျံသန်းသွားနိုင်ပြီဆိုပြီး… စွန်ကလေးအတွက်.. ကြံဖန်ဂုဏ်ယူနေတတ်ပြန်သေးတယ်..။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
သူမရဲ့ ရည်မှန်းချက်ကြီးကြီးတွေကို.... .ပြောပြတတ်တဲ့အချိန်တိုင်း.. သူမမျက်ဝန်းရဲ့ အရောင်တွေတလက်လက်နဲ့.. ယုံကြည်ချက်တွေ ကို.. တွေ့ရလေ့ရှိတဲ့အခါတိုင်း… သူ့ရဲ့စွန်ကလေး အဝေးကို ရောက်သွားတော့မှာပါလားဆိုတဲ့ အတွေးမျိုး သူတွေးခဲ့ဖူးတယ်..။

သူသတိမထားဖြစ်ပေမယ့်လည်း… အမှတ်တရနေ့တွေတိုင်းမှာ… ပေးခဲ့တဲ့လက်ဆောင်အချို့ဟာ.. ကဗျာဆန်ဆန်ပန်းစည်းတွေ.. သူမချစ်တတ်တဲ့အရုပ်သေးသေးလေးတွေ..  ချောကလက်တွေ.. ဖြစ်မနေတတ်ပဲ.. သူမလေ့လာဖို့.. IELTS စာအုပ်တွေ.. စိတ်ခွန်အားဖြည့်ဘာသာပြန်စာအုပ်တွေ.. ဖြစ်နေတတ်တယ်…။
ကဗျာစာအုပ်လှလှလေးတွေနေရာမှာ… သူမဖတ်ဖို့… နည်းပညာစာအုပ် ထူထူတွေ … ဖြစ်နေတတ်ပြန်တယ်..။ နားထောင်ချင် စရာ.. အချစ်သီချင်းသံစဉ်ချိုချိုလေးတွေမဟုတ်ဘဲ… သူမလေ့ကျင့်ဖို့.. အင်္ဂလိပ်စကားပြော အခွေတွေပဲ… ပေးဖြစ်နေခဲ့တယ်..။ သူမပိုချစ်လာစေဖို့… စကားလုံးလှလှလေးတွေနဲ့… ကြင်ကြင်နာနာပြောရမယ့်အစား… သူမရဲ့ကြိုးစားမှုတွေ အရာထင်  အောင်မြင်စေဖို့… မချင့်မရဲ အားမနာတမ်းဝေဖန်မှုတွေ.. ဖြစ်နေတတ်ခဲ့တယ်..။
တစ်ခါတစ်ခါ.. သူမရဲ့ Email-Inbox မှာ.. ချစ်တဲ့အကြောင်း.. လွမ်းတဲ့အကြောင်းတွေ.. မဟုတ်ခဲ့ဘဲ…. သူပို့ပေးတတ်တဲ့.. နိုင်ငံတော်တော်များများက.. Scholarship Information တွေ လေ့လာစရာ E-book တွေပဲ.. သူမတွေ့ရ တတ်တယ်…။ သူမရဲ့ Facebook Wall တစ်ခုလုံးမှာ… သူတင်ထားတတ်တဲ့.. Scholarship Link တွေ၊ သူမလေ့လာနေတတ်တဲ့.. ဘာသာရပ်နဲ့ ဆိုင်တဲ့လင့်ခ်တွေနဲ့ ပြည့်နေတတ်ခဲ့တယ်..။

♥ ♥ ♥♥ ♥ ♥ ♥♥ ♥ ♥ ♥♥
စွန်ကလေး အမြင့်ကိုရောက်သွားတိုင်း ငယ်ငယ်တုန်းက (ဘာမှမသိတော့) ပျော်ခဲ့မိတယ်...(တကယ်တော့ သံယောဇဉ်ကြိုး နွမ်းနွမ်းလေးနဲ့ လွှတ်တင်ထားတဲ့ စွန်လွှတ်သူရဲ့အဝေးကို   ရောက်မှန်းမသိရောက်သွား တာကို တဖြည်းဖြည်း သိလာရတော့ ... ) လွတ်လပ်စွာ.. ကောင်းကင်ကြီးတစ်နေရာမှာ… ပျံဝဲနေမယ့်.. စွန်လေးအတွက်..… ရစ်ငင်ခဲ့တဲ့… သံယောဇဉ်ကြိုးရှည်ရှည်တွေအတွက်တော့… သူဘယ်တော့မှ .. နောင်တရမိမှာမဟုတ်ပါဘူး…။ 

Thanks for reading.. Hoping you all the best!!!!
♥♥ ♥ ♥ ♥♥

Follow Us @soratemplates