ဘာလိုလိုနဲ့ နိုဝင်ဘာတောင် ရောက်လာခဲ့ပြီ.....။ နောက်ခဏကြာရင် .... ၂၀၁၂ ကိုကျောခိုင်းရတော့မယ်...။ အချိန်တွေ ကုန်တာအရမ်းမြန်တယ်.... ဒီလိုပဲ လူတိုင်းလူတိုင်း ကိုယ်စီဘ၀မှာ ကျင်လည်နေကြရင်း...... အချိန်တွေက တရွေ့ရွေ့နောက်မှာကျန်ခဲ့တယ်....။ တစ်ချိန်က အနာဂတ်လို့ ထင်မှတ်ခဲ့တဲ့ ကာလတစ်ခုထဲကို ချဉ်းနင်းဝင်ရောက် နင်းလျှောက်ရင်း အဲဒီကာလကလဲ အတိတ်ဖြစ်ကျန်ခဲ့.... ဒီလိုနဲ့ သံသရာလည်နေကြတာပါပဲ....။ နေ့စဉ်တိုင်းမှာ ကုသိုလ်ကောင်းမှု တစ်ခုဆောင်ရွက် .. စိတ်ကောင်းလေးတစ်ခုမွေးမြူ.. ကိုယ်ချင်းစာစိတ်ကို လက်ကိုင်ထားပြီး ဖြတ်သန်းကြ ရင်း ပညာ၊ ဥစ္စာ၊ ဒါန တစ်ခုခုတော့ ရအောင်နေထိုင်ရင်း ဒါဆိုရင် အနှစ်သာရရှိတဲ့ ဘ၀ပဲလေ.....။
အခုတစ်လော ကျမနည်းနည်းအလုပ်ရှုပ်နေတာနဲ့ ကိုယ်တိုင်လဲ စာမရေးဖြစ်တာကြာနေသလို ... ဘလော့ဂ်တွေ လိုက်မဖတ်ဖြစ်တာလည်း ကြာနေပြီ...။ နိုဝင်ဘာလ ၉ ရက်နေ့ကနေစပြီး Philippines ကို တစ်လ ခရီးထွက်မှာဖြစ်လို့ ..... ဒီနေရာလေးနဲ့ တစ်လလောက်ကင်းကွာနေဦးမှာ ဖြစ်တဲ့အကြောင်း .... ခင်မင်ရသော Blogger များနဲ့ ဖတ်နေကျ အနည်းငယ်သော စာဖတ်သူများကို ပြောပြချင်လို့ပါ ...။ ဘာမှမရေးပဲ တစ်လလောက်ပျောက်သွားရင် ရှိရောရှိသေးရဲ့လားလို့ ထင်နေမှာစိုးလို့ ဒီပို့စ်ကိုရေးပြီး ပြောပြခြင်းဖြစ်ပါတယ်ရှင်...^_^။ ဒီအတန်းအတွက် ဘာသာ ၂ ခုစာကို Tropical region က နိုင်ငံတစ်ခုမှာသွားပြီး Student Project တစ်လသွားလုပ်ရမှာမို့ ... ကျမတို့နှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို သွားဖို့ ရွေးချယ်လိုက်ကြတာပါ...။ သွားမယ့်နေရာက တောနည်းနည်းကျတယ် .... ပြီးတော့ အင်တာနက်ကလည်း ဘယ်လိုသုံးလို့ရမလဲ မသေချာသေးတော့ ဒီကာလကတော့ တော်တော်အဆက်အသွယ်ပြတ်ဦးမယ်ထင်တယ်...။ ပရော်ဖက်ဆာကတော့ အဲဒီမှာ အင်တာနက်မရရင် တစ်ပတ်တစ်ခါ မြို့ပေါ်တက်သုံးကြမယ်လို့တော့ ပြောပါတယ်.... ။အိမ်နဲ့ ကျောင်းနဲ့ကို အကျိုးအကြောင်း ပြောရုံပဲဆိုတော့ အခုကာလလို မျက်ခြေမပြတ်မသုံးနိုင်တော့ဘူးပေါ့... ;(
ဓါတ်ပုံတွေတော့ သေချာကိုရိုက်ဖြစ်ခဲ့မှာပါ.. ကင်မရာအစုတ်ကလေးနဲ့ :D ..... ရိုက်သမျှကလဲ သစ်တောပုံတွေပဲ ဖြစ်နေမှာ သေချာတယ်.... မြန်မာပြည်နဲ့ ရာသီဥတုဆင်တူတော့ တောပုံစံတွေကလည်း သိပ်ထူးခြားမှာ မဟုတ်ပါဘူး....။
အပေါ်က တင်ထားတဲ့ပုံက သေချာပြန်ကြည့်မှ မလှလို့ နောက်တစ်ပုံထပ်တင်လိုက်ပြီ :)) ကိုယ့်ပုံမဟုတ်တိုင်း တင်ချင်သလိုတင်နေတာ.. copyright နဲ့ညှိရင်ဒုက္ခ .... ဘယ်က ဒေါင်းထားမှန်း လဲ သေချာမမှတ်မိတော့ဘူး..။
အပေါ်က တင်ထားတဲ့ပုံက သေချာပြန်ကြည့်မှ မလှလို့ နောက်တစ်ပုံထပ်တင်လိုက်ပြီ :)) ကိုယ့်ပုံမဟုတ်တိုင်း တင်ချင်သလိုတင်နေတာ.. copyright နဲ့ညှိရင်ဒုက္ခ .... ဘယ်က ဒေါင်းထားမှန်း လဲ သေချာမမှတ်မိတော့ဘူး..။
ပုံပေါ်က စာတွေက ဂျပန်လိုရေးထားတာထင်တယ်.... ဘာအဓိပ္ပာယ်ရေးထားမှန်းလဲ သေချာမသိပဲနဲ့ ပုံလေးသဘောကျလို့ ယူသုံးမိလိုက်ပါတယ်.... :))
လျှောက်လှမ်းနေတဲ့ ဘ၀လမ်းမှာ အားလုံး ကိုယ်ချစ်ရသူရဲ့ လက်ကိုဆုပ်ကိုင် ... ပျော်ရွှင်တဲ့ ဘ၀ခရီးဖြစ်ပါစေ.......
See you later ......!!
11 comments:
ခဏဝေးပြီးရင်တော့ ပြန်ဆုံရမယ်မလား။ တစ်လတိတိနေတဲ့နေ့မှာ သေချာပေါက်ပြန်လာခဲ့ပါ။ မျှော်နေပါ့မယ်။ တစ်လဆိုတော့ အနော်ပြန်လာမယ့်အချိန်နဲ့ ကွက်တိလောက်ပါပဲ။
အကျိုးရှိတဲ့ခရီးလေးဖြစ်ပါစေနော်။
Have a nice trip sis....
မျှော်နေမယ်နော်အမခရီးမှာလည်းအဆင်ပြေပါစေ။
ပြန်လာခဲ့လေ..စောင့်နေမှာ..
အဲဒါကိုမမေ့ရင်ပြီးတာပဲ..
ကျန်းမာရေး ဂရုစိုက်အုံးနော်..
နဲနဲတောကျတယ်ဆိုတော့ စိတ်တော့ပူမိသား..
ဆေးတွေဘာတွေယူသွားတယ်မလား..
အကျိုးရှိတဲ့ trip လေးဖြစ်ပါစေနော်
ချစ်တဲ့..မိုးနတ်
တလ ပေါ့နော်
ပြီးရင်ပြန်ဆုံကြမယ်
Philippines ရဲ့ ပုံတွေလဲ ကြည့်ဖို့စောင့်နေပါ့မယ်
အစစအရာရာ အဆင်ပြေပါစေ
လွမ်းလျှက်စောင့်နေသူ
sis jasmine
Have a nice trip :)
စနိုးရေ အဆင်ပြေသောခရီးလေးဖြစ်ပါစေနော်
အမှတ်တရရိုက်ယူခဲ့မယ့်ဓါတ်ပုံတွေလဲကြည့်ချင်သေးတယ်
ပိုစ့်ပြန်တင်မဲ့ရက်ကိုမျှော်ရင်း
စနိုးရဲ့ ဘလော့လေးကိုလာလာချောင်းကြည့်ဖြစ်မှာပါ
ပျော်ရွှင်ပါစေဗျာ
မိုးသူ(တောင်ကြီး)
ရောက်တဲ့နေရာမှာသာ အဆင်ပြေပြေနဲ့ ချောမောပါစေ.. စနိုးရေ..
ဟုတ်တယ်နော် အချိန်တွေကအရမ်းကုန်မြန်တယ်
လူတိုင်းလိုလိုလည်း သည်လိုပဲနေ့စဉ်နေ့တိုင်း ကိုယ်စီအလုပ်တွေနဲ့ သံသရာလည်နေကြတယ်
မမစနိုးပြန်လာမဲ့နေ့ကိုမျှော်နေမယ်နော်
ပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိမ်မက်ကောင်းကင်)
Post a Comment