Saturday, 23 February 2013

# My Own Feelings

လူပီသသူ ...

character ဆိုတဲ့ စကားလုံးကို မြန်မာလို ဘာသာပြန်ကြရင် အကျင့်စရိုက်သဘာဝ.. လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ စသဖြင့် ပြောကြတယ်..။
တစ်နည်းအားဖြင့် လူဖြစ်လာရင် လူတစ်ယောက်မှာ ရှိသင့်တဲ့ စရိုက်လက္ခဏာမျိုးတွေကို ပြောကြတာ..။
လူပီသမှုပေါ့ ...။

လူဖြစ်ပြီး လူပီသတဲ့သူမျိုးဆိုတာ ...
သာတူညီမျှဆိုတာကို လက်ခံတဲ့သူမျိုး ..
အခွင့်ထူးခံဆိုတာကို မုန်းတီးတဲ့သူမျိုး ...
ညှာတာစာနာစိတ်ရှိတဲ့သူမျိုး .....
လူကို လူလို့ သတ်မှတ်တတ်တဲ့ လူစားမျိုး ..

ကိုယ်တိုးတက်ဖို့ ပံ့ပိုးပေးနိုင်တဲ့သူမျိုးကိုပဲ ပေါင်းသင်းတတ်တာမျိုးမဟုတ်ဘူး..
ကိုယ့်ကို ဂရုစိုက်ပြီး မြှောက်ပင့်ပြောဆို ပေးနိုင်ကျွေးနိုင်တဲ့သူမျိုးကိုမှ လိုက်လိုက်လျောလျောပေါင်းသင်းတတ်တဲ့သူမျိုးမဟုတ်ဘူး ....
သာမာန်ထက် ချမ်းသာကြွယ်ဝ ရာထူးဂုဏ်ရှိတဲ့သူမျိုးကိုပဲ တသသချစ်ခင်နေချင်တဲ့သူမျိုးမဟုတ်ဘူး ...
အောင်မြင်ကျော်ကြားတဲ့သူတွေနားမှာပဲ ကိုယ့်အတွက် ဘာများအထောက်အကူရနိုင်မလဲ ရစ်သီနေတတ်တဲ့သူမျိုးမဟုတ်ဘူး....
ကိုယ့်အတွက် ဘာမှအထောက်အကူမဖြစ် ... သူတို့ဆီကနေ ... ဘာမျှော်လင့်စရာမှ မရှိတဲ့သူတစ်ချို့ကို .. မျက်ကွယ်ပြုတတ်တဲ့သူမျိုး မဟုတ်ဘူး...။
လိုချင်တဲ့ချိန်မှာ လိုသလို အသုံးချ ... မလိုအပ်တော့တဲ့အချိန်မှာ ... ခေါင်းရှောင်နေတတ်တဲ့သူမျိုးမဟုတ်ဘူး ...။
သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့သူမျိုးမဟုတ်ဘူး ....။

------
လူပီသမှုဆိုတာကို....
ကိုယ့်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ .. မပံ့ပိုးပေးနိုင်တဲ့ ... အထောက်အကူမဖြစ်နိုင်တဲ့ ... တစ်ခြားသူတွေအပေါ်မှာ ဘယ်လိုသဘောထား ပြုမူဆက်ဆံတတ်သလဲ ဆိုတဲ့ အချက်ကို ကြည့်လိုက်ရင် .... သိသာလာပါလိမ့်မယ် ...။

8 comments:

မိုးနတ်ကြယ်စင် said...

စနိုးရဲ့ ကိုယ်ပိုင်အတွေးအမြင်လေး ရေးထားတာ
သဘောကျပါဘိတော့...မှန်တယ် စနိုးရေ..
လူပီသသူ တဲ့ စကားလုံးလေးကသာ ၄လုံးထဲရယ်
အဓိပ္ပါယ်ကတော့ဖြင့် နက်နဲလှတာမို့ မိုးနတ်လဲ
ကြိုးစားနေရတုန်းပါပဲ :)))
လူပီသသူ ဖြစ်သထက်ဖြစ်အောင်လို့လေ :P
ချစ်တဲ့...မိုးနတ်

စနိုးရေ...မိုးနတ်ရေးတာလေးတွေကောင်းလာတယ်
စနိုးလဲ နှစ်သက်တယ်လို့ အတိုင်းမသိဝမ်းမြောက်မိရ
သလို ကျေးဇူးလဲ တင်ပါတယ်နော် :)))

မင်းအရိပ် said...

သိပ်ကောင်းတဲ့ အတွေးအခေါ် အတွေးအမြင်လေးပဲဗျာ
သည်လိုရေးနိုင်တာကလည်း ချီးကျူးစရာပဲနော့
ဖတ်ရှုအားပေးသွားခဲ့ပါတယ်စနိုးရေ

Aunty Tint said...

ရခဲလှတဲ့ လူသားတစ်ယောက်ဖြစ်ပြီး လူပီသမှလည်း လူဖြစ်ရကျိုးနပ်မှာ အသေအချာပေါ့ ဆွိတီစနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

ဟေဟေး လူပီသတဲ့လူဆိုတာ အီဖေစကိုပဲဖြစ်ရမယ်။ ဟဲဟဲ။

မိုးညချမ်း said...

"လူပီသမှုဆိုတာကို....
ကိုယ့်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ .. မပံ့ပိုးပေးနိုင်တဲ့ ... အထောက်အကူမဖြစ်နိုင်တဲ့ ... တစ်ခြားသူတွေအပေါ်မှာ ဘယ်လိုသဘောထား ပြုမူဆက်ဆံတတ်သလဲ ဆိုတဲ့ အချက်ကို ကြည့်လိုက်ရင် .... သိသာလာပါလိမ့်မယ် ...။" အရမ်းကို နှစ်သက်တယ် ... ပိုစ့်ကောင်းလေးပဲ မမရေ ... မှတ်သားသွားပါတယ်နော် ...

အလွမ်းမြို့ said...

စနိုးရေ...
တကယ့်အတွေးခေါ်ကောင်းတဲ့ ပိုစ့်လေးပါဘဲ။

"လူပီသမှုဆိုတာကို....
ကိုယ့်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ .. မပံ့ပိုးပေးနိုင်တဲ့ ... အထောက်အကူမဖြစ်နိုင်တဲ့ ... တစ်ခြားသူတွေအပေါ်မှာ ဘယ်လိုသဘောထား ပြုမူဆက်ဆံတတ်သလဲ ဆိုတဲ့ အချက်ကို ကြည့်လိုက်ရင် .... သိသာလာပါလိမ့်မယ် ...။"

ဒီစာသားလေးက ရိုးရှင်းပြီး ၂ကြောင်းတည်း
သာရှိခဲ့ပေမဲ့ အဓိပ္ပါယ်နဲ့ အတွေးအခေါ်
ဆင်ခြင်စရာအများကြီးရခဲ့တယ် ညီမလေးရေ။

ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

Yoemyaykya said...

ကျနော် လူပီသတဲ့သူ မဟုတ်တော့ဘူးထင်တယ်။ ကျနော်က လူတစ်ယောက်ကို စိတ်ပင်ပန်းစေအောင်လုပ်နေတဲ့သူ ဖြစ်နေပီထင်တယ်။ ပြီးတော့ အွန်လိုင်းလောကကိုလဲ ကြောက်လာပီ။ ဘာမှတော့ မဆိုင်ပါဘူး။ ဒီနေ့ဖြစ်နေတဲ့ စိတ်အခြေအနေပါပဲမမရယ်။

ညိမ်းနိုင် said...

ကောင်းလိုက်တဲ့ စကား.....။သိပ်မှန်တာပဲနော်...၊ကိုယ့်နဲ့
ဘာမှပက်သက်စရာမရှိတဲ့လူတွေအပေါ်မှာ ထားတဲ့သ
ဘောထားကပဲ လူပီသမှု၊မပီသမှုကို ပိုင်းဖြတ်သွားတာ
ပေါ့နော့....၊

Follow Us @soratemplates