Monday, 14 October 2013

# My Own Feelings

That's so-called enjoyable life :) :)




"စိတ်ညစ်လိုက်တာ စိတ်ကုန်လိုက်တာ" ဆိုတဲ့စကားကို အခြားလူတွေရှေ့မှာ ဘယ်တော့မှညည်းညူပြဖို့ စိတ်ကူးမရှိခဲ့ပေမယ့်လည်း .... မခံနိုင်တော့တဲ့အဆုံး ဘယ်သူ့ရယ်လို့ ခေါင်းစဉ်မတပ်ပါပဲ .. facebook ပေါ်မှာတော့ ပထမဆုံးအနေနဲ့ နောက်သလိုပြောင်သလိုပဲ ရေးဖြစ်ခဲ့ပါတယ်..။ အဲဒီအခါ သူငယ်ချင်းပေမယ့်လည်းပဲ အမြဲတမ်းညီမတစ်ယောက်လိုချစ်ပြီး ဂရုစိုက်တတ်တဲ့သူငယ်ချင်းက ဖုန်းဆက်လာတယ်...။ စိတ်ဓါတ်မကျပါနဲ့တဲ့... ဒါက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသတဲ့ ...။ အဖြောင့်အတိုင်းတွေးပြီးလုပ်တဲ့သူကတော့ ... နည်းနည်းတော့အခက်အခဲဖြစ်လိမ့်မယ်တဲ့.. အထာဆိုတာတွေရှိသတဲ့ ...။ ဒါပေမယ့်လည်း မိုးခါးရေတော့ မသောက်ချင်ပါဘူး လို့ ပြန်ပြောမိတဲ့အခါ.. အစ်မတစ်ယောက်ကတော့ အဲဒီလိုဆိုရင် စည်းအပြင်ဘက်ရောက်သွားလိမ့်မယ်လို့ ပြောလာပါတယ်...။
ရောက်ချင်ရောက်ပါစေ .... အမှန်တရားနဲ့ တရားမျှတမှုသာ ကိုယ့်ဆီမှာရှိနေရင် ကျေနပ်ပါတယ် လို့ ပြန်ပြောမိပြန်တယ်...။ တစ်ဘ၀သာပဲ နေရတဲ့လူ့ဘ၀မှာ ကိုယ့်လိပ်ပြာကိုယ်လုံပြီး ... ကိုယ့်အရည်အချင်းအတိုင်းပဲ ရှေ့ဆက်ချင်မိသူပါ...။ အဲဒါကိုမှ ဒါဟာဖြစ်ရိုးဖြစ်စဉ် ပုံမှန်မဟုတ်လို့ စည်းအပြင်ဘက်ရောက်နေတယ်ဆိုရင်တောင် ဒီလိုလောကနဲ့ အံဝင်ခွင်ကျမဖြစ်လို့ရယ်လို့ သတ်မှတ်ပြီး စည်းအပြင်ဘက်ကနေပဲ ရပ်ကြည့်နေပါရစေ ....။

စိတ်ညစ်စရာတွေတွေ့နေလို့လားလို့ အမေက မေးတဲ့အခါ နိုင့်ထက်စီးနင်းမတရားမှုဆိုတဲ့ ပယောဂတွေကို အေးအေးချမ်းချမ်းနေကြတဲ့ မိဘတွေဆီကို မကူးစက်စေလိုတဲ့အတွက် ကိုယ်ပြုံးတဲ့အပြုံးတွေက အသက်မပါဘူးဆိုတာ ကိုယ့်ကိုမွေးထားတဲ့မိဘတွေဆိုတော့လည်း ခန့်မှန်းမိနေတတ်တာ ခက်ပြန်ပါတယ်...။ 

အခိုက်အတန့်ခဏတော့ ဒီလောကမှာ နေသားမကျသေးတဲ့အခါ  .... ဆန့်ကျင်ဘက်ဘ၀ ၂ ခုကို ရုတ်ချည်းပြောင်းလိုက်သလိုဖြစ်နေတဲ့ခဏ ... ဘ၀အတွေ့အကြုံရယ်လို့ ထင်မှတ်မိတော့လည်း ဒီလိုအခိုက်အတန့်က ပျော်စရာကောင်းလာပြန်ပါတယ်..။ ဒီလိုအတွေ့အကြုံမျိုးတွေသာ မတွေ့ဖြစ်ခဲ့ရင် လောကကြီးက အမြဲသာယာလှပနေပြီး ပျော်စရာတွေချည်းပါလားလို့ ထင်နေတဲ့စိတ်က ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်တော့ပါဘူး..။ အခုတော့ တခါတလေမှာ တချို့ပတ်ဝန်းကျင်တွေက မွေ့လျော်ဖွယ်ကောင်းပေမယ့်လည်း တချို့ပတ်ဝန်းကျင်မျိုးကတော့ တခါကြုံတွေ့ဖူးတာနဲ့ နောက်တစ်ခါထပ်မဆုံချင်တော့လောက်အောင်  .. ခါးသီးတတ်မှန်း ကိုယ်တွေ့ကြုံခဲ့ရတာပေါ့...။ 

ကျောင်းအတူတက်ကြတဲ့ ကျောင်းသားဘ၀ဆိုတာ ဘ၀ရဲ့ ပျော်စရာအကောင်းဆုံးအချိန်ပဲ ..။ အဲဒီအချိန်က ချစ်ခင်မှု၊ နောက်ပြောင်မှု၊ ဖေးမမှု၊ မေတ္တာတရားတွေသာ လွှမ်းခြုံနေပေမယ့်လည်း ... တကယ့်ဘ၀ထဲ တိုးဝင်မိလို့ အလုပ်အတူတူတွဲလုပ်တဲ့အခါ ကျောင်းသားဘ၀နဲ့ စိတ်ထားတွေ ပြောင်းပြန်ဖြစ်သွားပါသတဲ့..။ သူငယ်ချင်းတွေက ချစ်ဖို့ကောင်းကြပါတယ်လို့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိတဲ့အခါ အဲဒီအချိန်က ကျောင်းသားဘ၀မို့ ချစ်ဖို့ကောင်းခဲ့တာ.. သူတို့နဲ့ အလုပ်အတူတွဲလုပ်မိရင် အဲလိုချစ်ဖို့ကောင်းမယ်ထင်သလားတဲ့..။ ကျောင်းသားဘ၀နဲ့ လုပ်ငန်းခွင်ဘ၀က အများကြီးကွာခြားတဲ့အကြောင်း ပြောပြလာပြန်တယ်..။ မဟုတ်လောက်ဘူးထင်တယ် လို့ ငြင်းဆန်ချင်ပေမယ့်လည်း ဟုတ်ချင်လည်း ဟုတ်မှာပေါ့လို့ပဲ ပြန်ပြောဖြစ်ခဲ့တယ်...။

တကယ်တမ်းတော့လည်း ဘ၀က ပျော်စရာကောင်းပါတယ်..။ အနိမ့်အမြင့်၊ အတက်အကျ၊ ပျော်လိုက်ဝမ်းနည်းစရာကောင်းလိုက်နဲ့ .. အဲဒီဘ၀ကို ဟန်ချက်ညီအောင် ခံနိုင်ရည်ရှိအောင် ဖြတ်သန်းဖို့ ကြိုးစားတဲ့အခါ ... ဘ၀က သက်တောင့်သက်သာရှိလာသလို ခံစားရတယ်...။ ဒီလို ဖိအားတွေ၊ အင်အားကြီးသူက ငယ်သူကို အနိုင်ကျင့်ဗိုလ်ကျမှုတွေ စတဲ့ အတွေ့အကြုံတွေကြားမှာ ဒါဟာ ဘ၀ပါလားလို့ ... သိတတ်လာပါပြီ ။ ဒါပေမယ့်လည်း ဟန်ဆောင်ပြုံးပြဖို့တော့ မတတ်နိုင်သေးဘူး...။ မိုးခါးရေသောက်ဖို့ဆိုတာ ... ဒီဘ၀တော့ မဖြစ်နိုင်ပါဘူး ....။ ဘ၀က ထင်သလောက်မလွယ်ပေမယ့် ထင်သလောက်လည်း မခက်ခဲပါဘူး..။ ကျော်ဖြတ်နိုင်တဲ့ အရှုံးမပေးတဲ့ သတ္တိပဲလိုတာပါ....။ သေချာတာတစ်ခုကတော့ ဘယ်တော့မှ အရှုံးမပေးသလို မိုးခါးရေဆိုတာကို ဘယ်တော့မှ သောက်မှာတော့မဟုတ်ပါဘူး...။

Yes. Definitely, Life is enjoyable with ups and downs. Anyway, this too will pass! I love it.

ဒါပေမယ့်လည်း အခြားသူတွေကို မပြောချင်လို့ .. မပြောတတ်လို့ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး စိတ်ညစ်၊ စိတ်ရှုပ်နေတာထက် .ဒီ Blog မှာ ခံစားရသမျှ ရင်ဖွင့်မိတော့လည်း .. စိတ်က ပျော်လာသလိုပဲ..။ ကျွန်မအနားမှာ သူထာဝရရှိနေခြင်းက ကံတရားက ပေးတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ ...။

4 comments:

Yoemyaykya said...

ဘရာဗို မမ။ မြှောက်ပေးတာမဟုတ်ဘူး။ အတွေးချင်းထပ်တူညီနေလို့။ ခံယူချက်ချင်း ညီမျှနေလို့။ မိုးခါးရေတော့ မသောက်နဲ့ မမ။ စည်းအပြင်ရောက်လဲ မတတ်နိုင်ဘူး။ အနည်းဆုံး အနည်းဆုံးတော့ လိပ်ပြာလုံတယ်။ ဟန်ဆောင်မထားတဲ့အတွက်လေ။

Anonymous said...

အမှားတွေ အမှားတွေ..ဒီမိုးခါးရေ...ဖြုဖြုကျော်သိန်းသီချင်းလေးတောင်သွားသတိရတယ်
ဘာပဲဖြစ်ဖြစ် အခြေအနေသစ်မှာ ကြုံလာသမျှတိုင်းအတွက် fighiting!!!
@Ahthu

စံပယ်ချို said...

သေချာတာတစ်ခုကတော့ ဘယ်တော့မှ အရှုံးမပေးသလို မိုးခါးရေဆိုတာကို ဘယ်တော့မှ သောက်မှာတော့မဟုတ်ပါဘူး..ဟုတ်တယ်ညီမလေးရေ ဘ၀ဆိုတာ ဒါပဲ..

Anonymous said...

ဘ၀ဆိုတာတခါတခါဝတ္ထုထက်ရှုပ်ထွေးတယ်။
လူတွေကလည်းရုပ်ရှင်ထဲကထက်ဝတ္ထုထဲကထက်တောင်
နိုင့်ထက်စီးနင်းလုပ်ချင်ကြတယ်။ လောဘကြီးကြတယ်။ အဆင်းတွန်းကြတယ်။
တခုပဲ..ကိုယ်ကမှန်မှန်နေခဲ့တာကသာကိုယ့်အတွက်အမြဲ
အင်အားပါ။ တချိန်မှာအမှန်ဖက်ကသူသာခေါင်းမော့နိုင်တာပါ။
ရှားပေမဲ့အတုယူသင့်လောက်အောင်ကောင်းတဲ့သူမျိုးတွေလည်းဘ၀တကွေ့ မှာကြုံအုန်းမှာပါ။
အို်င်အိုရာ

Follow Us @soratemplates