မကြာခင်
သီတင်းကျွတ်တော့မယ် ..♫♪♫
သီတင်းကျွတ်ကာလရောက်ရင်
ပျော်တယ်ဆိုတာက ဟိုးအရင်ကလေးဘ၀တုန်းကဆိုရင် မိုးကုန်ပြီး ဆောင်းရာသီကို ချဉ်းကပ်လာလို့ပါပဲ
..။ ငယ်ငယ်ကလေးဘ၀တုန်းကတော့ သီတင်းကျွတ်ပြီဆိုရင် အေးလာတတ်ပြီး အနွေးထည်စ၀တ်လို့ရနေပြီပေါ့
..။ တခါတခါလည်း နှင်းရည်စက်တွေ တဖျောက်ဖျောက်ကျလို့ ..။ ခုများတော့ အေးတယ်ဆိုတာ ဘာလဲလို့မသိရလောက်အောင်ကို
ရာသီဥတုက ပူပြင်းလွန်းလို့လေ ....။
ဒီလိုနဲ့ပဲ
အချိန်တွေ ရွေ့လျားလွန်းလို့ ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ရောက် လို့ ဆောင်းရာသီကို ရောက်လာပါတော့မယ်
..။
အောက်တိုဘာ++++
တကယ်တော့လည်း
အောက်တိုဘာက အမြဲတမ်း ကျမအတွက် ဘာသိဘာသာပါပဲ ..။ ကျောင်းတက်စဉ်ကတော့ Semester
break ရလို့ ကျောင်းတွေပိတ်ပြီဆိုပြီး ပျော်ခဲ့တဲ့ကာလပေါ့ ..။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က
အောက်တိုဘာမှာ အပြောင်းအလဲတစ်ခုကြုံခဲ့ရတယ် ..။ ကျောင်းပြီးလို့ မြန်မာနိုင်ငံပြန်ရောက်ပြီး
လုပ်ငန်းခွင်ပြန်ဝင်ခဲ့တဲ့ လတစ်လ ဖြစ်ခဲ့လို့ပါပဲ ..။ ဆန့်ကျင်ဘက်ဘ၀နှစ်ခုကို ရုတ်ချည်းပြောင်းလဲလို့
အသားကျအောင် လိုက်လျောညီထွေဖြစ်အောင် မနည်းကြိုးစားခဲ့တဲ့အချိန်တစ်ခု..။ နောက်ဆုံးတော့လည်း
အရာရာနဲ့ အလိုက်သင့်မျောပါပြီး အလုပ်တွေကြားထဲ နေသားတကျဖြစ်လို့နေပါပြီ ...။
ဒီနှစ်
အောက်တိုဘာကတော့ ကျမဘ၀အတွက် အပြောင်းအလဲတစ်ခုကို ထပ်ကြုံစေမယ့် အချိန်ကာလတစ်ခုဖြစ်ပါလိမ့်မယ်
...။ သီတင်းကျွတ်လို့ ယောက်ျားယူတော့မှာလို့တော့ မထင်လိုက်ပါနဲ့ ..။ အဲဒီအိမ်ထောင်ရေးကိစ္စလုံးဝမဟုတ်ပါဘူး...
:) :)
အလုပ်တော့
နည်းနည်းရှုပ်တာပေါ့ ....။ ပုံမှန်ထက် ၃ ဆ လောက်ရှုပ်တယ် ..။ အဲဒါကြောင့် ကျောင်းစာတွေ
သိပ်မလုပ်ဖြစ်ဘူး ..။ အပြင်စာတွေတော့ စိတ်အပန်းပြေအောင် အများကြီးဖတ်ဖြစ်တယ်...။ အဖတ်များတာကတော့
ရသစာတွေများပါတယ် ..။ စာရေးဖို့ကတော့ စက်တင်ဘာလထဲမှာ ပုံမှန်ထက် ရေးဖြစ်လိုက်တယ်
..။ ပုံမှန်တစ်လ ပို့စ်တစ်ခုနှုန်းတင်ရာကနေ စက်တင်ဘာမှာ ၃ ပုဒ်ရေးနိုင်ခဲ့တယ် ..။ ရေးချင်တဲ့စာတွေက
စိတ်ကူးထဲမှာ အများကြီးပဲ...။ ဒါပေမယ့် ချရေးတော့မယ်ဆိုရင် ဘာမှထွက်မလာတော့ဘူး ..။
ရေးချင်ရာချရေးဖို့ကလဲ Blog မှာ ပုံမှန်စာလာဖတ်သူတွေကို အားနာတယ် ..။
Blog နဲ့
Facebook နဲ့မတူတာက ဘလော့တွေမှာ စာဖတ်သူတွေဆိုတာ စာဖတ်ရတာကို ခုံမင်လွန်းလို့ တခုတ်တရဖတ်လေ့ရှိကြတဲ့
စာပေချစ်သူတွေလို့ ထင်မိပါတယ် ..။ အဲဒါကြောင့်သာ တကူးတကသွားဖတ်ရတဲ့ ဘလော့တွေကို အသေအချာလာဖတ်ကြတာပေါ့နော်
..။ အများအားဖြင့် အသက် ၂၀ အောက် လူငယ်တွေတော့ သိပ်ဖတ်လေ့ရှိကြမယ်မထင်မိဘူး ..။ မြန်မာနိုင်ငံကဆိုရင်
ပိုဆိုးတာပေါ့လေ ..။ ဖုန်းနဲ့အင်တာနက်အများဆုံးသုံးတဲ့နိုင်ငံမှာ အလွယ်တကူသွားလို့ရတဲ့
Facebook လို နေရာမျိုးမှာသာ ကျင်လည်နေကြပြီး ... တခုတ်တရသွားကြည့်ရတဲ့ Blog လိုနေရာမျိုးတွေကို
တော်ရုံစိတ်ဝင်စားမှုလောက်နဲ့တော့ ဘယ်သူမှ လာကြည့်ကြမယ်မဟုတ်ဘူးမလား..။ အဲဒီလိုဆိုတော့
စာဖတ်ဝါသနာပါသူများလောက်သာ တခါတလေဖတ်လေ့ရှိပြီး လူသူအရောက်အပေါက် နည်းတဲ့နေရာတစ်ခုမှာ
လေးလေးနက်နက်ရေးတဲ့အရာတွေပဲ တင်ချင်တဲ့အတွက် ပို့စ်တွေတင်တာကျဲတာ လည်း ဖြစ်ပါတယ် ..။
နောက်တစ်ချက်က မြန်မာနိုင်ငံမှာ မိဘနဲ့၊ အလုပ်နဲ့ဆိုတော့ ပျင်းချိန်မရှိတာကြောင့် အပျင်းပြေမရေးဖြစ်တာကြောင့်လည်း
ပါပါတယ် ..။
ဘလော့ဂါမောင်နှမတချို့ရဲ့
မိတ်ဆက်ပေးမှုနဲ့ .. ဂျာနယ်တစ်ခုမှာ ကျမရေးတဲ့ ပို့စ် တချို့တလေ ကို တွေ့လာရပါပြီ ..။
ဒါလည်း အပြောင်းအလဲတစ်ခုပါပဲ ..။ ကျမဘာသာဆို အေးအေးနေတတ်တာနဲ့ ဘယ်သူနဲ့မှလည်း မချိတ်ဆက်မိဘူးလေ..။
စာတွေရေးပြီး မဂ္ဂဇင်းတွေပို့ကြည့်မယ်ဆိုပြီး စိတ်ကူးထားပေမယ့် စာတိုက်သွားဖို့ဆိုတာလည်း
မသွားချင်၊ email နဲ့ပဲပို့ချင်တာကြောင့် ဘယ် Magazine တွေရဲ့ email မှလည်း မသိတာကြောင့်
ဘယ်ကိုမှ မပို့ဖြစ်ပါဘူး..။ သိချင်ရင် မေးပေါ့ဆိုရင်လည်း ဘယ်သူ့မှ သွားမမေးဖြစ်တော့
ဘယ်လိပ်စာမှ မသိဘူး ..။ :D တစ်ယောက်တည်းနေတယ်ဆို တစ်ကယ်ကို တစ်ယောက်တည်းနေတတ်တဲ့ ပေကပ်ကပ်လူမျိုး..။
Blog လောက အွန်လိုင်းလောကမှာသာ ဘာသိဘာသာ သူငယ်ချင်းမိတ်ဆွေသိပ်မရှိဘဲနေတတ်ပေမယ့် အပြင်မှာတော့
စကားတော်တော်ပြောတဲ့ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိကိုဖြစ်လို့ ..။
အောက်တိုဘာမှာ
ဘာလိုချင်သလဲဆိုရင် ကြံစည်သမျှ ကြိုးစားထားသမျှ အောင်စေသော်ဝ်ပေါ့ :)
နောက်တစ်ခုက
ရာသီဥတု မြန်မြန်အေးလို့ ဆောင်းကို နေ့ချင်းညချင်းရောက်ပါစေ ..။ စာတွေအများကြီး ရေးနိုင်ပါစေ..။
ဝတ္ထုတွေရေးတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ ..။
အားလုံးလည်း
ဘေးရန်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ပါစေ..။
No comments:
Post a Comment