အားလုံး မင်္ဂလာပါနော် ..။
ဒီနေ့တော့ ဘုရားဖူးတဲ့အတွေ့အကြုံလေးတစ်ခုကို share ချင်ပါတယ် ..။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲမှာ တိုကျိုကို သွားလည်ဖြစ်တယ် ..။ အလုပ်နဲ့ဆိုတော့ လည်တာက နည်းနည်းရယ်ပါ ..။ Korea town ရယ် Ushiku ဘုရားရယ်ပဲ ရောက်ဖြစ်ပါတယ်..။ မြန်မာတွေကြားထဲ နာမည်ကြီးတဲ့ Kamakura Buddha ကတော့ အရင်တစ်ခေါက်ကရောက်ပြီးသားမို့ ဒီတစ်ခါ သွားမဖူးတော့တာပါ ..။
တိုကျိုမှာတော့ အားလုံးသိကြတဲ့အတိုင်း ရထားနဲ့ပဲ သွားကြပါတယ် ..။ ရထားအားလုံးလိုလိုရဲ့ ခရီးစဉ်တွေအားလုံးကို Google map ထဲမှာ ရှာလို့ရတာကြောင့် အင်တာနက်သာရှိမယ်ဆိုရင် ကိုယ့်ဘာသာသွားလို့လာလို့ အဆင်ပြေပါတယ် ..။ မျက်စိလည်စရာရယ်လို့ မရှိပါဘူး...။ အင်တာနက်သာမပါရင်တော့ ရွာလည်နေမှာ သေချာတယ် ..။
နောက်ရက်မှာတော့ တိုကျိုကနေ တစ်နာရီခွဲလောက်သွားရတဲ့ Ushiku ဘုရားကို သွားဖူးပါတယ်..။ အဲဒီကိုသွားဖို့ဆိုရင် Ushiku station အထိကို ရထားစီးသွားရပြီး အဲဒီဘူတာကနေမှ ဘုရားကို ဘတ်စ်ကားရှိပါတယ် ..။ ဘုရားအရှေ့ထိရောက်တော့ အဆင်ပြေပါတယ် ...။
Ushiku ဘုရားက ရပ်တော်မူဘုရားဖြစ်ပြီး ညဏ်တော်အမြင့်က ၁၂၀ မီတာရှိပြီး ကမ္ဘာ့ညဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရား ၃ ဆူထဲမှာ ပါပါတယ်..။ ဘုရားအတွင်းထဲမှာ elevator နဲ့ တက်လို့ရပြီး လေ့လာလို့ရပါတယ် ..။ ဘုရားရုပ်ထုတော်က ၁၉၉၃ ခုနှစ်မှာ ထုလုပ်တည်ထားတာမို့ သက်တမ်းတော့ သိပ်မကြာသေးပါဘူး..။ တိုကျိုကနေ သွားရတာ နည်းနည်းဝေးတာကြောင့်လည်း မြန်မာဘုရားဖူးတွေ သိပ်မသွားကြတာဖြစ်မယ်ထင်ပါတယ်..။ ဘုရားဆီမရောက်ခင်မှာ Outlet mall တစ်ခုရှိတာကြောင့် တော်တော်များများတော့ ဈေးဝယ်ရင်း ဘုရားဖူးရင်း သွားကြပါတယ်..။
ဘုရားပရဝုဏ်ထဲမှာ ပန်းတွေမျိုးစုံစိုက်ပျိုးထားတာကြောင့် မြင်ကွင်း စိမ်းစိုနေတာမို့ သဘာဝအလှကိုကြိုက်တဲ့ ကျမအတွက်တော့ ကျေနပ်စရာပါ ..။ အလှအပတွေမှာဆိုရင် ကျမက လူတွေပြုပြင်ဖန်တီးထားတာထက်ကို သဘာဝအလှမျိုးတွေကို ပိုချစ်တတ်သူမို့ပါ ..။ ပန်းတွေက ရာသီအလိုက်ပြောင်းစိုက်ကြပါတယ် ..။ ကျမသွားတဲ့အချိန်မှာတော့ လာဗင်ဒါပန်းတချို့လည်း နည်းနည်းစိုက်ထားတာတွေ့ရတယ် ..။
ဘုရားပရဝုဏ်ထဲမှာ ပန်းခင်းလေးတွေအပြင် စိမ်းစိုလန်းဆန်းနေတဲ့ တောအုပ်ကလေးတွေ လမ်းကလေးတွေနဲ့ ကြည်နူးစရာကောင်းသလို ဓါတ်ပုံရိုက်ဖို့လည်း အင်မတန်ကောင်းလှပါတယ် ..။ မြင်နေကျ မြင်ကွင်းတွေနဲ့ မတူတဲ့ သဘာဝဆန်တဲ့ ခံစားချက်မျိုးကို ရရှိမှာမို့ ကျမကတော့ တိုကျိုကိုလည်မယ့်သူတွေကို သွားဖူးကြဖို့ တိုက်တွန်းချင်ပါတယ် ..။
အားလုံးပဲ လာလည်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် .။ ဒီတလောမှာ လည်ပတ်တာတွေ များတာကြောင့် ရေးစရာတွေတော့ အများကြီးပါပဲ ..။ အလျဉ်းသင့်သလို ရေးသွားမယ်နော် ..
💕💕💕💕💕
ဒီနေ့တော့ ဘုရားဖူးတဲ့အတွေ့အကြုံလေးတစ်ခုကို share ချင်ပါတယ် ..။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲမှာ တိုကျိုကို သွားလည်ဖြစ်တယ် ..။ အလုပ်နဲ့ဆိုတော့ လည်တာက နည်းနည်းရယ်ပါ ..။ Korea town ရယ် Ushiku ဘုရားရယ်ပဲ ရောက်ဖြစ်ပါတယ်..။ မြန်မာတွေကြားထဲ နာမည်ကြီးတဲ့ Kamakura Buddha ကတော့ အရင်တစ်ခေါက်ကရောက်ပြီးသားမို့ ဒီတစ်ခါ သွားမဖူးတော့တာပါ ..။
Korea town ရောက်တာနဲ့ ကိုရီးယားဆိုင်မှာ အရင်ဆုံး စားဖြစ်တယ် ..။ ကျိုတိုမှာဆိုရင် Korea products တွေ အထူးသဖြင့် skincare products တွေရောင်းတဲ့ဆိုင်ဆိုတာမရှိတော့ ရောက်တုန်းရောက်ခိုက် နာမည်ကြီးတဲ့ Facial masks တွေ ဝယ်ဖြစ်တယ်.။ အခြားပစ္စည်းတွေတော့ သိပ်မဝယ်ဖြစ်ပါဘူး။ ဂျပန်ကထုတ်တာတွေပဲ သုံးဖြစ်နေတာကြောင့်ပါ ..။
နောက်ရက်မှာတော့ တိုကျိုကနေ တစ်နာရီခွဲလောက်သွားရတဲ့ Ushiku ဘုရားကို သွားဖူးပါတယ်..။ အဲဒီကိုသွားဖို့ဆိုရင် Ushiku station အထိကို ရထားစီးသွားရပြီး အဲဒီဘူတာကနေမှ ဘုရားကို ဘတ်စ်ကားရှိပါတယ် ..။ ဘုရားအရှေ့ထိရောက်တော့ အဆင်ပြေပါတယ် ...။
Ushiku ဘုရားက ရပ်တော်မူဘုရားဖြစ်ပြီး ညဏ်တော်အမြင့်က ၁၂၀ မီတာရှိပြီး ကမ္ဘာ့ညဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရား ၃ ဆူထဲမှာ ပါပါတယ်..။ ဘုရားအတွင်းထဲမှာ elevator နဲ့ တက်လို့ရပြီး လေ့လာလို့ရပါတယ် ..။ ဘုရားရုပ်ထုတော်က ၁၉၉၃ ခုနှစ်မှာ ထုလုပ်တည်ထားတာမို့ သက်တမ်းတော့ သိပ်မကြာသေးပါဘူး..။ တိုကျိုကနေ သွားရတာ နည်းနည်းဝေးတာကြောင့်လည်း မြန်မာဘုရားဖူးတွေ သိပ်မသွားကြတာဖြစ်မယ်ထင်ပါတယ်..။ ဘုရားဆီမရောက်ခင်မှာ Outlet mall တစ်ခုရှိတာကြောင့် တော်တော်များများတော့ ဈေးဝယ်ရင်း ဘုရားဖူးရင်း သွားကြပါတယ်..။
ဘုရားပရဝုဏ်ထဲမှာ ပန်းတွေမျိုးစုံစိုက်ပျိုးထားတာကြောင့် မြင်ကွင်း စိမ်းစိုနေတာမို့ သဘာဝအလှကိုကြိုက်တဲ့ ကျမအတွက်တော့ ကျေနပ်စရာပါ ..။ အလှအပတွေမှာဆိုရင် ကျမက လူတွေပြုပြင်ဖန်တီးထားတာထက်ကို သဘာဝအလှမျိုးတွေကို ပိုချစ်တတ်သူမို့ပါ ..။ ပန်းတွေက ရာသီအလိုက်ပြောင်းစိုက်ကြပါတယ် ..။ ကျမသွားတဲ့အချိန်မှာတော့ လာဗင်ဒါပန်းတချို့လည်း နည်းနည်းစိုက်ထားတာတွေ့ရတယ် ..။
အားလုံးပဲ လာလည်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် .။ ဒီတလောမှာ လည်ပတ်တာတွေ များတာကြောင့် ရေးစရာတွေတော့ အများကြီးပါပဲ ..။ အလျဉ်းသင့်သလို ရေးသွားမယ်နော် ..
💕💕💕💕💕
No comments:
Post a Comment