ဂျပန်မှာကတည်းက အဲဒီက လူတော်တော်များများ daily planner သုံးပြီး တစ်ရက်ပြီးတစ်ရက် လုပ်ရမယ့် List to do တွေနဲ့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တာကို သဘောကျပြီး planner ကို သုံးဖြစ်ခဲ့တာ။ ဒီတစ်ပတ် ဒီရက် ဘာလုပ်မယ်ဆိုတာ plan လေးတွေ ချရေး။ အတတ်နိုင်ဆုံးတော့ ပြီးအောင်လုပ်၊ မလုပ်နိုင်ရင် စိတ်ဓာတ်ကျနဲ့ လုံးလည်ချာလည် လိုက်နေပေမယ့် နေ့တိုင်းလိုလို မပျက်မကွက် အကျင့်တစ်ခုလို ရေးဖြစ်တယ်။ အဲဒီမှာတော့ Planner တွေက ဈေးကြီးသလို quality လည်း ကောင်းလှတယ်။ ၂၀၁၈ အတွက် planner က နာမည်ကြီးတဲ့ Moleskine ဆိုတဲ့တံဆိပ်ကို ဝယ်ဖြစ်ခဲ့တယ်။ ဂျပန်မှာတုန်းက ဝယ်တာဆိုတော့ အမေဇုန်ကနေ မှာလိုက်ရုံပဲမို့ ချက်ချင်းရတာပေါ့လေ။ အဲဒီ Planner လေးက ရိုးရိုးရှင်းရှင်းလေးပဲ။ တစ်ဖက်မှာ Daily planner ကို တစ်ပတ်စာပါတယ်။ အခြားတစ်ဖက်မှာတော့ note အတွက် ထားတာပေါ့။ ကျမတော့ အဲဒီအခြားတစ်ဖက်ကို weekly planner သဘောမျိုး တစ်ပတ်လုံးလုပ်ရမယ့်ဟာတွေကို ချရေးဖြစ်တယ်။ တစ်ခါတလေလည်း တစ်ပတ်အတွင်း ကိုယ်ဖတ်နေတဲ့စာအုပ်နာမည်တွေလည်း ရေးတယ်။ အဲဒါမှ ကိုယ် ဘာစာအုပ်တွေဖတ်ပြီးပြီလဲဆိုတာ မှတ်မိအောင်လို့ပါ။ ရှုပ်ယှက်ခပ်နေတာတွေမကြိုက်တတ်တဲ့ ကိုယ့်အတွက် အဲဒီ ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးက တကယ်အဆင်ပြေပါတယ်.။
၂၀၁၈ ကုန်ခါနီးပြီဆိုတော့ အသစ်ဝယ်ဖို့ စဉ်းစားနေချိန် ဟိုတလောကသွားတက်ခဲ့တဲ့ forum က planner လက်ဆောင်ပေးတယ်။ ဒါပေမယ့် planner အတွက် အကွက်ကလေးတွေကသေးပြီး နောက်ပိုင်း ဒိုင်ယာရီလိုစာမျက်နှာတွေကများလို့ သိပ်မကြိုက်လှဘူး။ အဲတော့ ကိုယ်အမြဲတမ်းကြည့်ဖြစ်တဲ့ youtuber တစ်ယောက်ဖြစ်တဲ့ Lavendaire ရဲ့ artist of life workbook ရယ် daily planner ရယ်ကို နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဝယ်ဖို့ နေ့တိုင်း စိတ်ကူးယဉ်၊ သူ့ရဲ့ website ထဲ ခဏတိုင်းဝင်ကြည့်နဲ့ ကိုယ့်မယ် အလုပ်တွေဖြစ်လို့။ သူ့ရဲ့slogan ဖြစ်တဲ့ Create today ဆိုတာလေးကို သဘောကျတာ။ သူ့ရဲ့ vlog တွေမှာလည်း အမြဲတမ်းပြောလေ့ရှိတယ်။ တစ်နေ့ကိုတစ်ခုခုတော့ ဖန်တီးပါတဲ့။ စာတစ်ပုဒ်ပဲဖြစ်ဖြစ်၊ vlog ပဲဖြစ်ပါစေ ကိုယ့်ဝါသနာကို အရင်းတည်တဲ့ creation တစ်ခုခုပေါ့။ သူ့ရဲ့ inspire ဖြစ်စေတဲ့ vlog တွေကြောင့် ကိုယ့်ရဲ့ blogging ကို ပြန်အသက်သွင်းဖြစ်သလို နောက်ပိုင်းဆိုရင် YouTube မှာ vlog လေးတွေရိုက်ဖြစ်အောင်လည်း ကြိုးစားချင်တယ်။ အခုနောက်ပိုင်းက blog မှာ စာရေးတာကိုဖတ်တာထက် vlog မှာ အမူအရာ၊ စကားနဲ့ တင်ဆက်တာကို ပိုကြိုက်လာကြတယ်။ Trend ပြောင်းသွားတယ်ပဲဆိုပါတော့။
Photo credit: Lavendaire Facebook page
Daily planner အပြင် ဒီနှစ်တွေအတွင်း တစိုက်မတ်မတ် ကိုယ်လုပ်ဖြစ်နေတာက Journaling ပါပဲ။ Journal က Diary နဲ့ ဆင်တူသလို ရှိပေမယ့် သိပ်တော့လည်း မတူပြန်ပါဘူး။
📒Diary က နေ့စဉ်မှတ်တမ်းလိုမျိုး ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေကို မှတ်တမ်းတင်တာ များပါတယ်။ 📖 Journal ကတော့ ဒိုင်ယာရီလိုနေ့စဉ်မှတ်တမ်း
Journaling လုပ်တဲ့အခါ ညအချိန်ထက် မနက်မှာရေးတာက စိတ်ကူးအတွေးတွေ ပိုဆန်းသစ်စေသလို မနက်နိုးစမို့ အကောင်းမြင်စိတ်လဲ ပိုများကာ အရင်နေ့က ခံစားခဲ့သမျှတွေအတွက် ပိုပြီး ဖြေသာစေပါလိမ့်မယ်။ အဲဒါကြောင့်လည်morning journal လို့ ခေါ်ကြတာများပါတယ်။
အရင်ကတော့ ကွန်ပျူတာထဲမှာ ရိုက်တယ်။ အခုနောက်ပိုင်းတော့ တစ်နှစ်မှာ စာအုပ်တစ်အုပ်အဖြစ်ရှိနေဖို့ရယ်၊ လက်နဲ့ရေးလေ့မရှိတော့လို့ စာမရေးတတ်တော့ဘဲ ပဲပင်ပေါက်လိုဖြစ်နေတဲ့ လက်ရေးကို ပိုလှလာအောင် ပြန်ကျင့်ဖို့ရယ် စာအုပ်နဲ့ ရေးဖြစ်တယ်။ ဘာအကြောင်းအရာပဲဖြစ်နေပါစေ တစ်ရက်ကို တစ်မျက်နှာအပြည့် ရေးနိုင်အောင် ကြိုးစားတယ်။ အိမ်မှာရှိတဲ့ရက်တိုင်းတော့ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်နဲ့ Journal ရေးတဲ့အချိန်ဟာ တကယ်စိတ်ချမ်းသာရတယ်။ စာရေးတာက ကိုယ့်ရဲ့ဝါသနာဖြစ်တာကြောင့်လည်း ပါပါလိမ့်မယ်။ ကိုယ်က အနုအရွသိပ်မခံစားတတ်၊ မမွမ်းမံတတ်တော့ Journal ကို sticker အနည်းငယ်ကလွဲရင် သိပ်တော့ အလှမဆင်တတ်ဘူး။ အချို့ အလှအပခံစားတတ်တဲ့သူမျိုးဆိုရင်တော့ စိတ်ကူးထဲပေါ်သမျှ အလှဆင်ရင်းနဲ့ သူ့ရဲ့ Journal လေးဟာ မျက်စိပသာဒဖြစ်ပြီး သူ့ဘာသာ စိတ်ချမ်းသာနေလိမ့်မယ်ထင်တယ် 📖🖊📝
နောက်ရက်တွေမှာတော့ journaling နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ထပ်ဝေမျှပါဦးမယ် 📝📖📕
2 comments:
planner စာအုပ်လေးထားပြီး ကိုယ်နေ့စဉ် အလုပ်လုပ်ရမှာကို ရေးမှတ်သတိပေးတာ သိပ်ကို စနစ်ကျပါတယ်...။ အထူးသဖြင့် မေ့တတ် မေ့လွယ်တဲ့ အရွယ်မှာ Planner နဲ့ ဖုန်း Alarm တွေရှိတဲ့အတွက် အဆင်ပြေစေတယ်...။ ဒီမှာတော့ နိုင်ငံခြားမှာလို Planner စာအုပ်ကို သိပ်ပြီး သွင်သွင်ကျယ်ကျယ်မသုံးကြတာလား နေခြည်ဦး Planner စာအုပ်ကိုတော့ သူ အကြော်ငြာကောင်းလို့ သတိထားမိကြတာ...။ အစ်မကတော့ သူငယ်ချင်းတစ်ယောက်ကုမ္ပဏီက နှစ်တိုင်းပေးလေ့ရှိတဲ့ daily note book လေးကို သုံးဖြစ်တာ လေးငါးခြောက်နှစ်လောက်ရှိပြီ...။ နေ့စဉ်မှတ်ရမယ့် အလုပ်အတွက် အဓိကအချက်အလက်ကိုပဲမှတ်ရတာမို့ စာအုပ်သေးသေးလေးက အဆင်ပြေပါတယ်..။ မြန်မာပြည်မှာ အလုပ်လုပ်ကြတာ အဲလိုစာအုပ်လေးတွေရေးမှတ်ကြတာကို သိပ်ပြီးအကျင့်မရှိကြသလိုပဲ...။ ကိုယ်တိုင်က အလုပ်မှာ စာအုပ်မရှိတဲ့သူကို ရော့ ဒီစာအုပ်လေးယူ အလုပ်တွေကို နေ့စဉ်ရေးမှတ်ကြလို့ တိုက်တွန်းနေရတုန်း..။ ကိုယ်ကလည်း စာရေးတာဝါသနာပါနေသူဖြစ်လေတော့ စာအုပ်နဲ့ပတ်သက်ရင် ခရေဇီဖြစ်နေတာကိုး..း)
မိုးငွေ့
ဟုတ်တယ် အစ်မမိုးငွေ့။ ဒီမှာတော့ Planner ကို သိပ်သုံးလေ့မရှိကြဘူး။ နေခြည်ဦးရဲ့စာအုပ်လေးလည်း ဝယ်ဖို့စဉ်းစားမိသေးတယ်။ Lavendaire planner ဆိုရင် ၅၀၀၀၀ လောက်ကုန်မှာဆိုတော့ ဒီကဟာပဲ ဝယ်မလားစဉ်းစားပေမယ့် သူ့စာအုပ်က သူ့ကို အရမ်းခရေဇီဖြစ်တဲ့သူနဲ့မှ ကိုက်မယ်ထင်လို့ မဝယ်ဖြစ်တော့ပါဘူး။ တစ်အုပ်လုံးမှာ သူ့အကြိုက် စိတ်ကူး၊ အိုင်ဒီယာတွေပဲဆိုတော့ ကိုယ့်စာအုပ်ထက် သူ့စာအုပ်ပဲ ဖြစ်နေမလားလို့လေ။ ညီမကတော့ ကိုယ့်ဘာသာ customize လုပ်ဖြစ်တာမျိုးကို ပိုသဘောကျမိတာကြောင့်ပါ။
Post a Comment