Friday, 11 May 2012

# My Own Feelings

♥ သစ်တစ်ပင်ရဲ့ဆန္ဒ ♥


သူတို့ဘ၀အေးချမ်းဖို့… ငါ့အရိပ်တွေနဲ့ မိုးပေးထားခဲ့ဖူးပေမယ့်
သူတို့အနွေးဓါတ်ရဖို့
ငါ့ဘ၀လောင်ကျွမ်းပေးခဲ့ရပြန်တယ်…။
သူတို့တွေရဲ့ဘ၀တွေ လှပစေဖို့
စားဝတ်နေရေး အဆင်ပြေစေဖို့
ငါ့ဘ၀ငါ့အသက်တွေ စတေးခဲ့ရတယ်…။
လှပတဲ့ အသွေးအသားတွေရဖို့ဆိုပြီး…
ဓါတ်ခွဲခန်းတွေမှာ.. လိင်မဲ့နည်းပညာတွေသုံး..
ငါ့ဘ၀မျိုးတုံးအောင်လည်း… လုပ်တတ်ကြသေးတယ်..။
ရလာတဲ့ မျိုးမစစ် Hybrid တွေကို အမည်အမျိုးမျိုးပေး….
မူရင်းမျိုးစိတ်တွေထက် နေရာပိုပေးတတ်ကြသေးတယ်..။ 
တိုးလာတဲ့လူဦးရေတွေအတွက်..
နေစရာနေရာတွေရဖို့.. ငါတို့ပိုင်နက်တွေထဲ ကျူးကျော်..
တိုက်တာအဆောက်အဦတွေ တခါတရံ ဖန်တီးတတ်ကြသေးတယ်..။
ဘာပဲဖြစ်ဖြစ်… သူတို့ခြံဝင်းထဲမှာတော့
အနံ့မွှေးတဲ့ ပန်းပင်တွေ..
အရသာရှိတဲ့ သစ်သီးတွေကို မွေးထုတ်ပေးနိုင်တဲ့ အသီးပင်တွေပဲ
နေရာပေးတတ်ကြ.. ချစ်ခင်ယုယကြင်နာတတ်ကြပြီး
လတ်တလော ဘာမှမပေးနိုင်တဲ့သစ်ပင်တွေကိုတော့
မဆိုင်သလို လျစ်လျူရှု….
သစ်ပင်ဆိုတာ သစ်တောထဲမှာပဲ ရှင်သန်ကြတာပါဆိုပြီး
ဥပေက္ခာပြု.. အိမ်ခြံဝင်းထဲ တယုတယ စိုက်ပျိုးဖို့တော့
တချို့တွေ မေ့နေတတ်ကြပြန်ပါသေးတယ်..။ 
ငါတို့ဘ၀တွေအတွက် နေစရာနေရာရှားလာပြန်တော့
တောတွေပြုန်းလို့.. ငါတို့မရှိတော့လို့
ကမ္ဘာကြီး ပိုမိုပူနွေးလာတာဆိုပြီး.. ညည်းညူတတ်ကြပြန်ပါတယ်..။

သူတို့နေ့စဉ်ဘ၀တွေ သက်သောင့်သက်သာပိုရှိဖို့
စက်မှုလုပ်ငန်းတွေချဲ့ထွင်.. မှန်လုံအိမ်ဓါတ်ငွေ့တွေ ပိုထုတ်အောင် ဖန်တီး
ပြီးမှ မရှုနိုင်မကယ်နိုင်.. ရာသီဥတုဖောက်ပြန်မှုတွေဖြစ်..
ကမ္ဘာကြီး ပူနွေးမှုပြဿနာကြီးမားလာတော့မှ
ငါတို့ဘ၀တွေကို သတိရကြပြန်တယ်…။

အော်… လောကကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို ဖယ်ရှားပေးနိုင်တာဆိုလို့
ငါတို့ပဲ ရှိတယ်ဆိုတာ… သူတို့တွေပဲ ရှာရှာဖွေဖွေသိကြပြန်တာကိုး..။
 အဲဒါနဲ့ပဲ အကြီးမြန်သစ်ပင်တွေစိုက်လိုစိုက်
အပင်တွေမြန်မြန်ကြီးအောင် သက်တမ်းတိုတိုနဲ့.. သစ်သားတွေထုတ်နိုင်အောင်
အမျိုးမျိုးသော နည်းလမ်းတွေကို အသုံးချ
ငါတို့ဘ၀တွေကို.. ချယ်လှယ်ကြပြန်ပါတယ်..။
လောကကြီးမှာရှိတဲ့.. သက်ရှိတွေထဲ
ငါတို့လည်း တစ်မျိုးအပါအ၀င်ပဲဆိုတာ
သူတို့ သတိမထားမိတာလား… သိသိနဲ့ပဲလား
ငါတော့ သေချာမပြောတတ်ပါဘူး..
ငါက စကားပြောတတ်တဲ့ သက်ရှိမှ မဟုတ်ခဲ့ပဲ..။
သစ်ပင်တွေသာ…. စကားပြောတတ်ခဲ့မယ်ဆိုရင်
သူတို့ကို… သက်တမ်းစေ့ရှင်သန်ခွင့်ပေးဖို့
သူတို့ရဲ့နေရင်းဒေသတွေ မပျောက်ပျက်ဖို့
သူတို့ကို မှီခိုနေရတဲ့ တောရိုင်းတိရိစ္ဆာန်လေးတွေ
 နေစရာစားစရာ မရှားပါးဖို့အရေး
ငါတို့အသက်တွေ ချမ်းသာပေးပါ….
ပန်းပင် သီးပင်တွေလိုပဲ.. ငါတို့ကို ခြံဝင်းထဲ တယုတယ ပြုစုမှုပေးပါ
သက်တမ်းစေ့ရှင်သန်ခွင့်ပေးပါ ဆိုပြီးများ
တောင်းဆိုကြလေမလား…..။

~~~~~~~~~~~~~~~~~~~~~~~
 (အပီအပြင် ခံစားရေးဖွဲ့ထားပါသည် ^_^)
ဓါတ်ပုံများမှာ ကိုယ်တိုင်ရိုက်ပုံများရော.. Google Image မှ ကူးထားသော ပုံများနှင့် Facebook မှ ရသော ပုံများကို အသုံးပြုထားပါသည်..။ အားလုံးကို ကျေးဇူးတင်ပါသည်..။ :D

11 comments:

ချစ်စံအိမ် said...

သစ်ပင်များများစိုက်တော့မယ် ဟီး
မမကတော့ပန်းပင်လေးတွေပဲစိုက်တော့
သူတို့တွေမမကိုစကားများပြောနေမလား
အတင်းများတုတ်နေမလားပဲ ဟီး
မတရားလို့ဆိုပြီတော့လေ..

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ဟုတ်တယ်မမစနိုးရေ၊ သူတို့ကိုအသုံးချရုံသက်သက်အသုံးချပြီး
ဂရုမစိုက်မိဘူးဖြစ်နေတယ်နော်၊ အပီအပြင်ခံစားရပါတယ်ဗျာ

မိုးသူ(တောင်ကြီး) said...

ဟိုက်ခ်ျ !!!! သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးပါလား
မိုက်တယ် ပိုစ့်မော်ဒန် တွေတောင်ရေးနေပြီကို
ချီးကျူးအားကျသွားပါတယ်
တလောကလုံးကို အကျိုးရှိစေတဲ့ ကဗျာမို့ လို့ ပါ

လွင်ပြင်လှိုင်းငယ် said...

စနိုရေ ကဗျာကော ပုံတွေကော လိုက်ဘက်ပြီးကောင်းမှ ကောင်း
စကားမစပ် သစ်ပင်ဆိုလို့ လွင်ပြင်မဒမ်က လွင်ပြင်ကို သစ်ပင်လေးလို့ခေါ်တာ ဟိ
သူများတွေလျှောက်မပြောပြနဲ့နော်

စံပယ်ချို said...

အမြန်ဆုံးလာရောက်ပြီး
အကြီးအကျယ် ခံစားလို့ပုံတွေတ၀ကြီးကြည့်ပြီး စာကိုသေချာဖတ်ခဲ့ပါတယ်ညလေးရေ
တကယ်ရေ
စဉ်းစားပြီး သေချာရေးထားတာပဲ

ရင်ဆူး said...

စနိုးရေ ငါလည်း အပီအပြင်ခံစားဖတ်ရှု့သွားပါတယ်...တကယ် သစ်ပင်တစ်ပင်ဖြစ်သွားတယ်လို့ကိုထင်ရတယ်....ကောင်းတယ်စနိုးရေ....အားပေးတယ်...

အောင်အောင် said...

ချနိုးရေ အပီအပြင် ခံစားသွားကြောင်း...အောက်ဆုံးရဲ့အထက်ကပုံက နိပုံလား ချနိုး (မှတ်ချက်...စတာနော်)

Snow May said...

:D အဲဒါ Emomonkey လေ. လူတွေလိုအနက်ရောင်ချယ်ရင် မမြင်ရမှာစိုးလို့ သူက အဖြူရောင်တွေပဲ ချယ်ထားတာ :P

Anonymous said...

မှန်လိုက်တယ်ကဗျာ..ရေသူအားလည်း ကျေးဇူးတင်ပါသည်..အပျိုကြီးမေ..တိန်

Unknown said...

အားပေးသွားပါတယ် အမရေ...
ဖတ်လို့ကောင်းလိုက်တာဗျာ....:)

Snow May said...

မောင်တလုံးကတော့ နာ့ကိုများ အပျိုကြီးတဲ့. ;(

Follow Us @soratemplates