အဲဒီလူတစ်ယောက်ပေါ့…………….
ကျမဖုန်းမက်ဆေ့ခ်ျတွေ
နှိပ်နေတာမြင်တိုင်း…. ကျမလက်ထိပ်တွေထိခိုက်မှာ စိုးရိမ်နေတတ်တယ်….။
နားနားကပ်ပြီး
ဖုန်းအကြာကြီးပြောတဲ့အခါတိုင်း… ကျမဦးနှောက်တွေထဲ….. လှိုင်းတွေ စီးဆင်းသွားမှာ စိုးရိမ်နေတတ်ပြန်တယ်…။
ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံးထိုင်နေတတ်တဲ့ကျမအတွက်… မျက်လုံးတွေထိခိုက်မှာ.. မျက်မှန်ပါဝါတွေထပ်တိုးရမှာကို…
ပူပန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်..။
ကျမအတွက်
သူကအရေးကြီးဆုံးလူတစ်ယောက်ဟုတ်မဟုတ်ဆိုတာ သူသေချာမသိပေမယ့်.. သူ့ဘ၀အတွက်တော့ ကျမက မျှော်လင့်ချက်တစ်ခုဖြစ်နေတယ်..။
ကျမရဲ့အပြုံးတွေဟာ….
သူ့အတွက်ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာ.. သူ့ရဲ့ရယ်မယောင်မျက်လုံးတွေကတဆင့်
ဘယ်သူမဆို အဓိပ္ပာယ်ဖော်နိုင်ပါတယ်….။
တခါတခါ…..
ကျမကြိုက်တတ်တဲ့ဟင်းတွေ… အစားအသောက်တွေကို စိတ်ပါလက်ပါ ချက်ပြုတ်တတ်တဲ့ လူတစ်ယောက်လည်း
ဖြစ်ပြန်ပါသေးတယ်..။
အတူတူဈေးဝယ်သွားတိုင်းလည်း….
ကျမ၀ယ်သမျှမညည်းမညူ အကုန်အကျခံငွေရှင်းပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်..။ စားသောက်ဆိုင်မှာ….
ဝယ်စားလေ့ရှိတိုင်းလည်း…. သူပဲဒိုင်ခံငွေရှင်းတတ်သူလည်း ဖြစ်ပြန်ပါတယ်…။
တခြားသူတွေနဲ့ဆိုရင်
ရုပ်တည်ကြီးနဲ့လို့အထင်ခံရတဲ့သူက ကျမအတွက် ရယ်စရာဟာသများကို ပြောပြတတ်၊ လုပ်ပြတတ်သူလည်းဖြစ်ပါတယ်….။
လိုချင်တာတစ်ခုခုရှိရင်
ပုတီးစိပ်သလို တတွတ်တွတ်ရွတ်တတ်တဲ့ ကျမအတွက် ကျမလိုချင်သမျှကို မဖြစ်မနေဖြည့်ဆည်းပေးတတ်သူလည်း
ဖြစ်ပြန်ပါတယ်….။
ကျမရဲ့အောင်မြင်မှုတွေကို
တွေ့ရှိရင် သူ့သူငယ်ချင်းတွေကြားမှာ… ငွေကြေးအကုန်အကျခံပြီး…. ဂုဏ်ယူဝံ့ကြားနေတတ်ပြန်ပါသေးတယ်..။
ကျမ မကြိုက်လို့ဆိုပြီး
အရက်သောက်တတ်တဲ့အကျင့်ကို စွန့်လွှတ်ထားပေမယ့်… ကျမ မကြိုက်တဲ့ဆေးလိပ်ကိုတော့ အခုအချိန်ထိ
သောက်နေဆဲသူတစ်ယောက်လည်း ဖြစ်ပါတယ်…။
ကျမမတောက်တခေါက်ရေးတတ်တဲ့
ကဗျာတွေ အက်ဆေးတွေကို စိတ်ဝင်တစားဖတ်ရှုလေ့ရှိပြီး…. စာရွက်အပိုင်းအစလေးများကို အမှတ်တရ
သိမ်းထားပေးတတ်ပြန်ပါတယ်…။ အဲဒီစာရွက်အပိုင်းအစလေးတွေကို ပြန်မြင်ရင် ရှက်တတ်တဲ့ကျမကို
စာတွေရေးဖို့ စာတွေဖတ်ဖို့ တွန်းအားပေးတတ်သူလည်း ဖြစ်ပါတယ်…။
အမြင်ကို
ပျံသန်းဖို့ တောင်ပံတွေတပ်ပေးခဲ့ပြီး…အသိုက်ထဲကနေ ပျံသန်းသွားတဲ့ ငှက်ကလေးကို သတိရလွမ်းဆွတ်နေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်….။
အဲဒီငှက်ကလေးက လောကကြီးထဲမှာ ပျံသန်းရင်း ပညာစုံရင် အသိုက်ကလေးထဲကို ပြန်လာမယ်ဆိုတာ….
သူသေချာသိပေမယ့်… နောက်ထပ်လေ့လာရမယ့် လောကကြီးထဲက သင်ခန်းစာတွေအတွက်….. ဆက်လေ့လာနေဖို့တော့
သူ့အလွမ်းတွေ သူ့အတ္တတွေကို မျိုချပြီး…. လိုအပ်တဲ့အတောင်ပံတွေကို … ဆက်တပ်ပေးဖို့..
သူအမြဲအဆင်သင့်ရှိနေပြန်ပါတယ်…။
ဖေဖေ့ကို
ကျမအရမ်းချစ်ပါတယ်….။ ကျမအဖေက အဲဒီလိုလူတစ်ယောက်ပါ…။ မိဘတိုင်း သားသမီးကို ချစ်တဲ့အချစ်ဆိုတာတော့
စာဖွဲ့ပြလို့ မမှီနိုင်ဘူးဆိုတာ သိပေမယ့်… ဒီတစ်ခါတော့ အဖေ့ရဲ့ကျမအပေါ်မှာ ထားတဲ့အချစ်တွေကို
စာတစ်ပုဒ်အဖြစ် ဖန်တီးဖြစ်ခဲ့တယ်..။ ဒါပေမယ့် ကျမရေးဖွဲ့ထားတာထက် ကျမအဖေရဲ့အချစ်တွေက
ပိုတယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်..။
♥ ♥ ............................................... ♥ ♥
လာရောက်ခံစားဖတ်ရှုပေးသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် ♥
20 comments:
ဟုတ်ပါတယ် အဖေတိုင်းက မေတ္တာကြီးမားကြပါတယ်
လွယ်အိတ်လေးတလုံး..ပုခုံးဆွဲလို့..ထွတ်သွားတဲ့..ဖေဖေ...။နံနတ်မိုးသောက်အလင်းမှ..ဆည်းဆာနေဝင်သည့်တိုင်...
မိသားစုအရေးတွက် လုံးပန်းရှာ..တနေဝင်တနေထွတ် နေ့ရက်အစဉ်တိုင်း...။
အကြင်နာလေးမြတ်လို့ သားသမီးရှေ့..သူမမောပန်းသလို..ဝေဆာတဲ့အပြုံးလေးများ..အမြဲလွမ်းမိုးကာထား..........။
နာကျင်မူ့များ နျလုံးသားထဲကြိတ်မှိတ်ခံ..ဝေဒနာတွေအား သိမ်းဆည်းလို့သာထား...။
ဘဝခရီးလှိုင်းတွေ ကြမ်းတမ်းလို့နေပါစေ..သူမမူ့ခဲ့ပါဘူး..မိသားစုအရေးတွက်..စောင့်ရှောက်ပေးနေသူ..
အို..နတ်ရှိုင်းလှတဲ့အဖေ့ရဲ့မေတ္တာကြီးလွန်းနေလို့..ကျေးဇူးတရားများဆပ်လို့မကုန်ဘူး....ဖေဖေရဲ့အတွက်..ဖေဖေများအတွက်..ဖေဖေအတွက် သီချင်းတပုဒ်ညည်းဆိုမယ်...။
ဖတ်နေရင်နဲ့အဖေဖြစ်သွားတာဟီ အဖေအဖေ သြော် အဖေ
ဟားဟား စာအရေးအသားလေးသိုသိပ်လှချေလား
ပထမက ချစ်သူကိုရည်ညွှန်းတယ်ထင်နေတာ
ဖတ်ရင်းနဲ့ အောက်ဆုံးရောက်တော့မှ ဖေဖေဖြစ်နေတော့သကို
ရေးထားတာအရမ်းကောင်းတယ် စိတ်ဝင်တစားဖြစ်အောင်ရေးနိုင်တာကို
ချီးကျူးမိပါတယ် အောက်ဆုံးရောက်မှ ဆိုလိုချင်တာကိုဖော်ထုပ်လှစ်ဟ ပြသွားတာ
စာရေးဆရာကောင်းတို့ ရဲ့ မူလေးအတိုင်းပါပဲ.....
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဖခင်မေတာဘွဲ.လေးကို လာပြီးဖတ်သွားပါတယ်
သွားလေသူဖခင်ကြီးကိုတောင် ပိုသတိ၇သွားတယ်။
ညီမလေး စနိုးရေ.. ဖခင်တစ်ယောက်အတွက် ရေးဖွဲ့ပေးလို့ ကျေးဇူးဘဲ။
မကြီးလည်း ခံစားမှုရှိပေမဲ့ ဒီလိုမရေးဖွဲ့တတ်ဘူး.
အိမ်က အဖေ့ကိုပြေးပြေးမြင်ယောင်မိတယ်။
ပျော်ရွှင်ပါစေ ညီမလေး
ခင်မင်တဲ့
မကြီးလွမ်း
ပထမစာပိုဒ်လေးဖတ်လိုက်တယ်နည်းနည်းစိတ်ဝင်စားတယ်...ဒုတိယစာပိုဒ်လေးကိုဖတ်လိုက်တော့ပိုစိတ်ဝစားသွားတယ်တတိယစာကြတော့ အဖေတဲ့- ဟားဟား....
ဒါပေါ့ဧဒင်ရေ.. အဖေလောက်ကိုယ့်အပေါ်ချစ်နိုင်တဲ့ယောက်ျားဆိုတာ ရှားပါတယ်.. ဒီလောက်ချစ်တတ်တာကို ရေးဖွဲ့ထားမှတော့ အဲဒီယောက်ျားဟာ ကိုယ့်အဖေပဲဖြစ်တော့မပေါ့ .. :D :D
ပြောရရင်တော့ဖြစ် မိုးသူပြောသလိုပါပဲ
နောက်ဆုံးနားမှ ဇာတ်ကောင်ပေါ်တယ်
ဟုတ်တယ်စနိုးရေ ငါလည်း ရှေ့ကသူငယ်ချင်းတွေ အကိုတွေ အမတွေပြောသလို နောက်ဆုံးမှ အဖေဖြစ်သွားတယ်...ကျမ မကြိုက်လို့ဆိုပြီး အရက်သောက်တတ်တဲ့အကျင့်ကို စွန့်လွှတ်ထားပေမယ့်… ကျမ မကြိုက်တဲ့ဆေးလိပ်ကိုတော့ အခုအချိန်ထိ သောက်နေဆဲသူတစ်ယောက်လည်း ဖြစ်ပါတယ်…။အဲ့ဒီစာလေးတွေ့လိုက်တော့ ထင်တော့ထင်သား....ဟီးဟီး .....ကောင်းတယ် သယ်ရင်းရေ....ဆက်ရေး.....အားပေးနေတယ်...
ဖေကြီးကိုလွမ်းတယ်..
ကိုယ်လည်း အနှစ်နှစ်ဆယ်ကျော်ကတည်းက ကိုယ်တို့ကိုစွန့်ခွာသွားခဲ့တဲ့ ဖေဖေ့ကို သတိရလွမ်းတမိသွားတယ်
ခံစားချက်နဲ့ေ၇းထားတဲ့စာသားတွေကမိုက်တယ်ဗျာ။မိဘကိုသတိ၇တာကောင်းတယကွာ။မိန်းကလေးကအဖေကိုပိုချစ်တယ်။ကျွန်တော်တို့ကျတော့အမေကိုပိုချစ်တယ်ဗျ။အမေများနေ့အတွက်လည်းေ၇းဦးလေ စနိုး အားပေးပါတယ်ဗျာ။CHEERS.....CHEERS....CHEERS
တစ်ခါတစ်လေ လူတွေ အဖေ့ကို ဘာလို့ မတကြတာလဲ သိပ်အံ့သြမိတယ်..
ချနိုး နီစာရေးတဲ့ စိတ်ကူးလေးတော်တယ်...နောက်ဆုံးပိုဒ်ရောက်မှ အဖေဖြစ်သွားတာ...အစက ဘာဘာညာညာ ထင်နေတာ...ဟားဟား (အမြင်ကို ပျံသန်းဖို့ တောင်ပံတွေတပ်ပေးခဲ့ပြီး…အသိုက်ထဲကနေ ပျံသန်းသွားတဲ့ ငှက်ကလေးကို သတိရလွမ်းဆွတ်နေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်….။)ဒီစာသားလေးအရမ်းကြိုက်တယ်...
ပျော်ရွှင်ပါစေသူငယ်ချင်း...
စနိုးကို အားကျပါတယ်.. အဲ့လိုဖေဖေတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့လို့.. ဂုဏ်ယူပါတယ်..စနိုးဖေဖေအတွက်ရော.. စနိုးကဗျာအတွက်ရောပေါ့..
မေတ္တာကိုတင်ပြဟန်အရမ်းကောင်းပါတယ် မမစနိုးရယ်။ အားပေးနေမယ်နော်။
ပုံလေးကမမဘာသာဆွဲထားတာလားဟင်။ မမဖေဖေဂုဏ်ယူဝံ့ကြွားလို့ရတဲ့သမီးဖြစ်နေပြီလေမမက။
ဟုတ်တယ် ညီမလေး.. အစ်မဘာသာဆွဲထားတာပါ :)
ပန်းချီလဲဝါသနာပါတာပဲလား။
Post a Comment