လွတ်ကျသွားခဲ့တဲ့
အိပ်မက်တစ်ချို့မှာ
စိမ်းစိမ်းစိုစိုသစ်ပင်တွေပါတယ်
….။
ခြောက်သွေ့သွားချိန်ဆို
အနံ့မရှိတော့တဲ့
ခရေမဟုတ်တဲ့..
ဇွန်ပန်းတစ်ချို့ပါသွားတယ်..။
အော်ရေးရှားပင်အောက်က
ခုံတန်းလေးတစ်ခုလဲပါတယ် ….။
မိုးရေစက်တစ်ချို့အောက်က
အရောင်ရင့်ရင့်
အပွင့်နုတ်နုတ်ထီးလှလှလေးတွေပါတယ် ….။
အပြောကျယ်တဲ့ …ရေကန်ကြီးတစ်ခုပါတယ် ….။
ကဗျာမဆန်တဲ့
တောင်တက်လမ်းတစ်ချို့ပါတယ် ….။
ရယ်သံတစ်ချို့တစ်ဝက်ပါတယ်
…။
ကျောင်းသီချင်းတစ်ချို့
လည်းပါတယ်..။
ငါ့စိတ်ထဲကနေ
နင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့
ငါ့ရှေ့မှာ
နင့်အကြောင်း စကားတစ်လုံးတောင် မဟတော့တဲ့
ဆိုးတူကောင်းဖက်သူငယ်ချင်းတွေပါတယ်
..။
ငါ့ကြောင့် နင်ကျခဲ့တဲ့ မျက်ရည်တစ်ချို့
နင်မသိတော့ပေမယ့်
…တခါတခါ
ငါကျခဲ့တဲ့မျက်ရည်တစ်ချို့
အလွမ်းတွေကို
စာမဖွဲ့ချင်တော့ဘူးလို့ စိတ်ကူးမိပေမယ့်
စိတ်ကူးတည့်တိုင်း
ရေးမိတတ်တဲ့ အသည်းကွဲကဗျာတစ်ချို့........
ကမ္ဘာကြီးရဲ့တစ်ဘက်ဟိုအဝေးမှာ
ငါနင့်ကို
မုန်းနေတယ် …………………………..။
မုန်းတယ်ဆိုကတည်းက
မမေ့သေးလို့
မမေ့သေးတာကိုက
ရှုံးနေပြီ … ဟုတ်တယ်..ငါရှုံးခဲ့တာဖြစ်မှာပါ …။
ဘ၀တစ်ခြားက
နင် ..သိဖို့လည်းမလိုပါဘူးလေ …..။
13 comments:
လူတစ်ယောက်ကိုချစ်ဖို့ လွယ်သလောက်မေ့ဖို့တော့ခက်တယ်လို့ပြောကြတာကြားဖူးတယ် ..စနိုးရေ...
ကဗျာလေးခံစားသွားပါတယ်။။။
ခုတလော ကဗျာတွေအရမ်းမိုက်နေပါလား..
သိမ်းဆည်းရခက်ခဲတဲ့အရာရာကိုမသိကျေးကျွံပြုလိုက်ရင် ခံစားရသက်သာလာမှာ အသေအချာပေါ့ စနိုးရေ။
ခံစားချက်ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလည်ရောက်ရင်းကဗျာလေးကိုအားပေးသွားတယ်နော်
ဘယ်ချိန်ရေးရေး ကဗျာလေးက ကောင်းနေတယ်နော်
အလည်ရောက်ရင်းကဗျာလေးကိုအားပေးသွားတယ်နော်
ဘယ်ချိန်ရေးရေး ကဗျာလေးက ကောင်းနေတယ်နော်
မမစနိုးကဗျာတွေဖတ်ပီး တချက်တချက်ဝဲတက်လာတဲ့ ရိုးမြေကျရဲ့မျက်ရည်တွေလဲပါသေးတယ်ဗျို့
လွတ်ကျသွားခဲ့တဲ့ အိပ်မက်တစ်ချို့ကို
လာရောက်ကောက်ယူသွားပါတယ်
“မမေ့သေးတာကိုက ရှုံးနေပြီ … ဟုတ်တယ်..ငါရှုံးခဲ့တာဖြစ်မှာပါ …။” ... မမေ့သေးဘူးဆိုတာ တစ်ကယ်ကိုအရှုံးတွေပိုင်ဆိုင်နေရတုန်းပါပဲ မမရေ ... :)
လွှင့်ပစ်လိုက်တော့မလို့လားအမစနိုး..
ပစ္စုပ္ပန်မှာပျော်ရွှင်ပါစေ
အစ်မကဗျာတွေအခုတစ်လောရသခံစားချက်တွေက
ပိုပီပြင်လာသလိုပဲ.........။
အားပေးသွားခဲ့ပါတယ်....။
၇ှုံးတယ်လို့ဘာဖြစ်လို့သတ်မှတ်၇တာလဲဗျာ။ချစ်သူတွေချစ်တာအနိုင်အ၇ှုံ့းလိုချင်လို့မှမဟုတ်တာဗျာ.
ကောင်းလိုက်တဲ့ စကားလုံးတွေနဲ့  ကဗျာ
ကဗျာလေးဖတ်ပြီး စိတ်ထဲမှာ
အမည်မသိခံစားချက်လှိုင်းတချို့ 
ဖြတ်သန်းသွားတယ် စနိုးရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment