Showing posts with label Love Poems. Show all posts
Showing posts with label Love Poems. Show all posts

Thursday, 8 August 2013

လမ်းလွဲ ~~~~

August 08, 2013 1 Comments



ကော်ဖီခါးသက်သက်တစ်ခွက်သောက်တိုင်းလည်း
အလွမ်းတွေက ခါးမသွားသလို သတိရခြင်းတွေကလည်း တိုးမလာပြန်ဘူး
ကိုယ်က ကော်ဖီခါးခါးအကြိုက်မှာ
မင်းက လက်ဖက်ရည်ဖန်ဆိမ့်တစ်ခွက်ကို မြတ်နိုးတတ်သူ ......

အေးငြိမ့်ငြိမ့်အဆွေးသီချင်းတွေ နားထောင်မိတိုင်းလည်း
မင်းကို သတိရဖို့က ခက်ခဲပြန်တယ်
ကိုယ်က ပေါ့ပ်သီချင်းချိုချိုတွေကို စွဲလမ်းနေချိန်
မင်းက ပေါက်ကွဲသံစဉ်တွေမှ နားထောင်နေတတ်သူ .........

ချစ်စရာအရုပ်လေးတွေ ပွေ့ဖက်မိတိုင်းတော့လည်း
မင်းကို ယောင်ယမ်းမတမ်းတမိပြန်ဘူး
ကိုယ်က ကာတွန်းဇာတ်ကောင်တွေကို အရူးအမူးဖြစ်တတ်ချိန်
မင်းက action ကားတွေကိုမှ ရူးသွပ်သူဖြစ်သတဲ့ .........

ကိုယ်က ရသစာစုတွေ ဖတ်တတ်ချိန် မင်းက သုတစာတွေမှာ ပျော်မွေ့နေတတ်သူ
ကိုယ်က အရှေ့ကိုမျှော်ကြည့်ချိန် .. မင်းကအနောက်ကိုပဲ ပြန်လှည့်ကြည့်တတ်သူ
ကိုယ်ရှေ့ဆက်လျှောက်ချိန် … မင်းက နောက်ပြန်လှည့်ပြေးချင်သူ
ကိုယ်ပျံသန်းနေချိန်မှာ … မင်းက မြေပြင်ကိုဖက်တွယ်ထားတတ်သူ
ဆန့်ကျင်ဘက်အရာနှစ်ခု …. လမ်းလွဲသွားတာ အဆန်းတကြယ်တော့ မဟုတ်ပြန်ပါဘူး…
မဆုံနိုင်တဲ့ရေစက်အတွက် … အဲဒီလမ်းလွဲသွားခဲ့ခြင်းက နောက်ကျနေပြန်ပါသေးတယ်လေ ….။ ။

------------------------------


ဘာမှမရေးဖြစ်တာကြာလာတာနဲ့ပဲ Facebook မှာ ရေးတင်ထားတဲ့ ကဗျာလေးပဲ ဒီမှာ ပြန်တင်ဖြစ်ပါတယ်..
နောက်မှ အက်ဆေးတွေ ရေးပါဦးမယ်ရှင် ....။

Thursday, 27 June 2013

If I've got a chance ~~~

June 27, 2013 4 Comments

အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ........................
ငါလဲ ရေးချင်ပါတယ်...
အသည်းကွဲတဲ့အကြောင်း ...
နင်ရဲ့ ဥပေက္ခာတွေအကြောင်း .....
နင့်ရဲ့ .... ဂရုမစိုက်မှုတွေအကြောင်း ...
နင့်ကို ဘယ်လောက်ထိ ချစ်ခဲ့တဲ့အကြောင်း..
နင့်ကို ဘယ်လောက်ထိမုန်းခဲ့ပြီဆိုတဲ့အကြောင်း ...
နင်မပါတဲ့ဘ၀မှာ .. ငါဘယ်လောက်ထိပျော်နေပြီဆိုတဲ့အကြောင်း ...
နင်ထားသွားတဲ့နေရာနဲ့ ဆန့်ကျင်ဘက်အဝေးကြီးထိ .. ငါခြေလှမ်းနေနိုင်ပြီဆိုတဲ့အကြောင်း ..

-----------

ငါလဲ ရေးချင်ပါတယ် .....
Status တွေမှာ နင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ
နင့်ကို ဘယ်လောက်ထိ လွမ်းဆွတ်တမ်းတခဲ့ဖူးတာတွေ ...
အရူးအမူးချစ်ခဲ့ဖူးတာတွေ ........

ကြေကွဲခဲ့ဖူးတာတွေ .. မျှော်လင့်ခဲ့ဖူးတာတွေ .......
ငိုကြွေးခဲ့ဖူးတာတွေ ....... ခံစားခဲ့ဖူးတာတွေ ......................

----------
တကယ်တော့ .........
ရင်ဖွင့်ခွင့်မရှိတဲ့ လောကကျဉ်းကျဉ်းလေးထဲမှာ .......
မျက်လုံးပေါင်းများစွာအောက်က လက်ညှိုးပေါင်းများစွာကို
ခံနိုင်ရည်မရှိတဲ့ ငါ .. သတ္တိနည်းခဲ့တဲ့.. ငါ
နင်နဲ့ပတ်သက်သမျှ ခံစားချက်တွေလည်း လေထဲမှာကွယ်ပျောက်
ငါပြန်ရလိုက်တဲ့ မှတ်ချက်တစ်ခုက ....
အချစ်ဆိုတာကို နားမလည်တဲ့သူတဲ့ ....

-------
ဒိုင်ယာရီစာအုပ်လေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင်ပေါ့ ...
မျက်ရည်တချို့ကြားက စာလုံးလေးတွေရဲ့ ခံစားချက်တွေကို
အဓိပ္ပာယ်ဖော်နေလေမလား...............
တုန်ရီနေတဲ့ လက်တစ်စုံကို သနားနေလေမလား .........
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံကို ကိုယ်ချင်းစာနေလေမလား ...
ရင်ထဲက အတွေးတချို့ကို ဘာသာပြန်နေလေမလား ...........။

သေချာပါတယ် ... အဲဒီအရာတွေကြားထဲ
အချစ်ဆိုတာ မပါပါစေနဲ့လို့ နာကျင်နေတဲ့ နှလုံးသားတစ်ခုအတွက်
သူ ဆုတောင်းပေးချင်ရှာမှာ ....................။

Wednesday, 8 May 2013

♥ ♥ မောင်နဲ့ကျွန်မ ♥ ♥

May 08, 2013 5 Comments


မောင်နဲ့ကျမ….
မာယာများတဲ့လောကအလယ် ….
ရှုပ်ထွေးလှတဲ့အဖြစ်အပျက်တွေကြားမှာ ………
ရိုးစင်းစွာ……. တွေ့ခဲ့ကြတယ်…………..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………
ဆန်းပြားတဲ့စရိုက်တွေကြားက
အပေးအယူများလှတဲ့ အပေါ်ယံဟန်ဆောင်မှုတွေထဲ ………
ရယူလိုမှုမရှိတဲ့ ဖြူစင်တဲ့ခင်မင်မှုတွေ ရစ်ပတ်ခဲ့ကြတယ်……………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ ………
အတ္တတွေကြားက ဂုဏ်ပကာသနတွေကြားမှာ ……
ပြိုင်ဆိုင်မှုဆိုတာကို မေ့ထားလို့ ……..
နားလည်မှုတွေ တည်ဆောက်ခဲ့ကြတယ်…………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………..
ဓနငွေကြေးတွေ တိုင်းတာတတ်တဲ့ အသိုင်းအ၀ိုင်းထဲ
ကျော်ကြားမှုတွေ လုယက်နေတဲ့ ပတ်ဝန်းကျင်မှာ
ရိုးသားတဲ့ ချစ်ခြင်းတစ်ခုကို ရှာဖွေခဲ့ကြတယ် …………။

♥ ♫ ♥ ♫ ♥ ♫

မောင့်အတွက်ရေးတဲ့ ကဗျာတွေတိုင်းမှာ
အချစ်တွေပဲပါသလို ……..
ကျမအတွက်ဆိုဖြစ်တဲ့ သီချင်းတွေတိုင်းမှာ …..
မြတ်နိုးခြင်းတွေပါသတဲ့ ……..။
♥ ♫ ♥ ♫ ♥ ♫

မောင်နဲ့ကျမ …………
မရေရာသေးတဲ့အနာဂတ်အတွက် ………
ယုံကြည်မှုတစ်ခုကို ဆုပ်ကိုင်လို့ ………………
ပန်းခင်းလမ်းတစ်ခုကို အတူလျှောက်လှမ်းဖို့ ……..
ဆူးခင်းထားတဲ့ လမ်းကြမ်းတွေကို
ကိုယ်စီလျှောက်နေကြဆဲ   …………….။
♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫

Thursday, 4 April 2013

အတိတ်က ခြေရာ .......

April 04, 2013 2 Comments


(၁)
နေရာဟောင်းကို ပြန်ရောက်တော့လည်း
သတိရစိတ်က ပိုတိုးမလာ …..
လွမ်းတယ်ဆိုတာ နှစ်ဦးနှစ်ဖက်ခံစားမိမှ
ဖြစ်ပေါ်လာတတ်တဲ့ ဝေဒနာမျိုးလား
မေ့မသွားခဲ့ပေမယ့် … သတိရတာလည်း ဖြစ်မလာတော့
ဥပေက္ခာစိတ်က ကြီးစိုးသွားပြီ ထင်ပါရဲ့ …..
သူကြင်မှကိုယ်ကြင် … တွေ့ဆုံကြုံကွဲလောကကြီးထဲမှာ
ချန်ထားရစ်နိုင်သူတစ်ယောက်အတွက်
အတိတ်ကခြေရာတွေကြားထဲမှာတောင်
ရယ်မောနေနိုင်ဆဲ ကိုယ့်အဖြစ်က
အိပ်မက်တော့ မဟုတ်ပါဘူး ..
စကတည်းက မစစ်မှန်ခဲ့တဲ့ ချစ်ခြင်းတစ်ခုအတွက်
ကြိုမြင်နေတဲ့ မသိစိတ်က
ရင့်ကျက်သွားပြီထင်ပါရဲ့ ……..။

(၂)
ဆုံမှတ်မရှိတော့တဲ့ လမ်းခွဲတစ်ခုမှာ
အိပ်မက်မှ မဟုတ်တာပဲကွယ် ….
လက်တွေ့မှာ ……
ငါတို့ တကယ်ဝေးခဲ့ကြပြီပဲ ……
လျှောက်ဖူးတဲ့ လမ်းတစ်ခုကတော့ …..
အပြောင်းအလဲတွေကြားမှာ ..အသားကျလို့ ……
ရာသီအလိုက် ပြောင်းနေလေရဲ့ …. ။
သွားမယ့် လမ်းတစ်ခုအတွက် ….
ခလုတ်ကန်သင်းတစ်ခုလို့လဲ …. မတွက်ချက်မိခဲ့ပါဘူး …..
ညည်းဆိုဖြစ်တဲ့ သီချင်းတစ်ပိုင်းတစ်စမှာ ….
အတိတ်ထဲက သံစဉ်တစ်ချို့မပါဖြစ်အောင် …
သိစိတ်က ထိန်းချုပ်နေတတ်ပြန်ပြီ ……။

(၃)
လွမ်းစိတ်ဆိုတာ ဘာသာမပြန်တတ်တော့ပေမယ့် …..
တမင်တကာ မေ့ပစ်လို့မရတဲ့ မသိစိတ်က
သတိရတယ်ဆိုတာကို အဓိပ္ပာယ်မဖော်တတ်တော့ဘူးလို့ ….
တစ်ဖတ်သတ်ယုံကြည်နေပြန်တယ် ….။
ခေါင်းမော့လျှောက်မိတဲ့ ခြေလှမ်းတိုင်းက …
မာနကို အဖော်ပြုထားတာလို့ စွပ်စွဲကြလည်း ….
ငါလေ …. ဘယ်လိုတုံ့ပြန်ရမလဲ ….
မျက်ရည်တစက်တလေတောင် ငါ့ခြေလှမ်းပေါ်မကျစေချင်ခဲ့တာ
မာနလို့ သတ်မှတ်လည်း …
ငါက မာနကြီးသူတစ်ယောက်ပေါ့ …..။

(၄)
ရယ်မောသံတွေက ပီပြင်လှသတဲ့ ……
အများအမြင်မှာ ….. မာကျောတယ်လို့ ထင်မှတ်ကြတဲ့ စိတ်တစ်ခုက
အတွင်းကြေများဖြစ်နေမလား …
ငါကိုယ်တိုင်တောင် ပြန်မဆန်းစစ်ချင်ခဲ့ …….
ပြောမိတဲ့ စကားတွေတိုင်းမှာ ….
နာမည်တစ်ခု မရေရွတ်မိအောင် … ဘာသာသတိထားနေမိတာ …..
အာရုံထဲမှာ ထင်ကျန်နေဆဲ
နံပါတ်တစ်ခုကို မနှိပ်မိအောင် ထိန်းချုပ်နေခဲ့ရတာ …..
ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို
အတိတ်က နေရာတွေကြားမှာ … ဖျောက်ဖျက်ဖို့ကြိုးစားနေခဲ့တာ ….
ကျလုဆဲဆဲ မျက်ရည်တစ်ချို့က .. အငွေ့အဖြစ်ပဲ ပျံသွားခဲ့တာ ….
မချိပြုံးလို့ နာမည်တပ်မခံရအောင် ……
ပကတိအချိုသာဆုံးပဲ ပြုံးပြတတ်ဖို့ကြိုးစားနေခဲ့ရတာ …..
ရင်ဖွင့်ခွင့်မရှိတဲ့ ပတ်ဝန်းကျင်မှာ
အသည်းနှလုံးမရှိဘူးလို့ ထင်မှတ်လောက်အောင် ငါမာကြောနေခဲ့ရတာ ….
……..
……………….
…………………………
နင် .. သိရဲ့လား ………………….
ငါလဲ အသည်းကွဲတတ်ပါတယ် ……………….ငါလဲ ငိုကြွေးတတ်ပါတယ်.. ငါလဲ ခံစားတတ်ပါတယ် …..။

Sunday, 10 February 2013

♥ ♥ အချစ်ဟုခေါ်သည် ♥ ♥

February 10, 2013 9 Comments
++++++++++++++++++
ပြတင်းတံခါးရဲ့အပြင်ဘက်မှာ
နှင်းတွေ တဖွဲဖွဲကျနေလေရဲ့……
ဒီအချိန် ကမ္ဘာကြီးရဲ့တစ်ဘက်ခြမ်းမှာတော့
မိုးတွေ သည်းသည်းမည်းမည်းရွာလို့ ........။

ကိုယ်က သံစဉ်ချိုချို သီချင်းတစ်ချို့နားထောင်နေတတ်ချိန်
မင်းက Hiphop တွေနဲ့ ပျော်မြူးနေလေရဲ့……………
ကိုယ်က မြေပြင်ထက်က သစ်ရွက်တစ်ချို့ ငေးမောနေတတ်ချိန် ……
မင်းက တိမ်တွေရွေ့လျားရာ လိုက်ပါမျောလွင့်လို့ ……။

ဒီလိုပါပဲကွယ် …. ကြာခဲ့ပြီပဲ
ဆန့်ကျင်ဘက်တွေထဲ အသားကျနေတတ်ခဲ့တာ …..
တူညီတာတစ်ခုတော့ ရှိတယ်
ကိုယ်မင်းကို သိပ်ချစ်သလို
မင်းလဲ ကိုယ့်ကိုသိပ်ချစ်တယ်…….
ထပ်တူကျတဲ့ စကားတိုင်းက အချစ်လို့မြည်တမ်းတယ် .....။

အလွမ်းတွေက ကိုယ်စီဝန်းရံလို့
သတိရခြင်းတွေက တခမ်းတနား
ပြန်ဆုံမယ့်ရက်ကို လက်ခုပ်တီးဖို့အသင့်ပြင်
မဝေးတော့တဲ့ ကာလတစ်ခုမှာ
နင့်အနား ငါအရောက်လာခဲ့မယ်…..

♥ ♥ ♥ ♥ ♥ ♥

Follow Us @soratemplates