Tuesday, 14 August 2012

# Love Poems # သူငယ်ချင်းကဗျာ

ငါရယ်..လမ်းလေးရယ်..ညနေခင်းလေးရယ် .....



မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းလေးရယ်ပေါ့....

ဒဏ်ရာတွေကုန်အောင်တဖွဲဖွဲရွာချလဲ 
မိုးတိမ်ပဲ ပြန်ပြန်ဖြစ်နေတဲ့ ငါ့ဘ၀လေ...
ခါးသီးလို့  ရပ်တန့် လိုက်ချင်လဲ
အသက်ရှူသံလို ဖက်တွယ်ထားမိတယ်....
မုန်တိုင်းမိုးတွေလို
ငါ့ကို ခဏတာစိုစွတ် ဖျားနာစေခဲ့သူရေ...
မင်း ဖြောင့်ဖြူး ညင်သာဖို့ 
ငါဟာ မြစ်ကျိုးအင်းတစ်ခုပါ...........
အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ..........။

ထားခဲ့ပါ........
ငါ့ကို တသက်လုံးရှုံးစေခဲ့တဲ့
မင်းအပြုံးလေး....နောက်တကြိမ်ဘဲ လိုပါတယ်....
တောင်ပံခတ်ဖို့  အားမရှိလဲ
လေဟုန်စီးလာခဲ့မယ်....
အတားအဆီးဆိုတာ
ရင်မဆိုင်ရဲသူတွေရဲ့ ဆင်ခြေတစ်ခုပါ....
ရပ်တန့် ခိုင်းတဲ့ သင်္ကေတကို နားလည်တဲ့ငါ့အတွက်
ဘယ်နတ်ဘုရားဆီ ပြစ်ဒဏ်ကျူးလွန်ခွင့် တောင်းရမလဲ..........။

မင်းစိတ်တိုင်းကျ ရေးဖို့ ပေးတဲ့
ငါ့ ဘယ်ဘက်ရင်ခွင် စာရွက်လွတ်မှာ
စကားလုံးရှားပါးတဲ့ မင်းလေ...
" မုန်းတယ် " ကိုမှ အတင်းရေးတယ်...
မပိုင်ဆိုင်ရမှန်း ကြိုသိခဲ့ရင် တင်ထားတဲ့လေးနဲ့ 
ငါ့ကိုယ်ငါ ပြန်ပစ်မိခဲ့မယ်....သီတာ...
ရေတ၀က်ရှိတဲ့ခွက်ကိုတောင်
အပေါ်ပိုင်း အောက်ပိုင်း ခွဲကြည့်မိတဲ့ နင်နဲ့ ငါ
ဘယ်ကမ္ဘာမှာမှ ဆုံမလဲ မသိဘူးနော်....

မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းရယ်ပေါ့....
တစ်ခုတော့တိုးလာတယ်...
ငါ့ကိုသေမိန့် ချတော့မယ့်....အလွမ်းဆိုတဲ့ကောင်ရယ်...... ...............................။

OAKKAKOKO


****************************

သူငယ်ချင်းရေးထားတဲ့ကဗျာလေးပါ ....။ ကျမက ဘာမှမရေးဖြစ်သေးလို့ ...သူ့ကဗျာလေးလည်း ခံစားရတာကောင်းတာနဲ့ ဝေမျှလိုက်တာပါ....။ ဘလော့ဂ်မှာစာရေးတာကို သူငယ်ချင်းတွေကို မပြောပဲ တိတ်တိတ်လေးရေးနေတာ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲမှာ သူ့ကို ပထမဆုံးပြောပြဖြစ်တော့ ကျမစာရေးတာကိုမအံ့သြပေမယ့် ... ဘယ်သူ့ကိုမှမပြောပဲ နေနိုင်တာကို သူကအံ့သြနေတယ်..။ ရေးထားတဲ့ကဗျာတွေနဲ့ ကျမလို ပျော်ပျော်ပဲနေတတ်တဲ့သူနဲ့ ဘယ်လိုမှတောင် မအပ်စပ်ဘူးတဲ့.. ။ မပြောပြရင် ဘယ်လိုမှသိမှာမဟုတ်ဘူးတဲ့..။ ဟုတ်ပါတယ်... ကိုယ်တိုင်ပြောပြတာမဟုတ်ရင် ဒီဘလော့ဂ်နဲ့ ကျမနဲ့က ဘယ်လိုမှ ဆက်စပ်လို့မရဘူး ....။ ဒီလိုပါပဲလေ .. အားတဲ့အချိန်တော့ အကျွေးရေးစရာ တဂ်ပို့စ်တစ်ခုလည်း ရှိသေးတယ်... သေသေချာချာရေးချင်တာနဲ့ အခုအဲဒါကို မရေးဖြစ်သေးတာပါ..။

အားလုံးပျော်ရွှင်ပါစေ.... ကဗျာလေးကို နှစ်သက်ခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်..။ ကျမကတော့ ကြိုက်တယ် ..။ ဓါတ်ပုံက ကျမကိုယ်တိုင်ရိုက်ထားတဲ့လမ်းလေးပါ..။ လိုက်ဖက်မလားလို့ ထည့်လိုက်တာပါ.။
 

12 comments:

စံပယ်ချို said...

အစကနေ ဆုံးတဲ့ထိအောင်ခံစားလို့ရတယ်
ဒီအပိုဒ်လေးကိုပိုပြီးကြိုက်လို့
(
ဒဏ်ရာတွေကုန်အောင်တဖွဲဖွဲရွာချလဲ
မိုးတိမ်ပဲ ပြန်ပြန်ဖြစ်နေတဲ့ ငါ့ဘ၀လေ...
ခါးသီးလို့  ရပ်တန့် လိုက်ချင်လဲ
အသက်ရှူသံလို ဖက်တွယ်ထားမိတယ်....
မုန်တိုင်းမိုးတွေလို
ငါ့ကို ခဏတာစိုစွတ် ဖျားနာစေခဲ့သူရေ...
မင်း ဖြောင့်ဖြူး ညင်သာဖို့ 
ငါဟာ မြစ်ကျိုးအင်းတစ်ခုပါ...........
အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ..........
ထားခဲ့ပါ.)))))))
မထားခဲ့ပါဘူးကွယ် စိတ်ချလို့ နေပါ

မင်းမုန်းတဲ့သူ said...

ကောင်းလိုက်တဲ့ကဗျာလေး...
မိုက်တယ်...

ရိုးမြေကျ said...

အစ်မသူငယ်ချင်းရေးထားတဲ့ ကဗျာလေးက အစ်မကဗျာတွေလိုပဲ ရင်ကိုထိတယ်။
ရေတ၀က်ရှိတဲ့ခွက်ကိုတောင်
အပေါ်ပိုင်း အောက်ပိုင်း ခွဲကြည့်မိတဲ့ နင်နဲ့ ငါ
ဘယ်ကမ္ဘာမှာမှ ဆုံမလဲ မသိဘူးနော်....
ဘ၀ဆက်တိုင်းဆုံနိုင်ပါစေ

3rdthameetaw said...

မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းရယ်ပေါ့....
တစ်ခုတော့တိုးလာတယ်...
ငါ့ကိုသေမိန့် ချတော့မယ့်....အလွမ်းဆိုတဲ့ကောင်ရယ်...... ...............................။

ကဗျာလေး က လန်းတယ်
တိုက်ဆိုင်တဲ့ခံစားမှူလို့ ပြောရမလို ပဲ

ကြည်ဖြူခင်ခင် said...

ံခံစားချက်တွေ ပြင်းထန်လှသကွယ်.. ကဗျာလေးက အင်မတန်မှ ရင်ထဲထိလို့ပဲ.. .ဘာတဲ့..
မပိုင်ဆိုင်ရမှန်း ကြိုသိခဲ့ရင် တင်ထားတဲ့လေးနဲ့ 
ငါ့ကိုယ်ငါ ပြန်ပစ်မိခဲ့မယ်.. တဲ့ကွယ်..
ကောင်းလိုက်တဲ့စကားလုံးလေးတွေနဲ့ သီဖွဲ့ထားတဲ့ ကဗျာကောင်းလေးပဲ.. စနိုးရေ... :)

မြတ်နိုးသူ(MUFL) said...

ထားခဲ့ပါ........
ငါ့ကို တသက်လုံးရှုံးစေခဲ့တဲ့
မင်းအပြုံးလေး....နောက်တကြိမ်ဘဲ လိုပါတယ်....
တောင်ပံခတ်ဖို့  အားမရှိလဲ
လေဟုန်စီးလာခဲ့မယ်....
အားပေးသွားပါတယ်နော်

ချစ်စံအိမ် said...

ကဗျာလေးအတော်ကောင်းတယ်...

အိပ်မက်ကောင်းကင် said...

ခံစားချက်တွေပျင်းလှချည်လား မမစနိုး
စာသားလေးတွေက တစ်ကယ် ရင်ကိုထိလှပါတယ်
လာရောက်အားပေးသွားတယ်နော်

မင်းအရိပ် said...

ကဗျာလေးအရမ်းကောင်းတယ်နော်
ရင်ဘတ်ကြီးနဲ့ခံစားသွားပါတယ်

အလွမ်းမြို့ said...

စနိုးလေးရေ..

ကဗျာကောင်းလေးပါဘဲ။ မကြီးခံစားဖတ်သွားတယ်။
နက်ပြတ်တာနဲ့ ဘယ်မှ မရောက်ဖြစ်လို့
ခုမှ အကြွေးလိုက်ဆပ်နေရတယ်။
ညီမလေး အဆင်ပြေ ကျန်းမာပါစေ


ခင်တဲ့
မကြီးလွမ်း

လွင်ပြင်လှိုင်းငယ် said...

မင်းစိတ်တိုင်းကျ ရေးဖို့ ပေးတဲ့
ငါ့ ဘယ်ဘက်ရင်ခွင် စာရွက်လွတ်မှာ
စကားလုံးရှားပါးတဲ့ မင်းလေ...
" မုန်းတယ် " ကိုမှ အတင်းရေးတယ်...
မပိုင်ဆိုင်ရမှန်း ကြိုသိခဲ့ရင် တင်ထားတဲ့လေးနဲ့ 
ငါ့ကိုယ်ငါ ပြန်ပစ်မိခဲ့မယ်....သီတာ...
ရေတ၀က်ရှိတဲ့ခွက်ကိုတောင်
အပေါ်ပိုင်း အောက်ပိုင်း ခွဲကြည့်မိတဲ့ နင်နဲ့ ငါ
ဘယ်ကမ္ဘာမှာမှ ဆုံမလဲ မသိဘူးနော်....

စနိုးကကဗျာရေးတော်တော်ကောင်းတာပဲ ။အားကျထှာ

Unknown said...

အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ...
အိုင်ဒီယာလေးမိုက်တယ်အမ...:-)

Follow Us @soratemplates