Hello,
Greeting from Myanmar !!!
long
time no post :)
ကျမ
ဘလော့ဂ်မှာ စာရေးတဲ့အတိုင်းအတာနဲ့ ကြည့်ရင် အခုတလော မရေးဖြစ်တာ တော်တော်ကြာနေပြီ
..။ ကိုယ့်ကိုယ်ကိုလဲ တာဝန်မကျေသလို ခံစားရပါတယ် ...။ အချိန်ပြည့်လဲ စာရေးဖို့
သတိရနေမိတယ် ..။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိပေပဲလေ ..။ ပြောရရင်
ပိုပြောတယ်လို့ ထင်ကောင်းထင်မိကြမှာဖြစ်ပေမယ့် ... အမှန်တကယ်ကို အလုပ်ရှုပ်နေလို့ပါ
..။
လူတိုင်း
အလုပ်ရှိတာပဲ .. ကျမတစ်ယောက်တည်း ရှုပ်နေတာမဟုတ်ပါဘူး လို့ ပြောလဲ ခံရရုံပါပဲ ..။
အလုပ်ကတစ်ဖက် စာကတစ်ဖက် .. အိမ်အလုပ်တွေကတစ်ဖက်နဲ့ တစ်ကယ်ကို
အချိန်တွေရှားပါးလွန်းနေလို့ပါ ..။ ဘယ်လောက်အလုပ်များများ အိပ်ချိန်ကို
မလျှော့နိုင်တဲ့သူဖြစ်လေတော့ အားလပ်ချိန် စိတ်အပန်းဖြေချိန်ကိုပဲ လျှော့ပြီး
နေရပါတော့တယ် ..။ တစ်ချိန်ချိန်တော့ ကြိုးစားသမျှ အရာထင်လာမယ်လို့
မျှော်လင့်မိတာပါပဲ ...။
ပြီးအောင်လုပ်မယ်လို့
ရည်မှန်းထားသမျှ အလုပ်တွေ လက်စသတ်ပြီးရင်တော့ စာတွေ (အထူးသဖြင့်
ဟိုဟိုဒီဒီမဟုတ်တဲ့ ရသစာတွေ) ပြန်ရေးဖြစ်အောင် ရေးပါမယ် ..။ ခုတော့ ခဏတိတ်တိတ်လေး
ခြေရာဖျောက်နေပါရစေ ..။ မကြာခင်ပြန်လာခဲ့ပါမယ် ...။
ဘာမှ
မရေးဖြစ်နေတဲ့အချိန်မှာတောင် မျက်စိလည်လမ်းမှားလာရင်းပဲဖြစ်ဖြစ်၊ တမင်ပဲဖြစ်ဖြစ်
ဒီနေရာလေးကို ရောက်ဖြစ်နေသူအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်^^
2 comments:
Happy New year!
Yes, time flies so fast.
Iora
take your time :)
Post a Comment