Saturday, 8 March 2014

# My Own Feelings # အမှတ်တရ အချိန်များ

After 2 years and 5 days ~~



နှစ်နှစ်နဲ့ ငါးရက်ဆိုတဲ့ အချိန်ကာလတစ်ခုကို လွန်မြောက်ပြီးတဲ့အခါ  ....
 ................
............................
.........................................
အသက်သာတဖြည်းဖြည်းကြီးလာပေမယ့် ... ရင့်ကျက်မှုတွေ ကြီးထွားမလာတဲ့အရာ @@@
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးသွားတဲ့နောက် ... အချိန်အလိုက် ရာသီအလိုက် ခံစားချက်တွေ ပြောင်းလာတာနဲ့အမျှ ရေးတတ်တဲ့ အကြောင်းအရာတွေ လိုက်ပါပြောင်းလဲရင်း .. ဒီနေရာလေးက နေသားတကျ ဖြစ်တည်နေခဲ့တယ် ..။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့်ကာလအတွင်းမှာ စာရေးချင်တဲ့ဝါသနာတစ်ခုတည်းနဲ့ ဖန်တီးခဲ့တဲ့နေရာလေး တစ်ခုဟာ ၂ နှစ်နဲ့ ၅ ရက်ဆိုတဲ့အချိန်တစ်ခုကိုကျော်ဖြတ်ပြီးတဲ့အထိ ရပ်တည်နေနိုင်တဲ့အခါ .... ဒီနေရာလေးပေါ်မှာ ထားခဲ့တဲ့ကိုယ့်ရဲ့စိတ်တွေကို ပြန်လည်သဘောတကျရှိမိခဲ့ပါရဲ့ ....။ သူနဲ့ပတ်သက်လို့ ဘ၀မှာ ဘာတစ်ခုမှ မျှော်လင့်မထားခဲ့ပါဘူး ...။ ၀ါသနာတစ်ခုကို အကောင်အထည်ဖော်ရင်း အပျင်းပြေ ချစ်စရာနေရာလေးတစ်ခုမျှသာ သဘောထားမိရုံပါ ..။ 

၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့မှာ စတင်ဖြစ်တည်လာခဲ့တဲ့ Blog လေးတစ်ခုက အခုတော့ နှစ်နှစ်ဆိုတဲ့ သက်တမ်းကို ကျော်လွန်လို့ လာခဲ့ပါပြီ ..။ Daffodil ပန်းဝါ၀ါလေးတွေ အများကြီးပွင့်တတ်တဲ့ နွေဦးရာသီမှာ စတည်လာခဲ့တဲ့ နေရာလေးက ခုတော့လည်း သက်တမ်းရင့်လာတာနဲ့အမျှ ရေးသမျှအကြောင်းအရာတွေကတော့ ရင့်ကျက်မှုတွေ ပျောက်ကွယ်နေဆဲ ..။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာတော့ မတ်လထဲမှာ သူ ၂ နှစ်ပြည့်မှာပါလားလို့ မှတ်မှတ်ရရရှိနေခဲ့ပါသေးတယ် ...။ ဒါပေမယ့် ဦးနှောက်ထဲမှာ အကြောင်းအရာအများကြီးကို မမှတ်မိတော့ ဘယ်နေ့ဆိုတာကို တိတိကျကျမသိတော့ဘူး ..။ မတ်လထဲဝင်မှပဲ ပြီးခဲ့တဲ့ ၂၀၁၃ က ရေးခဲ့တဲ့ တစ်နှစ်ပတ်လည်အမှတ်တရပို့စ် ကို ပြန်ရှာဖတ်ရင်း ဒီနှစ်လည်း အမှတ်တရပို့စ်ရေးဖြစ်အောင် ရေးမယ်လို့ စိတ်ကူးထားခဲ့တယ် ..။ တကယ်လည်း မတ်လရောက်တော့ အသေအချာကို မေ့သွားခဲ့ပါတယ်..။ အဲဒီ ၂ နှစ်ပြည့်ပြီဆိုတဲ့အကြောင်းအရာကိုပါ မေ့နေခဲ့တာပါ..။ ဒီနေ့မှ စနေနေ့ဆိုတော့ အားရက်ကလေး Blog ကို ဖွင့်ကြည့်ရင်းမှ Blog roll မှာ မထရီဆာ ရဲ့ မှတ်တိုင်လေးအတွက် အမှတ်တရ ဆိုတဲ့ပို့စ်အသစ်တွေ့လို့ သွားဖတ်မိရင်းမှ “ဟင် .. ငါ့ဘလော့လေးလည်း ဒီနေ့မှာ ၂ နှစ်ပြည့်တာပဲ ..။ မထရီဆာနဲ့ အသက်အတူတူပဲ” လို့ထင်နေတာ ..။ တကယ်တမ်း အရင်တစ်နှစ်က ပို့စ်ကို ရှာဖတ်ကြည့်မိမှပဲ နှစ်ပတ်လည်က ၃ ရက်နေ့ဖြစ်နေတာ ပြန်သိရတယ်..။ Blog သာ လူဆိုရင် သူ့မွေးနေ့ကို မေ့လို့ စိတ်ဆိုးမှာ သေချာတယ် ..။

ကိုယ့်ဂုဏ်ကိုယ်ဖော်ရရင်တော့ ကျမက တာဝန်တစ်ခုကို ယူပြီးရင် ပြီးဆုံးတဲ့အထိ တာဝန်ယူတတ်ပါတယ် :D
အဲဒါကြောင့် ဒီ Blog ကို ဖန်တီးတုန်းက ဖန်တီးးခဲ့တယ် ..။ ဖန်တီးပြီးရင် တာဝန်နဲ့ ၀တ္တရား ဆိုတာရှိလာပါတယ်..။ အဲဒီအတွက် ကျမတာဝန်ကျေအောင် အမြဲကြိုးစားပါတယ် ..။ အချိန်ရရမရရ လတိုင်းမှာ တစ်လမှ မပျက်အောင် ပို့စ်တစ်ခုမဟုတ်တစ်ခုတော့ အမြဲမပြတ်ရေးရင်း သူ့ကို အသက်ဆက်ခဲ့ပါတယ် ..။ ကျမစာရေးဖို့ ဘယ်သူမှ တောင်းဆိုခဲ့ခြင်းလည်း မရှိပါဘူး ..။ ရေးတဲ့စာတွေကလည်း ဘယ်သူမှ စွဲစွဲလမ်းလမ်း ဖတ်ချင်လောက်အောင်မစွဲဆောင်နိုင်ပါဘူး ..။ ရေးသမျှကလည်း တစ်ခုပြီးနောက်တစ်ခု တိုးတက်လာတာမျိုးလည်း မရှိပါဘူး ...။ တော်ရုံဆိုရင်တော့ သူ့ကို စွန့်လွှတ်ပြီး စိတ်ဓါတ်ကျချင်စရာ ..။ ဒါပေမယ့်လည်း ကျမရေးနေဆဲပါပဲ ..။ မရေးချင်တော့တဲ့တစ်နေ့၊ မရေးနိုင်တော့တဲ့တစ်နေ့ရောက်မှသာ သူ့ကို အပြီးဖျက်သွားမှာပါ ..။ သူတည်ရှိနေသမျှတော့ ရေးဖြစ်နေဦးမှာပါ ..။

4 comments:

Anonymous said...

ဘယ်သူမှမတိုက်တွန်းပဲနဲ့ခက်ခက်ခဲခဲဘလော့ဂ်လေးကိုဖန်တီးခဲ့တယ်။ဝါသနာပါရာလေးကိုအကောင်အထည်အဖြစ်ချရေးဖြစ်တယ်။မဖြူအရေးအသားတွေက ကောင်းပြီးသားပါ။
၂နှစ်ပြည့်မှသည် နောင်နှစ်များစွာထိ.အင်တာနက်ကော်နက်ရှင်းနဲ့အလုပ်လုပ်ဖြစ်နေသရွေ့အားပေးနေပါမယ်
ချစ်တဲ့ @Ahthu

Anonymous said...

အင်း၊ ဘလော့ဂ်ရေးတာ စာရေးတာကို ၀ါသနာပါကြလို့ ရှု့ထောင့်အစုံကနေ သရုပ်ဖော်အစုံစုံကို ရေးကြတာ တကယ့် စာပေပင်လယ်ပြင်ကြီးပါ တိမ်လွှာ၊ ရေးပါ၊ ရေးနေပါ၊ တခြားဟာတွေထက်စာရင် စာရေးတာက စိတ်တည်ငြိမ်တယ်လေ၊ ကိုယ်ဆိုလဲ ယိုင်တိယိုင်တဲ့နဲ့ရေးလာခဲ့တာမို့ နားလည်ပါတယ်
Aja Aja FIGHTING !!!! :)

Yoemyaykya said...

ဘာလို့ဖျက်ရမှာလဲမမရဲ့။ ဒီအတိုင်းထားပါ။ ကျနော့်ဘလော့လေးလဲနှစ်နှစ်ကျော်ပီ။ အမှတ်တရပို့စ်တော့ရေးတော့ပါဘူး။ ခုတလော အလုပ်တွေရှုပ်။ လူလဲနည်းနည်းလေနေလို့ စာမရေးဖြစ်ဘူး။ ဒါပဲ ဖျက်ပစ်ရဘူးနော်မမ

ရင်ငြိမ်းသူ said...

ဘလော့လေးတော့ ဖျက်မပစ်ပါနဲ့ နော် ... မတိမ်လွှာဖြူ

Follow Us @soratemplates