Friday, 7 November 2014

# Days In Japan # Sharing

နန်းတော် ++

ပြီးခဲ့တဲ့ ၄ ရက်လောက်က ခမ်းနားကြီးကျယ်တယ်လို့ သူတို့သတ်မှတ်ထားကြတဲ့ နန်းတော်ကြီးတစ်ခုထဲ အလည်ရောက်သွားခဲ့တယ်...။ အဲဒီလို ရှေးဟောင်းအဆောက်အဦတွေ မမြင်ဖူးတဲ့သူတွေအတွက်တော့  ကြီးကျယ်ခမ်းနားချင် ခမ်းနားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ရှေးဟောင်းဗိသုကာ လက်ရာတွေ ပေါတဲ့နေရာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက လာသူတစ်ယောက်အနေနဲ့တော့ ကိုယ့်နိုင်ငံက နန်းတော်တွေနဲ့ နှိုင်းယှဉ်ရင် သိပ်တော့ အံ့သြဘနန်း ဖြစ်စရာ မကောင်းလှပါဘူး..။

သွားခဲ့တာက Kyoto Imperial Palace လို့ခေါ်တဲ့ ဂျပန်ရှေးဟောင်းနန်းတော်ဟောင်းတစ်ခုဆီကိုပါ..။ ရှေးရှေးက ဂျပန်ဘုရင်အဆက်ဆက်က ရှေးကာလကတည်းကနေ ၁၈၆၈ ခုနှစ်အထိ စံမြန်းခဲ့ကြတဲ့ နန်းတော်လို့ ပြောပါတယ်..။ ၁၈၆၈ ခုနှစ်မှာတော့ နန်းတော်ကို တိုကျို မြို့ကို ပြောင်းရွှေ့သွားခဲ့ပါသတဲ့..။ ၁၈၅၅ မှာ တစ်ခါ ပြု ပြင်မှုတွေ လုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းတော့ ရှေးမူမပျက် ထိန်းသိမ်းထားခဲ့တာပါတဲ့..။ 
နန်းတော်ထဲကို မရောက်ခင် ဘေးပတ်ပတ်လည်မှာ ရှိတဲ့ တံတိုင်းတွေကလည်း မြန်မာနိုင်ငံက ရှေးဟောင်း နေရာတွေလောက် ဗိသုကာလက်ရာ အနုမစိတ်လှပါဘူး..။ ဘေးနားပတ်ပတ်လည်မှာ သစ်ပင်သစ်တောတွေတော့ အုပ်ဆိုင်းနေအောင် ထိန်းသိမ်းထားပါတယ်..။

အပင်အချို့တော့ အရောင်တွေ ပြောင်းစပြု လာနေပါပြီ..။ 
ဒါက ပင်မ၀င်ပေါက်ဖြစ်ပါတယ်..။ နိုင်ငံခြားသားတွေ အတော်များများတော့ လာလေ့လာနေကြတာ တွေ့ခဲ့ရတယ်..။


ဒါတွေက ဂုဏ်သရေရှိ ဧည့်သည်တွေလာရင် စောင့်ဆိုင်းရတဲ့ အခန်းတွေတဲ့.။ ချယ်ရီ၊ ကြိုးကြာ၊ ကျား ဆိုပြီး အခန်း အမျိုးအစား (၃) မျိုး ရှိပါတယ်။

ဒီလှည်းက နွားနဲ့မောင်းတာဖြစ်ပြီး ၀န်ကြီးတွေ၊ လူကြီးမင်းတွေ စီးတဲ့လှည်းဖြစ်ပါသတဲ့..။ တစ်စီးမှာ လူ (၄) ယောက် စီးလို့ရပါတယ်..။

ဒီအဆောက်အဦကတော့ အခမ်းအနားတွေလုပ်လေ့ရှိတဲ့ နေရာပါတဲ့..။ 












ဥယျာဉ်က ဘွန်ဆိုင်းပင်တွေနဲ့ အလှဆင်ထားတာ ချစ်စရာကောင်းတယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သဘာဝအတိုင်း ကြီးပြင်းခွင့်မရတဲ့ အပင်လေးတွေကတော့ သနားစရာကောင်းပါတယ်.. >_<
Ekkkk,,, ရေးတာ မများပေမယ့် ပုံတွေ အတော်များသွားတော့ ပို့စ်က ရှည်သွားပြီ...။ ဒီမှာ နေနေစဉ်ကာလတွေမှာ သွားခဲ့တဲ့ ဖြစ်ခဲ့တဲ့ ကြုံတွေ့ခဲ့တဲ့အရာတွေအားလုံး မှတ်တမ်းတင်ထားချင်လို့ ရေးနေမိတာပါ..။ မဟုတ်ရင် နောက်ဆို နောက်ရောက်သွားပြီး အရာအားလုံးက မေ့သွားတတ်တော့ ဘာမှတ်တမ်းမှ မကျန်ခဲ့တတ်တာ ကြုံရပေါင်းများနေပြီလေ..။ အဲဒါကြောင့် သည်းခံပြီးသာ ဖတ်ပေးကြပါလို့ ...။ Diary Post တွေတော့ များလာပါလိမ့်မယ်...။

4 comments:

Iora said...

ဖတ်မယ်..ဖတ်မယ် စိတ်ချ။
အိုင်အိုရာ

Phyu Lwin said...

:D you are so lovely, sis Iora <3 <3 Thanks for your comment :*

Aunty Tint said...

ပုံတွေများများတင်တော့လဲ ကြည့်ခွင့်ရတာပေါ့ တိမ်လွှာရေ...ဗဟုသုတတွေလဲရတယ်။ တစ်ချိန်ချိန်အတွက် ခြေရာလေးတွေမဟုတ်လား။

Thu said...

လိုင်းကောင်းတုန်းတင်ရတာ..တင်သာတင် :P
ဒီမှာဆိုပုံဒီလောက်များများတင်ချင်ရင်၂ရက်လောက်အချိန်ယူရတယ်။ဂျာမန်ပြည်ရှု့ခင်းတွေကနေဂျပန်ပြည်ရှု့ခင်းတွေကိုပြောင်းခံစားရတာလဲတမျိုးကောင်းမှကောင်း :D

Follow Us @soratemplates