"Momiji တွေ အရောင်ပြောင်းတာ သွားကြည့်ကြမယ်"
သူငယ်ချင်းဖြစ်သူက အဲလိုပြောလာတော့ .... စိတ်ထဲအထူးတဆန်းဖြစ်ကာ "ဘာတွေရှိလို့ သွားကြည့်ကြတာလဲ" လို့ ပြန်မေးမိပါတယ်...။
"ဒီလိုပဲလေ... Momiji တွေ ဆောင်းဦးမှာ အရောင်ပြောင်းတာ တစ်ပင်လုံးနီရဲပြီး အရမ်းလှတယ်..။ အဲဒီလို သဘာဝအလှကို ခံစားကြတာပေါ့" လို့ သူမက ပြန်ဖြေပါတယ်...။
"ဟင်င်င်င်... အဲဒီလိုကို တကူးတက သွားကြည့်ပြီး အလှအပကို ခံစားကြတာလား" ဆိုပြီး မကြားဖူးတဲ့ အကြောင်းအရာတစ်ခုအတွက် ကိုယ့်မှာ အံ့သြခဲ့ရပါတယ်....။
Momiji ဆိုတာ ဂျပန်မေပယ်လ်ပင်တွေကို ဂျပန်လိုခေါ်တဲ့နာမည်ပါ...။ အရွက်က ဥရောပ၊ ကနေဒါ စတဲ့ အနောက်နိုင်ငံက Maple ပင်တွေထက် ပိုသေးတယ်...။ အဲဒီမှာလိုပါပဲ... ဆောင်းဦးရောက်ရင် စိမ်းရာကနေ၀ါ၊ ၀ါရာကနေ ပန်းရောင်၊ အဲဒီကနေ တစ်ပင်လုံးနီရဲ၊ နည်းနည်းကြာလာတဲ့အခါ .. ဆောင်းရောက်ရင်တော့ အရွက်တွေခြောက်ပြီး အားလုံးကြွေကုန်ကြတာပါ...။
ဟိုယခင်.. ဂျာမနီမှာကျောင်းတက်စဉ်ကတော့ Maple တွေ အရောင်ပြောင်းတာ၊ ကြွေကျကုန်တာ စတာတွေဟာ သဘာဝအတိုင်း ပြောင်းလဲနေကျဖြစ်စဉ်ဆိုပြီး ထူးထူးဆန်းဆန်းထင်မှတ်ကာ အလှအပကို တကူးတက သွားခံစားဖို့ ဘယ်သူမှ စိတ်မကူးကြသလို ကျမလဲပဲ လည်ပတ်လေ့မရှိခဲ့ပါဘူး..။ အာရှသူပီပီ ကျောင်းကိုအသွား လမ်းတစ်လျှောက်တွေ့ရတဲ့ Maple ရွက်တွေကို တခါတလေ ဓါတ်ပုံရိုက်တာလောက်နဲ့ မှတ်တမ်းတင်တတ်ရုံသာ...။ ဒါတောင် အဲဒီလို အပင်တွေ၊ ပန်းတွေကို ဓါတ်ပုံရိုက်လွန်းလို့ သူငယ်ချင်းတွေကြားထဲ ကျမက အထူးအဆန်းလို ဖြစ်နေတတ်ခဲ့ပါသေးတယ်..။
Germany မှာတုန်းက Maple တွေ အရောင်ပြောင်းပြီး ကြွေနေတာတွေ ရိုက်ထားခဲ့တာတွေပေါ့ ..။ အဲဒါတွေလည်း ကျောင်းဝန်းထဲက သွားရင်းလာရင်း ရိုက်ထားခဲ့တဲ့ပုံတွေပါ..။
အခု ဂျပန်ရောက်တော့ Momiji တွေ အရောင်ပြောင်းချိန်ရောက်ရင် အဲဒီအပင်တွေ အများကြီးရှိတဲ့နေရာ၊ အရောင်ပြောင်းမယ့်အချိန် စတာတွေကို အင်တာနက်ထဲမှာရှာ၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့လည်းပြောကြနဲ့... အရောင်တွေ အလှဆုံးဖြစ်တဲ့အချိန်၊ နေရာကို သွားပြီး ဓါတ်ပုံတွေရိုက်၊ ရှုခင်းတွေကြည့်စတာတွေကို တကယ့်ကို recreation and relax အတွက် ရည်ရွယ်ချက်ရှိရှိကို သွားလာလုပ်ကိုင်ကြတာကို ကျမအနေနဲ့တော့ အထူးအဆန်းဖြစ်ပြီး တွေ့မြင်နေရပါတယ်..။ နောက်ထပ်လာဦးမှာပါ..။ အုမဲပန်းဖြူဖြူတွေ၊ ချယ်ရီပန်းတွေပွင့်တဲ့အချိန်၊ နှင်းတွေကျတဲ့အချိန် တကူးတက အလှအပကို ခံစားဖို့ အားလုံးအလုပ်ရှုပ်ကြပြန်ဦးမယ်....။
Momiji တွေ အများကြီးရှိတဲ့ နာမည်ကြီး Temple တစ်ခုမှာ အနီရောင်တွေ အများဆုံးပြောင်းတဲ့အချိန်က လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပုံပါ..။ လူတွေအများကြီး တန်ုးစီပြီး လှည့်ပတ်ကြည့်ရှုခံစားနေကြတာ ရွာက ဘုရားပွဲပြန်ရောက်သွားသလိုပါပဲ ..။ ရွာက ဘုရားပွဲဆိုရင်တောင် လူတွေအများကြီး မတိုးချင်လို့ ဘယ်တော့မှ သွားလေ့မရှိတဲ့ကျမက အခုတော့ မြင်ဖူးနေကျ Maple တွေ အရောင်ပြောင်းတာကို လူတွေကြားတိုးဝှေ့ကြည့်ရှု ဓါတ်ပုံမှတ်တမ်းတင်နေမိနေလေရဲ့ ..။ ရောက်တဲ့ဒေသရဲ့ ဓလေ့ထုံးစံတစ်ခုကို လိုက်မိနေတဲ့ သဘောပဲဆိုပါတော့..။ သဘာဝကိုချစ်တဲ့ကျမက ဖန်တီးတာတာမဟုတ်တဲ့ သဘာဝအလှအပတွေကို ချစ်တာကြောင့်လည်း ပါပါတယ်..။
နောက်ပြီးတော့ Ginkgo ပင်တွေ အဝါရောင်ပြောင်းတာလည်း တော်တော်လှပါတယ်..။ Ginkgo ပင်တွေက ဟိုးရှေးရှေးကမ္ဘာဦးအစကတည်းက တည်ရှိလာတဲ့အပင်မျိုးစိတ်ဆိုတော့ ရှေးအကျဆုံးအပင်ဆိုပြီး ဂျာမနီမှာတော့ အမြတ်တနိုးဖြစ်ကြပါတယ်..။
မိနစ် (၉၀) အတွင်း အမျိုးပေါင်း ၅၀ ထဲမှာ အသားမျိုးစုံအပြင် Icecream, soup, dessert စတာတွေလည်း အများကြီးပါပါတယ်..။ သဘောကတော့ ဘူဖေးပါပဲ ..။ ဒါပေမယ့် မှာထားတဲ့အစားအသောက်တွေ ကုန်အောင် မစားရင် အလေးချိန်ပြန်ချိန်ပြီး အလဟဿ ဖြုန်းတီးပစ်တဲ့အစားအစာတွေအတွက် ပိုက်ဆံ ထပ်ပေးရတာပဲ ဖြစ်ပါတယ်..။ အဲဒီလို စည်းကမ်းချမှတ်ထားတဲ့အခါ ကိုယ်စားနိုင်သလောက်ပဲ ယူစားပြီး ဘယ်သူမှ ပိုလျှံအောင် မဖြုန်းတီးကြတော့ဘူးပေါ့..။ ဒါကတော့ ဂျာမနီမှာလည်း အဲလိုစနစ်ပါပဲ...။ မှာထားတာတွေ ကုန်အောင် မစားနိုင်ရင် ဒါဏ်ရိုက်တဲ့ဆိုင်တွေ တော်တော်များပါတယ်..။ ရည်ရွယ်ချက်က resources တွေ မဖြုန်းတီးစေချင်တာပါ..။ ကိုယ်တွေက အဲဒီလို ဖြုန်းတီးစားသောက်နေတုန်းမှာ အချို့နိုင်ငံ၊ နေရာတွေမှာ အစာမစားရလို့ ငတ်နေသူတွေ တပုံကြီးရှိနေတယ်လေ..။
ဂျပန်မှာရော၊ ဂျာမနီမှာရော အဲဒီအစားစားတာနဲ့ပတ်သက်တဲ့ဓလေ့ကတော့ တော်တော်တူပါတယ်..။အစားအသောက်မှာ စည်းကမ်းရှိတာကို ဆိုလိုတာပါ..။ လူဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ကိုယ်စားနိုင်တဲ့အတိုင်းအတာ ပမာဏကို ချင့်ချိန်မှန်းဆတတ်ပါတယ်..။ အဲဒါကြောင့် ကိုယ်စားနိုင်သလောက်သာ ပန်းကန်ထဲထည့်ပြီး ထည့်သမျှအရာကို ကုန်အောင်စားခြင်းက အစားအသောက်အပေါ်မှာ လေးစားရာရောက်စေပါတယ်..။ အဲဒီအကျင့်က စွဲနေတတ်တဲ့ကျမက မြန်မာနိုင်ငံရောက်တော့လည်း ဘယ်လောက်ပဲ မကြိုက်တဲ့၊ မကောင်းတဲ့အစားအစာပဲဖြစ်ဖြစ် ပန်းကန်ထဲထည့်မိပြီဆိုရင်တောင် ကျမ မကုန်ကုန်အောင် စားလေ့ရှိပါတယ်..။ စားသောက်ဆိုင်သွားရင်လည်း ဟင်းပွဲတွေ အများကြီးကို လူမြင်ကောင်းအောင် တထိုင်တည်း မမှာတတ်ဘဲ စားနိုင်သလောက်သာ မှာစားတတ်တာ အကျင့်ဖြစ်လို့နေပါပြီ...။ မှာသမျှကိုလည်း အားလုံးကုန်အောင် စားတတ်တာလည်း အကျင့်ဖြစ်နေပါပြီ...။ အိမ်က မိသားစုကိုလည်း အဲဒီအကျင့်စရိုက်ကို ပြောပြပြီး အစားအသောက်မဖြုန်းတီးဖို့၊ လောဘမကြီးဖို့၊ အစားအစာကို လေးစားဖို့ ပြောပြပြီး အလေ့အကျင့်လုပ်ပေးခဲ့ပါတယ်..။ ဒါဟာ ကပ်စေးနည်းတာ၊ ချွေတာတာမဟုတ်ဘဲ စည်းကမ်းရှိတာပါ...။
++++++++++++++++++++
Thank you for your kind visit!!!! See you later :* :)
သူငယ်ချင်းဖြစ်သူက အဲလိုပြောလာတော့ .... စိတ်ထဲအထူးတဆန်းဖြစ်ကာ "ဘာတွေရှိလို့ သွားကြည့်ကြတာလဲ" လို့ ပြန်မေးမိပါတယ်...။
"ဒီလိုပဲလေ... Momiji တွေ ဆောင်းဦးမှာ အရောင်ပြောင်းတာ တစ်ပင်လုံးနီရဲပြီး အရမ်းလှတယ်..။ အဲဒီလို သဘာဝအလှကို ခံစားကြတာပေါ့" လို့ သူမက ပြန်ဖြေပါတယ်...။
"ဟင်င်င်င်... အဲဒီလိုကို တကူးတက သွားကြည့်ပြီး အလှအပကို ခံစားကြတာလား" ဆိုပြီး မကြားဖူးတဲ့ အကြောင်းအရာတစ်ခုအတွက် ကိုယ့်မှာ အံ့သြခဲ့ရပါတယ်....။
Momiji ဆိုတာ ဂျပန်မေပယ်လ်ပင်တွေကို ဂျပန်လိုခေါ်တဲ့နာမည်ပါ...။ အရွက်က ဥရောပ၊ ကနေဒါ စတဲ့ အနောက်နိုင်ငံက Maple ပင်တွေထက် ပိုသေးတယ်...။ အဲဒီမှာလိုပါပဲ... ဆောင်းဦးရောက်ရင် စိမ်းရာကနေ၀ါ၊ ၀ါရာကနေ ပန်းရောင်၊ အဲဒီကနေ တစ်ပင်လုံးနီရဲ၊ နည်းနည်းကြာလာတဲ့အခါ .. ဆောင်းရောက်ရင်တော့ အရွက်တွေခြောက်ပြီး အားလုံးကြွေကုန်ကြတာပါ...။
ဟိုယခင်.. ဂျာမနီမှာကျောင်းတက်စဉ်ကတော့ Maple တွေ အရောင်ပြောင်းတာ၊ ကြွေကျကုန်တာ စတာတွေဟာ သဘာဝအတိုင်း ပြောင်းလဲနေကျဖြစ်စဉ်ဆိုပြီး ထူးထူးဆန်းဆန်းထင်မှတ်ကာ အလှအပကို တကူးတက သွားခံစားဖို့ ဘယ်သူမှ စိတ်မကူးကြသလို ကျမလဲပဲ လည်ပတ်လေ့မရှိခဲ့ပါဘူး..။ အာရှသူပီပီ ကျောင်းကိုအသွား လမ်းတစ်လျှောက်တွေ့ရတဲ့ Maple ရွက်တွေကို တခါတလေ ဓါတ်ပုံရိုက်တာလောက်နဲ့ မှတ်တမ်းတင်တတ်ရုံသာ...။ ဒါတောင် အဲဒီလို အပင်တွေ၊ ပန်းတွေကို ဓါတ်ပုံရိုက်လွန်းလို့ သူငယ်ချင်းတွေကြားထဲ ကျမက အထူးအဆန်းလို ဖြစ်နေတတ်ခဲ့ပါသေးတယ်..။
Germany မှာတုန်းက Maple တွေ အရောင်ပြောင်းပြီး ကြွေနေတာတွေ ရိုက်ထားခဲ့တာတွေပေါ့ ..။ အဲဒါတွေလည်း ကျောင်းဝန်းထဲက သွားရင်းလာရင်း ရိုက်ထားခဲ့တဲ့ပုံတွေပါ..။
အခု ဂျပန်ရောက်တော့ Momiji တွေ အရောင်ပြောင်းချိန်ရောက်ရင် အဲဒီအပင်တွေ အများကြီးရှိတဲ့နေရာ၊ အရောင်ပြောင်းမယ့်အချိန် စတာတွေကို အင်တာနက်ထဲမှာရှာ၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့လည်းပြောကြနဲ့... အရောင်တွေ အလှဆုံးဖြစ်တဲ့အချိန်၊ နေရာကို သွားပြီး ဓါတ်ပုံတွေရိုက်၊ ရှုခင်းတွေကြည့်စတာတွေကို တကယ့်ကို recreation and relax အတွက် ရည်ရွယ်ချက်ရှိရှိကို သွားလာလုပ်ကိုင်ကြတာကို ကျမအနေနဲ့တော့ အထူးအဆန်းဖြစ်ပြီး တွေ့မြင်နေရပါတယ်..။ နောက်ထပ်လာဦးမှာပါ..။ အုမဲပန်းဖြူဖြူတွေ၊ ချယ်ရီပန်းတွေပွင့်တဲ့အချိန်၊ နှင်းတွေကျတဲ့အချိန် တကူးတက အလှအပကို ခံစားဖို့ အားလုံးအလုပ်ရှုပ်ကြပြန်ဦးမယ်....။
Momiji တွေ အများကြီးရှိတဲ့ နာမည်ကြီး Temple တစ်ခုမှာ အနီရောင်တွေ အများဆုံးပြောင်းတဲ့အချိန်က လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပုံပါ..။ လူတွေအများကြီး တန်ုးစီပြီး လှည့်ပတ်ကြည့်ရှုခံစားနေကြတာ ရွာက ဘုရားပွဲပြန်ရောက်သွားသလိုပါပဲ ..။ ရွာက ဘုရားပွဲဆိုရင်တောင် လူတွေအများကြီး မတိုးချင်လို့ ဘယ်တော့မှ သွားလေ့မရှိတဲ့ကျမက အခုတော့ မြင်ဖူးနေကျ Maple တွေ အရောင်ပြောင်းတာကို လူတွေကြားတိုးဝှေ့ကြည့်ရှု ဓါတ်ပုံမှတ်တမ်းတင်နေမိနေလေရဲ့ ..။ ရောက်တဲ့ဒေသရဲ့ ဓလေ့ထုံးစံတစ်ခုကို လိုက်မိနေတဲ့ သဘောပဲဆိုပါတော့..။ သဘာဝကိုချစ်တဲ့ကျမက ဖန်တီးတာတာမဟုတ်တဲ့ သဘာဝအလှအပတွေကို ချစ်တာကြောင့်လည်း ပါပါတယ်..။
နောက်ပြီးတော့ Ginkgo ပင်တွေ အဝါရောင်ပြောင်းတာလည်း တော်တော်လှပါတယ်..။ Ginkgo ပင်တွေက ဟိုးရှေးရှေးကမ္ဘာဦးအစကတည်းက တည်ရှိလာတဲ့အပင်မျိုးစိတ်ဆိုတော့ ရှေးအကျဆုံးအပင်ဆိုပြီး ဂျာမနီမှာတော့ အမြတ်တနိုးဖြစ်ကြပါတယ်..။
နောက်တစ်ခု ဒီက အစားအသောက်တွေထဲ ပေါ်ပြုလာဖြစ်နေတာတစ်ခုက ကိုရီးယားနဲ့ဆင်တူ အသားကင်ပါ..။ ဂျပန်လို Yakiniku (ယာကိနိခု) လို့ ခေါ်ပါတယ်..။ ဆိုင်တစ်ခုနဲ့တစ်ခု ဈေးကတော့ မတူပေမယ့် ရောင်းတဲ့ပုံစံချင်းတော့ ဆင်တူကြပါတယ်..။ အများအားဖြင့် တစ်ယောက်ချင်းစီကို မိနစ် (၉၀) စားမယ်ဆိုရင် ဂျပန်ယန်း ၁၅၀၀ လောက် ပျမ်းမျှပေးရပါတယ်..။ အချို့ဆိုင်တွေကတော့ ၂၀၀၀ လောက်ထိ ပေးရတတ်ပါတယ်...။ မိနစ် (၉၀) အတွင်း ကိုယ်စားနိုင်သလောက် စားလို့ရပါတယ်..။ မိနစ် (၁၂၀) စာလည်း ရှိပါတယ်..။ ဒါပေမယ့် စားမယ်ဆိုရင် မိနစ် (၉၀) ဆိုတာလည်း အချိန်ကြာတဲ့အတွက် အဲဒါကလည်း သင့်လျော်ပါတယ်..။ ယန်း ၂၀၀၀ လောက်ပေးရတယ်ဆိုရင် menu ၅၀ လောက် စားလို့ရတယ်ဆိုတော့ တော်တော်အမယ်စုံပါတယ်..။ အဲဒီထက်ဈေးကြီးမယ်ဆိုရင် အမျိုးပေါင်း ၁၀၀ ကျော်လောက် စားလို့ရပါတယ်..။ ဒါပေမယ့်လည်း လူတစ်ယောက် တစ်ခါစားတာ အမျိုးပေါင်း ၅၀ တောင် ကုန်အောင် မှာမစားနိုင်ပါဘူး....။
ဂျပန်မှာရော၊ ဂျာမနီမှာရော အဲဒီအစားစားတာနဲ့ပတ်သက်တဲ့ဓလေ့ကတော့ တော်တော်တူပါတယ်..။အစားအသောက်မှာ စည်းကမ်းရှိတာကို ဆိုလိုတာပါ..။ လူဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ကိုယ်စားနိုင်တဲ့အတိုင်းအတာ ပမာဏကို ချင့်ချိန်မှန်းဆတတ်ပါတယ်..။ အဲဒါကြောင့် ကိုယ်စားနိုင်သလောက်သာ ပန်းကန်ထဲထည့်ပြီး ထည့်သမျှအရာကို ကုန်အောင်စားခြင်းက အစားအသောက်အပေါ်မှာ လေးစားရာရောက်စေပါတယ်..။ အဲဒီအကျင့်က စွဲနေတတ်တဲ့ကျမက မြန်မာနိုင်ငံရောက်တော့လည်း ဘယ်လောက်ပဲ မကြိုက်တဲ့၊ မကောင်းတဲ့အစားအစာပဲဖြစ်ဖြစ် ပန်းကန်ထဲထည့်မိပြီဆိုရင်တောင် ကျမ မကုန်ကုန်အောင် စားလေ့ရှိပါတယ်..။ စားသောက်ဆိုင်သွားရင်လည်း ဟင်းပွဲတွေ အများကြီးကို လူမြင်ကောင်းအောင် တထိုင်တည်း မမှာတတ်ဘဲ စားနိုင်သလောက်သာ မှာစားတတ်တာ အကျင့်ဖြစ်လို့နေပါပြီ...။ မှာသမျှကိုလည်း အားလုံးကုန်အောင် စားတတ်တာလည်း အကျင့်ဖြစ်နေပါပြီ...။ အိမ်က မိသားစုကိုလည်း အဲဒီအကျင့်စရိုက်ကို ပြောပြပြီး အစားအသောက်မဖြုန်းတီးဖို့၊ လောဘမကြီးဖို့၊ အစားအစာကို လေးစားဖို့ ပြောပြပြီး အလေ့အကျင့်လုပ်ပေးခဲ့ပါတယ်..။ ဒါဟာ ကပ်စေးနည်းတာ၊ ချွေတာတာမဟုတ်ဘဲ စည်းကမ်းရှိတာပါ...။
++++++++++++++++++++
Thank you for your kind visit!!!! See you later :* :)
4 comments:
မေဘယ်လ်ပင်လေးတွေကိုအပြင်မှာသိပ်မြင်ဖူးချင်တာပဲ။မေမြို့မှာတော့ဆောင်းဝင်ပြီဆို အစိမ်းအနီရောပြီးအရောင်ပြောင်းတဲ့ ခရစ်စမတ်ပင်လေးတွေတော့ရှိတယ်နော်။အဲ့တာပဲမြင်ဖူးတယ်လို့။ကိုယ်တွေဆီမှာResourceတွေဖြုန်းလို့ကောင်းတုန်း။ :)
i didnt know that that was gingko. They are the most common trees that can be seen in my uni compound.
မေမြို့က မေဗယ်ရွက်တွေကိုတော့ မနှစ်က ဆောင်းမှာတွေ့ခွင့်ရခဲ့တယ်...။ ညီမလေးရဲ့ ဂျပန်ပြည်က အလှအပတွေကို ကြည့်ရှု့ခံစားခွင့်ရလို့ ကျေးဇူးတင်ပါတယ်...။ အ၀ါရောင်အပင်လေးကိုပိုသဘောကျမိတယ်...။
သစ်ရွက်ကြွေလေးတွေလှချက်က အတွေးထဲမျောပြီး ပို့စ်တစ်ပုဒ်တောင်ရနိုင်တယ် တိမ်လွှာရေ။ ဓာတ်ပုံတွေ သိတ်လှတယ် ဗဟုသုတတွေအတွက်လဲ ကျေးဇူးနော်။ ဒီပို့စ်ကို ဖတ်ခဲ့ပြီးပါပြီ ကွန်မန့်ပေးခဲ့တယ်မှတ်တာ အခုဒုတိယအကြိမ်ပြန်ဖတ်ရင်း မန့်ခဲ့ပြီနော်။
Post a Comment