Sunday, 27 March 2016

# Days In Japan # Flowers

Spring is coming ~~~

ရာသီတွေ တပတ်လည်လာလိုက်တာ အခုတော့ နွေဦးကို ပြန်ရောက်လို့ လာပြန်ပါပြီ ....။
ရာသီအလိုက် ပွင့်လေ့ရှိတဲ့ပန်းတွေကို မှတ်တမ်းတင်လေ့ရှိတဲ့ကိုယ့်အတွက်တော့ နွေဦးဟာ ပန်းရောင်စုံနဲ့ လှပစွာ ရောက်ရှိလို့လာပါတယ် .....။
မတ်လဆန်းပိုင်းထဲမှာတော့ Plum Flowers တွေဖြစ်တဲ့ ဂျပန်လို Ume လို့ခေါ်တဲ့ ချယ်ရီပန်းနဲ့ ခပ်ဆင်ဆင်ပန်းတွေ ပွင့်နေပါပြီ ..။ ချယ်ရီနဲ့ မတူတာက Ume Flower က ပွင့်ဖတ်အလွှာပိုများပြီး အနံ့မွှေးပါတယ် ....။

နွေဦးရောက်လာရင် ထုံးစံအတိုင်း ကင်မရာတစ်လုံးကိုင်လို့ လျှောက်သွားကာ ပန်းပင် ပန်းပွင့်မျိုးစုံ ဓါတ်ပုံရိုက်တဲ့အကျင့်က ခုထိ ရှိနေတုန်းပါပဲ...။
ဒါကတော့ ခုမှ ပွင့်စပြုလာပြီဖြစ်တဲ့ ချယ်ရီတွေ
ဒီပန်းက Magnolia လို့ခေါ်တဲ့ မျိုးနွယ်ထဲက ပန်းအဖြူရောင်။ မြန်မာလိုတော့ တတိုင်းမွှေးလို့ခေါ်သတဲ့။ ပန်းပွင့်တွေက အကြီးကြီးတွေ အရမ်းလှပါတယ်။။။

ဒီပန်းက မြန်မာလိုတော့ နှင်းပန်းလို့ခေါ်တဲ့ အဖြူရောင် ပန်းငိုက်စိုက်ကလေးတွေ ..။




Daffodils ပန်းဝါဝါတွေ မြင်လိုက်ရပြီးတဲ့အခါမှာတော့ ကိုယ့်ရဲ့ နွေဦးဟာ ပြီးပြည့်စုံသွားသလို နွေဦးမှာ ကိုယ်အမြင်ချင်ဆုံးပန်းက Daffodils တွေ ဖြစ်နေခဲ့တာကိုးးး။

3 comments:

Aunty Tint said...
This comment has been removed by the author.
Aunty Tint said...

ရိုက်ချက်ကပျင်းပါ့ တိမ်လွှာရေ ....
ပန်းလေးတွေမြင်ရတာ ကြည်နူးလိုက်တာ....
ချယ်ရီကိုမြင်တိုင်း ငယ်ဘ၀ပို့စ်လေးတွေ ပြန်တင်ချင်မိတယ် :)

* အပေါ်ကကွန်မန့်မှာ စာလုံးပေါင်းမှားနေလို့ တီတင့်ဖျက်ပြီး ပြန်တင်တာနော် :P

Phyu Lwin said...

အမြဲတမ်း လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တီတင့် :) <3

Follow Us @soratemplates