Showing posts with label Flowers. Show all posts
Showing posts with label Flowers. Show all posts

Sunday, 27 June 2021

Planting good morning flowers, one of the stress relief ideas ✨✨✨

June 27, 2021 0 Comments

 


ဒီတလောတော့ အားလုံးနဲ့အတူတူ ကျွန်မလည်း ခံစားချက်ပေါင်းစုံနဲ့ စိတ်ဓါတ်ကျ၊ မပျော်မရွှင်ဖြစ်ကာ နေ့တိုင်းကို အားတင်းရပ်တည်နေရတာပါပဲ။

ဒီလိုနဲ့ စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ရာ အပင်စိုက်ခြင်းဖြင့်လည်း တစ်ဖက်တစ်လမ်းက ကုစားဖြစ်ပါတယ်။
ဒီတလောမှာ ရွက်လှပင်တွေထက် အပွင့်ပွင့်တဲ့အပင်တွေကို ပိုပြီး စိတ်ဝင်တစားစိုက်ဖြစ်တယ်။ မနက်နိုးလာတာနဲ့ ပန်းရောင်စုံကိုမြင်ရတာအပြင် အနံ့မွှေးတဲ့ပန်းလေးတွေဆို ပန်းရနံ့ဟာ စိတ်ကိုအေးချမ်းသွားစေပြီး စိတ်ဖိစီးမှုကို တမျိုးတဖုံ လျော့ကျစေတာကြောင့် ပိုစိုက်ဖြစ်တယ်။ ပြီးတော့ အခုအချိန်ဟာ မိုးရာသီမို့ တသီးတသန့်ပြုစုစရာမလိုဘဲ သဘာဝအတိုင်း မိုးရေ၊ နေရောင်တွေနဲ့ အပင်တွေဟာ သန်စွမ်းပြီး အပွင့်တွေပိုပွင့်တာလည်း ပါပါတယ်။ ကိုယ်စိုက်တဲ့အပင်လေးတွေက ပန်းလေးတွေ ပွင့်လာတဲ့အခါ ပြီးမြောက်မှုကို ခံစားရပြီး စိတ်အားကို တက်ကြွစေပါတယ်။


အပွင့်ပွင့်တဲ့ အပင်တွေအများကြီးထဲမှာမှ အခုပြောပြမယ့် Morning flowers လေးတွေဟာ ချစ်စရာကောင်းလှသလို ပန်းစိုက်သူအတွက် စိတ်ချမ်းသာမှုကို အမြန်ပေးနိုင်ပါတယ်။ အချို့ကတော့ မနက် ၉ နာရီလောက်ပွင့်တာမို့ ၉ နာရီပန်းလို့လည်း ခေါ်သလို Moss rose, sun rose စသဖြင့်လည်း ခေါ်ဆိုကြပါတယ်။ အရင်နေတဲ့နေရာက အနောက်ဖက်လှည့်မို့ မနက်နေရောင်မရတဲ့အခါ ဘယ်ပန်းပင်မှ မပွင့်ပါဘူး။ ပန်းပွင့်တဲ့အပင်တွေဟာ မနက်နေရောင်ကို မရှိမဖြစ်လိုအပ်လှပြီး တစ်နေ့မှာ အနည်းဆုံး ၆ နာရီလောက် နေရောင်ရဖို့ လိုပါသတဲ့။ ဒီပန်းပင်လေးတွေကိုလည်း အရင်အိမ်မှာစိုက်ပြီး ဘယ်လောက်ပဲပြုစုပေမယ့် မနက်ခင်းနေရောင်မရတဲ့နေရာဖြစ်တာမို့ အပွင့်ဖြစ်ဖို့ မဆိုထားနဲ့၊ အဖူးတောင် ထွက်မလာပါဘူး။ အပင်တောင်မှပဲ သူနဲ့အပ်စပ်တဲ့နေရာမဟုတ်တဲ့အခါ၊ သူအောင်မြင်ဖို့ ထောက်ပံ့ပေးမယ့်အရာတွေမရှိတဲ့နေရာဖြစ်တဲ့အခါ ရှင်သန်ဖို့ ခဲယဉ်းပါတယ်။

အခုနေတဲ့နေရာကတော့ အရှေ့ဖက်လှည့်ဖြစ်တာကြောင့် အိမ်ရှေ့ဟာ တစ်မနက်လုံးအပြင် တနေကုန်ပါ နေရလို့ စိုက်သမျှအပင်တိုင်းပွင့်ပြီး စိတ်ချမ်းသာပါတယ်။ တသီးတသန့်ကြီး ပြုစုစရာမလိုဘဲ သူတို့လိုအပ်တဲ့အရာတွေရှိတဲ့အခါ စွမ်းသလောက် ဖူးပွင့်ခွင့်ရကြပါတယ်။
ခုမှ ပန်းပင်စစိုက်မယ်၊ ပန်းပွင့်တာလည်း ချက်ချင်းမြင်လိုတယ်၊ တယုတယပြုစုဖို့ အချိန်မပေးနိုင်ဘူးဆိုရင် Morning flowers လေးတွေ စိုက်စေချင်တယ်။ အရောင်စုံအသွေးစုံနဲ့ လှပနေတဲ့ ပန်းခင်းဟာ စိုက်သူရဲ့ ပီတိကို အမြင့်ဆုံးထိရောက်စေတယ်။ စစိုက်တဲ့အချိန်မှာလည်း ဘာမှသိပ်မလိုဘဲ ရေဆင်းကောင်းတဲ့ စပ်မြေနဲ့ဆို ကိုင်းချိုးစိုက်တာနဲ့တင် ၃ ရက်လောက်ဆို အမြစ်စွဲပါပြီ။ ဒီလိုနဲ့ စိုက်တဲ့ကိုင်းက ရင့်ရင်ရင်သလို အဖူး/အပွင့်တွေ အစီအရီ ထွက်လာပါလိမ့်မယ်။ အိမ်ရှေ့မှာ ချိတ်ဆွဲအိုးလေးတွေနဲ့ဖြစ်ဖြစ်၊ မြက်ခင်းလို မြေကြီးမှာပဲ စိုက်စိုက်၊ အမျိုးမျိုးသောပုံစံနဲ့ အလှဆင်စိုက်လို့ရတာမို့ ကျွန်မကတော့ အရောင်တွေစုံအောင် စုရင်း စိုက်ဖြစ်တဲ့အကြောင်း ဝေမျှဖြစ်တာပါ။ 💐💐💐








Tuesday, 27 June 2017

Beyond defense ~~

June 27, 2017 0 Comments
Hello everyone,

မနေ့ကပဲ final defense ပြီးသွားပါတယ်..။ အဲဒီရက်အလွန်ကို မျှော်ပြီး ပျော်နေလိမ့်မယ်လို့ထင်ထားခဲ့မိပေမယ့် ထင်ထားသလောက်တော့ ပျော်စရာမကောင်းခဲ့ပါဘူး....။ defense ပြီးတဲ့နောက် တွေးစရာ လုပ်စရာတွေ များလာတယ် ..။ ကိုယ့်ဘ၀ကိုယ်လည်း ပြန်စဉ်းစားမိလာတယ် ..။ ဘာလို့ ဒီလို စာတွေပဲ လေ့လာနေရတဲ့ ဝဲဂယက်ထဲပဲ တဝဲလည်လည် ရုန်းကန်နေရတာလဲပေါ့...။ Defense မတိုင်ခင် တစ်ပတ်လောက်အတွင်းဟာ presentation file ကို စိတ်တိုင်းကျအောင် ပြင်နေရတာနဲ့ မအိပ်လိုက်ရတဲ့ရက်တွေလည်း ရှိခဲ့တယ် ..။ သေချာတာတော့ ရူးမသွားသေးဘူး ထင်ပါတယ် ..။ စာအုပ်မအပ်ခင်တုန်းကတစ်ခါ မအိပ်ရတဲ့ရက်တွေ ရှိခဲ့သေးတယ်....။ ပညာတွေတောက်လျှောက်သင်လာခဲ့တဲ့အတောအတွင်း ဒီအကြိမ်ဟာ ဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖူးခြင်းပါပဲ ...။ အသက် ၅ နှစ် သူငယ်တန်းကတည်းက စာတွေနဲ့ပဲ လုံးပမ်းနေခဲ့တာ အခု အသက် ၃၀ ကျော်လာတဲ့အထိ အပြင်လောကအကြောင်း ဘာမှမသိဘဲ ဒီသံသရာထေဲလည်နေတာ ဖြစ်သင့်ရဲ့လားဆိုတာတော့ ပြန်စဉ်းစားရဦးမယ် ..။ ဒါပေမယ့်လည်း ကိုယ်ပဲ ပုံမှန်မဟုတ်တာလားတော့မသိပေမယ့် ဒီနေ့ post-doc ခေါ်တဲ့ call တွေ လိုက်ဖတ်ဖြစ်နေသေးတယ် ...။
မနေ့က defense မှာ lab. က ကျမနဲ့ တရုတ်မလေး တစ်ယောက် လုပ်ကြတာဆိုတော့ congratulations cake က ၂ ခု စားရတယ် ..။ ပန်းစည်းလေးလည်း lab member တွေက စုပြီး စီစဉ်လက်ဆောင်ပေးကြတာ ...။ အားလုံးပြီးစီးသွားမှပဲ lab. က သူတွေအားလုံးနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်တယ် ..။ အရင်ကတော့ စာပဲ ကုန်းရုန်းလုပ်နေရတာဆိုတော့ သေချာစကားမပြောဖြစ်ဘဲ seminar ရောက်မှသာ တွေ့ဖြစ်ကြတာကိုး ..။ နောက်လထဲတော့ အားလုံးစုပြီး ကမ်းခြေတစ်ခုကို ခရီးသွားကြဖို့ စီစဉ်ထားကြသေးတယ် ..။ မြန်မာသူငယ်ချင်းတွေနဲ့လည်း စုပြီး လျှောက်သွားရဦးမယ် .။ တစ်ယောက်တည်းလည်း မရောက်သေးတဲ့နေရာတွေကို လျှောက်လည်ဖို့ အစီအစဉ်တွေ ဆွဲရဦးမယ် ..။ အဓိကက ငွေရေးကြေးရေးကလည်း တွက်ချက်ရပြန်ဦးမယ်.။ မပြန်ခင် ဝယ်ချင်တာတွေကလည်း အများကြီး။ မြန်မာမှာက ဒီမှာထက် ၃ ဆ လောက်ဈေးများတာဆိုတော့ လိုမယ်ထင်တာလေးတွေ ဝယ်သွားရဦးမယ် ..။ ဂျပန်က drug store brand တွေက မြန်မာရောက်ရင် high-end brand တွေဖြစ်ပြီး ဈေးတွေကြီးလွန်းလိုက်တာ..။

စာတွေလည်း အများကြီးပြန်ရေးနိုင်အောင် ကြိုးစားရဦးမယ် ...။ ဘာတွေရေးဖြစ်မလဲတော့ အတိအကျမရှိပေမယ့် ဟိုဟာရေး ဒီဟာရေးကပဲ ကိုယ့်စတိုင်လ်ဖြစ်နေတော့ ရေးချင်တာရေးရမှာပေါ့လေ...။ လောလောဆယ်တော့ အိပ်ရေးပျက်ထားတဲ့ဒဏ်တွေကြောင့် လူက စိတ်သိပ်မရွှင်လန်းသေးဘူး....။ နောက်မှပဲ ရှေ့ဆက်လှမ်းမယ့်လမ်းတွေအတွက် သေချာစဉ်းစားရည်ရွယ်ဖို့ လုပ်ရဦးမှာ..။ သေချာတာတော့ မြန်မာပြန်ရောက်တာနဲ့ မိသားစုဘဝတစ်ခုဖြစ်အောင် ကလေးယူဖို့ အရင်ဆုံးကြိုးစားဖြစ်မှာပါ ...။

နောက်တစ်ခု ကျမရဲ့ မကောင်းတဲ့အချက်တစ်ခုက အရေးကြီးတဲ့ event တွေအတွက်ဆို ဘယ်တော့မှ ကောင်းကောင်းမှတ်တမ်းတင်ထားလေ့မရှိတာ..။ အဆိုးဆုံးက ဘွဲ့ ၂ ခုရပြီးပေမယ့် သူများတွေလို အိမ်မှာ အလှချိတ်စရာ ဘွဲ့ဓါတ်ပုံတစ်ခုမှ မရှိပါဘူး။။ ပထမဘွဲ့တုန်းက မြန်မာမှာပေမယ့် ဘွဲ့နှင်းသဘင်မှာ ကိုယ့်ကင်မရာနဲ့ပဲ အဆင်ပြေသလို ရိုက်ဖြစ်တော့ ကိုယ်တစ်ပိုင်းပုံ တစ်ပုံမှ မရှိဘူး..။ မိတ်ကပ်လည်း မလိမ်းဖြစ်တော့ မပြင်တတ်မဆင်တတ်ချိန်ဖြစ်တဲ့အပြင် ကင်မရာကလည်း ပရိုမဟုတ်တော့ ကောင်းကောင်းကန်းကန်းပုံတစ်ပုံမှမရှိခဲ့ဘူး..။ ဂျာမနီမှာတုန်းကတော့ Graduation ချိန်က ကိုယ်ပြန်သွားပြီး ၅ လလောက်နေမှ လုပ်တာဆိုတော့ ဘွဲ့တောင် တက်မယူလိုက်ရပါဘူး.။ ရုံးကပဲ EMS နဲ့ လှမ်းပို့လိုက်တာ။ မေ့နေခဲ့တာ ခုမှ သတိရမိ..။ အဲဘွဲ့လက်မှတ်ကိုင်ပြီး အိမ်မှာတောင် ဓါတ်ပုံမရိုက်ဖြစ်သေးဘူး..။ မနေ့ကလည်း အဲဒီလိုပါပဲ ။ အစက တွေးထားတာ ကင်မရာယူလာပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို သေချာ ရိုက်ခိုင်းမယ်ပေါ့ ...။ တကယ့်နေ့လည်း ရောက်ရော အလုပ်တွေ ရှုပ်နေတာနဲ့ပဲ အာရုံမရတော့တာနဲ့ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး ..။ Defense လာတက်တဲ့သူငယ်ချင်းတွေက နည်းနည်းပါးပါးရိုက်ပေးထားလို့သာ အချို့ပုံလေးတွေ အမှတ်တရအနေနဲ့ ရထားတယ် ..။ ဒါပေမယ့် သူတို့လည်း အဝေးက ရိုက်ရတာလည်းဖြစ် ဖုန်းနဲ့ပဲဆိုတော့ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားတော့ မဟုတ်ဘူးပေါ့လေ..။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတစ်ခုအနေနဲ့ ရှိတာပဲ ရိုက်ပေးတဲ့သူငယ်ချင်းတွေကို တကယ်ကျေးဇူးတင်မိတာပါ ..။ ဓါတ်ပုံရိုက်တာ အရမ်းဝါသနာပါပေမယ့် ကိုယ့်ဘဝပေးကုသိုလ်ကံကပဲ ဘဝရဲ့ အရေးကြီးတဲ့ event တွေမှာ မှတ်တမ်းတင်ဖို့ ကံမစပ်တာပေပဲလား မသိပါဘူး...။ အဆိုးဆုံးက ငယ်ရွယ်တုန်းမှာ prewedding ပုံတွေလည်း သေချာ မရိုက်ဖြစ်ဘူး ..။ အမျိုးသားက ဂျပန်ကို လာလည်တာ ၂ ခါရှိပြီ ..။ post wedding ဓါတ်ပုံရိုက်ကြမယ်ဆိုပြီး စီစဉ်ထားကြပေမယ့် ဟိုလိုလို ဒီလိုလိုနဲ့ပဲ မရိုက်ဖြစ်လိုက်ပါဘူး...။ မြန်မာပြန်ရောက်ရင်တော့ အသက်လည်း ငယ်တုန်း လူလည်း ကလေးမွေးပြီး ပုံဆိုးပန်းဆိုးမဖြစ်သေးခင် ရိုက်ဖြစ်အောင် ရိုက်ဦးမှာ..။ ဒီတစ်ခါ ဘွဲ့ယူရင်တော့ ပုံကောင်းကောင်းလေးလည်း ရနိုင်ကောင်းပါရဲ့ ...။
မနေ့တုန်းက အမှတ်တရပုံလေး....။

လူက စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ စာရေးတာ ဟိုရောက်ဒီရောက်ဖြစ်နေရင်လည်း သည်းခံပေးကြပါလို့ ...။ ဒီနောက်ပိုင်းစာရေးရင် လိုတဲ့နေရာတွေမှာ ကိုယ့်ဓါတ်ပုံတွေ ထုတ်ပြဖို့လည်း စဉ်းစားထားပါတယ် ...။ အရင်ကတော့ ကိုယ့်ပုံကိုယ် Public မတင်ရဲတာက အင်တာနက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြောက်လို့ပါ ...။ ကိုယ့်လို ပါချီပါချက်ကိုတော့ ဘယ်သူမှ ဘာမှလည်း သိတာမဟုတ်ပါဘူးလေ...။ ကွကိုယ်သာ စိတ်တွေပူနေတတ်တာ 😂😂။ ခုတော့ ဘလော့ဂ်တွေ ခေတ်မရှိတော့ဘူးဆိုတော့ လူတွေ သိပ်စိတ်မဝင်စားတော့တာကြောင့် ဘာတင်တင် ဘယ်သူမှ မြင်တာမဟုတ်တော့ ဒီမှာပဲ ကိုယ်ရေးချင်တာလျှောက်ရေး ကိုယ်တင်ချင်တာတင်ဖို့ စိတ်ကူးထားပါတယ် ...။

OK then!! See you later 👐👐
Thanks for coming here 🙏😘😘😘😘😘

Sunday, 27 March 2016

Spring is coming ~~~

March 27, 2016 3 Comments
ရာသီတွေ တပတ်လည်လာလိုက်တာ အခုတော့ နွေဦးကို ပြန်ရောက်လို့ လာပြန်ပါပြီ ....။
ရာသီအလိုက် ပွင့်လေ့ရှိတဲ့ပန်းတွေကို မှတ်တမ်းတင်လေ့ရှိတဲ့ကိုယ့်အတွက်တော့ နွေဦးဟာ ပန်းရောင်စုံနဲ့ လှပစွာ ရောက်ရှိလို့လာပါတယ် .....။
မတ်လဆန်းပိုင်းထဲမှာတော့ Plum Flowers တွေဖြစ်တဲ့ ဂျပန်လို Ume လို့ခေါ်တဲ့ ချယ်ရီပန်းနဲ့ ခပ်ဆင်ဆင်ပန်းတွေ ပွင့်နေပါပြီ ..။ ချယ်ရီနဲ့ မတူတာက Ume Flower က ပွင့်ဖတ်အလွှာပိုများပြီး အနံ့မွှေးပါတယ် ....။

နွေဦးရောက်လာရင် ထုံးစံအတိုင်း ကင်မရာတစ်လုံးကိုင်လို့ လျှောက်သွားကာ ပန်းပင် ပန်းပွင့်မျိုးစုံ ဓါတ်ပုံရိုက်တဲ့အကျင့်က ခုထိ ရှိနေတုန်းပါပဲ...။
ဒါကတော့ ခုမှ ပွင့်စပြုလာပြီဖြစ်တဲ့ ချယ်ရီတွေ
ဒီပန်းက Magnolia လို့ခေါ်တဲ့ မျိုးနွယ်ထဲက ပန်းအဖြူရောင်။ မြန်မာလိုတော့ တတိုင်းမွှေးလို့ခေါ်သတဲ့။ ပန်းပွင့်တွေက အကြီးကြီးတွေ အရမ်းလှပါတယ်။။။

ဒီပန်းက မြန်မာလိုတော့ နှင်းပန်းလို့ခေါ်တဲ့ အဖြူရောင် ပန်းငိုက်စိုက်ကလေးတွေ ..။




Daffodils ပန်းဝါဝါတွေ မြင်လိုက်ရပြီးတဲ့အခါမှာတော့ ကိုယ့်ရဲ့ နွေဦးဟာ ပြီးပြည့်စုံသွားသလို နွေဦးမှာ ကိုယ်အမြင်ချင်ဆုံးပန်းက Daffodils တွေ ဖြစ်နေခဲ့တာကိုးးး။

Thursday, 23 January 2014

♥♥ Lovely ORCHIDS ♥♥

January 23, 2014 2 Comments
သွားရင်းလာရင်းနဲ့ ၀ါသနာအတိုင်း ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်...။ ထုံးစံအတိုင်း ပန်းပင်တွေ၊ သစ်ပင်တွေပဲပေါ့..။ ပြင်ဦးလွင်ကိုရောက်ခိုက် အလုပ်အတွက် အစည်းအဝေးလုပ်တဲ့နေရာက ကံကောင်းစွာပဲ အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲမှာ ဖြစ်နေတဲ့အခါ သဘာဝကို ပြုပြင်ထားတဲ့ အလှအပတွေကို ခံစားမြင်တွေ့ခဲ့ရပါတယ် .....။ အစည်းအဝေးလုပ်တဲ့နေ့မှာတော့ သေသေချာချာ မလည်ဖြစ်ပေမယ့် သစ်ခွတွေကို သေချာမြင်ချင်တွေ့ချင်စိတ်နဲ့ နောက်တစ်ရက်မှာ ထပ်လည်ဖြစ်ပါတယ်.။ ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့တယ် ...။ နောက်တော့ စာတွေ သေချာမရေးဖြစ်သေးတဲ့အချိန်မှာ Blog ပေါ်မှာ ဝေမျှဖြစ်ပြန်ပါတယ်..။
ဘယ်လိုပဲဖြစ်ဖြစ် ပန်းတွေနဲ့ အလှဆင်ထားတဲ့နေရာရောက်နေတော့လည်း ပျော်စရာတော့ ကောင်းလွန်း ပါတယ် ..။











ပုံတွေကတော့ အများကြီးပါပဲ ..။ အင်တာနက်ကွန်နက်ရှင်ကြောင့် ခုတော့ ဒီလောက်ပဲ တင်ပါဦးမယ် ..။ 
ဥယျာဉ်ထဲမှာတော့ ချယ်ရီတွေ ပွင့်နေပြီ ..။ အားတဲ့အချိန်တော့ ချယ်ရီနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်လောက် ရေးနိုင်ဖို့ ကြိုးစားပါဦးမယ် .....။

Friday, 6 July 2012

ရောင်စုံနှင်းဆီကမ္ဘာ .... ^^

July 06, 2012 14 Comments
ဒီနေ့ နည်းနည်း အချိန်ရလို့ ဟိုလည်ဒီလည်လုပ်ပြီးတော့... တစ်ခုခုရေးဖို့ စဉ်းစားမိတယ်...။
ဒါပေမယ့် ....ဘာမှရေးဖို့..... စိတ်ကူးထဲ မရှိပြန်ဘူး...။ ဒီနေ့ စာမေးပွဲက presentation တွေအားလုံးပြီးသွားပြီ ..ပြီးတော့ သောကြာနေ့လည်းဖြစ်တော့... စာမကြည့်ပဲ အငြိမ့်ဖွင့်ထားရင်း အခန်းရှင်း... စာအုပ်တွေ ဟိုစီဒီစီလုပ်နေတာ အခု ည ၁၁ နာရီထိုးမှပဲ ပြီးတော့တယ်...။ ၁၉ ရက်နေ့မှ ပြန်ပြီးတော့ oral exam/ written exam တွေဆက်ဖြေရပြီး ၈ လပိုင်း ၁၇ ရက်နေ့ဆိုရင် အားလုံးပြီးသွားပြီး အေးအေးဆေးဆေးစာရေးနိုင်တော့မှာ..။ ဒီကြားထဲ... ပျင်းရင်ပျင်းသလို ဟိုရေးဒီရေးပေါ့ ...။ ဒီမှာ စာမေးပွဲကာလက အရမ်းကြာတယ်... တစ်ဘာသာနဲ့ တစ်ဘာသာကြားထဲမှာ အနည်းဆုံး ၄ ရက်လောက်ခြားတယ်...။ စာကြည့်ချိန်တော့ရပေမယ့် stress တွေနဲ့ အကြာကြီးနေရတာကျတော့လည်း မကောင်းပြန်ဘူး ။။။ 
နှင်းဆီတွေ တစ်ဝကြီးကြည့်ကြပါဦးနော်.. အပျင်းပြေပေါ့..။ နှင်းဆီချစ်တတ်သူများအတွက်ပါ ....။ ဂျပန်က နှင်းဆီပန်းတွေပါပဲ..။ နောက်ထပ်လည်း အများကြီးရှိသေးတယ်..။ နောက်ပျင်းတဲ့အချိန်.. ရေးစရာမရှိတဲ့အချိန်မှ ထပ်တင်ရဦးမယ် ^_*









အပိုင်း -၂ :D
Creativity starts from a BELIEF ++

ကလေးတုန်းက..... ဘာကိုမှ အကြောက်အလန့်မရှိ..
ကိုယ်သာ ဘုရင်.. ကိုယ်သာ သူများထက်သာတယ် လုပ်နိုင်တယ်လို့ ..ယုံကြည်ခဲ့ကြတော့
ကလေးသဘာဝပေမယ့်... မိမိကိုယ်ကို ယုံကြည်မှုကြောင့် ဘာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်..။
ယုတ်စွအဆုံး.... ကစားတာပဲဖြစ်ဖြစ်ပေါ့...။
နည်းနည်းရင့်ကျက်လာတဲ့အခါ ...
ပတ်ဝန်းကျင်ကို မြင်တတ်လာပြီး ယှဉ်ကြည့်တတ်လာကြတယ်..
ယုံကြည်မှုတွေ တဖြည်းဖြည်းလျော့လာပြီး
ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာကြတယ်..။
အဲဒီပူပန်မှုတွေက ..... ရဲဝံ့မှု မိမိကိုယ်ကိုယုံကြည်မှုတွေကို အနည်းနဲ့အများ လျော့နည်းစေလာခဲ့တယ်...။
အဲဒီတော့ တခါတလေ အကောင်းဆုံးဖြစ်အောင်... မလုပ်နိုင်တော့ဘူး....။
တကယ်တော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ဖန်တီးနိုင်စွမ်းအားဆိုတာ.. မိမိကိုယ်ကို၊ မိမိအစွမ်းအစကို ယုံကြည်မှုပေါ်မှာ အခြေခံဖြစ်တည်လာတာပါ..။ (ဒီ movie လေးကို သဘောကျလို့ .. ကိုယ်တွေးမိသလို ပြန်ရေးကြည့်မိတာ၊ ပြီးဆုံးအောင် ကြည့်လိုက်ရင် တကယ်ကောင်းတဲ့ အတွေးအခေါ်တစ်ခုကို ရိုးရိုးရှင်းရှင်းလေး သရုပ်ဖော်ထားတာကို တွေ့ရပါလိမ့်မယ်..။ အားလုံးသိပြီးသားဖြစ်ပေမယ့်.. သရုပ်ဖော်ထားတာလေးက တကယ်ဖြစ်နေတတ်တာတွေကို ထင်ဟပ်မိစေတယ်.. 

(Facebook မှာတော့ share ထားတယ်..ဒါပေမယ့် အဲဒီကိုက တော်တော်များများက ရောက်ဖြစ်မှာမဟုတ်လို့ ဒီမှာ ထပ်ရှယ်လိုက်တာပါ.. အိုင်ဒီယာလေး ကြိုက်လို့ပါ)

  ****************************************************************

Thanks a lot for your kind visit ! :-**

Follow Us @soratemplates