၂၀၁၈ ဟာ ကျွန်မအတွက် ရုပ်ရှင်ရုံဖက် ပြန်ရောက်တဲ့ ထူးထူးခြားခြားနှစ်လို့ ဆိုရမယ်။ ရုပ်ရှင်ရုံဆိုတာ ခြေဦးမလှည့်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဒီနှစ်မှာတော့ အားလုံးသိထားကြသလို ခီမောင်နှံကြောင့် ရုပ်ရှင်ရုံကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။
ခီမောင်နှံရဲ့ ဇာတ်ကား ၂ ကားစလုံး Deception & Mudra's calling ကြည့်ဖြစ်တယ် ..။ နောက်ထပ် ထွက်လာမယ့်ကားတွေလည်း မျှော်နေရင်း ကြည့်ချင်နေမိပြီ။
နောက်ထပ် ကြည့်ဖြစ်တဲ့ ဇာတ်ကားက ဒါရိုက်တာ အာကာရိုက်တဲ့ The Mystery of Burma ဆိုတဲ့ ဇာတ်ကားလေး။ ဖန်တီးမှုတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ ။
ပြီးတော့ ငယ်ငယ်လေးကတည်းက ကြည့်ပြီးမေ့နေပြီဖြစ်တဲ့ Harry potter ဇာတ်ကားလည်း ပြန်ကြည့်ဖြစ်တယ်။
အခုနောက်ဆုံးကြည့်ဖြစ်တဲ့ ရုပ်ရှင်ကတော့ ဆရာမကြည်အေးရဲ့ မီ ပါပဲ။
အခု ကြည့်ဖြစ်သလို ဇာတ်ကားမျိုးတွေ များများရှိလာရင်တော့ နောက်နှစ်တွေမှာလည်း ရုပ်ရှင်ရုံကို မကြာခဏ ရောက်ဖြစ်ပါလိမ့်မယ်..။
No comments:
Post a Comment