Hello
အားလုံးပဲ မင်္ဂလာပါ။
အခု အားလုံးကို ဝေမျှစရာလေးတစ်ခုရှိလို့ပါ။
အရင်ကတည်းက Youtube channel တစ်ခုရှိပြီး ကိုယ်နားထောင်ချင်တဲ့သီချင်းတွေ Playlist လုပ်ထားတာမျိုး၊ တခါတလေ ရိုက်ထားတဲ့ landscape short video လေးတွေ တင်တာမျိုးပဲ လုပ်ဖြစ်ပါတယ်.။
၂၀၁၉ အတွက် ကျွန်မရဲ့ resolution ထဲမှာ YouTube Channel ကို ကောင်းကောင်းဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ၂၀၁၈ အတွင်းမှာ လတိုင်းလိုလို ခရီးတွေ သွားဖြစ်တယ်။ အချို့လတွေဆိုရင် ၂ နေရာ ၃ နေရာလောက် သွားဖြစ်တာတွေလည်းရှိတယ်။ ဒါပေမယ့် အလုပ်နဲ့မို့ ကောင်းကောင်းမလည်ဖြစ်သလို မှတ်တမ်းတင်တာတွေလည်း နည်းတယ်..။ ပြီးတော့ ကျွန်မက Facebook မှာလည်း ပုံတွေသိပ်တင်လေ့မရှိတော့ ရိုက်ထားတဲ့ပုံလေးတွေ ဒီအတိုင်းထားရမှာ နှမြောတာနဲ့ vlog လေးတွေလုပ်ပြီး Youtube မှာ အရင်ဆုံး share လုပ်မယ်စိတ်ကူးတာနဲ့ ဘာ vlog မှ မလုပ်ဖြစ်သေးခင် ရှိတာလေးတွေနဲ့ အရင် create လုပ်ထားတဲ့ သဘောပါပဲ ..။
အရင်ပို့စ်မှာ ရေးဖူးသလိုပဲ ကျွန်မက YouTube ကို တော်တော်စွဲပါတယ်။ Facebook ထက် Youtube မှာ အချိန်ကုန်တာများတယ်..။ ကျွန်မကြိုက်တဲ့ YouTuber တွေ Channel တွေလည်း တော်တော်များတယ်။ သိသလောက်တော့ Myanmar Youtuber တွေတော့ သိပ်မတွေ့မိသလိုပဲ။။ သတင်း channel တွေ၊ movies channel တွေ သီချင်းတင်တဲ့ channel တွေတော့ အများကြီးရှိပါတယ်။ ကိုယ်ကလည်း ဒါတွေပဲ မြင်မိတော့ သေချာမသိတာလည်းဖြစ်ပါလိမ့်မယ်။ ရှိတာတော့ ရှိကြမှာပါ။
အခု ပထမဆုံး vlog လေးက ၂၀၁၈ ဖေဖော်ဝါရီလအတွင်းမှာ ဘားအံကိုသွားခဲ့တဲ့ ခရီးကို ကလိထားတဲ့ vlog လေးပါ။ အအေးမိအသံဝင်နေတော့ အသံကလည်း မကြည်မလင် မပြတ်မသားဖြစ်နေပါတယ်..။ ဒါပေမယ့် something is better than nothing မို့ ဘာဖြစ်ဖြစ် လျှောက်လုပ်ထားတာပေမယ့် YouTube မှာ ကိုယ်ပိုင် vlog တွေစတင်ချင်တဲ့စိတ်က တားမရဖြစ်နေတာကြောင့် စလုပ်ဖြစ်ပါတယ်။ နောက်ဆိုရင်တော့ တကယ့် youtuber တွေလိုမျိုး Video တွေ ဖန်တီးနိုင်အောင် ကြိုးစားပါဦးမယ်။ လုပ်ချင်တာဆို မဖြစ်မနေလုပ်ဖြစ်အောင် လုပ်တာမို့ စဖြစ်တဲ့အရာတစ်ခုကို ဆက်ဖန်တီးဖြစ်သွားမှာပါ။ (အကောင်းဆုံးမဖြစ်တာတော့ ထုံးစံမို့ ဝါသနာကို အကောင်အထည်ဖော်ရုံလောက်ပါပဲ)

No comments:
Post a Comment