၂၀၁၉ ကို ရောက်လာခဲ့တာ တစ်လတောင် ကုန်ခဲ့ပြီပဲ ။ ဒါပေမယ့် Blog မှာ ဘာမှ မရေးဖြစ်သေးဘူး.။ တစ်လလုံးဟာ ခရီးတွေနဲ့ ပြည့်နေခဲ့တယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာတော့ ဘယ်မှမသွားသေးဘဲ အရင်သွားထားတဲ့ခရီးတွေအတွက် Paper works တွေ အပြီးသတ်မယ်စိတ်ကူးထားတယ်။
January ဟာ ကိုယ့်အတွက် ထူးခြားပါတယ်။ မွေးနေ့ ရှိတယ်လေ။ January 31 ဟာ ကျမရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့တော့ ပုံမှန်အတိုင်းပဲ ဖြတ်သန်းဖြစ်ပါတယ်။ မွေးနေ့ကိတ်တော့ မပါဘူးပေါ့လေ။
Youtube Channel လေး လုပ်ထားတာလည်း ခရီးသွားနေရတော့ မအားတာနဲ့ update မလုပ်ဖြစ်ဘူး။ Follower လည်း မရှိပါဘူး :D
ဇန်နဝါရီလ ပထမပတ်ထဲမှာ အလုပ်နဲ့ပဲ တရုတ်နိုင်ငံကို သွားဖြစ်တယ်။ အဲဒီမှာ ပန်းချီပြခန်းတစ်ခုကို သွားရင်း ရိုက်ထားဖြစ်တာတွေကို ပြန်ပြီး စုထားခဲ့တာ။ နောက်ထက် Video တွေ အများကြီးရိုက်ခဲ့ပေမယ့် edit မလုပ်ဖြစ်သေးတော့ မတင်ရသေးဘူး။
တရုတ်ကနေ ပြန်လာပြီး ၅ ရက်လောက်နားပြီးတာနဲ့ မြိတ်ကို ခရီးဆက်ထွက်ဖြစ်တယ်။ လကုန်ခါနီးမှ ပြန်လာဖြစ်တာပဲ။ အရမ်းလှတဲ့ မြိတ်ကျွန်းစုဘက်ကို အလည်ရောက်ခဲ့တယ်။ ရိုက်ခဲ့တဲ့ Video တွေ ဓါတ်ပုံတွေ ရှိပေမယ့် ထုံးစံအတိုင်း ဘာမှ မလုပ်ဖြစ်သေးဘူး..။
Youtube မှာ vlog တွေ တင်ပြီးတဲ့အခါမှ တစ်ခေါက်ထပ်လာ share ဦးမှာမို့ ဒီနေ့တော့ ဒီလောက်ပါပဲရှင့် <3

No comments:
Post a Comment