Showing posts with label Body and Skin care. Show all posts
Showing posts with label Body and Skin care. Show all posts

Tuesday, 11 July 2017

#Cleansing #collection

July 11, 2017 0 Comments
Hello there 👋👋

ဒီနေ့တော့ ကျမလက်ရှိသုံးဖြစ်နေတဲ့ makeup removers တွေအကြောင်း ပြောပြချင်လို့ စာရေးဖြစ်တာပါ ...။ အားလုံးသိကြသလိုပဲ cleansing က skincare မှာ လုံးဝအရေးကြီးတဲ့အဆင့်တစ်ခုမဟုတ်လား...။
 makeup removers တွေက အမျိုးအစားစုံ တံဆိပ်အစုံနဲ့ ရွေးချယ်စရာအများကြီးရှိပါတယ် ...။ တံဆိပ်ထက် အမျိုးအစားကို မှန်ကန်အောင် ရွေးတတ်ဖို့ အရေးကြီးပါတယ် ...။ လူသုံးအများဆုံးနဲ့ လူသိများတာတွေကိုပဲ အခု ပြောကြည့်ရအောင်နော် ..။ ကျမဆီမှာ ရှိနေတဲ့အရာတွေပဲ ပြောဖြစ်မှာဆိုပါတော့ ...။

makeup removers အမျိုးအစားမှာ များသောအားဖြင့် oil, balm, gel, water, wipes ဆိုပြီး ရှိပါတယ် ...။ မြန်မာကတော်တော်များများတော့ ရေအခြေခံတာကို များသောအားဖြင့် သုံးကြမယ်ထင်တယ် ..။ မြနန်မာက Beauty bloggers တော်တော်များများကလည်း cleansing water တွေကို ပိုညွှန်းကြသလားလို့နော် ..။ ကျမ သေချာမသိတာလည်း ဖြစ်ပါလိမ့်မယ် ..။ ကြားမိတာက မြန်မာက ရာသီဥတုပူလွန်းတော့ မျက်နှာအဆီပြန်တာ ဖြစ်တတ်ကြတဲ့အခါ အဆီနဲ့ မိတ်ကပ်ဖျက်တာကို သိပ်မကြိုက်ကြဘူးဆိုလားပဲ ..။ ဒါပေမယ့် ကျမက မြန်မာမှာဆိုရင်လည်း အဆီနဲ့ မိတ်ကပ်ဖျက်တာကိုပဲ လုပ်ဖြစ်ပါတယ် ..။
 ခုလက်ရှိသုံးနေတဲ့ cleansing oil ပါ။ Kumano cosmetics က ထုတ်တာဆိုတော့ ဒီမှာတော့ နာမည်ကြီးတံဆိပ်ထဲကတော့ မဟုတ်ပါဘူး..။ ဂျပန် Brand တွေထဲက DHC ဆိုတဲ့တံဆိပ်က cleansing oil နာမည်ကြီးပြီး လုကြိုက်များပါတယ် ..။ ဒါပေမယ့် ဒါလေးလည်း တော်တော်ကောင်းပါတယ် ..။ မိတ်ကပ်ကို တစ်စမှ မကျန်အောင် ဖျက်နိုင်သလို အသားကိုလည်း ကြည်လင်သွားစေပါတယ်..။ ဘယ်အဆီပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ အဲလိုဖြစ်စေမှာပါ..။ ဘာကြောင့်ဆို အဆီကိုမျက်နှာပေါ်မှာ ဖြည်းဖြည်းချင်းပွတ်ပြီး လက်နဲ့နှိပ်နယ်လိုက်တဲ့အခါမှာ မိတ်ကပ်တွေရော အခြားအညစ်အကြေးတွေရော ဆီထဲမှာ အားလုံးပျော်ဝင်သွားစေပါသတဲ့..။ ပြီးတော့မှ cleansing wipe ဒါမှမဟုတ်လည်း တစ်ရှူးနဲ့ပဲ အားလုံးကို ပြန်သန့်စင်ပေးပြီး facial foam နဲ့ မျက်နှာပြန်သစ်လိုက်ရင် ဘာမိတ်ကပ်မှ ကပ်ကျန်မနေတော့တဲ့ မျက်နှာတစ်ခု ဖြစ်သွားပါပြီ..။  ပြီးတော့ cleansing oil က serum လိုမျိုးလည်း မျက်နှာအသားအရေကို ပြန်ညှိပေးတယ်ထင်တယ်။ ကျမကတော့ double cleansing ဖြစ်ချင်လို့ အဆီနဲ့ဖျက်ပြီးရင် cleansing wipe နဲ့ ထပ်သုတ်လေ့ရှိပါတယ် ..။ အဆီနဲ့ဖျက်တယ်ဆိုပြီး အချို့က မျက်နှာအဆီပြန်မှာ ကြောက်ကြပြီး မသုံးရဲကြတာကို ကြားမိပါတယ် ..။ တကယ်က မျက်နှာအဆီပြန်တဲ့သူတွေက အဆီနဲ့တောင် ပိုဖျက်သင့်ကြောင်း အခြား blogger တွေ ရေးတာ ဖတ်ဖူးတယ် ...။ မျက်နှာက အဆီတွေပါ cleansing oil ထဲ ပျော်ဝင်ကုန်တော့ အဆီပြန်တာကိုပါ တဖြည်းဖြည်းသက်သာစေပါတယ်တဲ့..။ကျမသုံးတာတော့ လုံးဝအဆီမပြန်ပါဘူး..။ မိတ်ကပ်ကို ကုန်စင်အောင် ဖျက်နိုင်လို့ နေ့စဉ်မိတ်ကပ်လိမ်းပေမယ့်လည်း ဝက်ခြံမထွက်ပါဘူး...။


နောက် မိတ်ကပ်ဖျက်ဆေးအမျိုးအစားတစ်ခုကတော့ gel type ပါ ..။ နောက်တစ်မျိုးက Balm type လဲ ရှိပါတယ် ..။ SK-II ရဲ့ ဒီ cleansing gel က balm type ဘက်ကို ပိုရောက်တယ်လို့ ခံစားရတယ် ..။ သူ့ထဲမှာ cleansing oil လောက်မများပေမယ့်လည်း ရေထက် အဆီပါဝင်မှုက ပိုပါတယ် ...။ အမှန်အတိုင်းပြောရရင် balm type ကို အဆီလောက်တော့ မကြိုက်ပါဘူး..။ စိတ်ထဲမှာ မိတ်ကပ်တွေအားလုံးကို မဖျက်နိုင်ဘူးလို့ ခံစားရသလို ဒါသုံးနေတဲ့ကာလမှာ အသားအရေက အရမ်းကြည်လင်နေတယ်လို့ မခံစားရသလိုပါပဲ ..။ ဒါပေမယ့် Essense set ဝယ်တိုင်း ဒီလိုဗူးလေးတွေ ပါလာနေကျဆိုတော့ ရှိနေတာနဲ့ပဲ ကုန်အောင် သုံးဖြစ်တာပါ ..။ ဘူးလေးက travel size ဆိုတော့ ခရီးသွားတဲ့အခါ သယ်သွားလို့လည်း အဆင်ပြေတာကြောင့်ပါ ...။ ဒါပေမယ့် cleansing water နဲ့ယှဉ်ရင်တော့ ဒါကို ပိုကြိုက်ပါတယ် ..။
နောက်တစ်မျိုးက cleansing water ပါ ..။ ဒါကတော့ တော်တော်များများသုံးကြသလို ကြိုက်ကြတယ် ထင်တယ်နော် ...။ ကျမကတော့ ရှိလို့သာ သုံးဖြစ်နေပေမယ့် မျက်နှာအတွက်တော့ လုံးဝမကြိုက်ပါဘူး..။ အရက်ပျံပါတဲ့အရည်တွေဆို အသားအရေကို ပိုခြောက်သွေ့စေလို့ ပိုပြီးတောင် မကြိုက်ပါသေးတယ် ..။cleansing water မှာလည်း ရွေးချယ်စရာအများကြီးရှိတယ်ဆိုတော့ ကိုယ်နဲ့တည့်တာ ရွေးလို့ရပါတယ် ...။ ကျမအနေနဲ့ ဒါကိုဘယ်မှာသုံးလဲဆိုရင် eye makeup ဖျက်တဲ့နေရာမှာသုံးပါတယ် ...။ မျက်နှာရဲ့ အခြားနေရာတွေတော့ မသုံးဖြစ်ပါဘူး..။ cleansing water က မိတ်ကပ်ဖျက်တာလောက်ပဲ အစွမ်းရှိပြီး အသားအရေကို cleansing oil လို ပိုကောင်းအောင်တော့ လုပ်ပေးနိုင်မယ်မထင်ပါဘူး..။ အပေါ်က ပြောထားသလိုပဲ အချို့cleansing water တွေက မျက်နှာအသားအရေကို ခြောက်သွေ့စေပါသေးတယ် ...။

နောက်ဆုံးအမျိုးအစားကတော့ facial wipes ပါ ..။ ဒါကိုတော့ ဘယ် Beauty guru တွေမှ recommend ပေးတာ သိပ်မတွေ့ရပါဘူး...။ ကျမသုံးတယ်ဆိုတာတောင်မှ အဆီနဲ့လိမ်းပြီးရင် အဲအဆီတွေပြောင်သွားအောင် သာသာယာယာပွတ်လိုက်ရုံပဲလုပ်တာပါ ..။ ရိုးရိုးတစ်ရှူးထက်စာရင် ဒါလေးတွေက ပိုနူးညံ့တော့ အသားကို မထိခိုက်အောင်လို့ပါ ...။ တခါတလေ ခရီးသွားရင်တော့ ဒါလေးတွေဆောင်သွားတဲ့အခါ အလွယ်တကူတော့ သုံးလို့ရသလို အပြင်ကနေ မောမောပန်းပန်းနဲ့ပြန်လာလို့ အဆီတွေ ရေတွေနဲ့ သေချာမသန့်ရှင်းနိုင်ရင်တောင်မှ ဒါလေးနဲ့ပွတ်လိုက်တော့ မိတ်ကပ်တော့ ဖျက်မိတာပေါ့လေ..။ သူ့မှာ အဲလို ကောင်းတဲ့အချက်လေးတွေလည်း ရှိပါသေးတယ် ..။ ဒါပေမယ့် နေ့စဉ်သုံးဖို့အတွက်တော့ မကောင်းလှပါဘူး...။ မိတ်ကပ်တွေပျက်အောင် မနည်းဖိလိမ်းပြီး ဖျက်ရတဲ့အခါ အရေပြားကို ထိခိုက်မိစေပါတယ် ..။ ပြီးတော့ သူကလည်း ရေကိုအခြေခံထားတာကြောင့် အသားအရေကို ခြောက်သွေ့စေပါလိမ့်မယ်..။ အဲဒီကမှတစ်ဆင့် အသားအရေကို ကြမ်းတမ်းစေနိုင်ပါတယ် ..။

ဆိုတော့ အခုပြောခဲ့တဲ့ ၄ မျိုးက အများအားဖြင့် သုံးလေ့ရှိကြတဲ့ makeup removers တွေပါ ..။ အဆီကိုမှ ဝယ်လို့မရနိုင်တဲ့နေရာမှာဆိုရင် Baby oil တို့ အုန်းဆီတို့ သံလွင်ဆီတို့နဲ့လည်း ဖျက်ကြတယ်လို့ ကြားဖူးတယ် ..။ အခုတော့ Beauty products တွေ တော်တော်များများ မြန်မာမှာရောက်နေသလို အားလုံးလဲ စိတ်ဝင်စားနေကြတာဆိုတော့ အလွယ်တကူဝယ်လို့ ရမယ်ထင်ပါတယ် ...။ ကျမအကြိုက်ကတော့ ပြောခဲ့သလိုပဲ Cleansing oil is my first priority ပါ ...။ အဆီနဲ့ ဖျက်တာက မျက်နှာကို လုံးဝအဆီမပြန်စေရုံသာမက အသားအရေလည်း ပိုနူးညံ့ ပိုကြည်လင်စေတယ်ဆိုတာ အားလုံးကို message ပေးချင်ပါတယ် ...။ မျက်နှာအဆီပြန်တဲ့သူတွေ မိတ်ကပ်ဖျက်ရင် အဆီကိုမသုံးပါနဲ့လို့ ပြောတာတွေ တွေ့မိတိုင်း စိတ်ထဲ သိပ်မကောင်းလှဘူးရယ် 😓😓😓။ အဆီမရှိရင်တော့ Balm type is the second choice, followed by cleansing water without alcohol ပါရှင် ..။

So, that's all for today ✌

See you later and thanks for your kind visit 🙏💜💖

Tuesday, 4 July 2017

My haircare routine~~

July 04, 2017 4 Comments
Hello everyone 👋👋

This is time for sharing something special here 💥💥💥

ဒီနေ့တော့ အားလုံးကို ကျမရဲ့ Haircare routine အကြောင်းလေး နည်းနည်းပြောပြချင်လို့ပါ ...။ သုံးဖြစ်နေတဲ့ Hair products တွေလဲ share ရင်း ဆိုပါတော့ ..။

ဟိုတလောက ကျမဦးရေပြားနဲ့ ဆံပင်ပြဿနာတွေဖြစ်လိုက်သေးတယ် ..။ ဦးရေပြားယားတာနဲ့ ဆံပင်ကျွတ်တဲ့ပြဿနာပေါ့ ..။ အဲဒီတုန်းက ဆံပင်တွေကျွတ်သွားတာများ ကတုံးဖြစ်ပြီလို့ကို ထင်လိုက်တာ ...။ အခုတော့ ပြန်ဂရုစိုက်လိုက်တာ တော်တော်ပြန်ကောင်းသွားပါပြီ ..။ ဆံပင်လည်းမကျွတ်၊ ဦးရေပြားလည်းမယားတော့သလို ဆံပင်အသစ်တွေလည်း အများကြီးထပ်ထွက်တယ် ..။ ရှိပြီးသားဆံပင်တွေလည်း ပြန်သန်လာလို့ ဆံပင်စည်းရင် တော်တော်ကြီးတဲ့ပမာဏကို ဖြစ်နေပါပြီ ...။

ဦးရေပြားခြောက်၊ ယားပြီး ဆံပင်တွေကျွတ်တုန်းက အမျိုးမျိုး ကြိုးစားကြည့်ပေမယ့် နောက်ဆုံးမှာ Apple cider vinegar က ကျမရဲ့ ဆံပင်တွေကို ကယ်တင်သွားခဲ့တယ် ...။ vinegar နဲ့ ရေကို ဆတူရောပြီး  အမှုန်သေးသေးလေးတွေထွက်တဲ့ spray ဗူးထဲကိုထည့်ပြီးမှ ခေါင်းမလျှော်ခင် ဆံပင်ကို ဖြန်းတာပါ..။ ပြီးတာနဲ့ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်လိုက်တာပါပဲ ..။ ဦးရေပြားခြောက်ပြီးယားတာက ဗောက်ထတာကြောင့်ဖြစ်နိုင်သလို မှို၊ ဗက်တီးရီးယားကြောင့်လည်း ဖြစ်တတ်တာမို့ ဆေးခန်းမှာပြပြီး သေချာ Treatment ယူလိုက်ရင် ကိုယ်ဖြစ်တာနဲ့ ဆေးနဲ့မြန်မြန်တွေ့ပြီး မြန်မြန်ကုနိုင်တာပေါ့..။ အဲဒီတုန်းက ဆေးခန်းသွားပြသေးတယ် ..။ ဒါပေမယ့် အဲဒီနေ့က အရေပြားဆရာဝန်မရှိတဲ့အချိန်ဖြစ်နေတာနဲ့ နောက်ရက် ဆရာဝန်ရှိတဲ့အချိန်မှ သွားပြမယ်ဆိုပြီး ပြန်လာခဲ့ရတာ ..။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အင်တာနက်မှာ ရှာဖတ်တော့Apple cider vinegar ကို တော်တော် recommend ပေးကြတာနဲ့ သုံးလိုက်ရင်း အဆင်ပြေတာနဲ့ပဲ ဆေးခန်းကို သွားမပြဖြစ်တော့ဘူး ...။ review တွေမှာ ရေးကြတာတော့ တစ်ပတ်ကို ၂ ခါ ၃ခါ လောက်နဲ့ ၃ လလောက်သုံးလိုက်ရင် အဆင်ပြေတယ်ဆိုပြီး ပြောကြတယ် ..။ တကယ်လည်း အဲလောက်ပါပဲ ..။ အစ ၃ လ လောက်ကတော့ တစ်ပတ် ၂ ကြိမ်လောက်သုံးဖြစ်တယ် ..။ အခုနောက်ပိုင်းတော့ တစ်ပတ်တစ်ကြိမ်ကနေ အခုဆိုရင် လုံးဝကောင်းသွားလို့ မသုံးတော့သလောက်နီးပါးဖြစ်သွားပါပြီ ..။ vinegar ဆိုတော့ သူကလည်း အက်ဆစ်တစ်မျိုးပဲမို့ တန်ဆေးလွန်ဘေးဆိုတာ ရှိတယ်မလား..။ တကယ်က ဒီလိုမျိုး treatment တွေက မြန်မာ့ရိုးရာနည်းလမ်းတွေမှာ ရှိပြီးသားပါ ..။ ကျမတို့ငယ်ငယ်ကဆို အဘွားတို့ အမေတို့က ဦးရေပြားသန့်ရှင်းအောင် တရော်ကင်ပွန်းခေါင်းလျှော်ရည်ထဲမှာ ရှောက်သီးစိတ်တွေ ထည့်လျှော်ကြတာလေ..။ အက်ဆစ်ဓါတ်က မှိုတို့ ဗက်တီးရီးယားတို့ကို သေစေတယ်လို့ ဆိုကြတာကိုး ..။
 

ဒီခေါင်းလျှော်ရည်လဲ သုံးခဲ့သေးတယ် ...။ မြန်မာမှာ တစ်ခါဖြစ်တုန်းက nizoral shampoo လားမသိ ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်သုံးတာ တော်တော်အဆင်ပြေတယ် .။ ဗောက်လဲပျောက်တယ် ..။ ဒီခေါင်းလျှော်ရည်ကလည်း nizoral shampoo လိုပဲ ခေါင်းပေါ်စပ်ဖျင်းဖျင်းခံစားရပြီး ဗောက်ပျောက်တယ်.။ ပိုးသေစေတယ် ..။ အခုတော့ ဘာမှမဖြစ်တော့လို့ ဒီခေါင်းလျှော်ရည်လည်း သုံးစရာမလိုတော့ပါဘူး..။

ဆံပင်ကို ဂရုစိုက်တဲ့အခါမှာ ခေါင်းလျှော်တာနဲ့ ခေါင်းဖြီးတာက တော်တော်အရေးပါတယ်လို့ မြင်ပါတယ် ..။ ဂျပန်မှာတော့ မိန်းကလေးတိုင်းလိုလို နေ့တိုင်းခေါင်းလျှော်လေ့ရှိကြပါတယ် ..။ ဦးရေပြားဆိုတာလည်း အရေပြားပဲမို့ ပုံမှန်သန့်ရှင်းစေသင့်တယ်လို့ ကျမလည်း ထင်တယ်လေ ..။ မြန်မာမှာတော့ ရှေးကအယူအဆအတိုင်း period ကာလမှာ ခေါင်းမလျှော်ရဘူးတို့ ဘာတို့ တော့ ရှိတာပေါ့လေ..။ တကယ်က ခေါင်းအအေးပတ်မှာစိုးပြီး ပြောကြတာပါ ...။ ဆံပင်တွေလည်း အပူကြောင့်မပျက်စီးရအောင် အပူနဲ့ blow drying လုပ်တာမဟုတ်ဘဲ သေချာလေး အခြောက်ခံမယ်ဆိုရင် အအေးပတ်မှာလည်း စိတ်ပူစရာမလိုဘူးထင်တယ် ..။ ဒါပေမယ့် တစ်ပတ်မှာ ခေါင်း ဘယ်နှစ်ကြိမ်လျှော်သင့်လဲဆိုတာတော့ လူတစ်ယောက်နဲ့တစ်ယောက် တူကြမှာမဟုတ်ပါဘူး..။ အချို့က ဦးရေပြားအဆီအရမ်းထွက်တော့ ခဏနဲ့ခေါင်းက အနံ့ထွက် စီးကပ်ကပ်ဖြစ်လို့ နေ့တိုင်းလျှော်သင့်ပေမယ့် အချို့တော့လည်း ၂ ရက်လောက်ကြာမှ အဆီထွက်တာမျိုး ရှိတတ်ပါတယ် ..။ ကိုယ့်ရဲ့ဆံပင် ဦးရေပြားက လျှော်သင့်တဲ့အချိန်ရောက်ပြီဆိုတာတော့ အားလုံးလိုလို ခံစားမိတတ်ကြပါတယ် ..။ အရေးကြီးဆုံးက ဆံပင်တွေစီးကပ်ပြီး အနံ့တွေထွက်နေတာမျိုးက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျစေတာမို့ လိုအပ်သလို ခေါင်းလျှော်ဖို့ အရေးကြီးပါတယ် ..။ ကျမအတွက်ကတော့ နေ့စဉ်လျှော်ဖို့ မလိုပေမယ့် တစ်ရက်ခြားတစ်ခါ လျှော်မှ အဆင်ပြေပါတယ် ...။ ခေါင်းခဏခဏလျှော်လို့ ဦးရေးပြားခြောက်သွေ့ပြီး ဆံပင်ပျက်စီးစေတယ်ဆိုတာလည်း မဟုတ်ပါဘူး..။ ခေါင်းလျှော်ရည်ကို ပြောင်စင်အောင် ဆေးဖို့ပဲ အရေးကြီးတာပါ .. ။ ဦးရေပြားက ဘာချေးညှော်မှ မရှိဘဲ သန့်ရှင်းနေရင် ဆံပင်တွေသန်စွမ်းဖို့ အထောက်အပံ့ပေးပါလိမ့်မယ် ..။ 


ခေါင်းလျှော်ရည်ရွေးတဲ့အခါမှာ ကျမအနေနဲ့ ဦးရေပြားကိုခြောက်သွေ့ယားယံမှုမဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးသုံးပါတယ် ..။ sulfate, silicon မပါတဲ့ ခေါင်းလျှော်ရည်မျိုးတွေကို သုံးပါတယ် ..။ အဲဒီခေါင်းလျှော်ရည်က ဘာတွေလဲဆိုတာတော့ Blogger တိုင်းလိုလို ပြောပြနေကျဆိုတော့ စာရှည်သွားမှာစိုးလို့ မပြောတော့ပါဘူးနော် ..။ အခုသုံးနေတဲ့ ခေါင်းလျှော်ရည်တံဆိပ် ၂ မျိုးရှိပါတယ် ..။ Botanist shampoo  ရယ် reveur shampoo  ရယ်ပါ ..။ ၂ မျိုးစလုံးက natural ingredients တွေနဲ့ပဲ ထုတ်ထားတာကြောင့် chemical နည်းတော့ ထိခိုက်မှုနည်းတာပေါ့နော် ..။ အနံ့လေးတွေကလည်း မပြင်းဘဲ သင်းသင်းလေးတွေဆိုတော့ ကျမအရမ်းကြိုက်တယ် ..။

ဂျပန်မှာက recycle ကို အရမ်းဦးစားပေးတော့ တော်တော်များများ refill တွေရှိတယ်..။ reveur shampoo က refill အထုတ်ဝယ်ပြီး ရှိတဲ့ ဗူးအဟောင်းထဲထည့်ထားတာမို့ သူ့ website က ပုံကိုကူးပြီး အားလုံးသိအောင် ပြထားတာပါ ...။ သူက volumizing လည်း ပါတာကြောင့် ကျမဆံပင်တွေ ထူနေသလိုမျိုးဖြစ်နေသလားတော့ မသိပါဘူး..။ အဲခေါင်းလျှော်ရည်ကိုထည့်ထားတဲ့ အနီရောင် Tsubaki shampoo ဗူးကလည်း ဂျပန် shampoo brand တွေထဲ  လူကြိုက်များတဲ့ တံဆိပ်တစ်ခုပါပဲ .။ သူလည်း ကောင်းတော့ကြိုက်ပါတယ်...။ ဒါပေမယ့် တစ်ဗူးဆိုအကြာကြီးသုံးရတာဆိုတော့ တံဆိပ်တစ်ခုကုန်သွားရင် နောက်ထပ်အသစ်ပဲသုံးချင်တာနဲ့ ဒါကို ဆက်မဝယ်ဖြစ်တော့တာ ..။

Hair treatment ကို Lolane တစ်မျိုးပဲသုံးဖြစ်တာ လွန်ခဲ့တဲ့ ၂၀၀၀ ဝန်းကျင်လောက်ကတည်းကဖြစ်မယ်ထင်တယ် ..။ အခြားတံဆိပ်တွေသုံးခဲ့ပေမယ့် ဆံပင်ကို ပျော့သွား ရှင်းသွားတယ်လို့ မခံစားရဘဲ ဒီ Lolane တစ်ခုပဲ စိတ်ကြိုက်တွေ့တာကြောင့် ဒါကိုပဲ နှစ်ရှည်လများသုံးဖြစ်နေခဲ့တာ..။ ဒီ ၂ ဗူးကို မြန်မာပြန်တုန်းက တကူးတက သယ်လာခဲ့တာ..။ ခေါင်းလျှော်ရည်နဲ့မလျှော်ခင် ဆံပင်အဖျားတွေကို treatment လိမ်းပြီး shower cap နဲ့ ဆယ်မိနစ်လောက်ပေါင်းထားလိုက်တယ် ..။ ပြီးမှ ဆံပင်အရင်းကို ခေါင်းလျှော်ရည်နဲ့ လျှော်တယ် ..။treatment အရင်သုံးပြီး ခေါင်းလျှော်ရည် နောက်မှသုံးတာက ၂ မျိုးစလုံးကို စင်အောင် ပိုလျှော်နိုင်တယ်လို့ ခံစားရတယ် ..။ အရေးကြီးဆုံးက treatment က ဆံပင်အရင်းတွေကို သုံးစရာမလိုပါဘူး..။ ပြန်ဆေးတဲ့အခါမှ အလုပ်ရှုပ်ပြီး စင်အောင် မဆေးနိုင်ခဲ့ရင် ဗောက်ထတာမျိုး ဖြစ်စေတတ်လို့ပါ ..။

 Hair tonic လည်း အခုနောက်ပိုင်းတော့ သုံးဖြစ်ပါတယ် ..။ Kaminomoto ဆိုတဲ့ ဒီတံဆိပ်က ထိပ်ပြောင်နေတဲ့သူတောင် ဆံပင်ပြန်ပေါက်စေတယ်ဆိုပဲ ..။ ဆံပင်ကို ကျန်းမာသန်စွမ်းပြီး အရှည်မြန်စေပါတယ် ..။ ဈေးကတော့ ဒီဗူးက ယန်း ၁၆၀၀ လောက်ပေးရတယ် ..။ ၃၅၀၀ တန်လောက်လည်း ရှိပါတယ် ..။ ဒီမှာတော့ တော်တော်များများသုံးကြတယ် ..။ ဆံပင်သန်အောင် သုံးကြတာပါ ...။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းရတာပါ ..။ အဆီမဟုတ်ဘဲ အရည်ဆိုတော့ ဆံပင်ကို စီးကပ်ကပ်မဖြစ်သွားစေပါဘူး..။ ဒါကြောင့်များ ကျမဆံပင်အရှည်မြန်လာသလားတော့ မပြောတတ်ပေဘူး..။ အားလုံးပေါင်းစုံသွားတာကြောင့်လည်း ပါပါလိမ့်မယ် ...။

နောက်ဆုံးတစ်ခုကတော့ Hair serum ပါ ..။ ဒီတံဆိပ်လေးကို ကြိုက်လို့ လိမ်းလိုက်ရင် ဆံပင်ကို စီးကပ်ကပ်မဖြစ်စေလို့ ဒါကို မြန်မာကနေ ဝယ်လာခဲ့တာ..။ မြန်မာမှာရောင်းသမျှ Hair serum တွေထဲ ဒီတံဆိပ်ကို အကြိုက်ဆုံးပါပဲ ..။

ဆံပင်က လူတွေရဲ့ နောက်ထပ်မျက်နှာတစ်ခုလို့ တင်စားကြပါတယ် ...။ လူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ဆံပင်ထူထူအိအိ သန်စွမ်းတာမျိုးပဲ လိုချင်ကြတာမလား ...။ ရေးရင်းနဲ့ အရမ်းများနေလို့ အနှစ်ချုပ်ပြောပါရစေနော် ...။
ဆံပင်သန်ချင်ရင် လိုအပ်သလို ခေါင်းလျှော်ပါ...။ သင့်လျော်တဲ့ ခေါင်းလျှော်ရည်သုံးပါ ...။ ပျော့ဆေးပေါင်းဆေးသုံးရင် ဆံပင်အဖျားကို အဓိက ထားသုံးပေးပါ ..။ အားလုံးကို စင်ကြယ်အောင် လျှော်ပါ ..။ ခေါင်းလျှော်ပြီး တဘက်နဲ့ ပေါင်းထားတတ်သူဆိုရင် ဆံစပ်တွေကို တင်းနေအောင် မဆွဲထားမိပါစေနဲ့..။ စိုနေတဲ့မအချိန်မှာ ဆံပင်တွေ ပိုကျွတ်စေတတ်လို့ပါ ..။ တဘက်နဲ့ အတင်းဆွဲမသုတ်ပဲနဲ့ သေချာလေး ခါပြီးတော့ cold drying ပဲ လုပ်ရင် အကောင်းဆုံးပါ ..။Hair serum သုံးပါ..။ အပြင်သွားရင် ထီး၊ ဦးထုပ်ဆောင်းပါ ဒါမှမဟုတ် နေပူထဲသိပ်အကြာကြီးမဟုတ်ဘူးဆိုရင် sunscreen spray ဖျန်းပါ ...။ Omega 3, nuts တွေ များများစားပေးပါ ..။ အာဟာရမျှတအောင် စားပါ ..။ ကျမတော့ ငါးကြီးဆီလည်း ပုံမှန်စားပါတယ် ..။ ငါးလည်းအစားများပါတယ် ...။ အစေ့အဆန်တွေလည်း ကြိုက်တော့ အမြဲတမ်းမဟုတ်ပေမယ့် စားဖြစ်ပါတယ်...။

ဒီနေ့တော့ ဒီလောက်ပါပဲနော်..။ အများကြီးရေးလိုက်မိတာ အချိန်တော်တော်ကြာသွားတယ် 😬😬😬

See you later 💞💤💤💤

Thursday, 29 June 2017

Qanat Haul ~~

June 29, 2017 0 Comments
အားလုံးပဲ မင်္ဂလာပါရှင် ...။

ဒီရက်ပိုင်း နည်းနည်းအားသွားင်္ပြီဆိုတော့ စာတွေ ပြန်ရေးဖို့ စိတ်ကူးရလာပါပြီ ...။
ဈေးမဝယ်ဖြစ်တာ လနဲ့ချီကြာသွားပြီ ...။ အချိန်မရတာနဲ့ပဲ အရင်ရှိနေတာလေးတွေနဲ့ ဖြစ်သလို သုံးနေတာ ..။ တကယ်တော့ Skincare၊ makeup ပစ္စည်းတွေ ပြတ်လုပြတ်ခင်ဖြစ်နေတာ ကြာပြီရယ် ...။ အဲဒါနဲ့ မနေ့ကမှ ကျောင်းနဲ့အနီးဆုံး Shopping mall ကို သွားဖြစ်တယ် ...။ နာမည်က Qanat လို့ ခေါ်ပါတယ် ...။ အွန်လိုင်းကနေ ဝယ်လို့ရပေမယ့် ဂျပန်မှာလည်း အွန်လိုင်းက သိပ်စိတ်မချရပါဘူး..။ အထူးသဖြင့် export products တွေဆိုရင် ဈေးပိုချိုသလောက် အတုတွေဖြစ်တာ များတယ် ..။ အဲဒါကြောင့် ကျမကတော့ အဲလိုပစ္စည်းတွေတင်သာမကဘဲ ဂျပန်ထုတ်ပစ္စည်းတွေလည်း အွန်လိုင်းက မဝယ်ပါဘူး...။ ဆိုင်မှာပဲ စိတ်ကြိုက်ကြည့်ပြီး ဝယ်ဖြစ်တယ် ....။

ပြီးခဲ့တဲ့ ခြောက်လလောက်အတွင်း စာတွေနဲ့နပန်းလုံးနေရတာနဲ့ Youtube နဲ့ Blog တွေလောက်ပဲ အားတဲ့အချိန် ကြည့်ဖြစ်တယ် ...။ နိုင်ငံခြားက ကောင်မလေးတွေရဲ့ ချစ်စရာ ဘလော့ဂ်လေးတွေ အများကြီးတွေ့မိတယ် ...။ ကိုယ့်ထက်ဆို ၁၀ နှစ်လောက်တောင် ငယ်ကြမယ်ထင်တယ် ....။ အခုတလော ခေတ်စားနေတဲ့ Blog templete လေးကို သဘောကျတာနဲ့ အဲလိုမျိုးလေး free ရတဲ့ဟာကို မတွေ့တွေ့အောင် ရှာထားရတာ ...။ Blogger templete တွေက ရိုးနေပြီဆိုတော့ မသုံးချင်တော့တာနဲ့ အခု တန်းပလိတ်အသစ်ကလေးကို ခေတ်နဲ့အညီ ပြောင်းထားတယ် ...။ တစ်ခုခုဝယ်ပြီးရင် Haul ဆိုတဲ့ စကားလုံးလေးသုံးပြီး ပြကြတာကို သဘောကျတာနဲ့ ကိုယ်လည်း အခု ဒီစကားလုံးလေးသုံးထားတယ် ...။ 😜😝 ရယ်ရတယ်နော်.. ကိုယ်လဲ ကလေးတွေ လုပ်သလို လိုက်လုပ်တတ်သေးတာ မကြီးမငယ်နဲ့ .. 😬😬😬

မနေ့က လိုတာလေးတွေ နည်းနည်းပါးပါးသွားဝယ်ရင်း ကိုယ့်စိတ်ကြိုက်လေးတွေမို့ ဒီမှာ ခဏလာပြီး အမှတ်တရတင်တာပါ ...။ ကျမအကျင့်က ဈေးဝယ်ရင် အချိန်တအားယူတာကို သိပ်မကြိုက်ဘူး ..။ အချိန်တွေကုန်လို့ ..။ Window shopping လား သိပ်မုန်းတာ ..။ မဝယ်ဘဲ ဟိုလျှောက်ဒီလျှောက် ကြည့်နေရတာလောက် အချိန်ကုန်လူပမ်းဖြစ်တာကို မုန်းလွန်းလို့ အိမ်က မောင်တွေ ညီမတွေနဲ့ဆို ဈေးဝယ်ရင် သိပ်မတည့်ဘူး ...။ ကျမဈေးဝယ်မယ်ဆိုရင် အိမ်မှာကတည်းက ဘာဝယ်မယ်ဆိုတာ စဉ်းစားထားတယ် ...။ ဟိုရောက်ရင် အဲဒီပစ္စည်းရှိတဲ့နေရာကို သွားပြီး လိုတာဝယ်တယ် ပြန်လာတယ် ..။ မနေ့က အချိန်သိပ်မရတာနဲ့ အရေးတကြီးလိုတာတွေပဲ ဝယ်လာတယ် ....။ နောက်မှ ထပ်သွားရပြန်ဦးမယ် ...။


ဝယ်လာတဲ့ထဲမှာ အကြိုက်ဆုံးတစ်ခု ...။ Maybelline က ဒီ BB cushion လေးကို ဒီတလောမှာ review တွေတော်တော်များများရေးကြပြီး rating တွေ အများကြီးပေးကြတယ် ...။ ဒီမှာက အခု နွေရာသီစနေပြီဆိုတော့ တော်တော်ပူနေပြီ  ...။ အဲတော့ Foundation ရော powder ရော ၂ ထပ်ကြီးလိမ်းရင် ချွေးတွေပြန်ပြီး နေရခက်မှာစိုးတာနဲ့ ဒါလေးကို ဝယ်လာခဲ့တာ..။ ဒီနေ့လိမ်းခဲ့တာ အရမ်းမိုက်တယ် ...။ အဆီမပြန်ဘူး ..။ ထူထူကြီးဖြစ်မနေဘဲ သိပ်သိပ်သည်းသည်းလေးနဲ့ နေလို့လည်း ကောင်းတယ် ..။ Made in Korea ဆိုတော့ အဲဒီက makeup trend အတိုင်း ပြောင်ပြောင်းဝင်းဝင်းလေးဖြစ်နေတာ သိပ်သဘောကျတာပဲ ..။ ဒီမှာကတော့ ၂၅၉၂ ယန်းဆိုတော့ မြန်မာမှာထက်တော့ ဈေးများမယ်ထင်တယ် ..။ မြန်မာမှာက ၂ သောင်းလောက်ပဲ ရှိတာလားလို့နော် ..။ ဘာဖြစ်ဖြစ် ဒါလေးကိုတော့ တော်တော်ကြိုက်တယ် ...။


နောက်တစ်မျိုးက လက်စွဲတော် SK2 ကုန်နေတာနဲ့ Essence set တစ်ခု ဝယ်လာခဲ့တယ် ..။ SK2 ကတော့ ဘာမှ သိပ်ပြောစရာတောင် လိုမယ်မထင်ဘူးနော် ...။ Skin ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအတိုင်း ပြန်နုပျိုသွားစေတယ်ဆိုတာ တကယ်မှန်တယ် ...။ ပေးရတဲ့ဈေးနဲ့ ရလာတဲ့အကျိုးက တကယ့်ကို တန်ပါတယ် ..။ ဒီ တစ် set ကို ယန်း ၇၀၀၀ ကျော် ပေးရတယ် ။ အတိအကျတော့ မမှတ်မိတော့ဘူး ...။


ဒီ Facial foam ကို နိုင်ငံခြားက Blogger တော်တော်များများ review ပေးကြတယ် ...။ Drugstore brand ထဲမှာတော့ အကောင်းတကာ့အကောင်းဆုံးတဲ့...။ ဈေးကလည်း ချိုတယ် .. ။ ယန်း ၅၀၀ လောက်ပဲ ပေးရတာ ..။ သူ့ကိုသုံးတာက အခြား facial foam တွေသုံးတုန်းကထက် မျက်နှာကိုပိုသန့်သွားစေတယ်လို့ထင်တယ်။ မြန်မာမှာတော့ ရှိနေပြီလားမသိပေမယ့် တော်တော်များများကတော့ ဒီကလူကြုံတွေကနေတစ်ဆင့် မှာသုံးကြတယ် ..။ 🙈🙈 နောက်က လက်ပုတော့ထဲက ပုံကို မကြည့်ကြပါနဲ့နော် ...။ ခုမှ သူများဓါတ်ပုံရိုက်တာလေးတွေကို တုပြီး လှတပတလေး ရိုက်တတ်အောင် ကျင့်နေလို့ပါ 😀



ဆားဝက်ခြံတွေပျောက်ဖို့ Charcoal mask က နာမည်ကြီးနေတာနဲ့ Scurb ကိုလည်း Charcoal scrub စမ်းသုံးကြည့်ဖို့ ဝယ်လာခဲ့တယ် ..။ တစ်ခါမှတော့ မသုံးဖူးပေမယ့် အဆင်ပြေမယ်ထင်ပါတယ် ...။သူက ယန်း ၅၀၀ ကျော်ပဲ။ မြန်မာငွေနဲ့ဆို ၆၀၀၀ လောက်ပါပဲ ..။


နောက်တစ်မျိုးက ခေါင်းဘီးအကြဲ ဝယ်လာခဲ့တယ် ..။ ဆံပင်က ပြန်ရှည်နေပြီဆိုတော့ ဆံပင်ကျွတ်မှာစိုးတာနဲ့ ဘီးအကြဲနဲ့ ဖြီးဖို့ ဝယ်လာခဲ့တယ် ..။ ဒါလည်း ၅၂၀ ယန်းပဲ ပေးရတယ် .။ ဖြီးတာ ဆံပင်လုံးဝမကျွတ်ဘူး..။ အသက်ရလာပြီတော့ ဆံပင်တွေ ပါးမသွားအောင် သေချာ ထိန်းသိမ်းမှဖြစ်မယ်လေ .. နော်။


နောက်ဆုံးတစ်မျိုးက ပိုက်ဆံအိတ် ..။ သုံးနေတဲ့တစ်ခုက တော်တော်လေးကို အိုဟောင်းနွမ်းနေပြီ..။ Brand တစ်ခုခုထဲက ကိုင်ချင်တာနဲ့ မဝယ်ဖြစ်တာ ခုတော့ မဝယ်လို့မဖြစ်လောက်အောင် စုတ်နေတာနဲ့ပဲ အသစ်တစ်လုံးဝယ်ခဲ့တယ် ..။ တစ်လုံးတည်း ဝယ်ရင် ၃၀% discount နှစ်ခုယူမှ ၄၀% discount ဆိုတာနဲ့ ၂ ခု ယူလာခဲ့တယ် ..။ တစ်ခုက ညီမလေးကို လက်ဆောင်ပေးဖို့..။ ကိုင်ချင်တာက LV ဝယ်နိုင်မှာက MK လောက်လို့ မှန်းထားပေမယ့် တကယ်တမ်းဝယ်တာကတော့ တွေ့ရာဝယ်လာလိုက်တာပါပဲ ...။ ဒီလောက် ပိုက်ဆံအိတ်သေးသေးလေးတွေကို MK ဆိုလည်း ယန်း ၃ သောင်းလောက် ပေးနေရမှာဆိုတော့ နှမြောတာနဲ့ အခု ယန်း ၃၀၀၀ တန်လေးပဲ ဝယ်လိုက်တယ် ..😂😂😂😂။ ဘာဖြစ်ဖြစ် ကိုယ့်ဘာသာ ယုံကြည်မှုရှိရင် ပြီးတာပဲ 😉😉။

နောက်မှ အကြိုက်ဆုံး မိတ်ကပ်တွေနဲ့အတူ ပြန်လာခဲ့ပါဦးမယ် ...။ 😃 အပျော်လျှောက်ရေးတာဆိုတာထက် ကောင်းတဲ့ပစ္စည်းလေးတွေကို ဘလော့ဂ်အလည်လာသူတွေ သိသွားတော့လည်း အကျိုးရှိတာပေါ့ ..နော်။

See you later! Bye for now 💜💗💖💕


Sunday, 21 August 2016

healthy foods+++

August 21, 2016 3 Comments
မင်္ဂလာပါရှင် ...။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ မပျက်မကွက် စာပြန်ရေးနိုင်အောင် ကြိုးစားခဲ့တာ ဒီနေ့ဆို သုံးပတ်မြောက်ဖြစ်သွားပါပြီ ...။
ဒီနေ့ရေးချင်တာလေးက ကျမ အခုတလော ကြိုးစားပြီး စားဖြစ်နေတဲ့ healthy foods တွေအကြောင်းပဲဖြစ်ပါတယ် ....။
မြန်မာမှာလည်း ဆိုရိုးစကားရှိတယ်မဟုတ်လား..။ "ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲဘူး" ဆိုတာလေ..။ ဟုတ်ပါတယ် ..။ စားလိုက်သမျှအစာတွေကို ချေဖျက်နိုင်ပြီး ဝမ်းမှန်မှသာ ပေါ့ပေါ့ပါးပါးနဲ့ တစ်နေ့တာကိုဖြတ်သန်းရတာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိတယ်မဟုတ်ပါလား....။ အစာကိုပုံမှန်ချေဖျက်နိုင်အောင် အစားအစာကို စနစ်တကျရွေးချယ်စားသောက်တတ်မယ်ဆိုရင် အာဟာရလည်းရှိ၊ မလိုအပ်တဲ့အဆီတွေဗိုက်နားတစ်ဝိုက်စုပုံနေတာမျိုးတွေမရှိတော့ဘဲ ချပ်ရပ်လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာပဲ ဖြစ်ပါတယ် ...။ ကောင်းမွန်တဲ့အစာချေဖျက်နိုင်ခြင်းဆိုတာ ဘာလဲဆိုရင်တော့ ကျမတို့ရဲ့အစာအိမ်က စားလိုက်တဲ့အစာကို သေချာချေဖျက်နိုင်မယ်၊ ပြီးတော့ လိုအပ်တဲ့အာဟာရတွေကို စုပ်ယူထားနိုင်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်နိုင်တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ် ...။ တကယ်လို့ ကောင်းမွန်စွာ အစာချေဖျက်နိုင်မှုမရှိဘူးဆိုရင်တော့ waste တွေကို မစွန့်ထုတ်နိုင်ဘဲ အဆီတွေအဖြစ် ပြောင်းလဲသွားစေပြီး ဝလာစေမှာပဲဖြစ်ပါတယ် ..။ အဲဒါကြောင့် ခဏခဏတွေ့ဖူးတာက ဝတဲ့သူအများစုဟာ ဝမ်းချုပ်တတ်ပြီး သူတို့စားတဲ့အစာတွေကလည်း ချေဖျက်ဖို့ ခက်တဲ့အစားအသောက်တွေ ဖြစ်နေတတ်တာကြောင့်ပါပဲ ..။ အထူးသဖြင့် အသီးအရွက်၊ သစ်သီးတွေကို ပုံမှန်မစားတာ၊ ရေများများမသောက်တာ၊ တစ်ထိုင်တည်းနဲ့ အများကြီးစားတတ်တာ၊ အာလူးကြော်လို ဘာဂါလိုမျိုး fast food တွေအစားများတာ၊ အထိုင်များတာနဲ့ အဆီတွေအချိုတွေ အငန်တွေအလွန်အကျွံစားတာမျိုးတွေပေါ့ ...။ (ကျမလည်း အရင်က တော်တော်ဝလာလို့ အခြားသူတွေရဲ့ bodyshaming လုပ်တာကို ခံခဲ့ရဖူးသူပါ။ အခုထိလည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရဖို့ ကြိုးစားနေဆဲပါပဲ )။

အခု အစာချေဖျက်မှုကို တိုးမြှင့်ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်တဲ့ အစားအစာ အမျိုးအစား (၅) မျိုးကို ပြောပြပေးပါမယ် ..။ နေ့စဉ်စားသောက်တဲ့အစာမှာ ဒီငါးမျိုးကို ပါအောင်စားနိုင်မယ်ဆိုရင်တော့ (၁) သန်မာအားရှိလာမယ်၊ (၂) ချပ်ရပ်နေတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်၊ (၃) ခန္ဓာကိုယ်အတွင်းရော အပြင်မှာပါ ပေါ့ပါးကျန်းမာမှုကို ထိထိရောက်ရောက် ခံစားလာရမှာပါ ..။
(၁) Probiotics ပါတဲ့အစားအစာတွေဖြစ်ပါတယ်။ Probiotics ဆိုတာကို Good bacteria လို့လည်း ခေါ်ကြပါတယ် .။ သူတို့က အူလမ်းကြောင်းထဲမှာ  အစားအစာတွေ ကောင်းမွန်စွာ ရွေ့လျားနိုင်ဖို့ ကူညီပေးနိုင်ပါတယ် ..။ Probiotics ပြည့်ဝတဲ့အစားအစာတွေဆိုတာက အချဉ်ဖောက်ထားတဲ့ (fermented) အစားအစာတွေဖြစ်တဲ့ ကင်မ်ချီ၊ သခွားချဉ်၊ ဒိန်ချဉ်၊ မီဆိုး ၊ သနပ်တွေနဲ့ အလားတူအစားအစာတွေပဲ ဖြစ်ပါတယ် ...။ မြန်မာမှာလည်း အချဉ်တည်ထားတဲ့အစားအစာတွေ အများကြီးရှိပါတယ် ..။ အရင်တုန်းကတော့ သဘာဝအတိုင်း အချဉ်ဖောက်တာဆိုတော့ အန္တရာယ်ကင်းတာပေါ့နော် ..။ အခုနောက်ပိုင်းတော့ ဆေးတွေသုံးလာကြတယ်လို့ ကြားမိတော့ စိတ်မကောင်းဘူး..။

(၂) Fibres (အမျှင်ဓါတ်) ကြွယ်ဝတဲ့အစားအစာတွေပါ...။ ဒါတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားပါနော်..။ အသီးအရွက်အမျိုးမျိုး၊ သစ်သီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံမျိုးမျိုး တို့အပြင် oatmeal၊ whole wheat bread တွေမှာလည်း အမျှင်ဓါတ်အများကြီးပါပါတယ်...။ အစေ့အဆံတွေဆိုရင် ဗီတာမင် E လည်းပါလို့ ဝမ်းကောင်းစေရုံ၊ အာဟာရပြည့်ဝစေရုံမက ဆံပင်သန်စေတယ်၊ နုပျိုစေပါတယ်...။


(၃) ရေဓါတ်များစွာ ပါဝင်တဲ့အစားအစာတွေပါ..။ သိကြတဲ့အတိုင်း ကျမတို့ရဲ့ခန္ဓာကိုယ်က ရေဓါတ်အချိုးအစားအများကြီးနဲ့ ဖွဲ့စည်းထားလို့ ရေကတော့ မရှိမဖြစ် လိုအပ်ပါတယ် ..။ အဲဒါအပြင် ရေဓါတ်များစွာပါဝင်တဲ့အစားအစာတွေကို စားသုံးမယ်ဆိုရင် အစာချေလမ်းကြောင်းတစ်လျှောက် စားလိုက်တဲ့အစားအစာတွေရဲ့ ရွေ့လျားမှုကို ကူညီပေးနိုင်ပါတယ် ..။ ရေဓါတ် ၉၀%ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီး၊ သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ပန်းသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥ အစရှိသည်တို့ကို ပုံမှန်စားသုံးပေးရပါမယ်...။

(၄) Probiotics လိုမျိုးပဲ နောက်ထပ်အရေးကြီးတဲ့ အစားအစာတွေကတော့ Prebiotics တွေပဲဖြစ်ပါတယ်..။ Prebiotics ဆိုတာက အူမကြီးထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားရှင်သန်မှုကို အားပေးတဲ့ အစားအစာမျိုးတွေပါ ...။ ပြောရမယ်ဆိုရင် အူထဲမှာ Probiotics တွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အစားအစာတွေကို Prebiotics လို့ ခေါ်တာဖြစ်ပါတယ်..။ ဘယ်လိုအစားအစာတွေလဲဆိုရင် ကညွတ်၊ ငှက်ပျော်သီး၊ သကြားမုန်လာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ ပဲနီလေး အစရှိတဲ့ အစားအစာတွေပဲဖြစ်ပါတယ် ...။

(၅) အစာချေဖျက်ရာမှာ အထောက်အကူပေးနိုင်တဲ့ နောက်ထပ် အစားအစာတွေကတော့ သစ်ဥသစ်ဖုနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေ (herbs and spices) ပဲဖြစ်ပါတယ် ...။ ချက်ပြုတ်တဲ့အခါ ဟင်းခပ်အမွှေးအကြိုင်တွေကို ထည့်မယ်ဆိုရင် အစားအသောက်ရဲ့ ကယ်လိုရီကို မတက်စေဘဲ အရသာပိုတိုးစေမှာပဲဖြစ်ပါတယ်..။ အဲဒါအပြင် သူတို့က အစားအစာတွေချေဖျက်ဖို့အတွက် လိုအပ်တဲ့ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်နိုင်ဖို့ ပံ့ပိုးပေးနိုင်ပါတယ်..။ ပါဝင်တဲ့အစားအစာတွေကတော့ ဂျင်း၊ ပူတီနာရွက်၊ သစ်ဂျပိုး၊ နနွင်း၊ ငရုတ်ကောင်း အစရှိတာတွေပဲဖြစ်ပါတယ်...။

နေ့စဉ်စားသောက်တဲ့အစာမှာ အခုပြောပြပေးတဲ့ အစားအစာတွေကို ပါဝင်စေမယ်ဆိုရင် အာဟာရတန်ဖိုးလည်းတက်သလို အစာချေဖျက်မှုကို အားပေးနိုင်တဲ့အခါ လေထတာ၊ ဗိုက်အဆီစုတာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်တော့ဘဲ ခွန်အားတွေတိုးလာမယ်၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်၊ ကျန်းမာသွက်လက်နေမှာ အမှန်ပါပဲ ....။

(အခုတလော nutrition နဲ့ ပတ်သက်တာတွေ အဖတ်များနေလို့ ကျမဖတ်မှတ်ထားသမျှကို ဘာသာပြန်ပြီး ဝေမျှပေးခြင်းသက်သက်ရယ်ပါ ...)












Sunday, 14 August 2016

Caring_Skin +++

August 14, 2016 1 Comments
အသားအရေကို ထိန်းသိမ်းဖြစ်တာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းကပါပဲ ....။ ဒါပေမယ့်လည်း သေချာစနစ်တကျတော့ မဟုတ်ဘူးပေါ့လေ...။ အရင်က ထိန်းသိမ်းဖြစ်တယ်ဆိုတာက Day/night cream, sunscreen လောက်ကို ပုံမှန်လိမ်းဖြစ်တာလောက်ပါပဲ ..။ အခုနောက်ပိုင်းတော့ Skincare ကို ဝါသနာတစ်ခုလို လုပ်ဖြစ်နေတယ် ...။ ထိန်းသိမ်းလိုက်တဲ့အခါ စိုပြည်လာတဲ့ အသားအရေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရတာက ပျော်ရွှင်ခြင်းတစ်မျိုးပါ ..။ Makeup Brand တွေထက် Skincare Brand တွေကို ပိုခရေဇီဖြစ်ပါတယ် ...။ မိတ်ကပ်ဆိုတာက လိမ်းနေတုန်းလှဖို့ပဲ အသုံးဝင်တာဖြစ်ပြီး Skincare products တွေကသာ ကိုယ့်ရဲ့ အသားအရေလှပမှုကို ရရှိစေတာမဟုတ်လား..။ အဲဒါကြောင့် မိတ်ကပ် ဘာ Brand ဝယ်ချင်တယ်ဆိုတာထက် Skincare ကို စိတ်ချရတဲ့ Brand ကောင်းကောင်းသုံးဖို့ ညီအစ်မတွေကိုရော သူငယ်ချင်းမိတ်ဆွေတွေကိုရော တိုက်တွန်းဖြစ်ပါတယ် ...။

အခုတလော ခရေဇီဖြစ်နေတဲ့ Skincare product တွေကတော့ SK2 ပါပဲ ..။ ဂျပန်မှာတော့ SK2 က လူတိုင်းအကြိုက်တွေ့တဲ့ Brand တစ်ခုပါ ...။ ဈေးကတော့ နည်းနည်းကြီးတယ်လို့ ထင်ရပေမယ့် ပြန်ရလာတဲ့ အသားအရေလှပမှုနဲ့ယှဉ်ရင် တော်တော်တန်တဲ့ ဈေးနှုန်းတစ်ခုပါ...။ အခြားတန်ဖိုးပိုနည်းတဲ့တံဆိပ်မျိုးကိုသုံးပြီး အသားအရေလှမလာဘဲ ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာထက် SK2 ဝယ်လို့ ကုန်သွားတဲ့ ပိုက်ဆံက တကယ်ကို သုံးပျော်ပါတယ် ...။ ကျမသုံးဖြစ်နေတဲ့ ပစ္စည်းတွေက cleanser ရယ်၊ SK2 clear lotion (သူက toner နဲ့ တူတူပါပဲ)၊ SK2 essence ရယ်၊ RNA power cream ရယ်၊ treatment mask ရယ် သုံးဖြစ်ပါတယ် ...။ မြန်မာငွေနဲ့တွက်ရင် clear lotion, essence, RNA power တို့က အရွယ်အစားပေါ်မူတည်ပြီး ပျမ်းမျှတစ်သိန်းဝန်းကျင်လောက်တော့ ကုန်ကျပါတယ် ..။ R.N.A ကတော့ ဈေးအကြီးဆုံးပါပဲ။ 50g တစ်ဗူးကို ယန်း ၁၁၀၀၀ ဆိုတော့ မြန်မာငွေတစ်သိန်းလောက်ပေါ့.။ ကျန်တာတွေကတော့ ယန်း ၁၀၀၀၀ အောက်ပါပဲ။ တခါတလေ အချို့ပစ္စည်းတွေက ၃၀% လောက်ဈေးချတတ်ပေမယ့် R.N.A ကတော့ ဘယ်အခါမှ ဈေးချလေ့မရှိပါဘူး...။ review တွေမှာ ရေးလေ့ရှိတာကတော့ R.N.A က အသားအရေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထိ ပြန်နုပျိုသွားစေပါသတဲ့ ...။
SK2 ဝယ်မယ်ဆိုရင် ကျမက online ကနေ ဘယ်တော့မှမဝယ်ဘဲ SK2 ဆိုင်တွေမှာသာ ဝယ်လေ့ရှိပါတယ် ...။ Amazon လို site မျိုးကတောင် စိတ်မချရဘဲ ဈေးတွေချထားတတ်ပြီး အတုတွေဖြစ်နေတတ်တဲ့အကြောင်း amazon က တင်ထားတတ်တဲ့ SK2 products တွေရဲ့အောက်က ကွန်မန့်တွေမှာ တွေ့ရတတ်လို့ပါ ...။ မြန်မာပြန်ရောက်ရင်တော့ ဘယ်လိုဝယ်ရမှန်းမသိသေးပါဘူး..။ မြန်မာမှာ SK2 counter တွေရှိနေပြီလား မသိဘူးနော် ...။ အွန်လိုင်းကနေ ရောင်းတာတွေက သူတို့လည်း အခြားနိုင်ငံက အွန်လိုင်းကနေ မြှာ့ပီး ရောင်းတာပဲဖြစ်မှာကြောင့် ပစ္စည်းစစ်မှန်ဖို့က စိတ်ချရမှာ မဟုတ်ပြန်ဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာမှာဝယ်လို့မရရင်တော့ နိုင်ငံခြားခရီးတွေသွားဖြစ်ရင် လေဆိပ်က Duty free shops တွေမှာတော့ ဝယ်လို့အဆင်ပြေမှာပါလေ..။


Skincare brand ကောင်းကောင်းသုံးတာထက် အသားအရေထိန်းသိမ်းမှုမှာ အဓိကအရေးကြီးဆုံးက သန့်ရှင်းမှုရယ်၊ ရေရယ် အစားအသောက်ရယ်ပါ..။ ကိုယ့်ရဲ့ အသားအရေကို ပုံမှန်သန့်ရှင်းရေးလုပ်ရမယ်၊ ရေများများသောက်မယ်၊ ငန်လွန်းတာ စပ်လွန်းတာ ချိုလွန်းတာ အဆီများလွန်းတာ စတဲ့ လွန်ကဲတာမျိုးတွေရှောင်ပြီး အာဟာရမျှတအောင် အသား၊ အသီးအရွက်၊ သစ်သီးတွေ ပုံမှန်စားရပါမယ် ...။ ဒါဆိုရင်တော့ အသားအရေစိုပြည်ဖို့ သေချာပါတယ် ...။ မျက်နှာအတွက် အဓိကအရေးကြီးဆုံးက ညမအိပ်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ လိမ်းထားတာတွေ သေချာပြန်ဖျက်ဖို့ အရေးကြီးပါတယ် ...။ ဒါဟာ မျက်နှာမှာ ဝက်ခြံတွေ အမည်းစက်တွေမဖြစ်ဖို့ အသားအရေကြည်လင်ဖို့ အရေးကြီးဆုံး လုပ်ရမယ့်အချက်ပါ ..။ မျက်နှာကို သေချာမသန့်ရှင်းရင်တော့ ဘယ်လိုကောင်းတဲ့ တံဆိပ်မျိုးပဲသုံးပါစေ အသားအရေကတော့ ထူးခြားလာမှာမဟုတ်ပါဘူး..။ အဲဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အသားအရေလှချင်တယ်လို့ပြောသူတိုင်းကို ရေများများသောက်ဖို့၊ သစ်သီးသစ်ရွက်များများစားဖို့၊ မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့သေချာသန့်ရှင်းဖို့ အမြဲပြောဖြစ်လေ့ရှိပါတယ် ..။ြ့ပီးတော့ sunscreen ကို အမြဲတမ်းလိမ်းဖို့ကလည်း အရေးကြီးပါတယ် ..။ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို အိုမင်းစေတယ်၊ မည်းသွားစေရုံသာမဘဲ တင်းတိပ်အမည်းစက်တွေဖြစ်စေသလို အရေပြားကင်ဆာတောင် ဖြစ်စေနိုင်တော့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ ..။ ဂျပန်ရဲ့နွေရာသီက ပူပြင်းလွန်းလို့ SPF 35 လောက်ကို အနည်းဆုံးသုံးဖြစ်ပါတယ် ..။ cream type ထက် Gel type က ပူတဲ့ရာသီနဲ့ပိုကိုက်တာမို့ Gel type ကို သုံးတာ ပိုအဆင်ပြေပါတယ် ...။

ကျမရဲ့အသားအရေထိန်းသိမ်းတဲ့နည်းကတော့ ဒီလိုပါ...။ မနက်နိုးရင် ရေအဝသောက်ပါတယ်..။ ပြီးရင် မနက်စာစား ရေချိုးပြီးတဲ့အခါ မျက်နှာကို clear lotion, essence, rna power cream လိမ်းပါတယ်..။ လက်တွေခြေတွေကိုလည်း lotion တစ်ခု အမြဲလိမ်းပါတယ် ..။ ပြီးရင်တော့ မျက်နှာရော ခြေတွေလက်တွေကိုရော sunscreen လိမ်းပါတယ်..။ ပြီးမှ မိတ်ကပ်ပါးပါးလိမ်း ဘာဘာညာညာ ခြယ်သပါတယ် ..။ sunscreen ကိုတော့ နေ့လည်ပိုင်းမှာ ၂ ခါလောက်ပြန်လိမ်းဖြစ်ပါတယ် ...။ ညဘက်အိမ်ပြန်ရောက်တဲ့အခါ မိတ်ကပ်ကို ဖျက်ဆေးနဲ့ သေချာဖျက်ပါတယ်..။ ရေချိုးပြီးတဲ့အခါ မနက်ကလိုပဲ sunscreen ကလွဲရင် အားလုံးကို လိမ်းပါတယ်..။ ညဘက်မှာတော့ eye cream လည်း လိမ်းပါတယ် ...။ lip balm ကတော့ နှုတ်ခမ်းမကွဲအောင် အမြဲဆိုးလေ့ရှိပါတယ်...။ 

အခုနောက်ပိုင်း မြန်မာမှာ Online shopping တွေ ခေတ်စားလာတာတွေ့ရတယ် ..။ ဘယ်က ထုတ်မှန်းမသိတဲ့ Brand တွေ အသားဖြူဆေးဆိုတာမျိုးတွေကို ရောင်းလာကြတာတွေလည်း တွေ့ရတယ် ...။ မြန်မာက ညီမတွေ တူမတွေကို အဲလိုမျိုးတွေ ဘယ်တော့မှ မဝယ်ဖို့ အမြဲမှာရတယ်..။ အဓိကက သန့်သန့်ရှင်းရှင်းနေဖို့၊ ရေများများသောက်ဖို့၊ အစားအစာကို စနစ်တကျစားသောက်ဖို့ ပြောပြပြီး skincare brand တွေဆိုရင်လည်း ဆိုင်တွေမှာ သေချာခင်းကျင်းရောင်းချတဲ့ လူသိများတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့တံဆိပ်တွေကိုပဲ သုံးဖို့ အမြဲမှာနေရပါတယ် ...။ ဘယ်လိုပဲဖြစ်ဖြစ် အသားဖြူတာမည်းတာထက် အသားအရည် ကြည်လင်ရှင်းသန့်နေမယ်ဆိုရင် ကိုယ်တိုင်နေရတာလည်း ရှင်းသန့်နေပြီး မြင်ရသူလည်း စိတ်ချမ်းသာတာမို့ ကျမကတော့ မိတ်ကပ်တွေ ထူပျစ်နေအောင် လိမ်းထားတဲ့ပုံစံထက် ကြည်လင်ရှင်းသန့်နေတဲ့ ပုံစံလေးတွေကိုသာ မြတ်နိုးမိသူပါ...။

Follow Us @soratemplates