တစ်ချို့ကပြောကြတယ်
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတာ
ခံစားနာကျင်ရတယ်တဲ့ ~~~~~~
တစ်ချို့ကတော့ ပြောကြပြန်တယ်
တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတာက
နာကျင်စေတယ်တဲ့....။
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတာ
ခံစားနာကျင်ရတယ်တဲ့ ~~~~~~
တစ်ချို့ကတော့ ပြောကြပြန်တယ်
တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတာက
နာကျင်စေတယ်တဲ့....။
ဒါပေမယ့် ...................
အဆိုးဆုံးခံစားရတာကတော့
ကိုယ်က သူ့ကို စောင့်နေတာလား မေ့ပစ်ဖို့ကြိုးစားနေတာလားဆိုတာ
ကိုယ့်ကိုယ်ကိုတောင် ဝေခွဲရခက်တဲ့ အခြေအနေမျိုးပဲ.......။
မေ့ပစ်ဖို့ကြိုးစားနေတယ်ဆိုပြီး......
မသိစိတ်က မျှော်လင့်နေတတ်ကြပြန်သေးတယ်
ကိုယ့်ကိုယ်ကိုတောင်.... အဲဒီလိုဖြစ်နေလားဆိုတာ မသိတဲ့အထိ....
မသိချင်ယောင်ဆောင်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်.......။
&&...........................................................&&
ဖေ့ဘွတ်ထဲမှာ တွေ့တဲ့ပုံတစ်ခုထဲက စာသားတွေကို ဘာသာပြန်ထားတာပါ..။ Page နာမည်ကလည်း မြင်ရုံနဲ့ ငိုချင်တယ်.. ခံစားချက်နဲ့ကတော့ ဘာတိုက်ဆိုင်သလည်းမေးနေစရာကိုမလိုဘူး.. ကိုယ့်ကို စောင်းပြောနေသလိုပဲ.. အဟင့်...!!
'Let dis semester go i wil study seriously from next တဲ့။။
လင့်ကဒီမှာပါ..http://www.facebook.com/LetDisSemesterGo
တင်လိုက်တဲ့ပုံတွေတိုင်းက ရယ်လဲရယ်ရတယ်.. အဓိပ္ပာယ်လဲပါတယ်..။ ဒါပေမယ့် page name ဖတ်မိရင်.. ကိုယ့်ကိုယ်ကို စိတ်လေလာတယ်..။ ကိုယ်လဲ တစ်ချိန်လုံး အဲလိုပဲတွေးနေမိတာကို..။ ဒီတစ်တန်းတော့ ရှိပါစေတော့.. နောက်တစ်တန်းရောက်မှ အသေအလဲကြိုးစားတော့မယ်နဲ့ အားခဲ..။ ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပဲ....။
9 comments:
ဖတ်သွားတယ် ညီမရေ..
ဖတ်သွားပါတယ် မမ လေး
တစ်ချို့ကပြောကြတယ်
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတာ
ခံစားနာကျင်ရတယ်တဲ့ ~~~~~~
တစ်ချို့ကတော့ ပြောကြပြန်တယ်
တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားရတာက
နာကျင်စေတယ်တဲ့----
အားလုံးမှန်တယ် ဆွီတီရေ
ဘာသာပြန်လေးကောင်းတယ် စနိုးရေ ..
ခံစာချက်ဆိုတာ က အနာဂါမ် မတည် သေးသမျှ
ဖြစ်နေအုံးမှာလေ..သမီးတော် လဲ ခံစားတတ်တယ်..
ကောင်းလိုက်တဲ့စာသားတွေ စနိုးရေ
အမလေးလေးလေး... တိုက်ဆိုင်လိုက်တာ... တည့်တည့်ကြီးကိုထိတယ် ဟင့်း(
စာသားလေးတွေအရမ်းသဘောကျတယ်
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတာ ပိုနာကျင်စရာကောင်းသလားလို့ပါ။ အလုပ်တွေဖိလုပ်လိုက်ရင် မေ့လို့ရတယ်။ ကိုယ်တွေ့နော်။
ကျနော်ကတော့မလာမှန်းသိရင်တော့မမျော်ပါဘူး..
ကဗျာလေးဖတ်ပြီး
ငိုတောင်ငိုချင်မိတယ် စနိုးရေ
တကယ်ကို ထပ်တူထပ်မျှ ကို ခံစားမိနေလို့ပါ
Post a Comment