စိတ်ကူးထဲမှာတော့.......
စိတ်ကူးထဲမှာပေါ့......
လရိပ်ပြာအောက် အတူထိုင်ရင်းး
လင်းတစ်ချို့ မှိတ်တစ်ချို့ ကြယ်လေးတွေကိုရေတွက်..
ဆည်းလည်းသံလို သူ့ရယ်သံတွေကြား...
ညလေပြေရဲ့..ကြည်စယ်မှုကို
အတူတူ ကြည်နူးစွာ ခံစားနေချင်မိတယ်.......။
စိတ်ကူးထဲမှာပေါ့.....
တောက်ပတဲ့ နီယွန်မီးဝါ၀ါအောက်
ထာဝရပေးအပ်ထားမယ်ဆိုတဲ့.. သူ့ပခုံးထက်
အပူအပင်မရှိ.. မှီနွဲ့ရင်း
ညင်သာစွာ. ထိခတ်နေတဲ့.. သူ့ဂစ်တာသံကြား..
အချိန်တစ်ချို့ကို ကုန်ဆုံးချင်နေမိတယ်......။
စိတ်ကူးထဲမှာပေါ့.....
နူးညံ့တဲ့ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း
သြရှရှဆိုတတ်တဲ့.. သူ့သီချင်းသံတွေကြား
ခရေရနံ့ သင်းပျံ့နေတဲ့.. လမ်းလေးတစ်လျှောက်
နှစ်ယောက်အတူတူ.. ဖြတ်သန်းချင်နေမိပါတယ်.....။
စိတ်ကူးထဲမှာလေ...
သူကြိုက်တတ်တဲ့ စားစရာလေးတွေဖန်တီး
သူချစ်စေမယ့်.. စကားလုံးလေးတွေ.. သီဖွဲ့ဟစ်ကျူးလို့
သူခွံ့ကျွေးမယ့်... ချိုမြမြ ချောကလက်ညိုညိုတွေကို
တပ်မက်စွာ မျှော်လင့်နေမိပြန်တယ်......။
စိတ်ကူးထဲမှာပေါ့...
ခပ်လျော့လျော့မောင်းနှင်တတ်တဲ့.. သူ့ဆိုင်ကယ်ထက်
မြတ်မြတ်နိုးနိုး သူ့ခါးကို ဖက်တွယ်
သူသွားရာနောက် အရိပ်တစ်ခုလိုလိုက်လို့..
ကြင်နာစွာ ပြောတတ်တဲ့ သူ့စကားသံလေးတွေကို...
လေတိုးသံတွေကြား... နားထောင်နေချင်မိပြန်ပါတယ်.......။
လက်တွေ့မှာတော့.....
သူနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံတစ်ခုမှာ
နေ့နဲ့ ညတို့ ကွဲပြားလို့.. ကမ္ဘာကြီးရဲ့ အရှေ့နဲ့ အနောက်ကွာခြား...
ရင်ဆိုင်ရမယ့် စာမေးပွဲတွေအတွက်....
စာအုပ်ထူထူ... စာရွက်ဖိုင်ပေါင်းများစွာကြားမှာ...
ကွန်ပျူတာတစ်လုံးရှေ့မှာ ထိုင်လို့.....
ကောင်မလေးတစ်ယောက်မှာတော့...
သီအိုရီတွေ... ကိန်းဂဏန်းတွေ..... မှတ်စုတွေကြား....
အလွမ်းစိတ်တွေ.. ရင်မှာပိုက်......
အိပ်ငိုက်နေရှာလေရဲ့...........။........။

****************************************************
ဒီကဗျာက အွန်လိုင်းက ကဗျာပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်ကြည့်ရင်း အရွေးခံရတဲ့ ကဗျာတစ်ပုဒ်ပါ..။ ဘာမှ မရေးဖြစ်တုန်း.. ကဗျာလေးကို မဖတ်ဖူးသေးသူများ ပြန်လည်ခံစားနိုင်ဖို့ ပြန်ပြီး ဖော်ပြခြင်းဖြစ်ပါတယ်..။
ကျမဘလော့ကို စစချင်းပဲ ဒီကဗျာကို ပထမဆုံးလိုလိုတင်လိုက်တာဆိုတော့.. တော်တော်များများတော့ ဖတ်ဖူးလိုက်မှာ မဟုတ်ဘူးလည်း ထင်မိလို့ပါ....။
ပြီးခဲ့တဲ့..ဖေဖော်ဝါရီလအတွင်းက စာမေးပွဲဖြေနေတဲ့ကာလမှာ.. တစ်ကယ်ခံစားခဲ့ရတဲ့.. ခံစားချက်အစစ်အမှန်တွေကို ရေးဖွဲ့ထားတာပါ...။ အခုတော့လည်း... ဘာမှမဆိုင်တော့တဲ့ သူစိမ်းတစ်ယောက်အတွက် ဒီခံစားချက်တွေလည်း စာရွက်ပေါ်မှာ.... ကွန်ပျုတာပေါ်မှာကလွဲလို့.. ရင်ထဲမှာ ထုတ်ပစ်လိုက်တာာ... သိပ်မကြာခင်ကာလတစ်ခုဆီကပဲ ဆိုပါစို့.... =!=
Facebook မှာ ပန်းရတု (အချစ်အကြောင်းပြောကြည့်ရအောင်) ဆိုတဲ့ Page တစ်ခုကနေ ကဗျာဆရာမ မပန်းရတုက ကဗျာပြိုင်ပွဲတစ်ခုလုပ်တော့ ကျမလည်းကိုယ့်အရေးအသားကိုယ့်အခြေအနေကိုယ် သိရအောင် ၃ ပုဒ်ပို့ကြည့်လိုက်တာ..။ သိတဲ့အတိုင်းပဲ.. ကျမက ကဗျာဆိုရင် ဘာမှဖွဲ့နွဲ့ရေးတတ်တာလည်း မဟုတ်ပဲ.. ပြောချင်တာက တိုက်ရိုက်.. ဘုရားစူးကဗျာတွေလေ.-.- -.- -.-.။ ဒါပေမယ့် ဒီလိုရေးထားတာကို ပြိုင်ပွဲဝင်သူပေါင်းက ၁၅၀ ကျော်.. ကဗျာပေါင်းက ၅၅၀ ကျော်မှာ. ၂၅ ပုဒ်ရွေးတာ. ကျမကဗျာက နံပါတ် (၁၀) ချိတ်သတဲ့ ^^
သုံးသပ်ချက်---စိတ်ကူးနဲ့လက်တွေ့ကွာခြားပုံလေးကို စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးဖွဲ့ထား
နိုင်ပါတယ်။ စိတ်ကူးလေးတွေကလဲ ချစ်စရာကောင်းပြီး စာဖတ်သူရဲ့ ရင်ကိုကြည်နူးချမ်းမြေ့စေပါ
တယ်။ အထူးသဖြင့် ကဗျာပေါ်မှာအာရုံစူးစိုက်မှုအပြည့်နဲ့ ကဗျာဆရာ၏ အကောင်းဆုံးကြိုးစား
အားထုတ်ထားမှုကို ကဗျာလေးကို ဖတ်လိုက်ရုံနဲ့သိရှိနိုင်ပါတယ်။ ဒါကြောင့်လဲ ကြိုက်နှစ်သက်
မိပါတယ်။

ဒါက ပြိုင်ပွဲကျင်းပတဲ့ ကဗျာဆရာမရဲ့ ကျမကဗျာအပေါ်မှာ သုံးသပ်ချက်ဖြစ်ပါတယ်.. ^_*
ကဗျာချစ်သူများ.. အဲဒီပြိုင်ပွဲမှာ ဆုရတဲ့ ကဗျာတွေကို ဖတ်ချင်ရင် ဖော်ပြပါလင့်မှာ ဒေါင်းပြီး ဖတ်လို့ရပါတယ်....။ တခြားကဗျာချစ်သူတွေ ရေးထားတဲ့ကဗျာလေးတွေလည်း အရမ်းကောင်းတယ်..။
အားလုံးပျော်ရွှင်ပါစေ...... ^^^
11 comments:
ဖတ်သွားပါ၏...
(-၀_၀-)
အင်.. မြန်ထှာ. ဘယ်အချိန်က လာလိုက်ပါလိမ့် :PPPP
အိပ်ငိုက်တာလေး ဖတ်သွားတယ် ဟိ
ကဗျာလေးကောင်းလိုက်တာ..
စိတ်ကူးထဲမှာပေါ့............
အမြဲကဗျာတွေဖတ်ပြီး ချစ်သူကိုပိုချစ်နေရသူပါ
ကဗျာလေးကောင်းတယ်အစ်မစနိုး....
ကဗျာလေးထဲမှာအစ်မခံစားချက်တွေက ထင်းခနဲ.ပဲနော်
ကဗျာလေးက ချိုချိုလေးနဲ့ ကြည်နူးစရာကောင်းပါတယ်။
တကယ်လဲကောင်းတဲ့ ကဗျာလေးမို့  အရွေးခံရတာပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
တကယ့်ကိုကောင်းတဲ့ကဗျာလေးပါ
မဆိုးဘူး..မကောင်းဘူး..အလယ်အလတ်ပေါ့...
အဲ....အလွမ်းစိတ်တွေရင်မှာပိုက် အိပ်ငိုက်နေရှာလေရဲ့တဲ့...း)
ချစ်စရာကောင်းတဲ့ စိတ်ကူးလေးတွေပါ
ခုတော့လဲသူစိမ်းတွေဆိုလို့ စိတ်တောင်မကောင်းဘူး
ပျော်ရွှင်ပါစေ စနိုးရေ...
Post a Comment