ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)
♥ ♥ ♥ ........................................................... ♥ ♥ ♥
ဒီကဗျာကိုလည်း အရမ်းကြိုက်သလို ခံစားချက်နဲ့လည်း တိုက်ဆိုင်လို့ ပြန်လည်ဝေမျှတာပါရှင် ။ နောက်တစ်ချက်က အခုလောလောဆယ် စာမေးပွဲတွေရှိနေလို့ ကျမစာရေးဖို့ မအားသေးတာကြောင့်လဲ ပါပါတယ်..။ ၁၄ ရက်နေ့ကျော်ရင်တော့ ခဏပြန်အားသွားပြီမို့.. ကိုယ်ပိုင်ရေးဖွဲ့မယ့် စာတွေပြန်ရေးဖြစ်ဦးမှာပါ...။ ဒီကဗျာလေးကတော့ အားလုံးလိုလိုသိကြမှာပါ..။ အဆိုတော် ဦးခင်မောင်တိုးသီဆိုထားတဲ့ "ချစ်သူသိစေ" ဆိုတဲ့သီချင်းက ဒီကဗျာကို ဆိုထားတာပါ..။ သီချင်းရှာရခက်မှာစိုးတာကြောင့် သီချင်းပါတစ်ခါတည်း တွဲထည့်ပေးထားပါတယ်..။ ဒီကဗျာထဲက ရေးထားသလိုပဲ.. ဘယ်လောက်ဝေးဝေး... ဘယ်မှာရှိရှိ.. ရင်ထဲမှာရှိနေဖို့ပဲ အရေးကြီးတာပါ.။ နီးခြင်း ဝေးခြင်းက အဓိက မကျပါဘူး...။ ဘ၀အတွက် ခဏတာဝေးနေရတဲ့အခိုက်မှာ. ချစ်သူတွေအားလုံး.. တစ်ဦးအပေါ်တစ်ဦး.. သစ္စာရှိရှိ... ချစ်နိုင်ကြပြီး... တစ်ယောက်အပေါ်တစ်ယောက် အရမ်းချစ်ကြတဲ့ သူအချင်းချင်းပဲ ပေါင်းဖက်နိုင်ကြစေဖို့ ဆုတောင်းပေးပါတယ်...။ ဘယ်ချစ်သူများကြားထဲမှာမှ တတိယတစ်ယောက်ဆိုတာ ပေါ်မလာပါစေနဲ့လို့.. တောင်းဆုပြုပါတယ်..။ ကိုယ်တိုင်ရေးတာမဟုတ်ပဲ... ပြန်လည်ဝေမျှတာသာဖြစ်လို့.. အားလုံးကို တောင်းပန်ပါတယ်...။ အားလုံးပျော်ရွှင်ကြပါစေရှင်...။
8 comments:
အမလည်းကြိုက်တဲ့ သီချင်းရော ကဗျာရော..
ခံစားသွားပါတယ်
ကဗျာကိုတော့အရမ်းကိုကြိုက်ခဲ့တဲ့ကဗျာလေးပါပဲ
ကျေးဇူးပါညီမငယ်ရေ
ကိုယ်နုစဉ်တုန်းကလည်း စွဲလန်းခဲ့ရတဲ့ကဗျာလေးပါ စနိုးရေ။း)
အိုင်အိုရာ
ကဗျာက နဂိုကလဲ အရမ်းကောင်းတယ်
သီချင်းအဖြစ်သံစဉ်ထည့်ပြီး ခင်မောင်တိုး ဆိုတော့လဲ ကောင်းတာပဲ
ကဗျာရဲ့  အနှစ်သာရနဲ့ အရည်အသွေးဆိုတာ ဒါလေးပဲ နော်
အရမ်းကြိုက်တဲ့ ကဗျာလေးပါ သီချင်းလေး လဲ အရမ်းကြိုက်တယ်
ကဗျာလဲကြိုက် သီချင်းလဲကြိုက်တာမို့ အားပေးခံစားနားဆင်သွားကြောင်းပါ စနိုးရေ
အဓိပ္ပါယ် အရမ်းရှိတယ်။ ကိုယ့်ကိုယ်ကို ပိုသိလာသလိုပဲ။
ကဗျာလည်းကောင်း၏...သီချင်းလည်းကောင်း၏...စိတ်ကူးလေကောင်း၏...
ခံစားနားဆင်သွားပါတယ်.. အရမ်းကြိုက်တဲ့ သီချင်းပါ
Post a Comment