တစ်ခါတုန်းကပေါ့
……………………….. ♥
ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက် သိပ်ချစ်ကြဖူးတယ် ..။ ချစ်သူအပေါ်အရမ်းချစ်တတ်တဲ့
ကောင်လေးက ကောင်မလေးအတွက် ချစ်စရာစက္ကူကြိုးကြာငှက်ရုပ်လေးတွေ ၁၀၀၀ ကို ကိုယ်တိုင်ခေါက်ပြီး
လက်ဆောင်အဖြစ်ပေးခဲ့တယ်..။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ကောင်လေးရဲ့ဘ၀ဟာ အနာဂတ်ကိုသေချာမပြောနိုင်သေးတဲ့
လူငယ်လေးတစ်ယောက်၊ သူအလုပ်လုပ်တဲ့ Company မှာ အောက်ခြေအဆင့်ဝန်ထမ်းလေးမျှ သာဖြစ်နေပါသေးတယ်..။
အဲဒီအခြေအနေမှာဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်က အချစ်စစ်နဲ့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး
ပျော်ရွှင်တဲ့ချစ်သူနှစ်ဦးအဖြစ်ပေါ့ ။
အဲဒီနေ့အထိပေါ့ ..ကောင်မလေးက သူ ပဲရစ်ကိုထွက်သွားတော့မယ့်အကြောင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်တဲ့အကြောင်း ကောင်လေးကို ဖွင့်ပြောလာခဲ့တဲ့နေ့အထိပေါ့..။
သူတို့နှစ်ယောက်ရဲ့အနာဂတ်က
လှပလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်နိုင်တဲ့အခါ မခန့်မှန်းနိုင်တဲ့အခါ ကိုယ့်လမ်းကိုယ်စီလျှောက်ကြဖို့
သူမပြောလာတဲ့အတွက် ချစ်သူအပေါ်အရမ်းချစ်ခဲ့တဲ့ကောင်လေးက ရင်နာနာနဲ့ပဲ အသည်းကွဲခံခဲ့ပြီး
သူမရဲ့ ဆန္ဒကို လိုက်လျောခဲ့ပါတယ် ..။
♥ ...... ♥ ...... ♥ ...... ♥
ဒီလိုနဲ့ပဲ ကောင်လေးက သူ့ယုံကြည်ချက်တွေ ပြန်ရလာတဲ့အခါ
နေ့မနားညမအား အလုပ်ကြိုးစားခဲ့တယ် .သူ့ဘ၀တိုးတက်ဖို့ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားခဲ့တယ်
..။ နောက်ဆုံးတော့ သူ့ရဲ့ကြိုးစားမှု၊
မိတ်ဆွေအပေါင်းသင်းတွေရဲ့ ပံ့ပိုးအားပေးမှုတွေကြောင့် ကောင်လေးက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို
ထူထောင်နိုင်ခဲ့တယ် ..။ ကြိုးစားမှုကို မရပ်သရွေ့တော့ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ပါဘူး
..။
♥ ...... ♥ ...... ♥ ...... ♥
တစ်နေ့ ……………… မိုးရွာတဲ့နေ့တစ်နေ့မှာ…….............
ကောင်လေးက
ကားမောင်းလာနေတုန်း ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း တစ်နေရာစီဦးတည် လမ်းလျှောက်သွားနေတဲ့
အဘိုးအိုနဲ့ အဘွားအိုစုံတွဲကို သူမြင်ကွင်းမှာ တွေ့လိုက်တယ် ..။
ထီးဆောင်းထားပေမယ့်လည်း
သူတို့နှစ်ယောက်က မိုးရေတွေနဲ့ စိုနေတာကို သူတွေ့လိုက်ရတယ် ..။ အဲဒီစုံတွဲဟာ ကောင်မလေးရဲ့
မိဘနှစ်ပါးဖြစ်တယ်ဆိုတာ ပြန်မှတ်မိဖို့ ကောင်လေးအချိန်အများကြီး မယူခဲ့ရပါဘူး..။ ကောင်မလေးအပေါ်ထားတဲ့အချစ်တွေကြောင့်
သူမနဲ့ ပတ်သက်တဲ့အရာရာကို သူကောင်းကောင်းမှတ်မိနိုင်တယ်လေ..။ အဘိုးအဘွားစုံတွဲနားရောက်တဲ့အထိ
ကားကို ဖြည်းဖြည်းချင်း ပြန်မောင်းလာခဲ့ကာ သူရဲ့ အဖိုးတန်ဇိမ်ခံကားပေါ်ကို တက်ပြီး သွားလိုရာ
လိုက်ပါပို့ဆောင်ပေးဖို့ ခွင့်တောင်းခဲ့တယ် ..။
ကောင်လေးက
လူကြီးတွေကို သူအရင်လိုမဟုတ်တော့တဲ့အကြောင်း .. သူ့မှာ ကိုယ်ပိုင်ကုမ္ပဏီ၊ ကိုယ်ပိုင်ကား
၊ အိမ်တွေ၊ စည်းစိမ်တွေပိုင်ဆိုင်နေပြီဖြစ်တဲ့အကြောင်း စသဖြင့် ပြောပြခဲ့တယ်..။ သူစွမ်းဆောင်နိုင်တယ်ဆိုတဲ့အကြောင်း၊
ယောကျာ်းကောင်းတစ်ယောက်ဖြစ်တဲ့အကြောင်း သူမရဲ့မိဘနှစ်ပါးကို သိစေခဲ့တယ် ..။
ကောင်လေး
သတိမထားမိခင်မှာပဲ သူမရဲ့မိဘနှစ်ပါးက သချိင်္ုင်းတစ်ခုဆီကို ဦးတည်လမ်းလျှောက်သွားကြတယ်
.. ကောင်လေးလည်း ကားထဲက ထွက်ပြီး သူတို့နောက်ကို လိုက်လျှောက်လာခဲ့တယ်..။ မမျှော်လင့်ထားပဲ
သူ့ရဲ့ကောင်မလေးကို သူမရဲ့မြေပုံမို့မို့လေးထက်မှာ အရင်က သူ့ကိုပြုံးကြည့်နေကျပုံစံအတိုင်း
ချစ်စရာဓါတ်ပုံလေးအဖြစ် မြင်လိုက်ရတယ်..။ အဲဒါအပြင် သူမဘေးနားမှာ သူပေးခဲ့တဲ့ စက္ကူကြိုးကြာရုပ်လေးတွေကိုလည်း
တွေ့လိုက်ရတယ် ..။ ကောင်လေးက သူမမိဘတွေကို ဖြစ်ကြောင်းကုန်စင်မေးတဲ့အခါမှာ တစ်ကယ်တော့
ကောင်မလေးက ပြင်သစ်ကိုထွက်ခွာသွားတာမဟုတ်ပဲ အဲဒီအချိန်တုန်းက ကင်ဆာရောဂါခံစားနေရတယ်ဆိုတာ
သိခဲ့ရတယ် ..။
ကောင်မလေးက
သူမရဲ့ချစ်သူကောင်လေးဟာ တစ်နေ့မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်မယ့်သူတစ်ယောက်ဆိုတာ
ယုံကြည်တဲ့အတွက် သူ့ဘ၀အောင်မြင်ဖို့ အတားအဆီးတစ်ခုအဖြစ်မခံချင်ခဲ့ဘူး..။ အဲဒါကြောင့်
သူ့ကိုစွန့်လွှတ်ဖို့ သူမဆုံးဖြတ်ခဲ့တာဖြစ်တယ် ။
ကောင်မလေးက
သူမမိဘတွေကို သူမသေဆုံးသွားတဲ့အခါ ကြိုးကြာရုပ်ကလေးတွေကို သူမရဲ့ဘေးနားမှာ ထားပေးဖို့
တောင်းဆိုသွားခဲ့တယ် .. ဘာကြောင့်လဲဆိုရင် တနေ့နေ့မှာ ကံကြမ္မာကကောင်လေးကို သူမရှိတဲ့နေရာဆီ
ခေါ်ဆောင်လာနိုင်ခဲ့မယ်ဆိုရင် သူ့ဘ၀ရဲ့အမှတ်တရအဖြစ် ကြိုးကြာရုပ်လေးတစ်ချို့ကို သူနဲ့အတူပြန်ယူသိမ်းထားနိုင်ဖို့
သူမမျှော်လင့်ခဲ့လို့ဖြစ်တယ် ..။ ၀မ်းနည်းစရာ ဇာတ်လမ်းရဲ့ အဆုံးသတ်က ကောင်လေးရဲ့ မျက်ရည်တွေပဲပေါ့
..... ။
♥ ...... ♥ ...... ♥ ...... ♥
သင့်အပေါ်ကို
ချစ်စေချင်တဲ့အတိုင်း မြတ်နိုးတန်ဖိုးထားစေချင်ခဲ့တဲ့အတိုင်း လူတစ်ယောက်က မလုပ်နိုင်ခဲ့ဘူးဆိုတိုင်း
အဲဒါက သူက သင့်ကို မချစ်လို့မဟုတ်ပါဘူး .. ချစ်လွန်းလို့ သင့်ဘ၀အတွက် အကောင်းဆုံးကို
မျှော်လင့်လို့ သူ့ရဲ့အချစ်တွေကို ရင်နာနာနဲ့ လျစ်လျူရှုလိုက်ရတာလည်း ဖြစ်နိုင်တယ်ဆိုတာ
ကျမတို့ သဘောပေါက်နားလည်ထားသင့်ပါတယ် ..။ တစ်ချို့ကိစ္စတွေမှာ ကိုယ်နားမလည်နိုင်တဲ့
ကိုယ်မသိတဲ့နောက်ကွယ်က အကြောင်းတရားတွေ ရှိနေတဲ့အခါမျိုးမှာ အပေါ်ယံအကြောင်းပြချက်လေးကိုပဲ
ကြည့်ပြီး ဆုံးဖြတ်လိုက်မယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး ..။
အချစ်ဆိုတာာ
တစ်ကြိမ်ချစ်ပြီးပြီဆိုရင် ထာဝရချစ်သွားမယ့်အရာမျိုးဖြစ်နိုင်ပါတယ် ..။ ဦးနှောက်ထဲမှာတော့
နာကျည်းနေမယ် … မချစ်တော့ဘူးလို့ ခေါင်းမာမာနဲ့ ဇွတ်ငြင်းနေပေမယ့် နှလုံးသားထဲမှာ ဖြစ်ပေါ်ဖူးတဲ့အချစ်က
ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပဲ ထာဝရတည်နေမှာပါပဲ.. ။ တခါတလေတော့ ကိုယ့်သိက္ခာအတွက်
ကိုယ့်မာနအတွက် မချစ်တော့ဘူးလို့ ဦးနှောက်ကငြင်းဆန်နေတယ် .. နှလုံးသားကို လျစ်လျူရှုတယ်
… ဒါပေမယ့် ..ဒါပေမယ့် …… ။
လူတစ်ယောက်က
ကိုယ့်အနားမှာမရှိတော့တဲ့အချိန်မှာ ကိုယ့်အနားကို ဘယ်လိုမှ ပြန်မရောက်နိုင်တဲ့အခါမျိုးမှာ
တစ်ယောက်တည်းကြိတ်မှိတ်လို့ အဲဒီလူတစ်ယောက်ကို တမ်းတနေတယ်ဆိုတာ ဘ၀မှာ ခံစားရအခက်ခဲဆုံးအရာတွေထဲက
တစ်ခုပါပဲ ..။ သင်က သူ့ဘ၀အတွက် အရမ်းအရေးပါအရာရောက်တယ်လို့ သတ်မှတ်တဲ့သူတစ်ယောက် သင့်ကို
ချစ်တဲ့သူတစ်ယောက်ရှိနေတယ်ဆိုတာ သေချာသိဖို့ အချိန်ပေးသင့်ပါတယ် …။ ဒီလိုမှမဟုတ်ရင်
နောက်တစ်ရက် သင်နိုးထလာတဲ့အခါ သင့်ကို ချစ်တဲ့သူက သင့်ဘေးနားမှာ ဆက်မရှိပဲ ဆုံးရှုံးသွားတာမျိုးကြုံနိုင်တာမို့
… သူရှိနေတုန်း … သူ့အတွက် အချိန်ပေးသင့်ပါတယ် ..။ သင်ဘယ်လောက်အလုပ်ရှုပ်ရှုပ်ပေါ့
..။
==============================
>>>>
အင်တာနက်မှာ ဖတ်မိတဲ့ A way of Love ဆိုတဲ့ ၀တ္ထုတိုလေးကို ခံစားပြီး
ဘာသာပြန်ကြည့်ပါတယ် .. ။ မူရင်းစာရေးသူဘယ်သူလဲတော့ မတွေ့မိလို့
စာရေးသူနာမည်တော့ မထည့်လိုက်နိုင်ပါဘူး ..။ တော်တော်ကြာနေပြီဖြစ်တဲ့
ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် အရင်ဘာသာပြန်ဖူးတဲ့သူတွေလည်း
ရှိကောင်းရှိနိုင်ပါတယ် ...။
Thanks to ALL <3
6 comments:
ဒါဆိုဘယ်လိုလုပ်မလဲ၊ ကိုယ်ကသူ့ကိုချစ်နေတာ ၊ သူ့ကိုဒီစာပြမှနဲ့တူတယ်။
မှန်ကန်တဲ့ကြိုးစားအားထုတ်မှုရဲ့ ရလာဒ်ဟာ အောင်မြင်မှုပေါ့ စနိုးရေ။
ကောင်မလေးဆုံးဖြတ်ချက် မှန်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တိုတိုလေးပေမယ့် ရသမြောက်တယ်နော်အမ...
အစ ကနေ အဆုံးသေချာဖတ်သွားပါတယ်...
ဒီပို့စ်လေးဖတ်ပြီး ကျွန်တော့်ကောင်မလေးကို
သတိရသွားပြီဗျာ
အလုပ်တွေမရှုပ်ပေမယ့်လည်း
တစ်ယောက်နဲ့တစ်ယောက်
အနီးအနားမှာ မနေနိုင်သေးဘူး
မဆုံးရှုံးပေမယ့်လည်း ဆုံးရှုံးနေရသလိုပါပဲ
နွေလ
ကြည့်နူးစရာလည်းကောင်း ကြေကွဲစရာလည်း
ကောင်းတဲ့ဇာတ်လမ်းလေးပါပဲ
သက်ပြင်းမောလေးတော့ချမိတယ် စနိုးရယ်....
ရင်ထဲဆို့နင့်စွာခံစားရတယ်မမရယ်။ဒီပို့စ်လေးမဖတ်လိုက်ရလို့ပြန်လာဖတ်တာပါ။
Post a Comment