♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မမုန်းသေးတဲ့နေ့ရက်တစ်ချို့က
အပြုံးတွေ
ချိုမြိန်လွန်းနေခဲ့တယ် ……
နင့်အကြောင်းတွေးရင်း
အိပ်မရတဲ့ညတွေမှာ
ကြယ်တွေထိုင်ရေလို့
…. လမင်းကြီးကို ငေးရင်း
နေ့သစ်ရဲ့ရောင်နီကို
စောင့်ကြိုခဲ့ဖူးတယ် ….
သမားရိုးကျ
ဖြတ်သန်းနေခဲ့တဲ့နေ့ရက်တွေမှာ
ဖုန်းမြည်သံတစ်ချက်တစ်ချက်က
… ရင်ခုန်သံကိုယိမ်းယိုင်စေလို့
စကားလုံးတွေကြားမှာ
အပြုံးတွေဝေနေခဲ့ဖူးတယ် ….
အပြန်အလှန်ပို့ခဲ့ကြတဲ့
message တွေကြားမှာ
စာလုံးတွေရဲ့
အဓိပ္ပာယ်က ချစ်ခြင်းတွေပဲ ဖြစ်နေခဲ့ဖူးပြန်တယ်….
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဖွင့်ဆိုခဲ့ဖူးတဲ့
အချစ်ဆိုတာ
အမုန်းတွေနဲ့
အဆုံးသတ်ရလိမ့်မယ်လို့ ကြိုသိခဲ့ရင်
အကွာအဝေးက
အချစ်အတွက် အန္တရာယ်ပဲလို့
ငါယုံကြည်ခဲ့မိမှာ
……………..
မုန်းမေ့ဖို့ဆိုတဲ့စကားက
ချစ်ခြင်းရဲ့
အဘိဓာန်ထဲမှာ မရှိနိုင်သလို
ဝေးသွားခဲ့ရင်
ရူးရလိမ့်မယ်ဆိုတဲ့
တိုင်တည်စကားတစ်ချို့ကို
သတိရမိတော့
ဖြစ်တည်နေတဲ့
အခြေအနေမှာ
ဝေးသွားခဲ့ပေမယ့်
ရူးမသွားခဲ့သလို
အမုန်းဆိုတာ
အချစ်နဲ့ ကျောချင်းကပ်ပဲ ……
ငါ တွေးမိလိုက်တဲ့ခဏတစ်ချို့
အပြုံးတွေက
အရင်လို ရှင်သန်နေဆဲ
ငါ့ဘေးမှာ
နင်မရှိတော့ပေမယ့်
ရယ်မောနေတတ်ဆဲဖြစ်တဲ့
ငါ့ကိုယ်ငါတောင်
အံ့သြမိလို့
အချစ်က တစ်ကယ်တော့
ဘ၀မှ မဟုတ်တာ
…..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
5 comments:
မမုန်းသေးတဲ့နေ့ရက်တစ်ချို့က
အပြုံးတွေ ချိုမြိန်လွန်းနေခဲ့တယ်----
ဟုတ်တာပေါ့ညီမလေးရေ
မုန်းမေ့ဖို့ဆိုတဲ့စကားက
ချစ်ခြင်းရဲ့ အဘိဓာန်ထဲမှာ မရှိနိုင်သလို
ဝေးသွားခဲ့ရင် ရူးရလိမ့်မယ်ဆိုတဲ့
တိုင်တည်စကားတစ်ချို့ကို သတိရမိတော့ ။။။
စနိုးရဲ့စာသားတွေက မိုက်တယ် ကောင်းမှကောင်း ။
ဖွင့်ဆိုခဲ့ဖူးတဲ့ အချစ်ဆိုတာ
အမုန်းတွေနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ကြိုသိခဲ့ရင် အကွာအဝေးက
အချစ်အတွက် အန္တရာယ်ပဲလို့
ငါယုံကြည်ခဲ့မိမှာ ……….အမှန်ပဲ စနိုးရေ
ဖြစ်တည်နေတဲ့ အခြေအနေမှာ
ဝေးသွားခဲ့ပေမယ့် ရူးမသွားခဲ့သလို
အမုန်းဆိုတာ အချစ်နဲ့ ကျောချင်းကပ်ပဲ ……
ငါ တွေးမိလိုက်တဲ့ခဏတစ်ချို့
အပြုံးတွေက အရင်လို ရှင်သန်နေဆဲ
ငါ့ဘေးမှာ နင်မရှိတော့ပေမယ့်
ရယ်မောနေတတ်ဆဲဖြစ်တဲ့
ငါ့ကိုယ်ငါတောင် အံ့သြမိလို့
အချစ်က တစ်ကယ်တော့
ဘ၀မှ မဟုတ်တာ …..။
ကောင်းလိုက်တာနော်....:)
ခံစားခဲ့တယ်နော် စနိုး...
ချစ်တဲ့....မိုးနတ်
ဝေးသွားခဲ့ရင် တကယ်တမ်းတော့ ရူးမသွားပေမယ့် ရူးသွားလောက်အောင်တော့ ခံစားရပါတယ်မမရယ်။
အချစ်က တစ်ကယ်တော့
ဘ၀မှ မဟုတ်တာ …..။
ဒီလိုတွေးနိုင်ရင်..တော်တော်ကြီးကိုလောကကြီးကနေပျော်သွားပြီ..သိလားးအသူလဲအဲ့လိုအတွေးခဏခဏပေါ်တတ်တယ်။
Post a Comment