++++++++++++++++++
ပြတင်းတံခါးရဲ့အပြင်ဘက်မှာ
နှင်းတွေ တဖွဲဖွဲကျနေလေရဲ့……
ဒီအချိန် ကမ္ဘာကြီးရဲ့တစ်ဘက်ခြမ်းမှာတော့
မိုးတွေ သည်းသည်းမည်းမည်းရွာလို့ ........။
ကိုယ်က သံစဉ်ချိုချို သီချင်းတစ်ချို့နားထောင်နေတတ်ချိန်
မင်းက Hiphop တွေနဲ့ ပျော်မြူးနေလေရဲ့……………
ကိုယ်က မြေပြင်ထက်က သစ်ရွက်တစ်ချို့ ငေးမောနေတတ်ချိန် ……
မင်းက တိမ်တွေရွေ့လျားရာ လိုက်ပါမျောလွင့်လို့ ……။
ဒီလိုပါပဲကွယ် …. ကြာခဲ့ပြီပဲ
ဆန့်ကျင်ဘက်တွေထဲ အသားကျနေတတ်ခဲ့တာ …..
တူညီတာတစ်ခုတော့ ရှိတယ်
ကိုယ်မင်းကို သိပ်ချစ်သလို
မင်းလဲ ကိုယ့်ကိုသိပ်ချစ်တယ်…….
ထပ်တူကျတဲ့ စကားတိုင်းက အချစ်လို့မြည်တမ်းတယ် .....။
အလွမ်းတွေက ကိုယ်စီဝန်းရံလို့
သတိရခြင်းတွေက တခမ်းတနား
ပြန်ဆုံမယ့်ရက်ကို လက်ခုပ်တီးဖို့အသင့်ပြင်
မဝေးတော့တဲ့ ကာလတစ်ခုမှာ
နင့်အနား ငါအရောက်လာခဲ့မယ်…..
♥ ♥ ♥ ♥ ♥ ♥
9 comments:
ထပ်တူကျတဲ့ စကားတိုင်းက အချစ်လို့မြည်တမ်းတယ်..
အလွမ်းတွေက ကိုယ်စီဝန်းရံလို့
သတိရခြင်းတွေက တခမ်းတနား....
အဲ့နားလေး လှတယ်စနိုးရေ....
ကဗျာလေးကို တကယ်ပဲ နှစ်သက်
သဘောကျမိပါရဲ့...အဆန်းအပြားလဲ
ရေးဖွဲ့ထားတာ မဟုတ်ရပါပဲ...
ကဗျာလေးကို ဖတ်ရတာကိုက
အလွမ်းတွေ တခမ်းတနား :)))
ချစ်တဲ့....မိုးနတ်
လာဖတ်သွားတယ် စနိုးလေး
အလွမ်းတွေက ကိုယ်စီဝန်းရံလို့
သတိရခြင်းတွေက တခမ်းတနား
ပြန်ဆုံမယ့်ရက်ကို လက်ခုပ်တီးဖို့အသင့်ပြင်
မဝေးတော့တဲ့ ကာလတစ်ခုမှာ
နင့်အနား ငါအရောက်လာခဲ့မယ်…..
♥ ♥ ♥ ♥ ♥ ♥
လက်ခုပ်တီးဖို့ စောင့်နေပါတယ်။
ပြန်သာလာခဲ့တော့။
ကမ္ဘာတစ်ခြမ်းမှာနေ့
ကမ္ဘာတစ်ခြမ်းမှာ ည
စိုင်းစိုင်းသီချင်းညည်းမိသွားတယ်
တခါတရံ ကိုယ်တိုင်လဲ ဆန့်ကျင်ဖက်တွေနဲ့ အသားကျနေတတ်တယ်
သဘာ၀၀န်းကျင်ကြီးအစွမ်းကုန် ဆန့်ကျင်နေစေအုံးတော့
ဆုံဆည်းမယ့်တစ်နေ့မရောက်ခင်အထိ နှစ်ဦးသား စိတ်တူကိုယ်တူချစ်တဲ့သူဖြစ်ဘို့ပဲလိုတယ် ဆွိတီစနိုးရေ။
ကဗျာလေးအားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးက ၇ိုးရိုးလေးနဲ့ဖတ်လို့ကောင်းတယ်နော်.ကြိုးစားထားစနိုးေ၇
အားပေးသွားပါတယ်
ကဗျာလေးကို ခံစားသွားတယ်ဗျာ
ဒီတစ်ခါတော့ spamထဲ မရောက်ပါစေနဲ့လို့ ဆုတောင်းပါတယ် :P
နှင်းတွေ အရည်ပျော်တော့မှာနော် မကြာတော့ဘူး
အဲဒီအခါလဲ နှင်းတွေ အရည်ပျော်တဲ့အကြောင်း ကဗျာလေးတစ်ပုဒ်လောက်ဖတ်ချင်မိပါတယ်
မိုက်တယ် ခွဲနရတဲ့လူဆိုတော့ ခံစားလို့ကောင်းတယ် :D
Post a Comment