Wednesday, 8 May 2013

# ♥♥♥ မောင် ♥♥♥ # Love Poems

♥ ♥ မောင်နဲ့ကျွန်မ ♥ ♥



မောင်နဲ့ကျမ….
မာယာများတဲ့လောကအလယ် ….
ရှုပ်ထွေးလှတဲ့အဖြစ်အပျက်တွေကြားမှာ ………
ရိုးစင်းစွာ……. တွေ့ခဲ့ကြတယ်…………..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………
ဆန်းပြားတဲ့စရိုက်တွေကြားက
အပေးအယူများလှတဲ့ အပေါ်ယံဟန်ဆောင်မှုတွေထဲ ………
ရယူလိုမှုမရှိတဲ့ ဖြူစင်တဲ့ခင်မင်မှုတွေ ရစ်ပတ်ခဲ့ကြတယ်……………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ ………
အတ္တတွေကြားက ဂုဏ်ပကာသနတွေကြားမှာ ……
ပြိုင်ဆိုင်မှုဆိုတာကို မေ့ထားလို့ ……..
နားလည်မှုတွေ တည်ဆောက်ခဲ့ကြတယ်…………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

မောင်နဲ့ကျမ …………..
ဓနငွေကြေးတွေ တိုင်းတာတတ်တဲ့ အသိုင်းအ၀ိုင်းထဲ
ကျော်ကြားမှုတွေ လုယက်နေတဲ့ ပတ်ဝန်းကျင်မှာ
ရိုးသားတဲ့ ချစ်ခြင်းတစ်ခုကို ရှာဖွေခဲ့ကြတယ် …………။

♥ ♫ ♥ ♫ ♥ ♫

မောင့်အတွက်ရေးတဲ့ ကဗျာတွေတိုင်းမှာ
အချစ်တွေပဲပါသလို ……..
ကျမအတွက်ဆိုဖြစ်တဲ့ သီချင်းတွေတိုင်းမှာ …..
မြတ်နိုးခြင်းတွေပါသတဲ့ ……..။
♥ ♫ ♥ ♫ ♥ ♫

မောင်နဲ့ကျမ …………
မရေရာသေးတဲ့အနာဂတ်အတွက် ………
ယုံကြည်မှုတစ်ခုကို ဆုပ်ကိုင်လို့ ………………
ပန်းခင်းလမ်းတစ်ခုကို အတူလျှောက်လှမ်းဖို့ ……..
ဆူးခင်းထားတဲ့ လမ်းကြမ်းတွေကို
ကိုယ်စီလျှောက်နေကြဆဲ   …………….။
♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫ ♥ ♫

5 comments:

စံပယ်ချို said...

ညလေးရေ
ရောက်ပြီး စာတွေဖတ်နေလျှက်
သတိရလွမ်းနေလျှက်
ချစ်တဲ့ sis jas

မိုးနတ်ကြယ်စင် said...

အရမ်းသတိရနေတယ် စနိုးရေ....
ဒို့များ မဆုံဖြစ်တာ ကြာပြီလားကွယ် :)
ချစ်တဲ့...မိုးနတ်

Yoemyaykya said...

မောင်နဲ့ ကျမ
မောင်နဲ့ ကျမ
ဆက်လျှောက်နေကြဆဲ
Who is မောင်
ဟီးမစရတာကြာပီ။

Thu said...

မမအိမ်ပြန်ရောက်မှ..မောင်ကဗျာတွေများနေတယ်နော်.ဟိဟိ..:P

အလွမ်းမြို့ said...

ညီမလေးရေ

မကြီးလွမ်း ခုမှလာရောက်အားပေးဖြစ်တယ်။
မလာနိုင်ခဲ့ပေမဲ့ ချစ်ခင်ရသော ဘလော့ဂါမောင်နှမ
တွေကို အမြဲသတိရတယ်။ မောင်နဲ့ကျမ ဆိုလို့
မို့မို့ သီချင်းလေးသွားသတိရမိတယ်။အဟဲ..
မောင်နဲ့ကျမ သိပ်ချစ်လို့နေတာ
မောင်ရဲ့မိဘ အသိုင်းအဝန်းများက သဘောမတူပါဘူး။ ဆိုတာလေး
ပျော်ရွှင်ပါစေ ညီမလေး

ချစ်တဲ့
မကြီးလွမ်း

Follow Us @soratemplates