မောင်နဲ့ကျမ….
မာယာများတဲ့လောကအလယ်
….
ရှုပ်ထွေးလှတဲ့အဖြစ်အပျက်တွေကြားမှာ
………
ရိုးစင်းစွာ…….
တွေ့ခဲ့ကြတယ်…………..။
♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မောင်နဲ့ကျမ
…………
ဆန်းပြားတဲ့စရိုက်တွေကြားက
အပေးအယူများလှတဲ့
အပေါ်ယံဟန်ဆောင်မှုတွေထဲ ………
ရယူလိုမှုမရှိတဲ့
ဖြူစင်တဲ့ခင်မင်မှုတွေ ရစ်ပတ်ခဲ့ကြတယ်……………။
♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မောင်နဲ့ကျမ
………
အတ္တတွေကြားက ဂုဏ်ပကာသနတွေကြားမှာ ……
အတ္တတွေကြားက ဂုဏ်ပကာသနတွေကြားမှာ ……
ပြိုင်ဆိုင်မှုဆိုတာကို
မေ့ထားလို့ ……..
နားလည်မှုတွေ
တည်ဆောက်ခဲ့ကြတယ်…………။
♥ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မောင်နဲ့ကျမ
…………..
ဓနငွေကြေးတွေ တိုင်းတာတတ်တဲ့ အသိုင်းအ၀ိုင်းထဲ
ဓနငွေကြေးတွေ တိုင်းတာတတ်တဲ့ အသိုင်းအ၀ိုင်းထဲ
ကျော်ကြားမှုတွေ
လုယက်နေတဲ့ ပတ်ဝန်းကျင်မှာ
ရိုးသားတဲ့
ချစ်ခြင်းတစ်ခုကို ရှာဖွေခဲ့ကြတယ် …………။
♫ ♪ ♥ ♫ ♪
♥ ♫ ♪ ♥ ♫ ♪
♥
မောင့်အတွက်ရေးတဲ့
ကဗျာတွေတိုင်းမှာ
အချစ်တွေပဲပါသလို
……..
ကျမအတွက်ဆိုဖြစ်တဲ့
သီချင်းတွေတိုင်းမှာ …..
မြတ်နိုးခြင်းတွေပါသတဲ့
……..။
♫ ♪ ♥ ♫ ♪
♥ ♫ ♪ ♥ ♫ ♪
♥
မောင်နဲ့ကျမ
…………
မရေရာသေးတဲ့အနာဂတ်အတွက်
………
ယုံကြည်မှုတစ်ခုကို
ဆုပ်ကိုင်လို့ ………………
ပန်းခင်းလမ်းတစ်ခုကို
အတူလျှောက်လှမ်းဖို့ ……..
ဆူးခင်းထားတဲ့
လမ်းကြမ်းတွေကို
ကိုယ်စီလျှောက်နေကြဆဲ …………….။
♫ ♪ ♥ ♫ ♪
♥ ♫ ♪ ♥ ♫ ♪
♥ ♫ ♪ ♥ ♫ ♪
♥ ♫ ♪ ♥ ♫ ♪
♥
5 comments:
ညလေးရေ
ရောက်ပြီး စာတွေဖတ်နေလျှက်
သတိရလွမ်းနေလျှက်
ချစ်တဲ့ sis jas
အရမ်းသတိရနေတယ် စနိုးရေ....
ဒို့များ မဆုံဖြစ်တာ ကြာပြီလားကွယ် :)
ချစ်တဲ့...မိုးနတ်
မောင်နဲ့ ကျမ
မောင်နဲ့ ကျမ
ဆက်လျှောက်နေကြဆဲ
Who is မောင်
ဟီးမစရတာကြာပီ။
မမအိမ်ပြန်ရောက်မှ..မောင်ကဗျာတွေများနေတယ်နော်.ဟိဟိ..:P
ညီမလေးရေ
မကြီးလွမ်း ခုမှလာရောက်အားပေးဖြစ်တယ်။
မလာနိုင်ခဲ့ပေမဲ့ ချစ်ခင်ရသော ဘလော့ဂါမောင်နှမ
တွေကို အမြဲသတိရတယ်။ မောင်နဲ့ကျမ ဆိုလို့
မို့မို့ သီချင်းလေးသွားသတိရမိတယ်။အဟဲ..
မောင်နဲ့ကျမ သိပ်ချစ်လို့နေတာ
မောင်ရဲ့မိဘ အသိုင်းအဝန်းများက သဘောမတူပါဘူး။ ဆိုတာလေး
ပျော်ရွှင်ပါစေ ညီမလေး
ချစ်တဲ့
မကြီးလွမ်း
Post a Comment