မိုးနံ့တချို့သင်းနေတဲ့မေဟာ
.... နွေရာသီအပူဒဏ်ကို အံတုလို့ ... ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းမှာ အလှည့်ကျ ကပြနေလေရဲ့
...။ ဒီအချိန်ရောက်တိုင်း ဖြတ်သန်းခဲ့တဲ့နွေရာသီရဲ့ ပူပြင်းလှတဲ့ကာလတွေကို မေ့ပျောက်ချင်ခဲ့ပြီး
မိုးကို မျှော်နေမိတတ်တယ် ...။
♥
May ♥
တစ်ခါတစ်ခါဝေ့၀ဲလာတဲ့လေပြေကြားမှာ
မိုးစက်မိုးပေါက်တချို့ပါလာပြီး ပိတောက်နံ့သင်းသင်းလေးမွှေးနေတတ်တဲ့ မေ ..။
စံပယ်ဖူးတွေ စီရီနေတဲ့အပင်ထက်
စံပယ်ပန်းရနံ့ ထုံသင်းနေတတ်တဲ့
မေ ..။
တစ်ခါတစ်ခါကျလာတတ်တဲ့ မိုးစက်လေးတွေအောက်
မြေသင်းနံ့လေး လွှမ်းနေတတ်ပြန်သေးတဲ့
..မေ ..။
ကျောင်းတွေ ပြန်ဖွင့်ခါနီးလို့
...
အလွမ်းတွေ တစ်ရစ်ပြီးတစ်ရစ်...လျှော့ချပေးတတ်တဲ့
... မေ ..။
ငုဝါတွေနဲ့အပြိုင် စိန်ပန်းနီနီတွေနဲ့
..
ရဲရဲတောက်လို့ လှသွေးကြွယ်နေတတ်ပြန်တဲ့
.. မေ ..။
...
အမှတ်တရတွေ အများကြီးမရှိတတ်တဲ့မေမှာ
... ကိုယ့်အတွက်တော့ ကျောင်းဖွင့်ချိန်ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့တင် ... အလွမ်း အဆွေးတွေကို
တနင့်တပိုး စားသုံးစေတတ်တဲ့ ... မေ ..။
အခုတော့လည်း .... ... မျှော်လင့်ချက်အပြည့်နဲ့..
အနာဂတ်အိပ်မက်တချို့ကို ထွေးပိုက်ရင်း....
ကိုယ့်အတွက်တော့ ... မေ က
မထူးခြားလှပေမယ့်လည်း ... ရင်ခုန်မှုတွေ ဖန်ဆင်းတတ်ပြန်တယ် ...။
May .....
နွေပူဒဏ်ခံပြီးတော့ မိုးပြေးရောက်လာသလို
...
နေပူမှာရပ်စောင့်နေခဲ့ရလို့
.. နေရိပ်နဲ့တွေ့ရတော့မယ့်သူလို ...
မုန်တိုင်းပြီးတော့ ... လေပြေရောက်လာသလို ...
ကျေးဇူးပြုပြီး ... ကိုယ့်အတွက် ...
ပျော်ရွှင်ခြင်းတွေ
.... ကံကောင်းခြင်းတွေ ... သယ်ဆောင်လာပေးလှည့်ပါ
မေ ......Feeling @Wish _/\_ _/\_ _/\_
1 comment:
ကိုယ်ပိုင်ခံစားချက်အပြည့်နဲ့ မေကိုလှလှပပဖော်ကျူးထားတာ သိပ်သဘောကျတယ်..။
Post a Comment