Thursday, 19 April 2012

# Days in Germany # Sharing

For Your Refreshment .. :)


ဒီနေ့ကျောင်းက ပြန်ရောက်တော့ စာတိုက်ပုံးထဲမှာ စာတွေလာသလားလို့ ဖွင့်ကြည့်ရင်းနဲ့ ဖိတ်စာတစ်ခု ရောက်နေခဲ့တယ်...။ အခုက Semester အစဆိုတော့ Gathering တစ်ခု ဖိတ်တာပါ..။ ဖိတ်စာ အဖုံးကိုကြည့်ပြီး ရယ်ချင်သလိုလိုဖြစ်လို့.... သူငယ်ချင်းတွေရော အားလုံးခံစားနိုင်အောင် ဒီိပို့စ်လေး ရေးဖြစ်သွားတာပါ..။ 
ဖိတ်စာအဖုံးက ဒီလို ဒီလို :) :)
ဟိဟိ သဘောကျဖို့ကောင်းတယ်နော်...။ အဲဒါက Semester အစမှာ အားလုံးဆုံပြီး တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေ ဝေမျှဖို့၊ နောက်ပြီး ၀တ်ပြုဆုတောင်းပွဲလုပ်ဖို့... ဖိတ်တာပါ.... ကျောင်းသားကျောင်းသူတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနွေးထွေးစေဖို့နဲ့.. ပြီးတော့ အတူတကွ ဆုတောင်းပွဲလုပ်ကြမှာဆိုတော့ ရည်ရွယ်ချက်နဲ့ လိုက်ဖက်အောင် အဲဒီလိုပုံနဲ့ သရုပ်ဖော် လိုက်တာထင်ပါတယ်...။

ကျမငယ်ငယ်တုန်းက အိမ်မှာ ဖုန်းဆက်တယ်ဆိုပြီး အဲလိုမျိုး နို့ဆီဗူး ၂ ခုမှာ ကြိုးချည်ပြီး ကစားဖူးတယ်..။
ငယ်ငယ်လေးတုန်းက ဖုန်းဆိုတာ အိမ်မှာ ရှိတာမဟုတ်တော့ အရမ်းပြောချင်ပြီး... သူငယ်ချင်း တစ်ယောက် နဲ့ အဲလို အမြဲကစားတယ်..။ တကယ်လည်း အသံက ကြိုးမှာ လျှောက်သွားပြီး ကြားတော့ကြားရတယ်..။ ကလေးဆိုတော့ ဘာမှသိပ်မသိတော့ ကြိုးအရှည်ကြီးသုံးပြီး နို့ဆီဗူး ၂ ဗူးမှာ ချည်ပြီးတော့ သူ့အိမ်နဲ့ ကိုယ့်အိမ်ဆက်ထားရင် ပြောလို့ရမှာပဲလို့ထင်ပြီး သူငယ်ချင်းနဲ့ အဲလိုလုပ်ကြဖို့တောင် ပြောခဲ့ကြတာ မှတ်မိသေးတယ်..:)

အခုဖိတ်တဲ့ပွဲက ခရစ်ယာန်ဘာသာဝင်တွေလုပ်ကြတာဆိုတော့ သွားတော့ မသွားဖြစ်ပါဘူး..။ ဗဟုသုတနည်းတယ်ပဲပြောပြော သိပ်မသိတာမို့လို့ အခုဖိတ်စာပါဓါတ်ပုံက အဲဒီဘာသာအတွက် အဓိပ္မာယ် တစ်ခုခုရှိတယ်ဆိုရင်တော့  ဘာသာဝင်တွေအားလုံးကို တောင်းပန်ပါတယ်..။ ပျက်ရယ်ပြုတာ မဟုတ်ရပါဘူး..။ Gathering လုပ်မယ့် ရယ်ရွယ်ချက်ရယ် ရေးထားတဲ့စာအတိုင်းရယ် သရုပ်ဖော်ထားတယ် ထင်မိလို့ပါ..။ ပြီးတော့ ငယ်ငယ်တုန်းက ကစားခဲ့တာနဲ့တိုက်ဆိုင်နေတော့ သူတို့စိတ်ကူးကို သဘောကျမိလို့..။ ဟိုတစ်လောက ဖေ့ဘွတ်မှာ တော်တော်ရှယ်လိုက်ကြတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ယောက်က Angry Birds ကို မူပိုင်တံဆိပ် ဆိုပြီးတော့ သတင်းစာမှာ ကြေငြာသလို ဒါလည်း ငါတို့မြန်မာနိုင်ငံမှာ ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ အိုင်ဒီယာကို ကူးချထားတယ်ဆိုပြီး သွားပြောရင် ကောင်းမလားလို့ :) :)
ဘာပဲဖြစ်ဖြစ် ဒီပုံကိုမြင်တော့ ငယ်ငယ်တုန်းက ကစားခဲ့ကြတာကို သတိရတယ်..။ ဖုန်းဆိုတာ ရှားပါးပစ္စည်းပါလားလို့ ထင်ခဲ့ဖူးတဲ့အချိန်တွေကိုလည်း သတိရမိတယ်.. :)

**.............................................................................. **
Thank You all !! Be Always HAPPY!!

17 comments:

ချစ်စံအိမ် said...

မမတို့ငယ်ငယ်ကလည်းအဲလိုဆော့ဖူးတယ်
ညီမရေ ကလေးဆိုတော့လည်းဘာရယ်မဟုတ်ပါဘူး
ငယ်ဘ၀တောင်သတိရမိသွားတယ်။။

စံပယ်ချို said...

အဲဒီလိုတော့မဆော့ဖူးဘူး
သူငယ်ချင်းတွေက တော့ပြောတယ်
ဖတ်ရတာနဲ့ပဲ ငယ်ဘ၀လေးတွေကိုသတိရမိတယ်

နွေလ said...

ဟုတ်တယ် ဟုတ်တယ်
ဒီလိုကစားခဲ့ဖူးတယ်
ဒီလို နို့ဆီဖူးလေးနဲ့ ဟုတ်ဘူး
ဆီစိမ်စာရွက်လေးနဲ့ လုပ်ထားတဲ့ ဘူးလေးတွေ
ဖုန်းပြောသလို အားရပြောကြတာပေါ့
ကလေးဆိုတော့ ဘာမှသိဘူး
ပျော်နေရင်ကို အရာအားလုံး ပြည့်စုံနေတာ

မင်းမုန်းတဲ့သူ said...

ငယ်ငယ်တုန်းကဘ၀တွေကိုပြန်သတိရသွားတယ်
ကလေးဘ၀ကလွတ်လပ်ပြီးပျော်စရာအကောင်းဆုံးပဲနော်

လွင်ပြင်လှိုင်းငယ် said...

ငယ်ငယ်တုန်းက ကစားဖူးတယ်

pyaenyein said...

ပုံလေးကစာသားကိုရည်ညွှန်းတယ်လို့ကျွန်တော်ထင်တယ်။နို့ဆီခွက်ပုံသုံးထားတာက modernize ဖြစ်ချင်လို့နဲ့တူတယ်....

ပဥာက် said...

အဒီပုံထဲကအတိုင်းဆို ငယ်ငယ်ကသူငယ်ချင်းကိုသတိရရဲ့

ရင်ဆူး said...

သတိတော့ရမိတယ်..ကိုယ်တိုင်ဆော့တာတော့ဟုတ်ဘူး...တစ်ခြားသူတွေဆော့တာ......ဘယ်လိုအိုင်ဒီယာဆိုတာကတော့ လုပ်တဲ့သူဘဲသိမယ်ထင်တယ်.....:P

Unknown said...

ကျွန်တော်တော့ဆော့ဖူးဘူးဗျ...
ဒါပေမယ့် facebook မှာ ဒီပုံလေးတွေ့တော့ တော်တော်သဘောကျတယ်...:P

Candy said...

အင်.. Angry bird ကို မူပိုင်တံဆိပ်ဆိုပြီး လုပ်တယ်
ရှက်လိုက်တာ >.<

Snow May said...

ဟုတ်ပါ့ ညီမလေးရေ.. အဲဒါကို သတင်းစာထဲမှာကို ထည့်ကြေငြာသေးတာ.. စာအုပ်တွေထုတ်ရောင်းတဲ့ ကုပ္မဏီတစ်ခုကပေါ့ :P

Snow May said...

ဟုတ်တယ်နော် တစ်လောက Facebook မှာ ၃၀၀၀ တန်ဖုန်းဆိုပြီး ဒီလိုပုံလေးနဲ့ လှောင်ကြတာ တွေ့ဖူးသေးတယ် :D

ကြည်ဖြူခင်ခင် said...

း)

ကိုနော် said...

သဘောကျစရာဓလေ့တစ်ခုပါ။ အားပေးသွားတယ်နော် အမ စနိုး

ကသစ် said...

ကဲဂျာမနီကနေနို့ဆီဗူးတစ်ခုကိုင်ထား။ ဒီကလူကလည်း နို့ဆီဗူးခွံတစ်ခုနဲ့ အလုပ်ရှုပ်နေတယ်။ ဂရေဟမ်ဘဲအရှုံးပေးရမယ်။ ကြိုးကတိုနေတယ်လုပ်ပါဦး

ကသစ် said...

ကဲဂျာမနီကနေနို့ဆီဗူးတစ်ခုကိုင်ထား။ ဒီကလူကလည်း နို့ဆီဗူးခွံတစ်ခုနဲ့ အလုပ်ရှုပ်နေတယ်။ ဂရေဟမ်ဘဲအရှုံးပေးရမယ်။ ကြိုးကတိုနေတယ်လုပ်ပါဦး

ကသစ် said...

ကဲဂျာမနီကနေနို့ဆီဗူးတစ်ခုကိုင်ထား။ ဒီကလူကလည်း နို့ဆီဗူးခွံတစ်ခုနဲ့ အလုပ်ရှုပ်နေတယ်။ ဂရေဟမ်ဘဲအရှုံးပေးရမယ်။ ကြိုးကတိုနေတယ်လုပ်ပါဦး

Follow Us @soratemplates