Sunday, 15 February 2015

# My Own Feelings

#My #Instagram



ဒီရက်ပိုင်းတွေမှာ Blogging ချင်ပေမယ့် အချိန်မရဘူးဖြစ်နေတာ ကြာပြန်ပြီ ...။ တကယ်ကတော့ ထုံးစံအတိုင်း Time Management ညံ့တာပါပဲ ..။ အဲဒီတော့ နားချိန်နား၊ အလုပ်ချိန်အလုပ် မဟုတ်ဘဲ ဟိုလိုလို ဒီလိုလို အလုပ်လည်း မှန်းသလောက် မပြီးသလို သေသေချာချာ အနားယူရတယ်လည်း မဟုတ်သေးဘူး...။ မကောင်းတဲ့အကျင့်မှန်းသိပေမယ့် မစွန့်နိုင်သေးပြန်ဘူး ...။ တစ်ခုက ငပျင်းတွေရဲ့ ညည်းချင်းအတိုင်းပြောရရင် ဆောင်းရာသီကြောင့်လည်း ပါပါတယ်..။ မနက်ဆိုရင် အရမ်းအေးတော့ အစောကြီးမထနိုင်ဘူး..။ အစောဆုံးက မနက် ၉ နာရီပဲ ..။ မနက်အိပ်ရာနိုးရင် ဟိုပြင်ဒီပြင်နဲ့ ကျောင်းကို ၁၁ နာရီကျော်မှ ရောက်တယ်..။ ရောက်တော့ နေ့လည်စာစား ကော်ဖီသောက်နဲ့ ၁ နာရီဖြစ်သွားရော..။ အဲဒီတော့ မနက်ပိုင်းတစ်ခုလုံးက ဒီအတိုင်းကြီး လွှင့်ပစ်လိုက်ရသလို ဖြစ်နေတာ နှမျောဖို့ကောင်းတာ ..။ ညရောက်တော့လည်း တော်တော်နဲ့ အိပ်မပျော်ပြန်ဘူး ..။ ကျောင်းမှာ ၈ နာရီလောက်ထိ နေခဲ့ပြီးတော့ စာတော့ဆက်လုပ်လို့ မရတော့ပေမယ့် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပဲ တခါတလေဆိုရင် မနက် ၃ နာရီလောက်မှ အိပ်ပျော်တယ်....။ ခုလောလောဆယ် .. အချိန်တွေက အဲလိုတွေဖြစ်နေပြန်ပါတယ်....။ ရာသီဥတုသာသာယာယာဖြစ်လာရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်...။

ဒီတလောက Facebook ကို မကြိုက်တော့လို့ ဟိုအရင်လို မသုံးဖြစ်တော့ဘူး ...။ ခဏတဖြုတ်ကြည့်ပြီးရင် ပြန်ပိတ်ရင်ပိတ် မပိတ်ရင် Deactivate လုပ်တယ်..။ မလုပ်လည်း သိပ်တော့ မကြည့်ဖြစ်ပါဘူး ...။ အခုတလော Instagram ကို သုံးရတာ ကြိုက်နေတယ်...။ Instagram က အခြားနိုင်ငံတော်တော်များများမှာ အသုံးများလာကြပေမယ့် မြန်မာနိုင်ငံမှာတော့ သိပ်မတွင်ကျယ်သေးဘူးထင်တယ်...။ သူက Facebook လိုမျိုး status တင်တာတို့ စာတွေအများကြီး ရိုက်တာတို့ လုပ်လို့မရဘူး...။ အဓိကက ဓါတ်ပုံရယ် Caption ရယ်လောက်ပဲ ဦးစားပေးတင်လို့ရတယ်..။ အဲဒီတော့ တစ်ခုခုဆိုရင် Facebook မှာလို ပွဲဆူစရာအကြောင်း မရှိတော့ဘူးပေါ့ ...။ 

အဲဒီမှာကြိုက်တဲ့ Feature တစ်ခုက #ခံပြီး description ရေးတာကို သဘောကျတာ ..။ အဲဒီလိုဆိုရင် ကိုယ်တင်လိုက်တဲ့အကြောင်းအရာနဲ့ဆင်တူတဲ့ Post တွေကို အလွယ်တကူကြည့်လို့ရတယ်ဆိုတော့ သူ့အမျိုးအစားအလိုက် တစုတစည်းတည်း ကြည့်လို့ရသွားတာ..။ နောက်ကြိုက်တဲ့တစ်ချက်က ဓါတ်ပုံတွေကို Download လုပ်မရတာကို ကြိုက်တာ ...။ အနည်းဆုံးက screenshot လောက်ပဲရတာ ဆိုတော့ ကိုယ့်ဓါတ်ပုံတွေက အခြားသူတွေလက်ထဲ ရောက်သွားစရာအကြောင်းမရှိတော့ အန္တရာယ်ကင်းတယ်...။ Facebook ဆိုရင် ကိုယ်တင်လိုက်တဲ့ဓါတ်ပုံရဲ့ quality အတိုင်း တစ်ထပ်တည်း Download လုပ်လို့ရတော့ ဘာပဲဖြစ်ဖြစ် သိပ်မလုံခြုံဘူးပေါ့လေ...။ 

နောက်ထပ်ကြိုက်တဲ့တစ်ချက်က ဓါတ်ပုံတွေကို edit လုပ်တာ..။ အဲဒီမှာ Filters တွေကပြောင်းပေးတဲ့ အရောင်လေးတွေက ဓါတ်ပုံကို ပိုပြီးကဗျာဆန်သွားစေတယ်လို့ထင်တယ်...။ ဘာရယ်မဟုတ်ဘဲ Instagram မှာဆိုရင် အစားအသောက်ပုံတွေပဲ တင်ချင်တဲ့စိတ်ဖြစ်တယ်...။ အဲဒါသုံးရတာ Facebook လို ပွဲမဆူတော့ ဘာမှလိုက်မကြည့်ဖြစ်တဲ့အခါ အချိန်မကုန်ဘူး ....။ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ share လို့ရတဲ့အခါ အပျင်းပြေပြီး စိတ်ငြိမ်းချမ်းတယ်...။ အဲဒီတော့ Instagram သုံးရတာကို ပိုပြီး သဘောကျနေပါတယ်ဆိုတဲ့အကြောင်းပါပဲ ...။

2 comments:

Thu said...

"ဒီရက်ပိုင်းတွေမှာ Blogging ချင်ပေမယ့် အချိန်မရဘူးဖြစ်နေတာ ကြာပြန်ပြီ ...။ တကယ်ကတော့ ထုံးစံအတိုင်း Time Management ညံ့တာပါပဲ ..။"
အသူကိုပြောနေသလိုပဲ.. များလိုက်တဲ့တာဝန်.. ရှုပ်လိုက်တဲ့အလုပ်.. :(
instagramကိုဒီမှာလဲတော်တော်များများသုံးနေကြပြိအမရေ..အော်ရီဒူးတို့တယ်လီနောဖုန်းတို့နဲ့ဆို registerလုပ်ရလွယ်လာတယ်တဲ့။အသူဆီမှာတော့မရှိသေးဘူး။ခုထိ :D

Aunty Tint said...

ဘလော့ဂင်းတာစိတ်ချမ်းသာတယ် တိမ်လွှာရယ်... အခုတစ်လော သတင်းတွေသိချင်လို့သာ ဖတ်နေရတယ် စိတ်မကောင်းဖြစ်ရသလို တစ်ချို့စာသားတွေဆိုရင် အကုသိုလ်မဖြစ်ချင်လို့ စကစ်လုပ်ရပြန်ရော .... ကိုယ့်ရဲ့စိတ်ချမ်းသာမှု ကိုယ်ရှာပြီးနေနိုင်တာ အကောင်းဆုံးပေါ့ တိမ်လွှာ ...

Follow Us @soratemplates