သူမ….
ဘ၀မှာ..တစက်ကလေး
မညည်းမညူပဲ
ကိုးလလွယ်..ဆယ်လဖွား
ကျမကို မွေးဖွားပေးခဲ့တယ်…။
အလှတွေ ပျက်ချင်ပျက်ပါစေ
သမီးကျန်းမာရွှင်လန်းဖို့ဆိုပြီး….
ချစ်ခြင်းအပြည့်နဲ့
၅ နှစ်အရွယ်လောက်အထိ
နို့ချိုတိုက်ကျွေးခဲ့တယ်..။
လက်ရေးဝိုင်းဝိုင်းလေးတွေ
ရေးတတ်ဖို့
ကျမလက်ကိုဆုပ်ကိုင်…
ကြင်ကြင်နာနာ သင်ပြပေးတဲ့ လက်ဦးဆရာဖြစ်ခဲ့ပါတယ်..။
သူမ…..
ကျမအတွက်….
ဘ၀မှာ… အလှကြီးမဟုတ်ပေမယ့်
မဆိုးတဲ့ရုပ်ရည်တစ်ခုကို
ပိုင်ဆိုင်စေခဲ့တယ်..။
ညဏ်အကောင်းဆုံးမဟုတ်ပေမယ့်..
ခပ်တုံးတုံးမိန်းကလေးတစ်ယောက်မဖြစ်အောင်
ပြုစုပျိုးထောင်ပေးခဲ့တယ်..။
ကလက်တက်တက်မိန်းကလေးမဟုတ်ပေမယ့်
မထုံတက်တေး
အေးစက်စက်မိန်းကလေးတစ်ယောက် မဟုတ်အောင် ပုံဖော်နိုင်ခဲ့တယ်…။
အခက်အခဲတွေကို
ရှောင်လွဲနေမယ့်အစား
ထိပ်တိုက်ရင်ဆိုင်ရဲအောင်
အားအင်တွေ သူမပေးခဲ့တယ်…။
ညည်းညူအားငယ်နေမယ့်အစား
ပျော်ရွှင်တက်ကြွသူတစ်ယောက်ဖြစ်နိုင်အောင်…
လမ်းပြပေးခဲ့တယ်..။
ငိုသံတွေထက်
ရယ်သံတွေပဲ လွှမ်းနိုင်အောင်
သူမ စွမ်းဆောင်
လမ်းပြပေးနိုင်ခဲ့တယ်..။
မချမ်းသာပေမယ့်..
မဆင်းရဲတဲ့ ဘ၀တစ်ခုကို အတူတကွ ဖြတ်သန်းစေခဲ့ပါတယ်..။
မိဘကို ချစ်တတ်တဲ့သားသမီးတစ်ယောက်အဖြစ်
သူမကိုသူမ
စံနမူနာပြု
အဘွားအပေါ်မှာလည်း..
တာဝန်ကျေသူတစ်ယောက်ဖြစ်ပြန်ပါတယ်..။
အမေ့ကို အရမ်းချစ်တယ်..
အမေ့လို သမီးကောင်းတစ်ယောက်အဖြစ်
ပြန်လည်ပြုစုဖို့….
အမေဂုဏ်ယူနိုင်ဖို့
အဝေးတစ်နေရာမှာ…
အလွမ်းတွေကို ခေတ္တမျိုချ
သမီးကြိုးစားနေပါတယ်….။
13-05-2012
With Love!
~~~~~~~~~~~~~~~~~~~~~~~~~~
Photo credit goes to clipartclipart.com
11 comments:
ခေါင်းစဉ်ပဲ သဘောကျတယ် "အဖေ့ရဲ့ ချစ်သူ" တဲ့ .. :)
ဒါပေမယ့် အမေ မသင်ပေးခဲ့ဘဲ တခါတလေ ကျမ ပေါတောတော ဖြစ်နေတတ်သေးတယ် အမေ :D
အားပေးဖတ်သွားပါ၏ မမ လေး ခံစားချက်တွေက
အရမ်းမိုက်ပါ၏... :)
စနိုးရေး အမေအကြောင်းရေးရရင်ကုန်နိုင်မယ် မထင်ဘူးနော်..
အမေများကျန်းမာပျော်ရွှင်ပါစေ
မမစနိုးရေးတဲ့စာလေးဖတ်ပြီးတော့ကျွန်တော့်အဖေရဲ့ချစ်သူကိုလည်းသတိရမိသွားပြီဗျာ
ကိုယ်လည်း ဒက်ဒီ့ချစ်သူ ကိုယ့်အမေကိုသတိရပြီးရေးချင်နေတာ။
အိုင်အိုရာ
ကဗျာခေါင်းစဉ်လေးရော ကဗျာလေးရော အရမ်းကို လှတယ်။ အထူးသဖြင့် ခေါင်းစဉ်လေးပေါ့။း)
ခေါင်းစဉ်ပေးထားတဲ့  အိုင်ဒီယာလေးကတော့ အံ့မခမ်းပါပဲ
အကြောင်းအရာလေးကိုလဲ ပီပြင်အောင်ဖွဲ့ နွဲ့ သွားနိုင်လို့ 
ချီုးကျူးမိပါတယ်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
ခေါင်းစဉ်ကော စာသားရောအားလုံးကောင်းတယ်
ခေါင်းစဉ်နဲ့ လူတွေကိုဖမ်းစားလိုက်တယ်ငါ့ညီမတော်တယ်
မကြီးလမင်း ပြောသလို အမေ့အကြောင်းရေးရင် ရေးမကုန်ဘူးဆိုတာသိလို့...နာကတော့ ရေးလိုက်တော့ဘူး...ဟီးးးးးးနောက်တာပါ
မအားတာနဲ့ အမေ့ဆီဘဲ ဖုန်းဆက်လိုက်ရတယ်.....အခုလိုအမှတ်တရ ရေးခဲ့နိုင်တဲ့နင့်အတွက် ၀မ်းသာသလို နင်ပြောသလို ပေါတောတောလေးတွေလုပ်တတ်တယ်ဆိုတာလည်းငါထောက်ခံပါတယ်....:P
Post a Comment