စနေနေ့ည အိပ်မက်ထဲမှာ တိမ်တွေကို သူမ တွေ့လိုက်တယ်... အဖြူရောင်တိမ်တွေကို ချစ်တတ်တဲ့သူမအတွက် အိပ်မက်တွေက အဖြူရောင်တိမ်တွေဆီကို ခေါ်ဆောင်သွားခဲ့တယ်....။
၂၇-၅-၂၀၁၂ ဆန်းဒေးမနက်ခင်း နိုးထအလာမှာ.. ပြတင်းတံခါးကိုအဖွင့်.. အိပ်မက်ထဲက တိမ်တွေလိုပဲ. သူမရဲ့မြင်ကွင်းရှေ့မှာ... သဘာဝပန်းချီကားတစ်ချပ်....
အိပ်မက်ထဲက တိမ်တွေလောက် ထုထည်မကြီးမားပဲ တိမ်စိုင်သေးသေးလေးပဲ ရှိတဲ့မြင်ကွင်းတစ်ခုကြောင့် တိမ်လွှာဖြူဖြူတွေရှိတဲ့နောက် သူမလိုက်ကြည့်ချင်နေမိခဲ့တယ်....။ အဲဒါနဲ့ပဲ အိတ်ကိုကောက်လွယ်၊ နွေရာသီစီးဖို့ဝယ်ထားတဲ့ ဖိနပ်အသစ်ကိုကောက်စီး.. ကင်မရာကိုယူ.. အိတ်ထဲကို တွေ့တဲ့မုန့်တွေထည့်၊ ကိုလာတစ်ဗူး၊ ရေတစ်ဗူးနဲ့.. တိမ်တွေ ခေါ်ဆောင်ရာနောက် သူမလိုက်ပါမျောလွင့်လာခဲ့တယ်..။
နေတဲ့မြို့ကနေ လေးနာရီလောက် ရထားစီးသွားရတဲ့.. Leipzig ဆိုတဲ့မြို့ကို ရောက်သွားခဲ့တယ်...။ အဲဒီမြို့ရဲ့ ကောင်းကင်မှာ လှပတဲ့ တိမ်စိုင်တိမ်လိပ်တွေ..။ နေသာနေပေမယ့်... တိမ်လွှာဖြူဖြူတွေကို သူမ ရှာဖွေတွေ့ရှိခဲ့ပြီး... တစ်ချိန်လုံးမော့ပြီး ဓါတ်ပုံရိုက်နေခဲ့တာ.. ခလုတ်တိုက်လဲမတတ်..။
နေလုံးအောက်က တိမ်တိုက်တွေ.... တွေ့သမျှတိမ်တွေကို သူမ အမိအရ လိုက်ရိုက်တယ်....။ ကိုယ်တိုင်ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားတဲ့အထိ တိမ်တွေနောက်ကို လိုက်နေခဲ့တယ်..။
တိမ်တိုက်တွေ ဖုံးလွှမ်းနေတဲ့နေရောင်အောက်မှာ.. အဆောက်အဦဆန်းဆန်းပြားပြားတွေကို လိုက်ငေးရင်း ဆက်လျှောက်လာလိုက်တာ မြစ်တစ်ခုဆီကို ရောက်သွားခဲ့တယ်...။
တိုက်တိုက်ဆိုင်ဆိုင်.. သူမနာမည်ကို ရေးထားတဲ့ တံတားတစ်စင်းကိုလည်း တွေ့ခဲ့မိတော့ အသေအချာ ဓါတ်ပုံရိုက်ယူလာခဲ့တယ်...။
မြစ်ဘေးမှာ အတော်ကြာကြာ ငါးတွေကိုကြည့်နေခဲ့ပြီး.. ကိုယ်ပိုင်ငါးတစ်ကောင်ကို သတ်မှတ်.. ပြေးလွှားနေတဲ့ငါးတွေကြားမှာ... ကြည့်နေတဲ့သူတွေက ငါးတွေကို အပြေးပြိုင်ခိုင်းနေသလိုလို
ပြန်အလာမှာ.. ရေမြောင်းထဲက တိမ်တိုက်ကိုလည်း ဖမ်းဆုပ်မိအောင် ကြိုးစားတဲ့အခိုက် ရေထဲမှာ... အဆောက်အဦပုံက ဇောက်ထိုးမိုးမျှော်.....။
တိမ်တွေကိုပဲ လိုက်ကြည့်နေရင်းကနေ ပန်းတွေရိုက်ဖို့လည်း မမေ့ခဲ့ဘဲ... တွေ့သမျှပန်းပွင့်တွေရော... အကုန်ရိုက်ခဲ့သေးတာပါပဲ....။
ဒီလိုနဲ့ လေးနာရီလောက် ရထားပြန်စီးပြီး.... အခန်းကို ပြန်အရောက်.. ပြတင်းတံခါးကို အဖွင့်မှာ.... လှပတဲ့အပြာရောင်ညတစ်ခုကို တွေ့လိုက်ရတယ်...။
ညနေ ၁၀ နာရီ.. နေ၀င်ရီတရောအချိန်မှာ.. နေရောင်လက်ကျန်နဲ့ လကွေးကွေးလေးရဲ့အလင်းရောင်ကြားထဲ ကောင်းကင်က အပြာရောင်အဖြစ်အပြောင်း... သူမ အဲဒီမြင်ကွင်းကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်..။
******************************************************
Thank you all <3 <3 <3
12 comments:
ဟဟဟနစနိုးဦးသွားပြီ အမလည်း တိမ်တွေကြည့်တာဝါသနာပါတယ်..
ဓာတ်ပုံတွေရိုက်ထားတာ အများကြီးပဲတင်မယ်တင်မယ်နဲ့မတင်ဖြစ်တာ
အကြံတူ ဟဲဟဲ
ဓါတ်ပုံတွေကြည့်ရင်းနဲ့တစ်ခုခုကိုလွမ်းလာသလိုပဲ
ဓါတ်ပုံတွေကလွမ်းဖို့ကောင်းတယ်
ဓာတ်ပုံလေးတွေ လှလိုက်တာ
တိမ်တွေနောက်မလိုက်နဲ့နော် စနိုး..သူတို့ ကမ္ဘာအပြင်ဘက်ထိခရီးဆတ်ကြတာ..တ
ဓာတ်ပုံတွေ စီထားတာ သဘောကျတယ်။ တိမ်တွေခေါ်ဆောင်ရာ အရပ်
ကိုယ်တိုင်ရောက်ဖူးသွားသလိုပဲ
လာအားပေးသွားပါတယ် မမ လေး
snow ကလဲ စိတ်ကူးယဉ်တတ်သေးတယ်နော်
တင်ပြပုံလေးက ကဗျာဆန်ဆန်လေး
အထီးကျန်ဆန်ခြင်းကိုတွန်းလှန်လိုက်တဲ့
အငွေ့ အသက်တွေလို့ ပြောရင်မှားမှာလား ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
နင်တိမ်တွေလိုက်ကြည့်ရင်း ဟို ချစ်သုဝေ ဆိုတဲ့သီချင်းကို သတိရမသွားဘူးလား....ဟဲဟဲ....စတာနော်...သယ်ရင်း....နင့်ဓါတ်ပုံလေးအရမ်းမိုက်တယ်...
ပုံတွေကြည့်ရင်းနဲ့.. တိမ်တွေခေါ်ဆောင်ရာနောက်.. လွှင့်မျှောချင်လို့..
တိမ်တွေခေါ်လို့လာခဲ့ပါတယ်
ပုံတွေလဲကြည့်စာလဲဖတ် ပန်းတွေလဲခူးခဲ့တယ်
စနိုးရိုက်တဲ့ ပုံတွေ အသက်ဝင်လွန်းလို့.. အိမ်မက်တောင် တိမ်တွေနောက် ပါသွားတယ်...
ခင်တဲ့
အိမ်မက်
ပုံလေးတွေသိပ်လှတယ်။ သဘောကျတယ်။ တကယ်။ ပြန်ပြန်ကိုကြည့်မိတယ်။
Post a Comment