တဂွမ်ဂွမ် မြည်တတ်တဲ့ နာရီက နှိုးစက်သံတွေ ……
ငါးမိနစ်ခြားတစ်ခါ…. ထထအော်ပေးတဲ့ ဖုန်းက နှိုးစက်မြည်သံတွေ
ဒီလိုအသံတွေနဲ့တော့ မနိုးတတ်ပဲ ပြန်ပြန်အိပ်တတ်ခဲ့တာ………
Vibration နဲ့လာတဲ့ နင့်ရဲ့ message သံလေးတစ်ခါမှာတောင်
ချက်ချင်းကောက်ကြည့်ပြီး….. ထထိုင်…ချက်ချင်းပြန်ပို့တတ်ခဲ့တာက
နင့်ကို မှီခိုချင်လို့….. မဟုတ်ပါဘူး……….
စာပြန်မပို့မချင်း……….. ငါမနိုးမှာ စိုးရိမ်နေတာမျိုး မဖြစ်စေချင်လို့ပါ……။
အဲဒီစာတိုလေးတွေနဲ့ ……. Missed call တွေနဲ့ပဲ အိပ်ရာနိုးတတ်ခဲ့တာ
ငါ နင့်အပေါ် အားကိုးနေတာမဟုတ်ပါဘူး………..
နင့်ဂရုစိုက်မှုတွေကို မြတ်နိုးတတ်ခဲ့တာပါ ……….။
ခဏခဏ ဖုန်းခေါ်တတ်ခဲ့တာ စာပို့တတ်ခဲ့တာက
မယုံကြည်လို့ မဟုတ်ပါဘူး......
သတိရလို့ နင့်အသံကို ကြားချင်လို့ပါ .................။
နင်ရေးတတ်တဲ့ ဆိုပြတတ်တဲ့ သီချင်းတွေတိုင်းကို
ဘာမှ မဝေဖန်တာက .... ငါဘာမှ မသိလို့ မဟုတ်ပါဘူး.....
နင်ဆိုသမျှ..ရေးသမျှကို ....... ငါအကောင်းချည်းမြင်နေတတ်လို့ပါ ......။
ငါရေးသမျှ စာတွေ ကဗျာတွေကို နင့်ကို မပြောပြဖြစ်တာက
လျှို့ဝှက်ထားတာ မဟုတ်ပါဘူး ....
နင့်အကြောင်းချည်း များများဆိုတော့ .... နင်လှောင်ရယ်မှာ ကြောက်မိလို့ပါ ......။
&&&..............................................................&&&
ရေးချင်ရာ ရေးတယ်ဆိုပြီး..... Galaxy S3 ပုံတင်ထားတာက
အကြောင်းအရာနဲ့တော့.... ဘာမှ မဆိုင်ပါဘူး.....
အခုတလော ကျမ ရူးနေတဲ့ ဖုန်းဖြစ်နေလို့ပါ .........။
ခဏခဏပို့စ်တွေတော့ တင်ဖြစ်ပြီး အိမ်လည်ဖို့ ပျက်ကွက်နေတာက
ဘာမှတော့ မဟုတ်ပါဘူး........
ပင်ပန်းတဲ့အချိန် အပျင်းပြေကဗျာရေးတတ်ပြီး
တကယ်အလုပ်ရှုပ်နေလို့ပါ ....... :D
...............................................................................................................
အားလုံးပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ် ....ရေးထားတာက တော်တော်များများရေးတတ်တဲ့ ကဗျာပုံစံနဲ့တော့ တိုက်ဆိုင်နေတယ်...။ အကြောင်းအရာတွေတော့ မတိုက်ဆိုင်လောက်ဘူးထင်ပါတယ် .....။
12 comments:
ခံစားသွားတယ် အမရေ...
အလုပ်တွေ ရှုပ်နေလည်း အားမှလျှောက်လည်ပေါ့ အမရာ...
ကဗျာလေးတွေလည်း များများရေးနိုင်ပါစေ....:-)
အကြံတူတယ်.. သားလည်း ဂလက်ဆီကိုချောင်းနေတာ.. ရခိုင်ကိစ္စ ကြောင့်ဝယ်တော့ပါဘူး.။ လှူပစ်လိုက်မယ်.။
s3 မ၀ယ်နိုင်သေးတာတခြားကြောင့်မဟုတ်ပါဘူး...
အကြွေးတွေများနေလို့ပါ.....
အဟီး..
ကျွန်တော့အကြောင်းကဗျာစပ်ရင်...အဲလိုထွက်မယ်ထင်တယ်
ညီမလေးစနိုးရေ။
မကြီးရဲ့ ဖုန်းစုတ်လေးရော မကြိုက်ဘူးလား။
ကမ္ဘာမှာ ပန်သီးတံဆိပ်ဖုန်းတွေဘဲပေါ်သေးတာနော်.
မကြီးကိုင်တာက လိမ်မော်သီး တံဆိပ်။
ကြိုက်တယ်ဆို ပါတယ်ပို့လိုက်တယ်။
မက်ဆေ့ပို့ဖို့တော့ နံပါတ်တော့ ဂဏ္ဏန်းတွေကို
သူ့နေရာမှန် အလွတ်ရ ရမယ်နော်...အဟဲ
လာရောက်အားပေးကြောင်း
ခင်တဲ့
မကြီးလွမ်း
လိမ္မော်သီးတံဆိပ်ဆိုတော့ ပိုစိတ်ဝင်စားသွားပြီ အစ်မရေ.. လာလုဦးမှပဲ.. သေချာသိမ်းထားနော် :D
ပင်ပန်းတဲ့အချိန် အပျင်းပြေကဗျာရေးတတ်ပြီး
တကယ်အလုပ်ရှုပ်နေလို့ပါ ....... :D
ချစ်စရာ စနိုး...:):)
ရေးချင်တာချရေးတတ်တဲ့သူတွေကို သဘောကျတယ်....၊ဘာလို့ဆို ခံစားချက်အစစ်တွေဖြစ်နေတတ်လို့....:)))
ကဗျာလေးက ခံစားချက်အစစ်တွေနဲ့ လွင်လို့ကြည်လို့.......ဂွတ်......။
စကားမစပ် ဆမ်ဆောင်းတော့ကြိုက်ဝူး....ကိုယ်တွေက ဂိန်....ဂိန်.....ဂိန်.....အဲလေ...အိုင်မှ အိုင်....အိုင်....အိုင်ပဲ......:))))
ရေးချင်တာရေးကွယ် ဒို့ကတော့အားပေးနေမယ်း)
လိုချင်တာလေးလဲအမြန်ရပါစေ..
မမရေ ခံစားချက်ချင်းတိုက်ဆိုင်လိုက်တာ။ တည့်တည့်စောင်းပြောနေသလိုပဲ။ မက်ဆေ့ပို့တာ ၊ Miss Call တွေနဲ့ ပတ်သက်ပြီးတော့လေ။
galaxy s3 ၀ယ်နိုင်တေးဘူးဗျာ
ဖုန်းအစုတ်လေးကို တရိုတသေကိုင်နေရတယ်
galaxy s3 ၀ယ်နိုင်တေးဘူးဗျာ
ဖုန်းအစုတ်လေးကို တရိုတသေကိုင်နေရတယ်
ကဗျာလေး အားပေးသွားတယ်နော်
ကျွန်တော်လည်း အခု ဖုန်း အရမ်းလိုချင်နေတယ်
အိမ်က ဝယ်ပေးသေးဘူး
နွေလ
Post a Comment