Monday, 22 October 2012

# My Own Feelings

ကြယ်ရောင်လင်းတဲ့ည ^^




*****************************************
နေရောင်ပျောက်သွားတိုင်း မှောင်မိုက်သွားတာမဟုတ်ပါဘူး
အေးချမ်းတဲ့ လရောင် ရောက်လာတတ်တယ်….။
လရောင်ကွယ်သွားတိုင်းလည်း
အလင်းမဲ့သွားတာမျိုး မဟုတ်သေးပါဘူး ….
ကြယ်ရောင်လင်းတဲ့ညတွေ အများကြီးပါ ….
မျက်လုံးမမှိတ်ထားဖို့ပဲလိုတာပါ ….
ဘယ်အချိန်ဖြစ်ဖြစ် အလင်းကိုတော့ မြင်ရမှာပဲ ….။

******************

သစ်ရွက်တွေကြွေသွားတိုင်းလည်း
အပင်သေသွားတာမျိုးမဟုတ်သလို ……
မြက်ခင်းတွေ ခြောက်သွားတိုင်းလည်း
ရေခမ်းသွားတာမဟုတ်ပါဘူး……။
ရွက်ဝါတွေကြွေပြီးရင် ရွက်သစ်တွေ တစ်ခါပြန်ထွက်လာသလို
မိုးကုန်သွားရင် နှင်းစက်တွေရောက်လာလိမ့်မယ် ….။

******************

တစ်ခါလဲကျတိုင်း ရှုံးနိမ့်သွားတာမဟုတ်သလို
ဝမ်းနည်းစရာတွေ့တိုင်း …. ပျော်ရွှင်မှုနဲ့ ဝေးကွာတာမဟုတ်ပါဘူး ….။
လဲကျတိုင်းပြန်ထ .. အောင်မြင်လာနိုင်သလိုပဲ
ဝမ်းနည်းစရာတွေကိုမေ့ပစ် …. ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ရောက်လာလိမ့်မယ် ….။

******************************************

9 comments:

Yoemyaykya said...

နူးနူးညံ့ညံ့လေးနဲ့ဖတ်လို့သိပ်ကောင်းတယ်။
လရောင်ပျောက်သွားတိုင်း အလင်းမဲ့တာမဟုတ်ဘူးတဲ့။
လှလိုက်တာ။
ကြယ်ရောင်လင်းတဲ့ ညတွေလဲ အများကြီးပါနော်။
မမကဗျာလေးကို တိုးတိုးဖွဖွရွတ်သွားတယ်။

နွေလ said...

မိုက်တယ် အစ်မရေ
ခွန်အားတွေ ပေးနေသလိုပါပဲ
စိတ်ဓာတ်ကျတိုင်း
ကျွန်တော်လည်း ဒီလိုဖြည်လေ့ရှိတယ်





စံပယ်ချို said...

တစ်ခါလဲကျတိုင်း ရှုံးနိမ့်သွားတာမဟုတ်သလို
ဝမ်းနည်းစရာတွေ့တိုင်း …. ပျော်ရွှင်မှုနဲ့ ဝေးကွာတာမဟုတ်ပါဘူး ….။
လဲကျတိုင်းပြန်ထ .. အောင်မြင်လာနိုင်သလိုပဲ
ဝမ်းနည်းစရာတွေကိုမေ့ပစ် …. ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ရောက်လာလိမ့်မယ်

ဟုတ်တာပေါ့ညီမလေးရေ
ချစ်တဲ့ sis jasmine

ချစ်စံအိမ် said...

တစ်ခါလဲကျတိုင်း ရှုံးနိမ့်သွားတာမဟုတ်သလို
ဝမ်းနည်းစရာတွေ့တိုင်း …. ပျော်ရွှင်မှုနဲ့ ဝေးကွာတာမဟုတ်ပါဘူး ….။
လဲကျတိုင်းပြန်ထ .. အောင်မြင်လာနိုင်သလိုပဲ
ဝမ်းနည်းစရာတွေကိုမေ့ပစ် …. ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ရောက်လာလိမ့်မယ် ….။

******************************************

Anonymous said...

Superb posting, I share the same views. I wonder why this particular world truly does not picture for a moment like me and also the blog site creator :D

Thu said...

Wow!ခွန်အားတွေဖြစ်လာပြီစနိုးရေ။စိတ်ဓါတ်တွေကျနေရင်ဒီကဗျာလေးကိုပြန်ပြန်ဖတ်အုန်းမှပဲ..ကိုယ့်ထက်ကြီးလားမကြီးလားမသိလို.စနိုးလို.ပဲခေါ်လိုက်တယ်နော်။

လွင်ပြင်လှိုင်းငယ် said...

တစ်ခါလဲကျတိုင်း ရှုံးနိမ့်သွားတာမဟုတ်သလို
ဝမ်းနည်းစရာတွေ့တိုင်း …. ပျော်ရွှင်မှုနဲ့ ဝေးကွာတာမဟုတ်ပါဘူး ….။
လဲကျတိုင်းပြန်ထ .. အောင်မြင်လာနိုင်သလိုပဲ
ဝမ်းနည်းစရာတွေကိုမေ့ပစ် …. ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ရောက်လာလိမ့်မယ် ….။
စနိုးရဲ့ စကာလုံးတွေက အမြဲဆန်းသစ်ပြီး ခံစားလို့ကောင်းတယ်

Anonymous said...

အသည်းကွဲတဲ့ လူတွေလည်း နောက်ထပ် ပြန်ရနိုင်သေးတာပေါ့နော် မမစနိုး......တိန်

ညီလင်းနိုင် said...

ကဗျာလေးထဲက

အားအင်တွေ

မြင်တွေ့ခဲ့ရပါတယ် .....

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

Follow Us @soratemplates