Sunday, 7 October 2012

# Love Poems

ကာရံမညှိတဲ့ အိပ်မက် ...♥ ♥



မပြည့်စုံသေးတဲ့ဘ၀မှာ
တခမ်းတနားချပြစရာဆိုလို့
 နှစ်ချို့နေတဲ့ အလွမ်းတွေပဲရှိတယ် …..။
စည်းချက်တကျခုန်နေတဲ့ နှလုံးသားထဲ
အချစ်တွေ စီးဆင်းနေသလားတော့ ငါသေချာမသိဘူး ….
အပြုံးတစ်ချက်မှာတော့ ငြိတွယ်သွားတာ သေချာတယ် …။        ။

♥ ♥ ♥ ♥
ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲတဲ့ပွဲတစ်ခုမှာ
ရင်ခုန်သံတစ်ချို့ဘက် 
ခပ်လျော့လျော့ အလေးသာပေးခဲ့သလိုလို ……။
အပြစ်ကင်းတဲ့ ချစ်ခြင်းတစ်ခုအတွက်
သံယောဇဉ်ကို လောင်းကြေးထပ်
အကွာအဝေးကို သက်သေပြုလို့
သစ္စာတရားတွေ ယှဉ်ပြိုင်ကြမယ် ….။        ။

♥ ♥ ♥ ♥ 
တစ်ခုပါပဲ ……
တိမ်တွေညိုတဲ့ကောင်းကင်အောက်
မိုးရေစက်တွေ အတူထိတွေ့ဖို့
အိပ်မက်တစ်ချို့ကို ထုဆစ်ရင်း ................

လရောင်လဲ့လဲ့ညတစ်ညမှာ
နင်မသိနိုင်တဲ့ အခန်းကျဉ်းတစ်ခုထဲ
သီချင်းသံတစ်ချို့ပြန်ကြားယောင် .........

နင့်အတွက် ……….
ဘာကာရံမှ မပါတဲ့
ခပ်ပါးပါး ကဗျာတစ်ပုဒ်တော့
ချရေးနေမိတယ် ………။         ။

14 comments:

ချစ်စံအိမ် said...

ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲတဲ့ပွဲတစ်ခုမှာ
ရင်ခုန်သံတစ်ချို့ဘက်
ခပ်လျော့လျော့ အလေးသာပေးခဲ့သလိုလို ……။
အပြစ်ကင်းတဲ့ ချစ်ခြင်းတစ်ခုအတွက်
သံယောဇဉ်ကို လောင်းကြေးထပ်
အကွာအဝေးကို သက်သေပြုလို့
သစ္စာတရားတွေ ယှဉ်ပြိုင်ကြမယ် ….။ ။
စာသားလေးတွေကြိုက်တယ် စနိုးအားပေးမြဲ

mstint said...

လက်တွေ့အကောင်အထည် ဖော်ခွင့်မရခင်တော့
အိပ်မက်လေးတွေ ထုဆစ်ရင်း မျှော်လင့်နေရအုံးမှာပေါ့နော်။ အားပေးသွားတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသူ(တောင်ကြီး) said...

အပြစ်ကင်းတဲ့ ချစ်ခြင်းတစ်ခုအတွက်
သံယောဇဉ်ကို လောင်းကြေးထပ်
အကွာအဝေးကို သက်သေပြုလို့
သစ္စာတရားတွေ ယှဉ်ပြိုင်ကြမယ် …

အရမ်းကောင်းတယ် ဗျာ

စိတ်ကိုအစာကြေစေတဲ့ကဗျာလေးပါပဲ

pyaenyein said...

ကဗျာလေးကဖတ်လို့ကောင်းတယ်စနိုးေ၇။ဒီတခါတော့လက်တွေတက်လာတယ်ဗျာ။အဲဒီကဗျာလေးလို ၇င်ခုန်သံဘက်ကိုအလေးပေးထားတဲ့ချစ်ခြင်းမျိုး နဲ့လူသားနှစ်ယောက်ကိုတွေဖူးသေးတယ် ကျွန်တော့ဘ၀မှာပေါ့။ စနိုးရောတွေ့ဖူးလား? အားပေးသွားပါတယ် ၇င်ထဲကိုစွဲထင်သွားတာပဲ

စံပယ်ချို said...


နင့်အတွက် ……….
ဘာကာရံမှ မပါတဲ့
ခပ်ပါးပါး ကဗျာတစ်ပုဒ်တော့
ချရေးနေမိတယ် ---
အဲတာအမှန်ပဲကွယ်
ချစ်တဲ့ sis jasmine

မြတ်နိုးသူ said...

မပြည့်စုံသေးတဲ့ဘ၀မှာ
တခမ်းတနားချပြစရာဆိုလို့
နှစ်ချို့နေတဲ့ အလွမ်းတွေပဲရှိတယ် …..။
စည်းချက်တကျခုန်နေတဲ့ နှလုံးသားထဲ
အချစ်တွေ စီးဆင်းနေသလားတော့ ငါသေချာမသိဘူး ….
အပြုံးတစ်ချက်မှာတော့ ငြိတွယ်သွားတာ သေချာတယ်
အပြုံးတစ်ချက်မှာငြိတွယ်နေမိလို့ကဗျာလေးကိုစွဲလန်းသွားတယ်

Yoemyaykya said...

ဒီနေ့ မိုးအုံ့နေလို့ အင်တာနက်လိုင်းမကောင်းတာ။ မနက်ကတည်းက ဖွင့်တာ ဘာမှပွင့်မလာလို့လက်လျှော့လိုက်ရတယ်။ ကဗျာဖတ်ဖို့ဝေးလို့ ဘာမှတက်မလာလို့လက်လျှော့လိုက်ရတာ ကျေနပ်ဘူး အဲဒီကွန်ကို။ အရမ်းအရမ်းကြိုက်တယ် သီချင်းသံတစ်ချို့ကြားယောင်ပြီး ခပ်ပါးပါးချရေးထားတဲ့ကဗျာလေးကို။

အလွမ်းမြို့ said...

ညီမလေးစနိုးရေ

လရောင်လဲ့လဲ့ညတစ်ညမှာ
နင်မသိနိုင်တဲ့ အခန်းကျဉ်းတစ်ခုထဲ
သီချင်းသံတစ်ချို့ပြန်ကြားယောင် .........
နင့်အတွက် ……….
ဘာကာရံမှ မပါတဲ့
ခပ်ပါးပါး ကဗျာတစ်ပုဒ်တော့
ချရေးနေမိတယ် ………။


အားပေးသွားတယ် စနိုးလေးရေ
ကောင်းလိုက်တဲ့
အရေးအသားတွေ။


ခင်တဲ့
မကြီးလွမ်း

ညိမ်းနိုင် said...

" တိမ်တွေညိုတဲ့ကောင်းကင်အောက်မိုးရေစက်တွေ အတူထိတွေ့ဖို့ " ကဲ....အိမ်မက်တွေ ဆက်လက်ထုဆစ်
ပါဦးဗျား......၊ကဗျာလေးသဘောကျသဗျိုးးးးးးးးး

မင်းအရိပ် said...

အပြစ်ကင်းတဲ့ ချစ်ခြင်းတစ်ခုအတွက်
သံယောဇဉ်ကို လောင်းကြေးထပ်
အကွာအဝေးကို သက်သေပြုလို့
သစ္စာတရားတွေ ယှဉ်ပြိုင်ကြမယ် ….
ကဗျာလေးဖတ်သွားတယ်စနိုးရေ
အရမ်းကောင်းပါတယ်
အားပေးသွားတယ်နော်

ပဥာက် said...

ကျနော်တို့ကတော့ အချစ်တခုတည်းနဲ့ဘဝကိုတည်ဆောက်လို့မရဘူးဆိုတဲ့အတ္တတွေနဲ့ကျေကျေနပ်နပ်ကြီး လမ်းခွဲခဲ့တယ်။

Yoemyaykya said...

မနေ့က ဖေ့ဘုတ်မှာ စလိုက်တာ တော်တော်စိတ်ဆိုးသွားတာလားဟင်။ ဖေ့ဘုတ်ကို deactivate လုပ်ထားလို့မေးကြည့်တာပါမမ။ စိတ်အရမ်းဆိုးသွားရင် တောင်းပန်ပါတယ်။ စိတ်ဆိုးပြေတော့နော်။

Phyu Lwin said...

မဆိုးပါဘူး.. ညီမလေးရဲ့ ..စတာမှမဟုတ်တာ.. ခင်တာကို.. အလုပ်နည်းနည်းရှုပ်တော့ ဖေ့ဘုတ်ပဲ ခဏခဏကြည့်မိရင် အချိန်ကုန်လို့ ခဏ deactivate လုပ်ထားတာ

Anonymous said...

ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲ ဆိုတဲ့
စကားလေးကိုကြိုက်တယ်

Follow Us @soratemplates