Thursday, 11 October 2012

# My Favorite Songs ^^ # Short stories of Love

ပြန်ဆုံမယ့် နေ့ရက်များဆီသို့ .......



ဝေးနေခဲ့ကြတာ ကြာခဲ့ပြီပဲ …. အေးမြမြလေညင်းတွေဝေ့၀ဲနေတတ်တဲ့နွေဦးကာလအချိန်တွေ .. နေရာတိုင်းစိမ်းစိမ်းစိုစိုတွေ့ရတတ်တဲ့ နွေနေ့ရက်တွေ၊ ပြီးတော့ ရောင်စုံသစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကျနေတတ်တဲ့ ဆောင်းဦးကာလတစ်ချို့လည်းပါဝင်ရင်း…. နောက်တော့ နှင်းပွင့်တွေ တဖွဲဖွဲကျနေတတ်တဲ့ သွေးခဲမတတ်အေးတဲ့ ဆောင်းရာသီတွေ ….. အချိန်တွေ တရွေ့ရွေ့ပြောင်းသွားနေပေမယ့် နင်နဲ့အဝေးကြီးမှာ ငါတစ်ယောက်တည်း ခုထိရှင်သန်နေဆဲ …. အထီးကျန်နေ့ရက်တွေကို ကျော်ဖြတ်နေဆဲ ….။ 

တခါတလေ သီချင်းအေးအေးလေးတွေကို တိုးလျလျလေးညည်းနေတဲ့အသံတွေကို ငါပြန်ကြားယောင်လာတတ်တယ် ….။  ညတွေတိုင်းမှာ ….. နင်နဲ့မိုင်ပေါင်းများစွာဝေးနေတဲ့နိုင်ငံ တစ်ခုက မြို့တစ်မြို့ရဲ့ …. တစ်နေရာမှာ … တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် … အချိန်တစ်ချို့ကို ဖြတ်သန်းနေရင်း ….။ နင့်အတွက် အဆင်ပြေစေဖို့ စိုးရိမ်ပူပန်နေတတ်ရင်း …. ဒီလိုအချိန် ငါ့ဘေးနားမှာ နင်ရှိနေရင်ကောင်းမှာပဲလို့ .. မဖြစ်နိုင်တဲ့ဆန္ဒတစ်ခုကို ပြုရင်း …. ဒါတွေက ငါ့နေ့ရက်တစ်ချို့ပဲလေ ……။

အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတဲ့ ဆိုရိုးစကားတွေကို ပြောင်းပြန်ဖြစ်အောင် ငြိတွယ်တတ်တဲ့ ငါ့ရင်ခုန်သံတစ်ချို့ … ဝေးနေချိန်ရောက်မှ အလွမ်းတွေရော ထပ်ဆင့်ပိုတိုးပြီး ကြီးထွားလာတဲ့ သံယောဇဉ်အပိုင်းအစတွေ …..။ ငါသေချာသိနေပါတယ်….. ဒီနေ့လဲ နင်မပါတဲ့ နေ့ရက်ကို ကျော်ဖြတ်ရဦးမယ် … ရယ်မယောင်ပြုံးနေတတ်တဲ့ မျက်ဝန်းတစ်စုံကို တမ်းတနေရဦးမယ် …. ။ အကွာအဝေးက ငါ့နှလုံးသားရဲ့ ငိုညည်းသံကို ရပ်တန့်မသွားစေပါဘူး ..ချစ်သူ ….။ ဘေးနားမှာ နင်မရှိတဲ့ နေ့ရက်တစ်ချို့က ခက်ခဲကောင်း ခက်ခဲနေနိုင်ပေမယ့် ….. အဲဒီနေရာကို ဘယ်သူမှ အစားမ၀င်နိုင်ပါဘူး …….။ 

ဒီလိုကာလတွေပေါ့ ……. တစ်ချို့နေ့ရက်တွေမှာ …. ကြယ်တွေစုံတဲ့ကောင်းကင်အောက် …. အလွမ်းတွေက မိုးရေစက်တွေအဖြစ် ကျဲပက် … နင်ရော ..ငါရော မိုင်ပေါင်းများစွာ ကိုယ်စီဝေးနေကြပေမယ့် ….. လေလှိုင်းထဲက… အကြင်နာစကားသံတစ်ချို့ကြားမှာ ….အလွမ်းတွေကို သံယောဇဉ်အဖြစ် အသွင်ပြောင်း …ချစ်ခြင်းတို့ ခိုင်မြဲစေမယ် ….။ အကွာအဝေးကို မေ့လို့ …. ကြယ်တွေစုံတဲ့ကောင်းကင်ကြီးတစ်ခုတည်းအောက်မှာ …. ငါတို့နှစ်ယောက် ဝေးမနေကြပဲ ရင်ခုန်သံချင်း ထပ်တူကျရင်း … ငါ့နေ့ရက်တစ်ချို့ကို လှပစေခဲ့တယ် …..။  

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

တစ်ချိန်ချိန်တော့ …… ပြန်ဆုံဆည်းမယ့်နေ့ရက်တစ်ချို့ကို မျှော်လင့်နေရင်း …… မရောက်သေးတဲ့ အနာဂတ်အတွက် ကြိုရင်ခုန်ရင်း …… ငါ့ဘေးနားကနေ နင်ကမ်းပေးတဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင် …… ဘ၀ခရီးတစ်ခုကို အတူလျှောက်လှမ်းဖို့ ….. ငါတို့အတူတူကြီးပြင်းခဲ့တဲ့ နေရာတစ်ခုကို ငါပြန်လာခဲ့မှာပါ ……။  

နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ထိခတ်လိုက်တဲ့ ဂစ်တာသံတွေထဲ နင်ဆိုညည်းလိုက်တဲ့ သီချင်းသံစဉ်တစ်ချို့ကြား..... လှပတဲ့ ကာရံတွေကို အသုံးချ ငါ ကဗျာတွေ ဖန်တီးဖို့ ..... နှင်းပွင့်တွေ မရှိတဲ့ မိုးရေစက်တွေကြားထဲ ငါအရောက်ပြန်လာခဲ့မယ် ......။


တစ်နေ့နေ့ပေါ့ ...။ အဲဒီပြန်ဆုံမယ့် တစ်နေ့နေ့မှာ .......... နင့်ဘေးနားမှာ ထာဝရနေဖို့ ...... ငါ့အတွက် ... နင်ကိုယ်တိုင် တယုတယစိုက်ပျိုးထားတဲ့ နှင်းဆီနီရဲရဲတွေကြားထဲ .... ဆုပ်ကိုင်ထားတဲ့ လက်နှစ်စုံ ဒီတစ်သက်တာအတွက် တည်မြဲစေဖို့ .... ...၊ ဆုတောင်းနေမယ်ဆိုတာထက် .... ကြိုးစားနေမယ်ဆိုတာ နင်ယုံကြည်နေမှာပါ .......။

 .. And I love you more than I did before
        And if today I don't see your face 
Nothing's changed no one can take your place
        It gets harder everyday
♫ ♥

  Say you love me more than you did before
      And I'm sorry that it's this way
But I'm coming home, I'll be coming home
    And if you ask me I will stay, I will stay
I'll always stay …
♫ ♥



Oooh, oh I miss you
Oooh, oh I need you 
 

10 comments:

Yoemyaykya said...

အမြဲတမ်းသီချင်းတွေကို အာရုံနဲ့ပဲကြားရတယ်မမ။ ကွန်နက်ရှင်ကိုလဲအပြစ်မတင်ရက်တော့ဘူး။
အကွာအဝေးက ငါ့နှလုံးသားရဲ့ ငိုညည်းသံကို ရပ်တန့်မသွားစေပါဘူး ..ချစ်သူ ….။ ဖတ်ရင်းနဲ့ သတိရလာမိတယ်။

khin said...

ညလေးရေ ခံစားသွားတယ်နော် ဓါတ်ပုံလေးကိုကြည်.ပြီးတော. ညလုံးပေါက်ထိုင်ကြည်.တဲ. တခါတုန်းကတကသိုလ်လေးဆီလည်း စိတ်တွေပြန်ရောက်သွားလေရဲ. ညလေးစနိုးရေ။

မင်းမုန်းတဲ့သူ said...

မရောက်တာလည်းအတော်ကြာပြီအမရေ..
ဒီနေတော့ရောက်ခဲ့ပါတယ်....
စာကြွေးတွေလည်းဖတ်သွားပါတယ်
နေကောင်းလားအမ...
စာသားတွေဖတ်ရတာနင့်နင့်နဲနဲခံစားရတယ်..
တကယ်စိတ်နှစ်ပြီးရေးထားလို့ထင်တယ်...

မြတ်နိုးသူ said...

ပြန်ဆုံမယ့် တစ်နေ့နေ့မှာ .......... နင့်ဘေးနားမှာ ထာဝရနေဖို့ ...... ငါ့အတွက် ... နင်ကိုယ်တိုင် တယုတယစိုက်ပျိုးထားတဲ့ နှင်းဆီနီရဲရဲတွေကြားထဲ .... ဆုပ်ကိုင်ထားတဲ့ လက်နှစ်စုံ ဒီတစ်သက်တာအတွက် တည်မြဲစေဖို့ .... ...၊ ဆုတောင်းနေဖို့ဆိုတာထက် .... ကြိုးစားနေမယ်ဆိုတာ နင်ယုံကြည်နေမှာပါ..
ပြန်ဆုံမယ့်နေ့လေးကိုစောင့်မျှော်နေမိတယ်

စံပယ်ချို said...


တစ်ချို့နေ့ရက်တွေမှာ …. ကြယ်တွေစုံတဲ့ကောင်းကင်အောက် …. အလွမ်းတွေက မိုးရေစက်တွေအဖြစ် ကျဲပက် … နင်ရော ..ငါရော မိုင်ပေါင်းများစွာ ကိုယ်စီဝေးနေကြပေမယ့် ….. လေလှိုင်းထဲက… အကြင်နာစကားသံတစ်ချို့ကြားမှာ ….အလွမ်းတွေကို သံယောဇဉ်အဖြစ် အသွင်ပြောင်း …ချစ်ခြင်းတို့ ခိုင်မြဲစေမယ်...........

သီချင်းများကို ခံစားရေးဖွဲ့ထားပေမယ့်လဲ ရင်ကိုထိခဲ့တယ်ကွယ်====
ချစ်တဲ့ sis jasmine

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့ သီချင်းတွေကို ထပ်ဆင့်ခံစားပြီးရေးခဲ့တာဖြစ်
ပေမဲ့ အရမ်းကောင်းတယ်....ဖတ်ရတာနူးညံ့လိုက်တာ
တော်တဲ့သူကတော့ ဘာပဲရေးရေးကောင်းတာပဲ
မိုးနတ်တို့ကတော့ အားကျနေမိပါတယ်
ခင်မင်လျက်....မိုးနတ်

ချစ်စံအိမ် said...

ပိုလွမ်းသွားပြီးညီမရေ.. ရေးတာတော်လို့ ထင်တယ်..

မိုးသက် said...

:'(..

အိမ့်မှူးသော် said...

ရင်ထဲကို ထိသွားပြီ........အစ်မရေ.....

မင်းအရိပ် said...

ရေးဖွဲ့ထားတာလေးတွေ တအားကောင်းတယ်နော်
အားပေးဖတ်ရှုသွားတယ်စနိုးရေ

Follow Us @soratemplates