♥ ♥ ♥
မင်းမျက်ဝန်းနဲ့ရင်ဆိုင်
အတူတူထိုင်ငေးခဲ့ဖူးတဲ့
နေ့ရက်လေးတွေအကြောင်း
ကဗျာတစ်ပုဒ်အဖြစ်
အသွင်ပြောင်းတဲ့အခါ ~~~~~
+++++++++++++++
နောက်ကျမှ
တွေ့စေတဲ့ ကံကြမ္မာရယ်လို့
အပြစ်မမြင်မိဘဲ
ဆုံဆည်းခွင့်လေးတစ်ခုအတွက်
ကျေနပ်နေတတ်ခဲ့တယ် …..။
စကားလုံးချိုချိုတစ်ချို့ထက်
အပြုံးချိုချိုတွေက
ငါ့နေ့ရက်တစ်ချို့ကို
ပိုပြီးလှပစေခဲ့တယ် ….။
နင်သိခဲ့မှာမဟုတ်ပါဘူး
…..
နွေပူပူမှာ
နင်မိုးပေးတဲ့ထီးတစ်ချောင်းအောက်
ခိုဝင်ချင်တဲ့
ကောင်မလေးတစ်ယောက်ရှိနေခဲ့မယ်ဆိုတာ ……
မိုးရေတွေအောက်
…. သီချင်းအတူဆိုညည်းချင်တဲ့
ကောင်မလေးတစ်ယောက်ရှိနေခဲ့တယ်ဆိုတာ
…….
ဆောင်းဦးရာသီမရှိတဲ့
… နေရာတစ်ခုမှာ
ရွက်ကြွေတွေကို
အတူကောက်လို့ …. လွမ်းမောချင်ခဲ့ဖူးတယ်….။
~~~~~
အတူတူမနင်းလျှောက်ဖူးတဲ့
လမ်းလေးတွေပေမယ့် …….
ဒေသတွေ …..ရာသီတွေ
ကွဲပြားနေပေမယ့်
ကျင်လည်ရာဘာသာစကားတွေ
မတူညီပေမယ့် …..
နင်ကတစ်ခြား
…ငါကတစ်ခြား …….
ဘ၀ချင်းက
ခြားနားနေပေမယ့် …………
ခံစားချက်တွေ
ထပ်တူကျချင်ခဲ့ဖူးတယ် …..
နားလည်မှုတွေ
ဖေးမမှုတွေ ဝေမျှချင်ခဲ့ဖူးတယ် ………။
~~~~~
ရယ်ဟဟ အပြုံးပိုင်ရှင်နဲ့အဝေးးးးးးး
………
သူစိမ်းတွေအလည်မှာ
ရောင်စုံသစ်ရွက်တစ်ချို့
ငါ့ရှေ့က
ဖြတ်လျှောက်သွားကြချိန်……..
မေးခွန်းတစ်ချို့
ငါကြားယောင်လိုက်မိတယ် …………
သစ်ရွက်တွေတောင်
ရာသီလိုက်ပြီး အရောင်ပြောင်းတတ်ကြတယ် ….
ငါ့အလွမ်းတွေက
ဘာလို့ မပြောင်းလဲတာလဲတဲ့ ……..
ရွက်ဝါတွေ
တဖြုတ်ဖြုတ်ကြွေနေသလို ………
အလွမ်းတွေလည်း
ဘာကြောင့် တစ်ဖြည်းဖြည်း ခြွေချနေသလဲတဲ့ …….။
အဖြေရှိတဲ့
မေးခွန်းတစ်ချို့အောက်မှာ
သံယောဇဉ်တစ်ချို့အတွက်
……..
အလွမ်းတွေကို
ခဏတော့ ထွေးပိုက်ထားနေရဆဲ ………..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
>>> ကဗျာမရေးတာကြာလို့ ညီမလေးတစ်ယောက်က ဖတ်ချင်တယ်ဆိုပြီး ပြောလာတာနဲ့ ရေးလိုက်တာပါ ...။ မရေးတာကြာတော့ လက်ရည်ကျလာတယ်... တော်တော်ကြိုးစားပြီး ပြီးအောင်ရေးလိုက်ပါတယ်.. ဖတ်ချင်တဲ့ ညီမလေး ကျေနပ်မယ်ထင်ပါတယ် :)))))) ဓါတ်ပုံတွေကတော့ စိတ်ကြိုက်ဖန်တီးထားပါတယ် xDD
15 comments:
ဖတ်ချင်နေတာကြာပီ။တောင်းဆိုတာကိုဖြည့်ဆည်းပေးလို့ရင်ထဲမှာပြောမပြတတ်အောင်ကြည်နူးတယ်။
အရောင်မပြောင်းတဲ့အလွမ်းတွေနဲ့အတူ အချစ်တွေလည်းအရောင်မပြောင်းပါစေနဲ့မမရေ။
ဓာတ်ပုံတွေက ကဗျာလေးနဲ့ ပနံသင့်တယ်။
ရွက်ဝါတွေ တဖြုတ်ဖြုတ်ကြွေနေသလို ………
အလွမ်းတွေလည်း ဘာကြောင့် တစ်ဖြည်းဖြည်း ခြွေချနေသလဲတဲ့ …….။
အဖြေရှိတဲ့ မေးခွန်းတစ်ချို့အောက်မှာ
သံယောဇဉ်တစ်ချို့အတွက် ……..
အလွမ်းတွေကို ခဏတော့ ထွေးပိုက်ထားနေရဆဲ
အားပေးခံစားသွားပါတယ်
ဆောင်းဦးရွက်ကြွေအလွမ်းသက်သေဆိုလို့ ဂျွန်စောကိုသတိရလိုက်တာ။ လက်ရည်ကျတာကလဲ တကယ်လက်ဖျားခါတယ်နော်။ မမအရေးအသားတွေက
ခေါင်းစဉ်ကိုတွေ့တွေ့ချင်း ကိုးရီးယားကားများတင်ထားတာလို့မှတ်နေတာ ခွိခွိ
သည်ကဗျာလေးက ထူးဆန်းနေသလိုပဲနော်
ဖတ်ရတာ ဇာတ်လမ်းလေးလိုပဲ ဖတ်လို့ကောင်းတယ်
ကဗျာလေးထဲမျှောသွားတာပဲ
ခင်တဲ့(အိမ်မက်ကောင်းကင်)
ဂျွန်စောကိုလွမ်းမိတယ်
ဖတ်ပြီးတော့ ဒီကဗျာလေးက ပိုပြီးအသက်ဝင်လို့
ဂျွန်စောကိုမေ့လိုက်တယ်
ချစ်တဲ့ sis jasmine
အင်းကောင်းပါတယ် အလွမ်းဇတ်လမ်းလေးဖတ်၇သလိုပါပဲ။ခံစားချက်နဲ့ေ၇းတော့အသက်ဝင်တယ်ဗျာ။ကဗျာအေ၇းသားလေးတော့လိုနည်းနည်းလိုသေးသလားလို့။အချစ်စစ်သာမှန်ခဲ့၇င် တနေ့တော့ဆောင်းဦး၇ွက်လေးတွေက အလွမ်းတွေကိုအဆုံးမ၇ှိတဲ့အချစ်တွေအဖြစ်နဲ့ သက်သေတည်ပြပါလိမ့်မယ် စနိုးလေးေ၇
လွမ်းလွန်းလို့ သက်သေတောင် ထူလိုက်တာလား။
စကားလုံးလေးတွေ အရမ်းကောင်း။
အဖြေရှိတဲ့ မေးခွန်းတစ်ချို့အောက်မှာ
သံယောဇဉ်တစ်ချို့အတွက် ……..
အလွမ်းတွေကို ခဏတော့ ထွေးပိုက်ထားနေရဆဲ ………..။
အရမ်းကြိုက်တယ်.......
အလည်ရောက်ခဲ့တယ်စနိုးရေ
ဆောင်းဦးရွက်ကြွေ အလွမ်းသက်သေလေးကို ဖတ်သွားတယ်နော်
ကဗျာလေးကို ကြိုက်တယ်
ဒါနဲ့ စကားမစပ်
ဆောင်းဦးရွက်ကြွေ ချစ်သက်သေကိုလဲ သတိရမိသား
ဂျွန်စောနဲ့ ထယ်စောက်ကိုမကြိုက် အွန်စောလေးကိုတော့ တအားကြိုက် ဟဲ :P
ဟယ်...မရေးတာကြာလို့ ရေးလက်ကျနေတယ်သာဆိုတယ်....ကောင်းမှကောင်းပဲ....ကဗျာနံမည်လေးကလဲလှ..ကဗျာလေးကလဲလှ...ချစ်စရာလဲကောင်းတယ်
နော်...ကဗျာလေးကလေ....ခံစားလို့အရမ်းကောင်းတတယ်..နောက်ထပ်ကဗျာလေးတွေလဲ ရေးပါအုံးနော်
မျှော်နေတယ်..သိလား
ခင်မင်နေတဲ့..မိုးနတ်
အလွမ်းကဗျာလေးလည်းကောင်း ပုံလေးတွေနဲ့လိုက်ဖက်ပြီး ကွန်မန့်လေးတွေပါ အဆစ်ဖတ်သွားတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်မလက်ရည်ကျတာကြီးကလည်း ကြောက်ချာကြီး..
လက်ရည်များတက်ရင်တော့ ဖတ်တဲ့သူတွေ အရည်ပျော်ကျသွားမလားသိဝူး..။
စနိုးလေးရေ...
ဘယ်လိုဘဲရေးရေး အတွေးထက်သူမို့ အရေးအသား
ကကောင်းပါ၏။မကြီးလွမ်းလာရောက်အားပေးတယ်။
လက်ရည်ကျလို့ဘဲတော်သေးတယ်။ဒီလောက်ရေးတတ်ဖို့
မကြီးလွမ်းတို့တစ်ခါမှ မအောင်မြင်ဖူးဘူး..
ပျော်ရွှင်ပါစေ ညလေးရေ
ခင်တဲ့
မကြီးလွမ်း
စနိုးရေ..
အားပေးသွားတယ်နော်။
အိုင်အိုရာ
စာမေးပွဲ လုံးဝပြီးပြတ်ပြတ်ချင်း
ရောက်လာခဲ့တယ်
ကဗျာလေးနဲ့ ပုံလေးတွေ သုံးထားတာ
အရမ်းမိုက်တယ် အစ်မရေ
အခုတလော လွမ်းတာတွေပဲ ခံစားနေရမှာပဲ
လူက မခိုင်ချင်ပါဘူး ဆိုဗျာ
Post a Comment