အားလုံး မင်္ဂလာပါရှင် ... :)
တစ်လလောက် ခြေရာဖျောက်ရင်းကနေ အခုတော့ ပြန်ရောက်လာပါပြီ ..။
၉ ရက်နေ့က ဖိလစ်ပိုင်ကနေ ဂျာမနီကိုပြန်ရောက်လာပါတယ်..။ တစ်လလောက် ဘလော့ဂ်နဲ့ အဆက်ပြတ်သွားခဲ့တယ်..။ ဟိုမှာတုန်းက အင်တာနက်က တော်တော်ခက်တယ် ...။ ခက်တယ်ဆိုတာက connection ကအရမ်းနှေးတာ..။ Browser တွေက ဖွင့်ဖို့မလွယ်သလို ဘာစာမှလည်း ရှာလို့မရ.. facebook တောင် ၀င်မရခဲ့ဘူး..။ တော်တော်အဆက်အသွယ်ပြတ်သွားခဲ့တယ်..။ အဲဒီမှာ ကျမသွားခဲ့တဲ့နေရာက တော်တော်ခေါင်တဲ့နေရာဖြစ်နေတာလည်းပါပါတယ်..။ မနီလာကနေ အဲဒီမြို့လေးကိုရောက်ဖို့ လေယာဉ်နဲ့တစ်ခါ ပြီးတော့ ကားနဲ့ နှစ်ခါသွားရတယ်..။ မြို့ဆိုပေမယ့် တောရွာလေးလိုပဲ..။ မြန်မာနိုင်ငံကလာတဲ့ ကျမကတောင် ဒါက မြို့လား ရွာလားလို့ မေးယူရတဲ့အထိ ရွာသာသာနေရာလေးတစ်ခုပါ..။ ဒါပေမယ့် ပင်လယ်ကြီးဘေးနားမှာရှိတော့ တော်တော်တော့ သာယာတယ်...။ နေတဲ့နေရာနဲ့ ပင်လယ်နဲ့က ၅ မိနစ်လောက်လျှောက်လိုက်ရင် ရောက်သွားတော့ ကုန်းတွင်းပိုင်းမှာ တစ်သက်လုံးနေလာခဲ့တဲ့ ကျမကတော့ ညနေအားချိန်တိုင်း ကမ်းစပ်ပဲ သွားဖြစ်နေခဲ့တယ်..။
အဲဒီမှာ ရာသီဥတုကတော့ အရမ်းပူတယ်.. ပင်လယ်နားနီးတော့ စိုထိုင်းဆအရမ်းမြင့်တာလည်း ပါတယ်.. အအေးပိုင်းမှာ တစ်နှစ်ခွဲလောက်နေလာခဲ့တော့ ရောက်ခါစက တော်တော်ပူတဲ့ရာသီဥတုမှာ ချက်ချင်းနေသားမကျခဲ့ဘူး..။ မိုးကလည်း နေ့တိုင်းရွာတယ်.။ မြန်မာနိုင်ငံမှာလို မိုးရွာရင် အေးသွားတာမျိုးမဟုတ်ပဲ ရာသီဥတုက ပူတာပဲ..။ မိုးရေထဲမှာ ပူတဲ့အပြင် research လုပ်တဲ့ တောကလည်း တောင်ပေါ်မှာဆိုတော့ ကားနဲ့လည်း သွားမရ.. နေ့တိုင်းလိုလို အဲဒီတောင်ပေါ်ကို ခြေကျင်ပဲသွားခဲ့ရတာများခဲ့တယ်..။ တောတွေကတော့ နဂိုမူလတောတွေမဟုတ်တော့ပဲ လူတွေကျူးကျော်ထားပြီးတဲ့ သက်တမ်းငယ်သေးတဲ့ တောတွေများတယ်.။ ဒါပေမယ့် သဘာဝအလှအပတွေကတော့ ခုထိရှိနေသေးတယ်..။ စမ်းချောင်းတွေကလည်း တော်တော်များများသလို ရေတံခွန်တွေလည်း အများကြီးပဲ..။ တစ်နေ့တစ်နေ့ ချောင်းထဲ လဲလဲကျတာလည်း အကျင့်တစ်ခုလိုကိုဖြစ်လို့..။
ဒါက ကျမတို့ research လုပ်တာကို ကူညီပေးခဲ့တဲ့ ဖိလစ်ပိုင်က Visayas State University ဆိုတဲ့ တက္ကသိုလ်ရဲ့ အထိမ်းအမှတ်ရုပ်တုပါ..:) ဘာအဓိပ္ပာယ်လဲဆိုတာတော့ သေချာမသိဘူး... ဒါပေမယ့် ပုံကတော့ အဲလိုပါပဲ.. တက္ကသိုလ်ပင်မဆောင်ရှေ့မှာ စိုက်ထားတာပါ..။
တောထဲသွားတဲ့လမ်းမှာ ဒီပင်လယ်ကြီးရဲ့မြင်ကွင်းကို နေ့တိုင်းမြင်ရသလို ကျမကလည်း နေ့တိုင်းဓါတ်ပုံရိုက်လို့ သူငယ်ချင်းတွေကတောင် ခုထိမရိုးသေးဘူးလားလို့ မေးယူရတယ်။
တစ်ရက်တော့ တစ်ချိန်တည်းမှာ သက်တန့် ၂ ခု တွေ့လို့ ရိုက်ခဲ့ပါသေးတယ်..။
သရက်သီးတွေ ငှက်ပျောသီးတွေ အရမ်းပေါတယ်..။ ရွာသူရွာသားတွေကို အင်တာဗျူးတာလည်းပါတော့ တစ်ခုသဘောကျတာက သူတို့ English လို တော်တော်ပြောနိုင်ကြတယ်.. ။ တော်တော်ခေါင်တဲ့နေရာဖြစ်တာတောင် အသက်ကြီးတဲ့လူကြီးတွေကလွဲရင် တော်တော်များများနဲ့ စကားပြောလို့ရတယ်...။ တစ်ချို့နေရာတွေဆိုရင် ဘာသာပြန်ငှားစရာမလိုခဲ့ဘူး..။
ဟိုမှာ အပူချိန်တော်တော်ကြီးကြီးနဲ့ တစ်လလောက်နေလာခဲ့ပြီး ခုပြန်ရောက်တော့ အပူချိန်က အနှုတ်အောက်ရောက်တဲ့အပြင် နှင်းတွေကလည်း တော်တော်ထူထူကိုကျလို့ ..။ နေရတာ ပြန်ပြီး နေသားမကျသေးသလို နေ့နဲ့ည မှားနေတုန်းပဲရှိပါသေးတယ်..။ ဟိုမှာလုပ်လာတဲ့ results တွေကို စာတမ်းပြန်ရေးဖို့ ပြင်နေလို့ သိပ်မအားသေးတော့ အခုထိ blog တွေမှာ စာတွေလိုက်မဖတ်ဖြစ်သေးတဲ့အပြင် အခုရေးတာတောင် အမြီးအမောက်မတည့်ဘူး ဖြစ်နေပါတယ်.။ ပစ်ထားတာကြာပြီမို့ ပြန်ရောက်တဲ့အကြောင်း ရေးချင်တာနဲ့ ဒီလိုပဲ ချရေးလိုက်တာမို့ သည်းခံပြီးသာ ဖတ်ပေးကြပါနော် :D ဓါတ်ပုံတွေတော့ အများကြီးပေမယ့် သေချာမရွေးဖြစ်သေးတာနဲ့ တွေ့ရာပဲ တင်လိုက်တာပါ..။ နောက်မှ အားချိန်ရရင် အတွေ့အကြုံတစ်ချို့ရေးချင်ပါသေးတယ်ရှင် ..။
ခုလောလောဆယ်တော့ အခြေအနေက ဒီလိုပဲ နှင်းဗွက်ထဲ ရုန်းနေရပါတယ် ;( စက်ဘီးလဲ စီးမရ .. နှင်းတောထဲဖြတ်ပြီး ကျောင်းကို လမ်းလျှောက်သွားနေရတယ်..။
-----------------------------------------
အားလုံး ပျော်ရွှင်ပါစေ..^^
15 comments:
ဖိလစ်ပိုင်ကမ်းခြေပုံလေးကသာယာလိုက်တာနော်
အုန်းပင်တွေကြားကသက်တန့်ကလဲ အသက်ဝင်လှတယ်
ပုံလေးတွေတ၀ကြီးကြည့်ခဲ့ရတယ်ညီမရေ...
ခုတော့ပြန်ရောက်ပြီးကျောင်းပြန်တက်နေပြီပေါ့နော်
Sweet December လေးဖြစ်ပါစေလို့
သတိရနေတယ်နော်.....စာတွေပြန်ရေးပါ
ရှုခင်းက အရမ်းလှတယ်။ ဒါနဲ့ဖိလစ်ပိုင်မှာမုန်တိုင်းဝင်တယ်ဆို။
ဟုတ်တယ် ကျမသွားနေတဲ့ရက်တွင်း မုန်တိုင်းနဲ့ ကြုံသေးတယ်.. ဒါပေမယ့် နေတဲ့မြို့ကတော့ အဖျားခတ်ရုံလောက်ဆိုတော့ လေကြီးကြီးတိုက်တာလောက်ပဲ ကြုံခဲ့တော့ တော်သေးတယ်။
ချနိုးကျေးဇူးကြောင့်ဖိလစ်ပိုင်ရောက်ဖူးသွားပြီ ပုံလေးတွေနဲ့လေ။ရိုက်ချက်ရော ရှု့ခင်းရောလှမှလှ
ရှုခင်းဓာတ်ပုံတွေ လှတယ်ဗျိုးးးးးးးးးးး
ဒါကြောင့်စနိုးပျောက်နေတာဒါကြောင့်ကို စိတ်ပူသေးတယ် တကယ်ပြောတာမြန်မာပြည်များပြန်သွားလာစိတ်ကူးမိသေးတယ် ဓာတ်ပုံတွေလှတယ် စနိုးကျရင်ပျော်တယ်
ရိုက်ချက်လေးတွေ ကောင်းတယ် စနိုးရေ။
ဗဟုသုတတွေနဲ့အတူ ရောက်ဘူးချင်လိုက်တား)
နှင်းတွေ ဖုံးလွှမ်းနေတာမြင်တော့ တစ်ချိန်ကအတိတ်ကို အရိပ်လိုအာရုံမှာထင်ဟပ်လာတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မင်္ဂလာပါမမ။
ခြေလျင်လျှောက်ရတယ်ဆိုတော့ ပိန်သွားလားမမ။
အောက်ဆုံးပုံက မူပိုင်ခွင့်နဲ့ ငြိတယ်။ အဲတာ ရိုးမြေကျအတွက် မမတစ်ယောက်က ဖေ့ဘုတ်မှာ နှင်းလေးတွေကိုင်ကြည့်ရအောင် တင်ပေးထားတဲ့ပုံကြီး။ မမစနိုးအဲလိုလုပ်ရဘူးလေ။
:) Sorry,, အဲအစ်မလှလှဆီက ခွင့်ပြုချက်တောင်းလိုက်မယ်လေ :P
ပုံလေးတွေကအရမ်းလှတယ်
ပုံလေးတွေကိုကြည့်ပြီး ဖိလစ်ပိုင်ရောက်သွားသလိုတောင်ခံစားရတယ်
ခရီးထွက်ရတာပျော်စရာကောင်းမှာပဲနော်
ပျော်ရွှင်နိုင်ပါစေ
စာတွေရေးနော်အားပေးနေမယ်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ဓါတ်ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာစရာ
မင်္ဂလာပါ
connection မကောင်းလို့
ဓါတ်ပုံတွေတော့မမြင်ရဘူးဗျ...
ကျန်းမာပါစေဗျာ.....။
အတွေ့အကြုံကောင်းကောင်းရခဲ့မှာပဲနော်... ဓာတ်ပုံလေးတွေကြည့်သွားတယ် :D
မိုးနတ်ဆီမှာလဲ တူတူပါပဲစနိုးရယ်..မိုးခပြောသလို
con မကောင်းလို့ ဓါတ်ပုံတွေမကြည့်ခဲ့ရဘူး.နာထှာ.
နောက်မှ ထပ်လာပြီးရမလားလို့ကြည့်ကြည့်အုံးမယ်နော်
ဇွဲကတော့မလျှော့ဘူးရယ်..သတိရနေပါတယ်..
စနိုးဘာလို့ပျောက်နေတာလဲလို့ မေးမိတိုင်း ကိုယ့်ကိုယ်ကို
ပြန်သတိပေးရတယ်...ပြောထားခဲ့သားပဲ..စနိုးခရီးသွား
ရမယ်ဆိုတာကိုလေ...သတိရနေပါတယ်စနိုးရေ..
မတွေ့ကြရပေမဲ့ တကယ်ကို သတိရနေပါတယ်...
မိုးနတ်လဲ ဟိုရက် ဘလော့လေးဖွင့်မရလို့ တော်တော်ငို
လိုက်ရသေးတယ်...စနိုးကသိမှာမဟုတ်ဘူး...
ခုပြန်ဖွင့်လို့ရတာ ၃..၄ ရက်လောက်ပဲရှိသေးတယ်
အဲဒါကြောင့် စနိုးဆီမရောက်တာလေ..:)
ချစ်တဲ့...မိုးနတ်
မကြီးလွမ်းရေ ပျော်စရာကြီးနော်
အဆင်ပြေတဲ့ ခရီးလေးဖြစ်လားဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment