Saturday, 26 January 2013

# Love Poems

*** ကြယ်ကြွေစကား ***


****************************************
မထူးဆန်းပါဘူး….
အရာရာပေးဆပ်နေခဲ့တဲ့ဘဝ
နင့်အပြုံးတွေမြင်နေရဖို့.................

ချစ်သူ .. နင်သတိထားမိရဲ့လား
ဟိုအဝေးမှာ ကြယ်လေးတစ်ပွင့်ကြွေကျသွားပြီ …….
နင်ပြုံးနေပါ့မလားဟင်….
ကျေးဇူးပြုပြီး မျက်ရည်တွေ မခပါစေနဲ့ ……
နင့်မျက်ရည်တစ်စက်မြင်ရင် …
ငါ့နှလုံးသားက ခပ်အက်အက်နာကျင်တယ်……

♥ ♥ ♥ ♥ ♥
နင်အားငယ်ရင် ၀မ်းနည်းရင် မှီခိုဖို့
ငါ့ပုခုံးတစ်စုံဟာ နင့်အတွက် အသုံးဝင်ခဲ့မှာပါ …..
နင်ရှုံးနိမ့်တဲ့အချိန်တိုင်း ရင်ဖွင့်စရာ
ငါ့နားအစုံက နှလုံးသားနဲ့စည်းချက်တကျ
အသင့်ရှိနေခဲ့ဖူးတယ် ……..
နင့်ရယ်မောသံတွေကို ဟာမိုနီလိုက်ပေးဖို့
ငါ့နှုတ်ခမ်းအစုံက အမြဲပြုံးနေခဲ့ဖူးတယ်……
အေးစက်စက်လက်ချောင်းလေးတွေ နွေးထွေးသွားစေဖို့
ငါ့လက်ဖ၀ါးနှစ်ခုက အမြဲနွေးထွေးပေးခဲ့ဖူးတယ်…..။
နင် နင်းမယ့်လမ်းက သစ်ရွက်ခြောက်တွေအတွက်
ငါ့ခြေအစုံက သူရဲကောင်းအဖြစ်ရှိနေခဲ့ဖူးတယ် …….
နင့်အလွမ်းတွေ ဖြေဖျောက်ဖို့
တယ်လီဖုန်းတစ်လုံးက ငါ့အတွက် အသုံးဝင်ခဲ့ဖူးတယ် ……..

♥ ♥ ♥ ♥ ♥
တိုးဖွဖွပြောလိုက်တဲ့ စကားသံတိုင်းမှာ
အချစ်ဆိုတာ အမြဲပါနေခဲ့တယ်လို့ … ၀န်မခံဖြစ်ခဲ့တာ

ကိုယ်တိုင်သတိမထားမိခဲ့ပါဘူး….
ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်လို့ ထင်ခဲ့ဖူးတဲ့နင့်အတွက်
အဝေးကနေ ကြယ်လေးတစ်ပွင့် ဖြစ်နေခဲ့တယ်ဆိုတာ
နင့်ဆုတောင်းတွေပြည့်ဖို့ဆို
ငါအမြဲကြွေကျဖြစ်မှာပါ …..။
♥ ♥ ♥ ♥ ♥

9 comments:

စံပယ်ချို said...

သူ့အပြုံးတွေမြင်ရဖို့
ကိုယ်ကအရာရာပေးဆပ်နေရသူ
တယောက်ဆိုရင်တော့ ဘ၀မှာ အရမ်းပင်ပန်းနေပါလိမ့်မယ်ညိမလေးရေ

လွင်ပြင်လှိုင်းငယ် said...

ချစ်တတ်လိုက်တာ စနိုးရေ ။

မိုးနတ်ကြယ်စင် said...

ကိုယ်တိုင်သတိမထားမိခဲ့ပါဘူး….
ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်လို့ ထင်ခဲ့ဖူးတဲ့နင့်အတွက်
အဝေးကနေ ကြယ်လေးတစ်ပွင့် ဖြစ်နေခဲ့တယ်ဆိုတာ
နင့်ဆုတောင်းတွေပြည့်ဖို့ဆို
ငါအမြဲကြွေကျဖြစ်မှာပါ …..။
♥ ♥ ♥ ♥ ♥

အဲ့အပုဒ်လေး အထိဆုံးပဲ..
အရမ်းကောင်းတယ်စနိုးရေ...
နောက်ဆုံးပုဒ်လေးက ရင်ထဲက
ပေးဆပ်မှုနဲ့ ချစ်ခြင်းအတိမ်အနက်ကို
ပြည့်စုံအောင် ဖြည့်ပေးလိုက်သလိုပါပဲ..
ခံစားခဲ့တယ်နော် စနိုးလေး...:)))
စနိုးလေးမွေးနေ့က ၃၁ ရက်ဆို
မမရိုးမြေကဗျာရေးပေးထားလို့သိရတယ်
မိုးနတ်လဲ ရေးတတ်သလိုရေးပြီးတင်ပေးမယ်
စနိုးလေးနှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိတယ်
ကောင်းသောညပါ စနိုးရေ...
ချစ်တဲ့....မိုးနတ်

Phyu Lwin said...

ကျေးဇူးပါ မိုးနတ်ရေ :*** .. အားပေးတဲ့ အစ်ကိုနဲ့ အစ်မလည်း ကျေးဇူးအထူးတင်ပါတယ်နော် :)

Anonymous said...

နင်ပြုံးနေပါ့မလားဟင်….
ကျေးဇူးပြုပြီး မျက်ရည်တွေ မခပါစေနဲ့ ……
နင့်မျက်ရည်တစ်စက်မြင်ရင် …
ငါ့နှလုံးသားက ခပ်အက်အက်နာကျင်တယ်……
ကြိုက်တယ်..:)
ချစ်စံအိမ်

Yoemyaykya said...

ကြယ်တွေကြွေတိုင်းဆုတောင်းဖူးတယ်။ခုထိမပြည့်သေးဘူးမမရယ်။ ဟုတ်တယ်နော် အပြုံးလေးမြင်ရဖို့ကိုပေးဆပ်နေရတာ။ တစ်ခါတစ်လေ ပြန်အချစ်ခံရဖို့မပြောနဲ့ ချစ်နေခွင့်လေးတောင် ဆုံးရှုံးသွားမှာ စိုးမိတယ်။

မိုးသက် said...

ကျွန်တော်ကတော့ ဘာကိုမှ လည်း မမျှော်လင့်တတ်တော့သလို..
ဘာကိုမှလည်း မတွယ်တာတော့သလိုပဲအစ်မ..ရယ်.။

အိပ်မက်ကောင်းကင် said...

ကဗျာလေးက တိုက်ဆိုက်မှုတွေများလွန်းနေတော့
ခံစားလို့ကောင်းသား ......
" ချစ်သူ .. နင်သတိထားမိရဲ့လား
ဟိုအဝေးမှာ ကြယ်လေးတစ်ပွင့်ကြွေကျသွားပြီ …….
နင်ပြုံးနေပါ့မလားဟင်….
ကျေးဇူးပြုပြီး မျက်ရည်တွေ မခပါစေနဲ့ ……
နင့်မျက်ရည်တစ်စက်မြင်ရင် …
ငါ့နှလုံးသားက ခပ်အက်အက်နာကျင်တယ်…… "
သည်အပိုဒ်လေးကိုလည်းအရမ်းကြိုက်တယ်
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးညချမ်း said...

ကဗျာလှလှလေးက စာသားကောင်းလေးတွေကို ခံစားချက်နဲ့တိုက်ဆိုင်လို့ အရမ်းကိုပဲ နှစ်သက်မိတယ် ...

Follow Us @soratemplates