Friday, 8 March 2013

# အမှတ်တရ အချိန်များ

Korea ရောက်အမှတ်တရ ^^

အားလုံး မင်္ဂလာပါနော် :D :D

မနေ့က (၇-၃-၂၀၁၃) ရက်နေ့ နေ့လည်က ဂျာမနီကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ နေလည် ၁ နာရီကနေ စထွက်ခဲ့တယ်..။ ခဏခဏသာ ခရီးသွားတာ တစ်ယောက်တည်း တစ်ခါမှ မသွားဖူးဘူး..။ ဒီတစ်ခါတော့ တစ်ယောက်တည်း သွားဖြစ်တာပဲ ..။ ဒါပေမယ့် အားလုံးအဆင်ပြေပြေပါပဲ..။ Luggage အပ်တော့ ၂ ကီလိုပိုနေတယ်..။ ဘာမှမပြောပဲ ပေးသွားတယ်.. security check ရောက်တော့လည်း လူကိုလဲ မစစ် .. ခါးပတ်မေ့ပြီး မထည့်မိတာလဲ ဘာမှမပြောကြပြန်ဘူး ..။ ဒီတစ်ခါသွားရတာ တော်တော်ကို ချောချောမွေ့မွေ့ပဲ ..။ 



ဒီတစ်ခေါက်သွားဖြစ်တာက Korea airline နဲ့ပါ..။ ၀န်ဆောင်မှုတော်တော်ကောင်းတယ်.. ။ နောက်ဆိုလဲ သူတို့နဲ့ပဲ သွားချင်လောက်အောင်ကိုကောင်းတာ။ ကိုယ်ကလဲ အာရှသားပဲဆိုတော့ ကိုရီးယားပဲထင်ပြီး ကိုရီးယားလို လာလာပြောတာတစ်ခုပဲ.. သူတို့ ၂ ခါမောတာပေါ့..။ လေယာဉ်အဆင်းအတက်တွေကလဲ အရမ်းငြင်သာတယ်။ တခေါက် ဖိလစ်ပိုင်သွားတုန်းကဆိုရင် တရုတ်လေကြောင်းနဲ့သွားတုန်းက နားစည်တွေကွဲမတတ်ပဲ ။ ၃ ရက်လောက်ထိ နားတွေနာနေတုန်း။။ အဆင်းအတက်တွေမှာ အရှိန်မထိန်းတော့ ဖိအားအနိမ့်အမြင့်မတူတာကနေ နားတွေအူလာတာ ။။ ဒီတခါက ဆင်းမှန်းတက်မှန်းတောင် မသိလောက်အောင် ထိန်းမောင်းတာမျိုး ..။

အစားအသောက်လဲ မဆိုးပါဘူး.. ဒါပေမယ့် Emirates တို့ Thai Airways တို့ကို မမှီဘူး ..။

ဘီဘင်ဘတ် (Bibimbap) လို့ခေါ်တဲ့ ရိုးရာထမင်းသုပ်တဲ့..။ အဲဒါတော့ကြိုက်တယ်.. ဒါပေမယ့် စပ်တယ်..။

အခု ဘာလို့ ဒီပို့စ်ကိုရေးနေလဲဆိုရင် ... အခုလောလောဆယ် ကိုရီးယားက Incheon airport မှာ မြန်မာနိုင်ငံကို သွားဖို့ transit စောင့်နေတာ .. ၅ နာရီကျော်ကျော်ကြာမှာ..။ အဲဒါနဲ့ ရေးချင်စိတ်ပေါ်လာတာနဲ့ ရေးနေတာ..။ Facebook က စာအုပ်တွေ ဒေါင်းနေတာလဲ လိုင်းကနှေးတော့ ဆက်မလုပ်ချင်တော့ဘူး ..။ 
တကယ်က စာဖတ်နေရမှာ :P :P



လေဆိပ်ထဲမှာ Korea tratiditional cultural show နဲ့တွေ့နေတယ်.။ 


ဖုန်းနဲ့ရိုက်တာမို့ ဓါတ်ပုံတွေက ကွာလတီမကောင်းဘူး .. @@@

Thank you all !! See you later !:D

9 comments:

Yoemyaykya said...

ဝိုးရောက်လာတော့မှာပေါ့။ မမရေ welcome ပါ။ ဒီမနက်တော့ ဖေ့ဘုတ်မှာ စစ်ပွဲဖြစ်သွားလေရဲ့။ ဖေ့ဘုတ်မသုံးတာခပ်ကောင်းကောင်း။

စံပယ်ချို said...

snow ရေ မကြီးလဲ ကိုးရီးယား ထမင်းသုတ်ကြိုက်တယ်
ဒီမှာ ကိုးရီးယားတွေရဲ့ စားသောက်ဆိုင်ရှိတော့ဝယ်စားရတာ လွယ်တယ်လေ
လေဆိပ်ထဲထိအောင် ရိုးရာစတ်စုံနဲ့ဆိုတော့
သူတို့ ရိုးရာကိုလုံးဝမပျက်မခံဘူးနော်....
ရိုးရာကိုထိန်းတဲ့သဘောပေါ့ ကိုးရီးယား ရာဇ၀င်ကားတွေ
ကြည့်ဖူးလား အတော်လေးဆွဲဆောင်မှုရှိတယ်
Korea airline ကိုမစီးဖူးတော့ ခုလိုလေးရေးပေးတာကျေးဇူးပါ ဗဟုသုတရတာပေါ့နော်
နောင်ရေးတင်မဲ့ ပိုစ့်လေးတွေကိုမျော်ရင်း......

မိုးနတ်ကြယ်စင် said...

မိုးနတ်က သူတို့ရဲ့ ရိုးရာထမင်းသုပ်ဆိုတာလေ
သိပ်စားကြည့်ချင်တယ်..ဒါပေမဲ့ ကိုယ်က
အစပ်မစားနိုင်သူဆိုတော့ စားမကြည့်ရဲဘူးးးးးးးးး
သူများတွေပြောတာ အားကြီးစပ်တယ်တဲ့....
တခုတော့ရှိတယ်နော်...သူတို့စားတဲ့အစားအစာ
တွေက အရမ်းအပူအစပ်တွေပါပြီး သူတို့တွေက
ဘာလို့ အဖုအပိန့်တွေဘာတွေ မထွက်တာလဲ
မသိဘူးးးး မိုးနတ်ကတော့ ပင်ကိုယ်အဖုတွေဘာတွေ
ဝက်ခြံတွေ ဘာတွေ မပေါက်တတ်ပေမဲ့
ိမိလှချင်ဆိုတော့ အစပ်ရှောင်တယ်လေ....:)))
စကားမစပ် မိုးနတ် ကိုရီးယားကို အလည်သိပ်သွား
ချင်တာ..စနိုးပို့စ်လေးဖတ်ပြီး ပိုသွားချင်လာပြီ ဟိ

မင်းအရိပ် said...

လန်းတယ် လန်းတယ်
နာတို့ကတော့ တစ်ယောက်ထဲဆို ရန်ကုန်က ရွှေတိဂုံဘုရားတောင် သွားတတ်တာမဟုတ်ဘူး ဟိဟိ
အားကျသကွာ

နွေလ said...

မကြီးစနိုးရေ ...
စာမေးပွဲတွေနဲ့ ပိနေတာမို့
မရောက်တာလည်း ကြာသွားပေါ့
အခုမှပဲ ရောက်ဖြစ်တော့တယ်
ကိုးရီးယားမှာ အမှတ်တရတွေများခဲ့မှာပေါ့
ကိုးရီးယားကိုတော့ တစ်ခေါက်လောက်တော့
ရောက်ဖူးချင်သား
ဘယ်လောက်ရေးသလဲ သိချင်လို့ဗျ

Thu said...

ပြည်တော်ပြန်ခရီးချောမွေ့ပါစေ...
ကိုရီးယားေ၊ရာက်ဖူးချင်တယ်..

လရိပ်အိမ် said...

ကိုရီးယားထမင်းသုပ် စားချင်လိုက်ထာ။ တခါမှမစားဖူးဘူး။ စတီးဇလုံကြီးနဲ့လာမကျွေးဘူးနော် ဟိ။ လေဆိပ်ထဲမှာဘဲပေါ့။ အပြင်ထွက်လို့ရရင်ကောင်းမယ်နော်။ မိသားစုနဲ့ပြန်ဆုံတွေ့ရမယ်ဆိုတော့ ဝမ်းသာစရာနော်။

အလွမ်းမြို့ said...

စနိုးရေ...

ပျော်စရာ အပြန်ခရီးလေးပါဘဲ။ မကြီးလွမ်းတို့လည်း
ပြန်ချင်လှပါပြီ။တစ်နေနေ့ပေါ့။ ခု မိသားစုနဲ့ ပျော်ရွှင်
စွာနဲ့ အချိန်ဖြုန်းလိုက်ပါဦး။
ကျန်းမာရေးလည်း ဂရုစိုက်နော်။


ချစ်တဲ့
မကြီးလွမ်း

ဝိ၀ိ said...

ကိုရီးယားကိုပါ အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်ဗျာ

Follow Us @soratemplates