အခုတလောလား ….. ကိုယ်ကတော့ ဘာမှမရှုပ်ပါဘူး…. စိတ်လည်းမရှုပ်ဘူး… လူလည်းမရှုပ်ဘူး …. အချစ်လည်းမရှုပ်.. အလွမ်းလည်းမရှုပ်… အမုန်းလည်းမရှိ …. အလုပ်တော့နည်းနည်းလေး မဆိုသလောက်ရှုပ်တယ်ဆိုရုံ…။
ဒါပေမယ့်….
နေရာတော်တော်များများတော့ ရှုပ်နေတယ် ……။ သတင်းပုလင်းတွေလည်းစုံလို့ ….။ စိတ်ချမ်းမြေ့စရာရယ်လို့မကြား
….. စိတ်ညစ်စရာ စိတ်မကောင်းစရာတွေချည်းးး…။
Blog မှာ
ကြိုကြားကြိုကြားစာရေးဖြစ်ပေမယ့် … အပေါင်းအသင်းတွေရဲ့ ဘလော့ဂ်တွေ လည်မဖတ်ဖြစ်ပြန်ဘူး…။
ဘာကြောင့်ဆို မြန်မာပြည်ပြန်ရောက်နေတုန်း ကွန်နက်ရှင် အခက်အခဲကြောင့်ပါ …။ စာရေးချင်လွန်းလို့သာ
.. ကွန်ကောင်းတဲ့အချိန်စောင့်ပြီး မရရအောင်တင်တာ… တကယ်ဆို .. ပုံမှန်စိတ်နဲ့သာဆိုရင်
…. အဲလောက်စိတ်မရှည်ဘူးရယ်….။
အခုတော့လည်း…
နေရာဟောင်းကို ပြန်ရောက်လို့ …. အရင်လို အချိန်ရတိုင်း စာပြန်ရေးနိုင်ဖို့ ကြိုးစားရပါဦးမယ်….။
မရေးဖြစ်တာ ကြာသွားတဲ့ ကာလတချို့အတွင်းမှာ လက်ရေကျသွားတယ်လို့ဆိုရမလား…။ post တစ်ခုလောက်တင်ဖို့စဉ်းစားရင်း
ဘာရေးရမှန်းမသိဖြစ်နေတယ်..။
ပထမဆုံးရေးချင်တာက
…. ကျမရဲ့ ကလောင်နာမည်…။
အရင်က ကျမပြောခဲ့ရေးခဲ့ဖူးသလို…
ကျမ ဒီဘလော့ဂ်ကိုရေးနေတာ.. ကလောင်အမည်မတပ်ပဲ ရေးနေဖြစ်တယ်ဆိုတာလေ..။ ကလောင်တွေဘာတွေ
တပ်ရအောင်လည်း ကိုယ်ကလဲ ဘာမှမဟုတ်ဘူး… ရေးချင်ရာရေးနေတဲ့သူကိုး..။ ဘယ်လိုပဲရေးချင်ရာရေးတယ်ဆိုဦးတော့..
ကလောင်နာမည်လေးတစ်ခုတော့ ရှိသင့်တယ်မဟုတ်လား…။ အဲဒီတော့ အမည်ရင်းပဲထည့်ရေးရင်ကောင်းမလားပေါ့…
ပြန်စဉ်းစားတော့ ကျမစာရေးတာ လူမသိလေကောင်းလေဆိုတော့ အဲဒါတော့ မဖြစ်ပြန်ဘူး.. ဘာကြောင့်ဆို
စာရေးတာနဲ့ပတ်သက်ပြီး လှေကားထစ်တစ်ခုမတက်ခင်မှာ ကျမစာရေးတာကို ကျမသိတဲ့လူတွေအများကြီးကို
ပေးမသိချင်ဘူး.. ၊ အဓိကက ကျမနဲ့ ဒီဘလော့ဂ်နဲ့ကို လူတွေ တွဲမသိလေ ပိုကြိုက်လေပဲ... @.@
ဒါပေမယ့်
ကျမ ငယ်ငယ်ကတည်းက သုံးလာခဲ့တဲ့ ကလောင်နာမည်တစ်ခုရှိတယ်..။ တက္ကသိုလ်ပထမနှစ်လောက်ကတည်းက
Light / Best တို့လို English Magazine တွေမှာ ဘာသာပြန်ပြိုင်ပွဲတွေ ကဗျာတိုလေးတွေဝင်ရေးဖြစ်တုန်းက
သုံးတဲ့နာမည်..။ ခု အဲဒီနာမည်နဲ့ပဲ စာရေးချင်လာတယ်..။ ဘာကြောင့်ဆို အခု ကျမ မသုံးဘဲထားထားရင်
နောက်ထပ်တခြားသူတစ်ယောက်ယောက်ကသုံးလိုက်လို့… ပစ်လိုက်ရမှာစိုးတာနဲ့ပဲ..။
နာမည်ကလား …. တိမ်လွှာဖြူ တဲ့…^_^
လှလားမလှလားတော့
မသိဘူး…။ ကိုယ့်နာမည်လဲပါအောင်… ပြီးတော့ ငယ်ငယ်က ဒီနာမည်ကို အဓိပ္ပာယ်ဖော်ထားတာလည်း
သတိရပြီး ကြိုက်လို့ပါ…။ တိမ်တိုက်တွေက ပုံမှန်အားဖြင့်တော့ ၂ မျိုးတွေ့ရတတ်တယ်မဟုတ်လား…။
မိုးရွာချခါနီး တိမ်စိုင်တိမ်မည်းတွေရယ်…. ကောင်းကင်ပေါ်မှာ လွင့်နေတဲ့ အဖြူရောင် တိမ်တိုက်တွေရယ်လေ..။
မိုးတိမ်မည်းမည်းတွေဆိုတာက … သွားချင်တဲ့နေရာကို သွားနိုင်ဖို့အခွင့်အရေးက အရမ်းနည်းပါးသွားပြီ.
ဘာကြောင့်ဆို သူတို့မှာ ကမ္ဘာမြေကြီးဆီကို ရွာချရတော့မယ်ဆိုတဲ့ ဦးတည်ချက်တစ်ခုပဲ အသေအချာရှိသွားတော့တာကိုး…။
တိမ်လွှာဖြူဖြူတွေဆိုတာ ကောင်းကင်ကြီးရဲ့ ဟိုးအမြင့်မှာရှိတယ်… ပြီးတော့ အချုပ်အနှောင်ဆိုတာ
မရှိဘဲ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေလို့ရတယ်လေ..။ အဲဒါနဲ့ပဲ .. ကျမရဲ့ ကလောင်နာမည်ကို
တိမ်လွှာဖြူ လို့ မှည့်ဖြစ်ခဲ့တာပါ…။ ကံကောင်းထောက်မလို့ စာရေးနေတဲ့သူတွေကြားထဲမှာ ဒီနာမည်မရှိပါစေနဲ့လို့
ဆုတောင်းရတာပဲ …။
နောက်ပိုင်းတော့ ဒီနာမည်နဲ့ပဲ စာရေးဖြစ်မှာပါ…။ ဒီ Blog မှာလဲ ပုံမှန်ရေးဖြစ်အောင် ကြိုးစားသွားရဦးမယ်…။ ပြီးတော့ ခုလောလောဆယ်.. မြန်မာပြည်ပြန်တုန်းက ခရီးထွက်ရင်း ရိုက်ထားတဲ့ဓါတ်ပုံတွေအကြောင်း ပို့စ်တွေရေးဖို့ပြင်ဆင်ရဦးမယ်…။ စာရေးရင် အားအနည်းဆုံးက ခရီးသွားမှတ်တမ်းရေးတာပဲ ..။ ဘယ်လိုရေးရေး စိတ်ဝင်စားစရာကောင်းအောင် မရေးတတ်တော့ …. ရိုက်ခဲ့တဲ့ဓါတ်ပုံတွေ လေ့လာခဲ့သမျှတွေ နှမြောစရာ….။
ဒီပုံက မြန်မာပြည်မှာတုန်းက သွားခဲ့တဲ့နေရာတွေထဲက တစ်နေရာပေါ့ ...။
Well... See you all around ;)
3 comments:
တိမ်လွှာဖြူ တဲ့လားးးးးးးးးး
နံမည်လေးက ချစ်စရာနော်...ဒါထက် စနိုးရေ..
စနိုးနံမည်အရင်းမှာ ဖြူပါတယ် မဟုတ်လားးးးးး
မိုးနတ် ခုတော့သိသွားပြီ ဟိုတစ်ခါ မိုးနတ် စနိုးအတွက်
ရေးပေးတဲ့ ကဗျာလေးမှာ စဉ်းစားလို့မရဘူးးးးးးးးခုမှ
သိသွားတာ...ဘာပဲဖြစ်ဖြစ် စနိုးလိုပဲ မိုးနတ်လဲ
တိတ်တိတ်လေးဆုတောင်းနေမိတာရှိတယ်..အဲ့နံမည်
လေးသုံးထားပြီးသူ မရှိပါစေနဲ့အုံးလို့လေ :)))))
စာတွေတော့ ဆက်ရေးဖြစ်အောင်ရေးပါ စနိုးရေ..
မရပ်လိုက်နဲ့နော်...ဘယ်သူအားပေးပေးမပေးပေး
ုမိုးနတ်က အမြဲအားပေးနေမှာ...:)
ပုံတွေကတော့ ထုံးစံအတိုင်း ကွန်မကောင်းလို့
မမြင်ရဘူးရယ် :(
မတွေ့ရတာ ကြာပေမဲ့
သတိတရရှိနေတဲ့
မိုးနတ်ကြယ်စင်
yes, exactly !! you are right, Moe Nat :)) Thanks for your kind words :-*
နာမည်လှလှနဲ့ တိမ်လွှာဖြူတဲ့
အားပေးနေပါ့မယ်ခင်ဗျာ
မိုးသူ(တောင်ကြီး)
Post a Comment