အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ........................
ငါလဲ ရေးချင်ပါတယ်...
အသည်းကွဲတဲ့အကြောင်း ...
နင်ရဲ့ ဥပေက္ခာတွေအကြောင်း .....
နင့်ရဲ့ .... ဂရုမစိုက်မှုတွေအကြောင်း ...
နင့်ကို ဘယ်လောက်ထိ ချစ်ခဲ့တဲ့အကြောင်း..
နင့်ကို ဘယ်လောက်ထိမုန်းခဲ့ပြီဆိုတဲ့အကြောင်း ...
နင်မပါတဲ့ဘ၀မှာ .. ငါဘယ်လောက်ထိပျော်နေပြီဆိုတဲ့အကြောင်း ...
နင်ထားသွားတဲ့နေရာနဲ့ ဆန့်ကျင်ဘက်အဝေးကြီးထိ .. ငါခြေလှမ်းနေနိုင်ပြီဆိုတဲ့အကြောင်း ..
-----------
ငါလဲ ရေးချင်ပါတယ် .....
Status တွေမှာ နင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ
နင့်ကို ဘယ်လောက်ထိ လွမ်းဆွတ်တမ်းတခဲ့ဖူးတာတွေ ...
အရူးအမူးချစ်ခဲ့ဖူးတာတွေ ........
ကြေကွဲခဲ့ဖူးတာတွေ .. မျှော်လင့်ခဲ့ဖူးတာတွေ .......
ငိုကြွေးခဲ့ဖူးတာတွေ ....... ခံစားခဲ့ဖူးတာတွေ ......................
----------
တကယ်တော့ .........
ရင်ဖွင့်ခွင့်မရှိတဲ့ လောကကျဉ်းကျဉ်းလေးထဲမှာ .......
မျက်လုံးပေါင်းများစွာအောက်က လက်ညှိုးပေါင်းများစွာကို
ခံနိုင်ရည်မရှိတဲ့ ငါ .. သတ္တိနည်းခဲ့တဲ့.. ငါ
နင်နဲ့ပတ်သက်သမျှ ခံစားချက်တွေလည်း လေထဲမှာကွယ်ပျောက်
ငါပြန်ရလိုက်တဲ့ မှတ်ချက်တစ်ခုက ....
အချစ်ဆိုတာကို နားမလည်တဲ့သူတဲ့ ....
-------
ဒိုင်ယာရီစာအုပ်လေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင်ပေါ့ ...
မျက်ရည်တချို့ကြားက စာလုံးလေးတွေရဲ့ ခံစားချက်တွေကို
အဓိပ္ပာယ်ဖော်နေလေမလား...............
တုန်ရီနေတဲ့ လက်တစ်စုံကို သနားနေလေမလား .........
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံကို ကိုယ်ချင်းစာနေလေမလား ...
ရင်ထဲက အတွေးတချို့ကို ဘာသာပြန်နေလေမလား ...........။
သေချာပါတယ် ... အဲဒီအရာတွေကြားထဲ
အချစ်ဆိုတာ မပါပါစေနဲ့လို့ နာကျင်နေတဲ့ နှလုံးသားတစ်ခုအတွက်
သူ ဆုတောင်းပေးချင်ရှာမှာ ....................။
4 comments:
(တကယ်တော့
ရင်ဖွင့်ခွင့်မရှိတဲ့ လောကကျဉ်းကျဉ်းလေးထဲမှာ
မျက်လုံးပေါင်းများစွာအောက်က လက်ညှိုးပေါင်းများစွာကို
ခံနိုင်ရည်မရှိတဲ့ ငါ
သတ္တိနည်းခဲ့တဲ့ ငါ
နင်နဲ့ပတ်သက်သမျှ ခံစားချက်တွေလည်း လေထဲမှာကွယ်ပျောက်
ငါပြန်ရလိုက်တဲ့ မှတ်ချက်တစ်ခုက
အချစ်ဆိုတာကို နားမလည်တဲ့သူတဲ့)
ကောင်းလိုက်တဲ့စကားလုံးတွေပါလားညီမလေးရေ...ရင်ထဲကခံစား
ချက်တွေပွင့်ထွက်လာလို့ ထင်ပါ့ရဲ့ ..ဖတ်ရတာတော်တော်လေးကောင်း
နေတယ်...အားပေးသွားပါတယ် ညီမလေးရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ဖတ်ရင်းနဲ့တောင် မနေ့ ညက ၀မ်းနည်းတယ်။ ဒါပေမယ့် တခါတလေ ပတ်ဝန်းကျင်ရဲ့ လက်ညှိုးတွေကို ထည့်စဉ်းစားလိုက်ရင် နှလုံးသားအကျဉ်းကျတတ်တယ်မမ
သေချာပါတယ် ... အဲဒီအရာတွေကြားထဲ
အချစ်ဆိုတာ မပါပါစေနဲ့လို့ နာကျင်နေတဲ့ နှလုံးသားတစ်ခုအတွက်
သူ ဆုတောင်းပေးချင်ရှာမှာ ...................
နာကျင်နေတဲ့နှလုံးသားလဲဒဏ်ရာအမြန်ကျက်နိုင်ပါစေ..
အချစ်ကဗျာလေးဆိုပေမဲ့ အက်ဆေးလှလှလေး
တစ်ပုဒ်လိုလဲ လက်ရာမြောက်တယ် ....
ခံစားလို့လဲကောင်းတယ် ....ကိုကြီးရာဇာထွေး
ပြောသလိုပဲ ရင်ထဲကခံစားချက်တွေ ပွင့်ထွက်လာလို့
ထင်ပါ့ ခံစားရတာ အဓိပ္ပါယ်တွေပိုပြီး ပြည့်ဝ
နေသလိုပဲ ....ကောင်းတယ် စနိုးရေ...
ဆက်လက်ထုဆစ်နိုင်ပါစေနော် ...အားပေးနေတယ်
ချစ်တဲ့ မိုးနတ်ကြယ်စင်
Post a Comment